Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, October 6, 2009

နိုင်ငံရေးအကျဉ်းသားတစ်ဦး နှိပ်စက်ခံခဲ့ရပြီး ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိ။

အောင်သပြေစစ်ကြောရေးစခန်းတွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုတိုးအောင် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည်။
စစ်ကြောရေးစခန်းမှ လွတ်မြောက်လာပြီးနောက် အာဏာပိုင်များစောင့်ကြည့်မှုများကြောင့် နိုင်ငံရေးအလုပ်များ ဆက်လက်လုပ်ဆောင်ရန် ခက်ခဲလာသည့်အတွက် ယခုလ (၄) ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်ကြောရေးကာလအခြေအနေများနှင့် ပတ်သက်၍ “ညှဉ်းပန်းနှိပ်စက်တာတွေ၊ အစာငတ်ထားပြီး နှိပ်စက်တာတွေ ခံခဲ့ရပါတယ်။ အိပ်စက် နားနေချိန်မပေးဘဲ လက်သီးနဲ့ထိုး၊ တုတ်နဲ့ရိုက်တာတွေ လုပ်ပါတယ်။ ရေတောင်မတိုက်ဘူး။ သုံးရက်နေပြီးမှ စစ်ကြောရေးအချုပ်ကို ပို့လိုက်ပါတယ်” ဟု ပြောသည်။
ယင်းကဲ့သို့ စစ်ကြောရေးကာလအတွင်း အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ကိုညီညီအောင်အပါအဝင် အခြား ရဟန်းသံဃာများကိုလည်း တွေ့ဆုံခဲ့ရကြောင်း ကိုတိုးအောင်က ဆက်လက်ပြောသည်။
“သံဃာတော် ၇ ပါးလောက်ပါတယ်၊ ဦးဝိသုတ (ချောက်)၊ ဦးကောဝိဒ (ရန်ကုန်ငါးထပ်ကြီးဘုရား လိပ်ပြာကန်ကျောင်းတိုက်)၊ ဦးရေဝတ ( ပခုက္ကူ) ရယ်၊ သူနဲ့အတူ အခြားရခိုင်လူငယ် အယောက် ၂၀ လောက် တွေ့ခဲ့ရပါတယ်။ ဦးရေဝတ၊ ဦးဝါယမ၊ ဦးဝိသုတနဲ့ ဘွဲ့အမည်မသိတဲ့ ဦးဇင်းတပါးလည်း ရှိတယ်” ဟု ပြောသည်။
ထို့အပြင် အသက် (၂၃) နှစ်အရွယ်ခန့် လူငယ်တဦးကိုလည်း ရိုက်နှက်နေသည်ကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး ရခိုင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ ခိုင်ကျော်မိုး၊ ကိုသန်းအေး၊ ကိုရဲထက်စိုး၊ ကိုစံသိန်း (ခ) ကိုမောင်မောင်၊ ကျော်ဝင်း၊ ကိုရွှေသန်း၊ ကိုထွန်းလင်းကျော်၊ ဇော်ထွန်းနိုင် တို့ကိုလဲ စစ်ကြောရေးစခန်းမှ (၂၂) ရက်နေ့တွင် အင်းစိန်ထောင်သို့ ပြောင်းရွေ့လိုက်သည်ကို သိရှိခဲ့ရသည်ဟု ပြောသည်။
ကိုတိုးအောင်ကို နယ်မြေခံအာဏာပိုင်များက ပြီးခဲ့သည့်စက်တင်ဘာလ (၁၁) ရက်နေ့ညတွင် ကမာရွက်မြို့နယ်ရှိ ၎င်းနေထိုင်ရာ အဆောင်မှ ခေါ်ဆောင်သွားပြီး အနောက်ပိုင်းခရိုင် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကာ (၁၃) ရက်နေ့တွင် အောင်သပြေစစ်ကြောရေးစခန်းသို့ ပို့ဆောင်လိုက်ရခြင်းဖြစ်သည်။
ယင်းကဲ့သို့ အာဏာပိုင်များ ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ “ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့် စာရွက်စာတမ်း ဝေတဲ့ကိစ္စနဲ့ ဖမ်းတာ။ သံဃာ့တပ်ပေါင်းစုက ဘယ်သံဃာတွေနဲ့ အဆက်သွယ်ရှိသလဲဆိုတာတွေကို မေးမြန်းပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ဘာတွေလုပ်ခဲ့သလဲ။ ကိုယ်တိုင် ဖြန့်ဝေတာတွေ လုပ်ခဲ့သလားဆိုတာတွေကို မေးမြန်းပါတယ်။ စာရွက်စာတမ်းတွေ ဘယ်လိုရသလဲ ဆိုတာကို အသေးစိတ် မေးမြန်းပါတယ်” ဟု ပြောသည်။
အာဏာပိုင်များဘက်မှ ကိုတိုးအောင်ကို သက်သေအထောက်အထားများ တစုံတရာ လက်ဝယ်တွေ့ရှိခြင်း မရှိသည့်အတွက် စက်တင်ဘာကိစ္စနဲ့ ပတ်သက်ပြီး ခေါ်ယူသတိပေးသည်ကို သိရှိကြောင်း၊ ပြည်ပမီဒီယာများနှင့် ပြောဆိုခြင်းမလုပ်ရန်တို့ကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး (၂၆) ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
ကိုတိုးအောင်သည် ဒေါ်အောင်ဆန်းစုကြည့် တရားပွဲလုံခြုံရေးတာဝန် ယူပေးခဲ့သည့်အတွက် ပထမအကြိမ် အင်းစိန်တွင် အဖမ်းခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် ဒုတိအကြိမ်အဖမ်းခံရကာ ထောင်ဒဏ် (၁၃) နှစ် ချမှတ်၍ အင်းစိန်ထောင်၊ မန္တလေးထောင်တို့တွင် နေခဲ့ရသည်။
သူသည် ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီး ထပ်မံဖမ်းဆီးခြင်းများ ခံခဲ့ရကာ ကျိုက္ကဆံစစ်ကြောရေး၊ ပန်ဝါ စစ်ကြောရေးစခန်းတို့တွင် ခေါ်ယူစစ်ဆေးခြင်းများလည်း ခံခဲ့ရသည်။

Type rest of the post here

အပြည့်အစုံသို့ ...

Sunday, October 4, 2009

ပြည်သူ့ လွတ်မြောက်ရေးလှုပ်ရှားမူ့ ကွန်ယက်မှ ၂၀၁၀ ရွေးကောက်ပွဲအပေါ်သဘာထား ထုတ်ပြန်ကြေညာချက်၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

သံဃာတော်များ တတိယအကြိမ် ကံဆောင်ပွဲ စတင်ပြီ၊



၂၀၀၉ ခုနစ် ၊ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်အား ပြည်တွင်းတွင် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံမှ အောင်မြင်စွာ ကံဆောင်ဖြစ်။မြန်မာပြည်တွင်းရှိ မြို့ကြီး ၉ မြို့ရှိ သိမ်များတွင် သံဃာအဖွဲ့ချုပ်- မြန်မာနိုင်ငံ အဖွဲ့ဝင် သံဃာ ၉၉ ပါးမှ ယနေ့ မွန်းလွဲ (၃) နာရီတွင် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း သတင်း ရရှိသည်။
ထို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် နှင့် ပတ်သက်ပြီး သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ ၏ နိုင်ငံခြား ရေးရာ တာဝန်ခံ အရှင် ပါရမီခန္တီက ယနေလုပ်ဆောင်ခဲ့ တာကို ယခုလို ပြောပြပါတယ်။ ယနေ့ မွန်းလွဲ (၃) နာရီတိတိမှာ ဦးဇင်းတို့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ အဖွဲ့ဝင်တွေဟာ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ပုဂံ ၊လားရှိုး ၊ကျောက်ဆည်၊စဉ်ကိုင်၊စစ်ကိုင်းနှင့်မုံရွာ မြို့တွေမှာ ရှိတဲ့ သိမ်တွေမှာ သံဃာ (၁၁) ပါးစီနဲ့ ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ ကံဆောင် လိုက်ပါတယ်။ထိုသပိတ်မှောက် ကံဆောင်တာကို ပြင်ပမှာ ရှိတဲ့ ၊ သိမ်ထဲကို မလာနိုင်တဲ့ သံဃာတွေကလည်း စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ လက်ခံလိုက်တဲ့ အတွက် ကံမြောက်သွားပြီ ဖြစ်ကြောင်း မိန့်ကြားပါသည်။
ထိုပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုလုပ်ဖို့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ အဖွဲ့ဝင်တွေဟာ အာဏာပိုင်များ စောင့်ကြည့်နေတဲ့ ကြားထဲက လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ၊ ယနေ့လှုပ်ရှားမှုတွင် သံဃာ တစ်ပါးမှ အဖမ်းအဆီး မခံရကြောင်း နှင့် နောက်ရက်တွေ ကစလို့ စစ်အစိုးရက သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေးအထိ ဦးဇင်းတို့ လုပ်ဆောင်သွားကြမှာ ဖြစ်သည့် အတွက် လူတိုင်းလူတိုင်း အမှန်တရားဘက်က ရပ်တည်ပြီး ၀န်းရံပေးကြရန်” ဆက်လက်မိန့်ဆိုပါသည်။၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံ၌ ကျဆုံးသွားသော အာဇာနည်များကို ရည်စူး၍ ၁၉၉၀ ခုနှစ်တွင် မန္တလေးမြို့၌ လှူဒါန်းသော သံဃာ့ဒါန ဆွမ်းလောင်းပွဲကို စစ်အစိုးရ တပ်ဖွဲ့များက ပစ်ခတ်ဖြိုခွင်းရာတွင် သံဃာတော်များ ပျံလွန်တော်မူခဲ့သဖြင့် ပထမအကြိမ် သပိတ်ဆင်နွှဲ ခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့တွင် ပခုက္ကူမှ သံဃာ (၅၀၀) ကျော်က ကုန်ဈေးနှုန်း ကျဆင်းရေး၊ တိုင်းပြည်အေးချမ်းရေး တို့အတွက် မေတ္တာပို့လမ်းလျှောက်ဆန္ဒပြခဲ့ရာ နအဖစစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး သံဃာ (၃) ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက်ခဲ့သောကြောင့် သံဃာတော်များက စစ်အစိုးရကို ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ကြသည်။ယခုတတိယအကြိမ် ကံဆောင် သပိတ်သည် အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်လွှတ်ပေးရန်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ မေတ္တာပို့ ဆုတောင်းပွဲ၌ သံဃာတော်များ အား ဖမ်းဆီးသတ်ဖြတ်ထားမှုအတွက် ယခုလ ၂ ရက်နေ့ နောက်ဆုံးထား တောင်းပန်ရန် နအဖ စစ်အစိုးရအား သတိပေးထားသော်လည်း စစ်အစိုးရမှ ၀န်ချတောင်းပန်ခြင်းမရှိသည့် အတွက် တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် ကြခြင်း ဖြစ်သည်။
ထို တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို မြန်မာပြည်တွင်းတွင် တပြည်လုံး အတိုင်းအတာ နှင့် စစ်အစိုးရမှ သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေး အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
(http://www.hanthawaddy.org/2009/10/blog-post_1639.html) ။

Type rest of the post here

အပြည့်အစုံသို့ ...

Monday, September 28, 2009

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ၁နှစ်ပြည့်၊


မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ)၏ ၁နှစ်ပြည့်အခမ်းအနားအား ထိုင်းမြန်မာနယ်စပ်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်၊
အခမ်းအနားသို့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဝင်များ၊ ဒီမိုကရေစီအင်အားစုများတက်ရောက်ခဲ့ကြပါသည်၊



Type rest of the post here

အပြည့်အစုံသို့ ...

စီးပွားရေးပိတ်ဆို့ မူ့ နှင့် ပတ်သက်၍ နအဖသို့ တင်ပြသော ဒေါ်အောင်ဆန်းစုကြည်သဘောထား၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

Wednesday, September 23, 2009

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ချီတက်ပွဲ



ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိန်းအမှတ် လမ်းလျှောက်ချီတက်ပွဲကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ပြီး အင်အား ၁၀၀ ကျော် ပါဝင်ခဲ့သည်။
ယင်းကဲ့သို့ ချီတက်လမ်းလျှောက်ရခြင်းနှင့်ပတ်သက်၍ ဦးဆောင်ဆရာတော်တပါးဖြစ်သူ အရှင်သောပါက က “ဒီနေ့ကတော့ ကမ္ဘာငြိမ်းချမ်းရေးနေ့ ဖြစ်တဲ့အခါကြတော့ အားလုံး ငြိမ်းချမ်းဖို့ပါပဲ။ မငြိမ်းချမ်းသေးတဲ့ နိုင်ငံတွေ ငြိမ်းချမ်းဖို့နဲ့ အထူးသဖြင့် ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတွေ ရဖို့အတွက် လုပ်တာ” ဟု မိန့်ကြားသည်။
မြန်မာပြည် ငြိမ်းချမ်းရေးအခြေအနေနှင့်ပတ်သက်၍ “ဦးဇင်းတို့ မြန်မာပြည်မှာက နျူကလီးယားလက်နက်တွေ ဘာတွေ တည်ဆောက်နေတယ်ကြားရတော့ ဦးဇင်းတို့အနေနဲ့ အတော် စိတ်မကောင်းဖြစ်တယ်။ တကယ်တမ်း မြန်မာပြည်မှာက လိုချင်နေတာ လက်နက်မဟုတ်ဘူး။ အစားအသောက်နဲ့ ငြိမ်းချမ်းရေးဖြစ်တယ်” ဟု ၎င်းက မိန့်သည်။
အဆိုပါ လမ်းလျှောက်ချီတက်ပွဲကို မဲဆောက်မြို့ ပန်းခြံမှ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားထိပ်အထိ ချီတက်သွားမည်ဖြစ်ကာ ဝတ်ပြုဆုတောင်းပွဲကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်မိန့်သည်။
ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ချီတက်ပွဲကို ထိုင်း-မြန်မာလှုပ်ရှားမှုကော်မတီ (TACTB)၊ နိုင်ငံတကာ ဗုဒ္ဓဘာသာအဖွဲ့၊ အမျိုးသမီးအဖွဲ့ချုပ်၊ မြန်မာရဟန်းတော်များအဖွဲ့နှင့် မြန်မာ့မိတ်ဆွေများအဖွဲ့ (Burma Partnership) အဖွဲ့တို့က ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မကြာသေးခင် ရက်ပိုင်းအတွင်း သံဃာ့အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အောက်တိုဘာ (၃) ရက်နေ့မှ စတင်ကာ တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ရန် တိုက်တွန်းကြေညာချက်များ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ သံဃာများဦးဆောင်ပါဝင်သည့် လှုပ်ရှားမှုများ စတင်လာခြင်းဖြစ်သည်။

Type rest of the post here

အပြည့်အစုံသို့ ...

လွတ်မြောက်လာသူနိုင်ငံရေးအကျဉ်းသားများက ဆိုးဝါးသော ထောင်တွင်း အခြေအနေများ

မြန်မာနိုင်ငံတဝန်းရှိ စစ်အစိုးရ အကျဉ်းထောင် များအတွင်း နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းနှင့် အစားအစာ ချို့တဲ့ခြင်းများကြောင့် ကျန်းမာရေး ဆိုးဝါးမှုများရှိကြောင်း မကြာသေးခင်က ပြန်လည် လွတ်မြောက်လာသော အကျဉ်းသားများက ပြောသည်။
ထောင်တွင်းတွင် ကျန်းမာရေး အခက်အခဲရှိလျှင် အရေး ပေါ်လူနာများ အနေဖြင့် ထောင်ပြင်ပရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသရပြီး တခါတရံတွင် အာဏာပိုင်များက ခွင့်မပြုသောကြောင့် အသက်ဆုံးရှုံးရသော အကျဉ်းသားများပင် ရှိကြောင်း မကြာသေးခင်က သာယာဝတီ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ကိုအောင်ထွန်းက ပြောသည်။
“တကယ့်အရေးပေါ်ကိစ္စ ညပိုင်းမှာ ပေါ်လာရင်တော့ဗျာ၊သူတို့ကလည်းခွင့်မပြုတော့ မကုနိုင်လို့ တိမ်းပါးသွား တဲ့သူတွေ မနည်းဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုကတော့ ကျနော်ရောက်တဲ့အချိန်က စပြီး၊ ပြန်ထွက်တဲ့ အချိန်အထိ ထောင်မှာ ဆရာဝန်မရှိဘူး၊ ဆေးမှူးအဆင့်ရှိတဲ့ သူပဲရှိတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ဘူး၊ ဆေးဝါးမလုံလောက်ဘူး” ဟု ၎င်းကပြောပြသည်။
ကိုအောင်ထွန်းသည် “မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း” စာအုပ် ရေးသားပြုစုသည့်အတွက် ၁၉၉၈ ခုနှစ်တွင် စစ် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။
ထို့အတူ သရက်ထောင်တွင်လည်း အစားအသောက်ချို့တဲ့ခြင်း၊ ဆေးဝါးမပြည့်စုံခြင်း၊ ဆေးကုသခွင့်မရခြင်း၊ အဓမ္မအလုပ် စေခိုင်းခြင်းများ ကြုံခဲ့ရပြီး အင်းစိန်ထောင်တွင် ရှိစဉ်ကလည်း ခုခံအားကျရောဂါဖြင့် သေဆုံးသူ အကျဉ်းသားများကို တွေ့ခဲ့ ရသည်ဟု သရက်ထောင်မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ကိုထွန်းထွန်ငြိမ်းကလည်း ဆိုသည်။
“ဆေးမရှိဘူး။ ဆရာဝန်ကလည်း ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး”ဟု ၎င်းကပြောသည်။
အဆိုပါ သရက်ထောင်တွင် သံတွဲထောင်မှ ရွှေ့ပြောင်းလိုက်သော အစာရေပြွန်ရောဂါဝေဒနာရှင် ၈၇ နှစ်အရွယ်တောင် ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ခိုင်ကို သရက်ထောင် ရင်ခွဲရုံတွင် တဦး တည်းထားရှိပြီး၊ ရွှေဝါရောင်တော်လှန်ရေးကာလ ဖမ်းဆီးခံခဲ့ရသော မနီလာသိန်း၊ ပခုက္ကူမှ ဦးသန့်ရှင်း၊ သာယာဝတီမှ ကိုဂျော်လီထွန်း၊ ဘိုကလေးမှ ဦးအောင်ခင်ဘို နှင့် ကိုစိန်အေး၊ တောင်ကုတ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင် တို့အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၄၀ နီးပါးလည်း သရက်ထောင်တွင်ရှိနေသေးသည်ဟု သိရသည်။
လက်ရှိ အကျဉ်းထောင်များတွင် ကျန်းမာ ရေးစောင့်ရှောက်မှု အခြေအနေမှာ အင်မတန်ဆိုးရွားနေ၍ မကြာသေးခင်က ပြန်လွတ်လာသော နိုင်ငံရေးအကျဉ်းသား ကိုမျိုးရန်နောင်သိမ်းသည်လည်း ထောင်တွင်းကျန်းမာရေးအခြေအနေ ဆိုးဝါးမှု ကြောင့် လမ်းမလျှောက်နိုင်ကြောင်း သိရသည်။
မန္တလေးအိုးဘိုထောင်တွင်လည်း အကျဉ်းသားများသည် အစားအသောက်ချို့တဲ့မှုများ ရှိနေကြပြီး ထောင်ဝင်စာ နှင့် ပြင်ပ အလှူရှင်များ ၏ လှူဒါန်းမှုများကိုသာ အားထားနေရကြောင်း၊ ထောင်အာဏာပိုင်များ ကလည်း ငွေကြေးတတ်နိုင်သူများ ကိုသာ အခွင့်အရေးပေးကြောင်း ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်းသား ကိုဘိုဘို က ပြောသည်။
ကိုဘိုဘို ( ခ ) ကိုမျိုးကျော်သူသည် ယခင်က (ABSDF -မြောက်ပိုင်း) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့၌ အဖမ်းခံခဲ့ရပြီး မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် တသက်တကျွန်းကျခံခဲ့ရသူဖြစ်ကြောင်း သိရသည်။
“ကျနော်ထောင်တသက်ကျတော့ ကျနော့်မိန်းမက ထောင်ထဲမှာ လာပြီးတော့ ကွာရှင်းခွင့်တောင်းတယ်၊ အခုတော့ သားလေးတယောက်ကျန်ခဲ့တယ်”ဟု ကိုဘိုဘိုက ဧရာဝတီသို့ ပြောပြသည်။
မန္တလေးအိုးဘိုထောင်မှ ကိုရန်နိုင်မင်း၊ ကိုစိန်လင်း၊ ကိုစိုးမိုးနိုင်၊ မဇင်မာအောင်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစောကြာဦး နှင့် မကေသီအောင်တို့ပါဝင်ပြီး၊ သာယာဝတီထောင်မှ ဦးသောင်းဝင်းဗိုလ်၊ ဦးဘချစ်နှင့် ကေအန်ယူမှ ကိုရွှေသားတို့ပါဝင်ပြီး၊သရက်ထောင်မှမကွေးတိုင်း အန်အယ်လ်ဒီ ဥက္ကဌ ဦးမြင့်ဦး၊ ကိုရန်အောင်ရွှေ၊ ဦးသာချို (ရေနံချောင်း)၊ နတ်မောက်မှ ကိုဌေးဝင်း၊ ချောက်မှ ကိုထွန်းထွန်းငြိမ်းတို့အပြင် ၁၉၉၉ ခုနှစ် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး စီးနင်းမှုဖြင့် စွဲချက်တင် ဖမ်းဆီးခံခဲ့ရသည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုခိုင်ကောင်းစံနှင့် ကေအန်ယူမှ ကိုတောကြည်တို့ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

Type rest of the post here

အပြည့်အစုံသို့ ...

Friday, September 18, 2009

Burma's forgotten prisoners

Burma's forgotten prisoners

Type rest of the post here

အပြည့်အစုံသို့ ...

အကျဉ်းသားစုစုပေါင်း ၇၁၁၄ ဦးလွှတ်ပေးခြင်း၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

ပြန်လွှတ်လာသောနိုင်ငံရေးအကျဉ်းသားများ၊

စစ်အစိုးရ ပြန်လွှတ်ပေးသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၄၃ ဦးသာ ပါဝင်
အကျဉ်းသားအကျဉ်းသူ ၇,၁၁၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးမည့် သတင်း ကြေညာပြီးနောက် ယနေ့ မြန်မာပြည် အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၄၃ ဦးသာ ပါဝင်ခဲ့သည်။
၁။ မအိမ့်ခိုင်ဦး (အင်းစိန်)(အီကိုးဗီးရှင်း သတင်းထောက်)
၂။ ဦးတင်မြ (အင်းစိန်)
၃။ ကိုညီညီမင်း (ဘူးသီးတောင်)
၎။ ကိုကျော်ကျော်သန့် (အင်းစိန်)
၅။ မုံရွာ အောင်ရှင် (ခ) ဦးအေးကြူ
၆။ ဦးနိုင်းနိုင်း (အင်းစိန်)(ပုဇွန်တောင်မြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)
၇။ မတင်တင်မြင့် (အင်းစိန်)
၈။ မသန်းသန်းဌေး (အင်းစိန်)
၉။ မသန်းသန်းဆင့် (မန္တလေး)
၁၀။ မသင်းမင်းစိုး (အင်းစိန်)
၁၁။ မကြည်ကြည်မင်း (အင်းစိန်)
၁၂။ ကိုဇော်ထွန်းအောင် (ကလေး)
၁၃။ ကိုတင်မျိုးထွဋ် (ခ) ကျော်ဦး (အင်းစိန်)
၁၄။ ဦးဝင်းမြင့် (အင်းစိန်)
၁၅။ ဦးကျော်မောင် (မြစ်ကြီးနား)
၁၆။ ဦးနေဝင်း (မြစ်ကြီးနား)
၁၇။ ဦးကြည်လင်း (မြစ်ကြီးနား)
၁၈။ ဦးစိုးဝေ (ခ) သန်းဇော် (မြစ်ကြီးနား)
၁၉။ အရှင် စန္ဒောဘာသ (အင်းစိန်)
၂၀။ ကိုအောင်ကြီး (အင်းစိန်)
၂၁။ ဒေါ်မီမီစိန် (အင်းစိန်)
၂၂။ ဦးဝင်းထိန် (ကသာ)(ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ)
၂၃။ ဦးစိုးဟန် (လားရှိုး)
၂၄။ ဦးဘိုကြီး (ပဲခူး)
၂၅။ ဒေါ်ခင်ခင်လေး (ပဲခူး)
၂၆။ ဦးဖေတင် (ပဲခူး)
၂၇။ ဦးတင်မြင့်
၂၈။ ဒေါ်ဇင်မာထွေး (မော်လမြိုင်)
၂၉။ ကိုမိုးလှိုင် (မော်လမြိုင်)
၃၀။ ကိုမိုးလွင် (မော်လမြိုင်)
၃၁။ ကိုမျိုးမင်းလွင် (မော်လမြိုင်)
၃၂။ မဌေး (ခ) စန်းစန်းမြင့် (အင်းစိန်)
၃၃။ ကိုသက်ဦး (တောင်ငူ)(၁၉၉၆ ကျောင်းသားလှုပ်ရှားမူ့ )
၃၄။ ဦးပဏ္ဏိတ (ခ) မြင့်အေး (တောင်ငူ)
၃၅။ ကိုဇော်ထွန်း (တောင်ငူ)
၃၆။ ကိုဘိုဘို (မြင်းခြံ)
၃၇။ မစန္ဒာ (မြင်းခြံ)
၃၈။ ကိုပြည့်ဖြိုးလှိုင် (ဘားအံ)
၃၉။ ကိုဝဏ္ဏစိုး (ဘားအံ)
၄၀။ ဦးဘချစ် (သာယာဝတီ)ဗိုလ်ကြီးအုန်းကျော်မြင့်အမူတွဲ(၁၉၇၄)
၄၁။ ကိုအေးမင်းမင်း (သာယာဝတီ)
၄၂။ ကိုတင်ထွန်း (သာယာဝတီ)
၄၃။ ကိုရွှေသာ (သာယာဝတီ)တို့ ပါဝင်ခဲ့သည်။ စစ်အစိုးရက အကျဉ်းသားများ စုစုပေါင်း၇၁၁၄ဦးလွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားအရေအတွက်မှ လွန်စွာ နည်းပါးနေသေးကြောင်း မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ဝေဖန်နေကြသည်။

Type rest of the post here

အပြည့်အစုံသို့ ...

အကျဉ်းသားစုစုပေါင်း ၇၁၁၄ ဦးလွှတ်ပေးကြောင်း အကျဉ်းဦးစီးညွှန်ချုပ် မှ သတင်းစာရှင်းလင်းပွဲပြုလုပ်၊

စစ်အစိုးရက ယနေ့နေ့လယ်၌ စတင်လွှတ်ပေးလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအမှုတို့ဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား (၂၅၀) ကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောကြားသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့ အာဏာရယူခဲ့သော စစ်အစိုးရ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်ကြောင်း ၎င်းက ယနေ့ကျင်းပသော အကျဉ်းသားများအား ပြန်လွှတ်ပေးလိုက်သော အခမ်းအနားတွင် ပြောကြားသည်။
“တနိုင်ငံလုံးအနေနဲ့ ၅ (ည)၊ ၁၇၊ ၁၃၊ ၂၀ စသည့်အမှုတို့ဖြင့် အကျဉ်းကျခံနေရသူတွေ ပါဝင်ပါတယ်။ ဒီနေ့ကစပြီးတော့ လွှတ်ပေးနေမှာပါ။ မနေ့က ထုတ်ပြန်တဲ့ အမိန့်အတိုင်းပါပဲ။ လွှတ်ပေးမယ့်လူဦးရေ (၇,၁၁၄) ဦး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ပြန်လည်လွတ်မြောက်လာသူများတွင် သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြ၊ ပုဇွန်တောင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း၊ မုံရွာအန်အယ်လ်ဒီမှ ဦးအောင်ရှင် စသည့်ပုဂ္ဂိုလ်များ ပါဝင်ကြသည်။
ပြန်လည်လွတ်မြောက်လာသည့် သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြက “ကျနော်တို့တွေက နိုင်ငံရေးကို ဆက်လုပ်သွားမှာပဲ။ ကျနော်တို့ကို ဖမ်းတဲ့ကိစ္စဟာ ဘာမှဟုတ်တိပတ်တိ အမှုမဟုတ်ဘူး။ လက်ဆုပ်လက်ကိုင်မပြနိုင်ဘဲ ဖမ်းတဲ့အတွက် မကျေနပ်ဘူး” ဟု ခေတ်ပြိုင်သို့ပြောသည်။
ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အကြိမ်မှာ ဒဿမအကြိမ်ဖြစ်ပြီး ယနေ့ထိ လွှတ်ပေးသော အကျဉ်းသားပေါင်း (၁) သိန်း ကျော်ရှိပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောသည်။

Type rest of the post here

အပြည့်အစုံသို့ ...

Tuesday, September 15, 2009

NLD မှ ထုတ်ပြန်သော ကြေညာချက်၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

Friday, September 4, 2009

EU Banned List

EU Banned List 0809


အပြည့်အစုံသို့ ...

တကိုယ်တော်ဆန္ဒပြ ဗိုလ်ကြီးဇော်ညွန့် အား ထောင်ဒဏ် ၂ နှစ်

Type your summary here

ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေစဉ်အတွင်း သူမကို လွှတ်ပေးရန် တကိုယ်တော် ဆန္ဒပြခဲ့သူ လေတပ်အငြိမ်းစား ဗိုလ်ကြီးဇော်ညွန့်ကို အင်းစိန်မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၂ နှစ် ချလိုက်သည်။
“Saving Suu is Saving Burma” ဟူသည့် စာတမ်းပါ ဆိုင်းဘုတ်အား ကိုင်ဆောင်ကာ အင်းစိန်ထောင်ရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည် ၅၆ နှစ်အရွယ် ဦးဇော်ညွန့်အား နိုင်ငံတော် ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အရ ကျုးလွန်သည်ဟုဆိုကာ ယနေ့ ပြစ်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။
“ဒီနေ့ အပြီးသတ် အမိန့်ဖတ်တာက မိနစ် ၂၀ လောက်ကြာတယ်။ ၁၁ နာရီ ၄၅ မိနစ်မှာ ပြီးသွားတယ်။ ၅၀၅ (ခ) နဲ့ ၂ နှစ်ချလိုက်တယ်” ဟု ဦးဇော်ညွန့်၏ ရှေ့နေဖြစ်သူ ဦးမောင်မောင်လတ်က ပြောသည်။
တရားခွင်၌ အင်းစိန်မြို့နယ် ဒုရဲအုပ် ၄ ဦးနှင့် ရှာဖွေပုံစံ သာမန်အရပ်သား ၂ ဦးက တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့သည်။
“လူတွေကို ထိပ်လန့်အောင်လုပ်တယ်ဆိုပြီးပေါ့။ တကယ်တော့ ၂ မိနစ်အတွင်းမှာ သူတို့ဖမ်းလိုက်တာ။ ဈေးနောက်ဖမ်းပြီးတော့မှ “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေ” ဆိုပြီး တချက်ပဲ အော်သွားတာ။ တချို့ လူတွေတောင် မသိလိုက်ဘူး။ အဲဒါကို ပတ်ဝန်းကျင်ကို ထိန့်လန့်အောင်လုပ်တာ မဟုတ်ဘူး။ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးကို ပိပြားစေတာ မဟုတ်ဘူး” ဟု ဦးမောင်မောင်လတ်က ပြောသည်။
တရားခွင်အပြီးတွင် ဦးဇော်ညွှန့်က သူ၏ထောင်ဒဏ်မှာ အခြားသော နိုင်ငံရေးအကျဉ်းသားများနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်ကို စောင့်ရှောက်ပါရန် တူတော်သူများအား မှာကြားသွားကြောင်း သိရသည်။
မေလ ၂၈ ရက်နေ့က ၂ ပေပတ်လည်ရှိ ပိတ်စအဖြူ ဗင်နိုင်းစ (Banner) ပေါ်တွင် “Saving Su is Saving Burma'' ''ဒေါ်စုကို ကာကွယ်ခြင်းသည် မြန်မာပြည်ကို ကာကွယ်ခြင်းဖြစ်သည်” ဟူသည့် စာတန်းများ ရေးသားကိုင်ဆောင်ကာ ဆန္ဒပြခဲ့သည်။
ဦးဇော်ညွန့်သည် ၁၉၈၈ ခုနှစ် အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ကို တည်ထောင်ခဲ့သူ ဖြစ်သည်။ သူသည် အင်္ဂလိပ်ဘာသာစကား သင်ကြားကာ သက်မွေးဝမ်းကြောင်းပြုခဲ့သည်။
အလားတူပင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်အတွင်း တရားဆိုင်နေစဉ် အဖမ်းခံခဲ့ရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ရွှေပြည်သာမြို့နယ်နေ ကိုထွေးသိန်းကိုလည်း တရားရုံးက ပြီးခဲ့သည့်လ ၁၀ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

အပြည့်အစုံသို့ ...

မိမိကိုယ်ကို မီးရှို့ရန် ကြံစည်သည်ဟု စွပ်စွဲကာ ရဟန်းတော် အရှင်စန္ဒာဓိကကို ရုံးထုတ်

Type your summary here

မိမိကိုယ်ကို မီးရှို့ရန် ကြံစည်သည်ဟု ရဲကစွပ်စွဲခံထားရသော ရဟန်းတော် အရှင်စန္ဒာဓိကအား ရုံးထုတ်ခဲ့သည်
အင်းစိန်ထောင်တွင်း လက်ရှိထိန်းသိမ်းခံနေရသော သက်တော် ၃၆ နှစ်အရွယ် အရှင်စန္ဒာဓိကအား ရဟန်းဝတ်ချွတ်စေပြီး ရုံးထုတ်နေခြင်း ဖြစ်သည်။ ပဲခူးတိုင်း လေးကျွန်းမဏ္ဍိုင် ကျောင်းတိုက် ဒေးစွန်းဘုရားတွင် သီတင်းသုံးခဲ့သည့်သူ့ကို ရဲအုပ်ဇော်ဘုန်းဝင်းက တရာလိုပြုလုပ်ပြီး ဘာသာတရားကို ညှိုးနွမ်းအောင်လုပ်မှု ပုဒ်မ ၂၉၅ (က) ဖြင့် ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။
“သက်သေ ၄ ယောက်ကို အခုတခါ ပြန်ခေါ်တယ်။ ၃ ယောက်တော့ စစ်ပြီးသွားပြီ။ ဒီနေ့က တရားလို ၁ ယောက်ကို စစ်တယ်” ပြောသည်။ သက်သေအားလုံးမှာ ရဲများဖြစ်ကြောင်း သီးခြား စုံစမ်းသိရှိရသည်။
“ဒီနေရာဟာ ရဟန်းမသွားရဘူးလို့ သတ်မှတ်ထားတာဟာ ဝိနည်းနှင့်လည်း မထိခိုက်ဘူး။ ဒီကိုလာတာလည်း ဆရာတော်ကနေ ဝါဝင်ပြီး လာတာ။ ရဟန်းသိက္ခာ ချိုးဖောက်တာ မဟုတ်ဘူး။ သာသနာကို ညှိုးနွမ်းအောင် လုပ်တာလည်း မဟုတ်ဘူးဆိုတဲ့ မေးခွန်းကိုလည်း သူကိုယ်တိုင် တရားရုံးကို မေးထားတယ်” ဟု တရားဆိုင်နှင့် နီးစပ်သူတဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချသည့် ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် တရားဆိုင်က ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဝင်ရောက်ကာ သတင်းမေးပြီးပြန်အထွက် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဦးစန္ဒဓိကကို လူ ၃ ယောက်က ရန်ကုန်မြောက်ပိုင်းခရိုင် ရဲစခန်းဝင်းသို့ခေါ်ဆောင်သွားပြီး အနည်းဆုံး ရဲ ၂ ယောက်က ဝါးလုံးဖြင့် ရိုက်နှက်ခဲ့၍ ဒဏ်ရာရခဲ့သည်ဟု အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) အဖွဲ့က ပြောသည်။
တရားရုံးတွင် နှစ်ဖက်ရှေ့နေများ အပြန်အလှန် မေးမြန်းထွက်ဆိုချက်အရ စွပ်စွဲခံထားရသူ၏ အနီးနားတွင် ရေနံဆီ သို့မဟုတ် အခြား သဲလွန်စ မတွေ့ရသလို သီးခြားလွတ်လပ်သော မျက်မြင်သက်သေများလည်း မရှိဟု AHRC က ပြောသည်။
သြဂုတ်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မကွေးတိုင်း ချောက်၊ ရေနံချောင်းနှင့် ပခုက္ကူမြို့နယ်များတွင် ရှာဖွေစစ်ဆေးမှုများရှိနေပြီး ရဟန်း ၄ ပါးကို စစ်အစိုးရက ဖမ်းဆီးထားသည်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့က ပြောသည်။
သံဃာတော်အဖွဲ့မှ အရှင်ဦးဓမ္မဝံသက “သာသာနာကို ညှိုးနွမ်းအောင်လုပ်နေတာက နအဖပဲ။ ဦးဇင်းတို့ ရဟန်းသံဃာတွေက ဓမ္မစက်အောက်မှာနေတာ။ အာဏာရှင် အောက်မှာနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ အခုလို ဖမ်းဆီး ဥပဒေ ပုဒ်ထီး ပုဒ်မတွေ တပ်ပြီးတော့ ထောင်ချတာတွေဟာ ဦးဇင်းတို့ဘာသာကို တခြားဘာသာတွေနဲ့ ကြည့်မယ်ဆိုရင် သိမ်ငယ်သွားတာပေါ့နော်။ အခု ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရပြီပေါ့” ဟု မိန့်သည်။
နေပြည်တော် စစ်ရုံးချုပ်သတင်းရပ်ကွက်အဆိုအရ သံဃာတော်များက ၂၀၀၇ ခုနှစ်ကကဲ့သို့ အလားတူ လူထုကို ဦးဆောင်ကာ အုံကြွမှုတခု ဖြစ်လာလိမ့်မည်ဟု စစ်အစိုးရက သံသယရှိနေပြီး လုံခြုံရေးတိုးမြှင့်ရန်နှင့် ဘုန်းကြီးကျောင်းများကို အနီးကပ်စောင့်ကြည့်ရန် ညွှန်ကြားထားသည်။
့ အာရှလူ့အခွင့်အရေးကောင်စီ၏ ကြေညာချက်တွင် အရှင်စန္ဒာဓိက အမှုကိစ္စအပါအဝင် အထောက်အထားမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းများအပေါ် စိုးရိမ်ပူပန်ကြောင်းနှင့် မြန်မာပြည်ဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားနှင့် ကုလအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ကြားဝင်ဖြေရှင်းပေးပါရန် တောင်းဆိုထားသည်

အပြည့်အစုံသို့ ...

Wednesday, August 5, 2009

21st anniversary of Democracy revolution


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

Wednesday, July 29, 2009

မမေ့ ကြနဲ့  (အောင်ဝေး)

မမေ့နဲ့ 
၈ လေးလုံး ကို မမေ့နဲ့ ။
မမေ့နဲ့ 
အမှန်တရားကို မမေ့နဲ့ ။
မမေ့နဲ့ 
၉၀ ရွေးကောက်ပွဲကို မမေ့နဲ့ ။
မမေ့နဲ့ 
ဒီပဲယင်းကို မမေ့နဲ့ ။
မမေ့နဲ့ 
တရားမျှတမှုနှင့် လွတ်လပ်ရေးကို မမေ့နဲ့ ။
မမေ့နဲ့ 
အကြမ်းမဖက်ရေးကို မမေ့နဲ့။
မမေ့နဲ့ 
ပခုက္ကူကို မမေ့နဲ့ ။
မမေ့နဲ့
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ကို မမေ့နဲ့။
မမေ့နဲ့ 
ဗိုလ်အောင်ကျော်ကို မမေ့နဲ့ ။
မမေ့နဲ့ 
ဗိုလ်ကြီးအုန်းကျော်မြင့်ကို မမေ့နဲ့။
မမေ့နဲ့ 
မမေ့နဲ့ 
ဆရာတော် ဦး ဥတ္တမ ကို မမေ့နဲ့ 
ဒေါ်အောင်ဆန်းစုကြည်ကို မမေ့နဲ့ 
မင်းကိုနိုင်ကို မမေ့နဲ့ ။
မမေ့နဲ့ 
မမေ့နဲ့ 
မမေ့နဲ့ 
အကြမ်းဖက်ဝါဒကို ဆန့် ကျင်ဖို့  မမေ့နဲ့ ။
မမေ့နဲ့ 
မေတ္တာတရားရှေ့ထားဖို့ မမေ့နဲ့
မမေ့နဲ့ 
အဓမ္မ၀ါဒီတွေကို တိုက်ဖျက်ဖို့  မမေ့နဲ့ ၊
မမေ့နဲ့ 
ဓမ္မ လက်ကိုင်ထားဖို့  မမေ့နဲ့ ။
မမေ့နဲ့ 
မမေ့နဲ့ 
အစိုးရရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို မမေ့နဲ့။
မမေ့နဲ့ 
မမေ့နဲ့ 
အပြီးသတ် အောင်ပွဲကို မမေ့နဲ့ ။
မမေ့နဲ့ 
မမေ့နဲ့ 
ငါတို့ ဟာ
သံဃာတွေကိုကြည်ညို
ကျောင်းသားတွေကို လေးစား
ပြည်သူတွေကို အရေးထားတဲ့
အနုပညာရှင်တွေပဲဆိုတာ
ဘယ်တော့မှ မမေ့နဲ့။

Type rest of the post here

အပြည့်အစုံသို့ ...

NLD မှ ထုတ်ပြန်သော ကြေညာချက်၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

Tuesday, July 28, 2009

Daw Aung San Suu Kyi supporters gather around insein prison



Type rest of the post here

အပြည့်အစုံသို့ ...

Friday, July 24, 2009

ကုလသမဂ္ဂကို ဒေါ်အောင်ဆန်းစုကြည် ၏သဘောထား၊

အင်းစိန်တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ရှေ့နေများမှတဆင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ အမှာစကားပြောလိုက်သည်။
“ကုလသမဂ္ဂအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရင်မလုပ်ဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ မျှတမှုလည်းမရှိဘူး၊ တရားဝင်မှာလည်း မဟုတ်ဘူးဆိုတာကို ကုလသမဂ္ဂအနေနဲ့ ကြေညာချက်တို့ဘာတို့ ထုတ်ပြီး ပြောသင့်တယ်တဲ့။ အဲလိုပြောလိုက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်ကို ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က တဆင့်ပြန်လည်ပြောပြသည်။

ယခင်တရားခွင်များကို နံနက် (၁၀) နာရီတွင် အမှုစတင်ကြားနာလေ့ရှိသော်လည်း ယနေ့တရားခွင်ကို နေ့လယ် (၂) နာရီတွင်မှ စတင်ကြားနာပြီး ရှေ့နေကြီး ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အတွက် အပြီးသတ်လျှောက်လဲချက် ပေးခဲ့သည်။ ထို့နောက် တရားခွင်ကို ညနေ (၄)နာရီခွဲတွင် ရပ်နားကာ ဇူလိုင် (၂၇) ရက်သို့ ပြောင်းရွှေ့ချိန်းဆိုလိုက်သည်။
တရားခွင်အချိန်ပြောင်းရွှေ့ကြားနာမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှုမရှိကြောင်း ၎င်း၏ရှေ့နေများကို ပြောကြားခဲ့သည်ဟု သိရသည်။
ယနေ့တရားခွင်သို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် အမေရိကန်နိုင်ငံတို့မှ သံတမန်များကို တက်ရောက် နားထောင်ခွင့်ပြုခဲ့သော်လည်း သတင်းမီဒီယာများကိုမူ တရောက်ခွင့်မပေးခဲ့ပေ။
အင်းစိန်ဈေးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသူများ ပိုမိုများပြားလာသကဲ့သို့ လုံခြုံရေးချထားမှုလည်း ပိုမိုများပြားသည်ဟု ကိုယ်တိုင်သွားရောက်ခဲ့သူ ဦးအုံးကြိုင်က ပြောသည်။
၎င်းက “ဆရာဦးဝင်းတင်လည်း ကျန်းမာရေးမကောင်းတဲ့အကြားကပဲ ဆိုက္ကာစီးပြီးလာတယ်။ ဦးအေးသာအောင်လည်းလာတယ်။ အန်အယ်လ်ဒီပါတီဝင်တွေလည်း လာကြတယ်” ဟု ပြောသည်။

အပြည့်အစုံသို့ ...

Sunday, July 19, 2009

၆၂ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂရုံးတွင်ပြုလုပ်နေပုံ၊



၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ ရုံးတွင် ပြုလုပ်ခဲ့ပါသည်၊ အခမ်းအနားသို့  အဖွဲ့ အစည်းအသီးသီးမှ တက်ရောက်ခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်အပေါ် ကိုယ်ကျိုးစွန့် လုပ်ဆောင်မူ့ များနှင့် လွတ်လပ်ရေး ကြိုးပမ်းခဲ့ပုံများကို ၆၂ ခုနှစ် မျိုးဆက် ခေါင်းဆောင် ဦးမြစိန်မှ ရှင်းလင်းပြောကြားခဲ့ပါသည်၊ ထို့ နောက်အခမ်းအနားသို့ တက်ရောက်ခဲ့သူများမှ အာဇာနည်ခေါင်းဆောင်များကို စံနမူနာယူ၍ ယနေ့ ကာလ နိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ပါသည်၊

အပြည့်အစုံသို့ ...

Sunday, July 5, 2009

မြန်မာပြည်သို့ သွားခဲသော ဘန်ကီမွန်း ခရီးစဉ်၊့


UN chief Ban Ki-moon gave a rare public speech Saturday outlining his vision for a democratic Burma, just hours after the ruling junta refused to let him meet opposition leader Aung San Suu Kyi.

Ban told an audience of diplomats, UN agencies and non-governmental organisations that the military regime must free the pro-democracy icon and introduce other reforms for the good of the country's people.

"I am here today to say: Burma, you are not alone. We want to work with you for a united, peaceful, prosperous, democratic and modern Burma,'' Ban said at the Drug Elimination Museum in the commercial hub Yangon.

"We want to help you rise from poverty ... work with you so that your country can take its place as a respected and responsible member of the international community,'' the secretary general said.

"But let me emphasise: neither peace nor development can thrive without democracy and respect for human rights. Burma is no exception.''

Junta chief Than Shwe earlier Saturday refused to let Ban visit Aung San Suu Kyi, who is in prison facing trial over an incident in which an American man swam uninvited to her lakeside house in May.

Ban earlier described Than Shwe's snub as "deeply disappointing'' and said in his speech that all political prisoners, including Aung San Suu Kyi, "should be released without delay''.

"The primary responsibility rests with the government to move the country toward its stated goals of national reconciliation and democracy,'' Ban said.

Mynamar was one of the first UN members to adopt its Declaration of Human Rights, he said, but added: "Unfortunately that commitment has not been matched in deed. Burma's human rights record remains a matter of grave concern.''

Ban also urged the junta to ensure that elections promised in 2010 should be free and fair. Critics say they will be a sham that will allow the ruling generals to entrench their power.

"The upcoming election, the first in 20 years, must be inclusive, participatory and transparent if it is to be credible,'' he said.

The military regime refused to recognise the landslide victory of Aung San Suu Kyi's National League for Democracy in Burma's last elections in 1990.

အပြည့်အစုံသို့ ...

Saturday, July 4, 2009

Sunday, June 21, 2009

ဇွန်လ ကျောင်းသားလှုပ်ရှားမူ့ နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်၊

Type your summary here
Type rest of the post here

အပြည့်အစုံသို့ ...

ဇွန်လကျောင်းသားလှုပ်ရှားမူ့ မှသည် ၈၈၈၈ လူထုအရေးတော်ပုံသို့ 


ယဉ်ထွေး
ရန်ကုန်တက္ကသိုလ်
(၁၉၈၄-၂၀၀၄)
ဇွန်လကျောင်းသားလှုပ်ရှားမူ့ သည် ပြည်သူလူထုနှင့် ပေါင်းစည်းခဲ့သော လူထုလှုပ်ရှားမူ့ 
အဖြစ် စတင်နိုင်ခဲ့သလို နိုင်ငံလုံးဆိုင်ရာ ၁၃၅၀ပြည့် ရှစ်လေးလုံး ဒီမိုကေ၇စီအရေးတော်ပုံ
အဖြစ်သို့ ဦးဆောင်နိုင်ခဲ့ကြောင်း သမိုင်းမော်ကွန်းတင်ရပေမည်။

မတ်လကျောင်းသားလှုပ်ရှားမူ့ တွင် ကျောင်းသားများစွာ သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီး
ခံရခြင်းများဖြင့် ကျောင်းသားလှုပ်ရှားမူ့ အား စစ်အုပ်စုမှ ကျောင်းများပိတ်၍ ဖြိုခွင်း
နိုင်ခဲ့သော်လည်း ဇွန်လကျောင်းသားလှုပ်ရှားမူ့ သည် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ
အတွက် ကျောင်းသားထုလှုပ်ရှားမူ့ မှ လူထုလှုပ်ရှားမူ့ ကို ဆက်စပ်ပေးနိုင်ခဲ့ပေသည်၊

စစ်အာဏာရှင်နေ၀င်းသည် ကျောင်းများပိတ်၍ လူစုခွဲခြင်းနည်းလမ်းကို ကျင့်သုံးနိုင်ခဲ့သော်လည်း
ဇွန်လတွင်ကျောင်းများ ပြန်လည် ဖွင့်ခဲ့သော်အခါ ကျောင်းသားထုတရပ်လုံးသည် မနက်ကျောင်းသွား
မည်၊ နေ့ စဉ် ကျောင်းတွင် ပုံမှန်ငြိမ်းချမ်းစွာဆန္ဒပြ မည်ဟုဆုံးဖြတ်ချက်ချ ကာ ရန်ကုန်
တက္ကသိုလ်နယ်မြေ ဘုမိနက်သန် အဓိပတိလမ်းမပေါ်ရှိ စာကြည့်တိုက်၊ RC ခန်းမ
နံရံများတွင် စာကပ်ခြင်း၊စာရွက်များဖြန့် ဝေခြင်းကိုစတင်ပြုလုပ်ခဲ့သည်၊

ကျွန်တော်မှတ်မိသည့် စကားလုံးများတွင် “ ညီနောင်တို့ ခေတ်အဆက်ဆက်
နေ၀င်းစစ်အုပ်စုကို ကျောင်းသားထုအပေါင်းမှ ဆန့် ကျင်ခဲ့သည့် သမိုင်းအစဉ်အလာကို
ညီနောင်တို့ ဆက်လက် လက်ဆင့်ကမ်းရန်နှိုးဆော်ပါသည်၊ ” စသဖြင့်
ကျောင်းသားထုကို စတင်၍ နှိုးဆော်ချက်များ၊ ကြေညာချက်များဖြင့် ဇွန်လကျောင်းသား
လှုပ်ရှားမူများကို စတင်နိုင်ခဲ့သည်။ ကျောင်းသားများ ဂျပ်ဆင် ရှေ့ တွင်
စတင်တရားဟောရာ ထိုအချိန် ပါချုပ်ဖြစ်သူ ဒေါက်တာချစ်ဆွေ လာ၍
တားဆီးသော်လည်း ကျောင်းသားများမှ ပါချုပ်နှင့် ဆရာဆရာမများအား လာရောက်
မတားဆီးရန် နှင့် ကျောင်းသားများ၏ အခြေအနေကို နားလည်၇န်
ပြန်လည်ရှင်းပြခဲ့၍ ပါချုပ်မှာလည်း ပြန်လှည့်သွားခဲ့သည်၊

တောင်ငူဆောင်ရှေ့ တွင် တရားပွဲများ စတင်ခဲ့သည်၊ ၁၅မိနစ်ခန့် ပြောကြားပြီး
လူစုခွဲခဲ့သည်၊ ဗိုလ်အောင်ကျော်အုတ်ဂူ သမဂ္ဂမြက်ခင်းပြင်သို့ သွားေ၇ာက်၍ အလေးပြုခဲ့သည်။
ဇွန်လကျောင်းသားလှုပ်ရှားမူ့ သည် တနေ့ ထက်တနေ့ ပိုမို၍ စနစ်တကျလုပ်ဆောင်လာကာ
တရားဟောစင်မြင့်သည် RC ခန်းမရှေ့ ၊ အဓိပတိလမ်းမပေါ်တွင် စတင်ခဲ့သည်၊
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသည် စုပေါင်းဦးဆောင်လှုပ်ရှားသည့် ပုံစံဖြင့် လုပ်နိုင်သည့် တာဝန်များကို
ခွဲ၍ ငြိမ်းချမ်းစွာတရားဟောပွဲများကို စတင်ခဲ့သည်။ ကျောင်းဝင်ပေါက် ထွက်ပေါက်များတွင် အ၀င်အထွက်
လုံခြုံရေးတာဝန်များ ယူသူများ၊ တရားဟောစင်အတွက် လိုအပ်သော အစီအစဉ်များကိုတာဝန်ခွဲဝေ၍
လုပ်ကိုင်ခဲ့ကြပါသည်။ပြင်ပမှ ပြည်သူလူထုများမှလည်း ကျေင်းသားများအတွက် ထမင်းထုတ်များ
စားစရာများလာရောက်ပို့ ဆောင်ပေးခဲ့ကြသည်၊
နေ့ စဉ် မနက် ၉နာရီတွင် တရားပွဲစတင်ခဲ့ပြီး ညနေ ၃ နာရီခန့် တွင် လူစုခွဲခဲ့သည်၊ ထိုအချိန်
ရန်ကုန်မြို့ ရှိ တက္ကသိုလ် ကောလိပ်များမှ ကျောင်းသား ကျောင်းသူများ သည်
ရန်ကုန်တက္ကသိုလ်ရှိ တရားဟောစင်မြင့်သို့  လာရောက်ပူးပေါင်းကာ သပိတ်စခန်း
အဖြစ် စတင်စီစဉ်နိုင်ခဲ့ပါသည်၊

အထက်တန်းကျောင်းများမှလည်း လာရောက်ပူးပေါင်းခဲ့၍ ရန်ကုန်တက္ကသိုလ် နယ်
မြေသည် ဘူမိနက်သန် ဒီမိုကရေစီတော်လှန်ရေး နှင့် ကျောင်းသားလှုပ်ရှားမူ့ ကို
မွေးဖွားပေးခဲ့ရာ ပင်ဖြစ်လာသည်၊ ကျောင်းသားများ၏ ငြိမ်းချမ်းစွာတောင်းဆို ဟစ်ကြွေးသံများသည်
တက္ကသိုလ်နယ်မြေတခုလုံး ပဲ့တင်သံများအထပ်ထပ်ဖြင့် တောက်ပနေပေသည်၊ ထိုအချိန်တွင် စစ်အာဏာရှင်
နေ၀င်းသည် အင်းလျှား ကန်ဘောင် အေဒီလမ်းတွင် နေထိုင်ရာ ရန်ကုန်တက္ကသိုလ်မှ
ကျောင်းသားများ၏ တောင်းဆိုသံများသည် နေ၀င်းအိမ်ထိကြားနိုင်လောက်မည်ထင်သည်၊
“ ဒီမိုကရေစီရရှိရေး ဒို့ အရေး၊
မဆလ တပါတီအာဏာရှင်စနစ် ကျဆုံးပါစေ၊
ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေး ဒို့ အရေး၊
ကျောင်းသားသမဂ္ဂဖွဲ့ စည်းရေး ဒို့ အရေး၊” စသည့်ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ
ဖြင့် အဓိပတိလမ်းမပေါ်တွင်ဆန္ဒပြခဲ့ကြပါသည်။၊

စစ်အုပ်စုသည် နေ့ စဉ်ကျောင်းသားလှုပ်ရှားမူ့ များသည် ရန်ကုန်တက္ကသိုလ်နယ်
မြေရှိ သပိတ်စခန်းတွင် စုရုံး၍ပိုမိုကြီးမားလာသည်ကို ကြောက်ရွှံ၍ ဇွန်လကျောင်းသားလှုပ်ရှား
မူ့ အား ဖြိုခွဲရန် နည်းလမ်းမှာ ကျောင်းများကို အမြန်ဆုံးပိတ်ရန်နှင့် အကြမ်းဖက်ဖြိုခွဲ ရန်
အတွက် စတင်ပြီး ၂၀ ၇က်နေ့ ညတွင် တနိုင်ငံလုံးရှိ တက္ကသိုလ်ကောလိပ်များ ကို
ပိတ်ပစ်လိုက်ကြောင်း ရေဒီယိုမှကြေညာခဲ့သည်။ ထိုအချိန်တွင် ကျောင်းသားများသည် ကျောင်းတွေပိတ်နိုင်မည်ဟု
ကြိုတင်သိထားသည်နှင့်အညီ ကျောင်းတွေပိတ်လျှင် လမ်းမပေါ်သို့ ထွက်၍ လူထုနှင့်ပေါင်းစပ်မည်ဖြစ်သည်နှင့်အညီ
ဇွန်လ ၂၁ ရက်နေ့ တွင် ကျောင်းသားလှုပ်ရှားမူ့ မှသည် လူထုလှုပ်ရှားမူ့  ဆီသို့ ဦးတည်၍
်ရန်ကုန်တက္ကသိုလ်နယ်မြေ တ၀ိုက်ရှိ နယ်ကျောင်းသားများရှိရာနေ၇ာနှင့် ရန်ကုန်ကျောင်းသားများ
သည် လှည်းတန်းမှ ဟံသာဝတီ နားတ၀ိုက်သို့ စုရုံး၍ ချီတက်လှုပ်ရှားခဲ့နိုင်သည်။
ရန်ကုန်အင်းစိန် လမ်းမကြီးတလျှောက်တွင် ကျောင်းသားများနှင့် ပြည့်နှက်သွားပေသည်၊ထိုအချိန်တွင်
ဟံသာဝတီဆေးတက္ကသိုလ်အနီး နှင့် မြေနီကုန်းစမ်းချောင်းအထက်တန်းကျောင်းအနီးတွင် စစ်အုပ်စု၏
လက်ကိုင်ဒုတ် လုံထိန်းများသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော အထက်တန်း
ကျောင်းသားများအား ဘက်နက်များ နံပါတ်ဒုတ်များဖြင့် စတင်အကြမ်းဖက်တိုက်
ခိုက်လာခဲ့သည်။ စမ်းချောင်း၊ မြေနီကုန်းတ၀ိုက်ရှိပြည်သူလူထုမှ ကျောင်းသားများအား ၀ိုင်းရံ၍
စစ်အုပ်စု၏လက်ပါးစေလုံထိန်းများအား တန်ပြန်တိုက်ခိုက်ခဲ့သည့်အတွက် လုံထိန်းများ ထွက်ပြေးရ
ခဲ့ရပြီးတချို့ ဒဏ်ရာများရခဲ့သည်၊ အထက်တန်းကျောင်းသားကျောင်းသူများသည်လည်း ဒဏ်ရာများရခဲ့ပြီး
ကျောင်းသားများ သွေးမြေကျခဲ့ရသည့်အတွက် မြေနီကုန်းအရေးအခင်းဟု ယနေ့ တိုင် သမိုင်းမှတ်တိုင်ဖြစ်ခဲ့သည်။

ထိုအခြေအနေများအား ရန်ကုန်တက္ကသိုလ်နယ်မြေလှည်းတန်းအနီးရှိကျောင်းသား
များအား လိုက်လံ၍ စည်းရုံး၍၄င်း၊အခြေအနေများအား ပြောကြားခဲ့ပြီး အပြင်ဆောင်ကျောင်းသားများနှင့် ပြည်သူ
လူထုမှ ၀ိုင်းရံသည့်အခါ ကမာရွတ်ရဲစခန်းမှ ရဲများ လုံထိန်းများမှ စတင်၍ ပစ်ခတ်ဖြိုခွင်းခဲ့ရာ အထက်တန်းကျောင်းသားတစ်ဦး သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့ပေသည်။
ထိုကျောင်းသားအလောင်းအား ပြည်သူလူထုသိရှိစေရန် ကားဖြင့် ရန်ကုန် အင်းစိန် လမ်းမ
တလျှောက်သို့ လှည့်လည်ပြသခဲ့ရာ ပြည်သူလူထုမှာ ပိုမို၍ ဒေါသများ။ ခံပြင်း
စိတ်များ ပေါ်ထွက်ခဲ့ပြီး လူထုကြိးသည် ရန်ကုန်အင်းစိန်လမ်းမပေါ်တွင် ပြည့်နှက်ခဲ့ပေသည်၊

သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့သော ကျောင်းသားအလောင်းအား ရန်ကုန်စက်မူတက္ကသိုလ်နယ်မြေ သို့ သယ်ဆောင်
ခဲ့ပြီး ပြည်သူလူထု မှမျက်မြင် ပိုမိုသိရှိနိုင်ရန် ရန်ကုန်မြို့ တွင်းသို့ လှည့်လည်ပြသခဲ့သည်၊
ညပိုင်းတွင် သပိတ်စခန်းအဖြစ် စက်မူတက္ကသိုလ်ဝင်း၌ ပြုလုပ်နိုင်၇န် ကျောင်းသားအလောင်း အား ရောက်ရှိပြီးမကြာမှီ
စစ်တပ်မှ ကျောင်းတွင်းသို့ လာရောက်သိမ်းဆည်းသွားသည်ဟုသိရှိရပါသည်၊

ဇွန်လကျောင်းသားလှုပ်ရှားမူ့ သည် ပြည်သူလူထုနှင့် ပေါင်းစည်းခဲ့သော လူထုလှုပ်ရှားမူ့ 
အဖြစ် စတင်နိုင်ခဲ့သလို နိုင်ငံလုံးဆိုင်ရာ ၁၃၅၀ပြည့် ရှစ်လေးလုံး ဒီမိုကေ၇စီအရေးတော်ပုံ
အဖြစ်သို့ ဦးဆောင်နိုင်ခဲ့ကြောင်း သမိုင်းမော်ကွန်းတင်ရပေမည်။
ယဉ်ထွေး
(ရန်ကုန်တက္ကသိုလ်)
၁၉၈၄- ၂၀၀၄

အပြည့်အစုံသို့ ...

ဇွန်လ (၂၁) ရက် မြေနီကုန်းအရေးအခင်း ၊ ကျောင်းသားလှုပ်ရှားမူ့ မှသည် လူထုလှုပ်ရှားမူ့ ဆီသို့ 

June-21-1988-1
ကိုနစ်နေမန်းဘလော့မှ ကူးယူဖော်ပြသည်၊

အပြည့်အစုံသို့ ...

Friday, June 19, 2009

မြန်မာနိုင်ငံအမျိုးသမီးများနေ့ နှင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် ကျင်းပ၊



၆၄နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အား ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် ကျင်းပခဲ့ပြီး မြို့ နယ်အသီးသီး၌လည်း အခမ်းအနားများ ကျင်းပခဲ့ကြပါသည်၊


Type rest of the post here

အပြည့်အစုံသို့ ...

Thursday, June 18, 2009

မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားအား ထိုင်းမြန်မာနယ်စပ်တွင် ကျင်းပပြုလုပ်နေပုံ



မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားအား ထိုင်းမြန်မာနယ်စပ်တွင် မြန်မာနိုင်ငံ အမျိုးသမီးထု လှုပ်ရှားမူ့ ကော်မတီမှ ဦးဆောင်ကျင်းပပြုလုပ်ရာ ဒီမိုကရေစီအင်အားစုများ ၊ အဖွဲ့ အစည်းအသီးသီးမှ ခေါင်းဆောင်များ စုစုပေါင်း အင်းအား ၃၀၀ ခန့် တက်ရောက်ကြပါသည်၊
အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးလွှတ်ရန်နှင့် စစ်အာဏာရှင်စနစ်ကျဆုံးရန်၊ ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြပါသည်။



အပြည့်အစုံသို့ ...

Tuesday, June 16, 2009

၁၃ ကြိမ်မြောက် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားသို့ ကြွရောက်ပါရန်၊

၁၉၉၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံး၌ မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားအား စတင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ၁၃နှစ်မြောက်ဖြစ်ပေသည်၊ ထို့ ကြောင့် မြန်မာနိုင်ငံအမျိုးသမီးထု လှုပ်ရှားမူ့ ကော်မတီမှ ဦးဆောင်ကျင်းပမည်ဖြစ်သော မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားသို့  ကြွရောက်
ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်၊

အပြည့်အစုံသို့ ...

Thursday, June 11, 2009

ကိုမိုးသီးဇွန်နှင့် အာအက်အေဆွေးနွေးခန်း၊


ကိုမိုးသီးနှင့် အာအက်ဖ်အေ သတင်းထောက် ကိုဇော်မိုးကျော်တို့  ဆွေးနွေးခန်းကို တင်ပြလိုက်ပါတယ်။
We fight we win ၀က်ဆိုက်မှ ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်။

အပြည့်အစုံသို့ ...

Sunday, May 31, 2009

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၊


ကိုနစ်နေမန်းဘလော့မှ ကူးယူဖော်ပြသည်၊

အပြည့်အစုံသို့ ...

Thursday, May 28, 2009


အင်းစိန်ရှေ့ တွင် အသက် (၅၀) ခန့် အရွယ် ဦးဇော်ညွန့်  (တပ်မတော် လေတပ်အရာရှိဟောင်းတစ်ဦး) ဟာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ဆိုင်းဘုတ်ကိုထောင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေဆိုပြီး အော်ဟစ်ဆန္ဒပြပါတယ်။ ဒီအချိန်မှာဘဲ ဒီအဖြစ်အပျက်ကို ကင်မရာနဲ့ လိုက်ရိုက်သူတွေနဲ့ စာရွက်စာတမ်း ဝေသူများကို နအဖဘက်တော်သားတွေက လိုက်လံဖမ်းဆီးပါတယ်။ ဦးဇော်ညွန့်နဲ့အတူ နောက်တစ်ဦး ဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသတင်းရရှိပါသည်၊

အပြည့်အစုံသို့ ...

Wednesday, May 27, 2009

မေလ၂ရ ရက် ရွေးကောက်ပွဲနှစ်ပတ်လည်အခမ်းအနား ထိုင်းမြန်မာနယ်စပ်တွင်ပြုလုပ်၊


၁၉ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည် အခမ်းအနားအားပြည်သူ့ လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ မှ ဦးဆောင်၍ ထိုင်းမြန်မာနယ်စပ်တွင် ယနေ့ ပြုလုပ်ခဲ့ပါသည်၊ အဆိုပါအခမ်းအနားသို့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအင်အားစုများတက်ေ၇ာက်ခဲ့ပါသည်၊

အပြည့်အစုံသို့ ...

ဒေါ်အောင်ဆန်းစုကြည်ပြောဆိုသောအချက်များပါရှိသည့် NLD ၏ကြေညာချက်ထုတ်၊




အပြည့်အစုံသို့ ...

အမေရိကန်သမ္မတ အိုဘားမားမှ ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရန်တောင်းဆို၊


Type your summary here

အပြည့်အစုံသို့ ...

ထိုင်းမြန်မာနယ်စပ် မဲဆောက်ရှိ UNHCR ရှေ့ တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဆန္ဒပြနေစဉ်၊


အပြည့်အစုံသို့ ...

Saturday, May 23, 2009

ထိုင်းမြန်မာနယ်စပ် မြ၀တီ တံတား၊ သောင်းရင်းမြစ်ဘေးတွင် ဒီမိုကရေစီအင်အားစုများမှ ဆန္ဒပြပွဲပြုလုပ်၊



Type your summary here
ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂအပါအ၀င် ဒီမိုကရေစီအင်အားစုများ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံသော နိုင်ငံခြားသားများ မှ “ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေး ဒို့ အရေး ” နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဒို့ အရေး” “စစ်အစိုးရ ပြုတ်ကျရေး ဒို့ အရေး ” “ ဒီမိုကရေစီ ရရှိရေး ဒို့ အရေး” ကြွေကြော်သံများ တိုင်၍ မြ၀တီတံတား ထိပ်မှ ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်းနဘေး မှ ဆန္ဒပြခဲ့ပါသည်၊ ဆန္ဒပြကြွေးကြော်သံများ ပြုလုပ်ချိန်တွင် မြ၀တီမြို့ မှ ပြည်သူလူထုမှ မြစ်ကမ်းနဘေးသို့ စုရုံးရောက်ရှိလာပြီး လာရောက်အားပေးကြောင်းတွေ့ ရှိရပါသည်၊
Type rest of the post here

အပြည့်အစုံသို့ ...

ထိုင်းမြန်မာနယ်စပ် မြ၀တီ တံတား၊ သောင်းရင်းမြစ်ဘေးတွင် ဒီမိုကရေစီအင်အားစုများမှ ဆန္ဒပြပွဲပြုလုပ်၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

Press Statement by the Security Council

“The members of the Security Council express their concern about the political impact of recent developments relating to Daw Aung San Suu Kyi.
The members of the Security Council reaffirm, in this context, their statements of 11 October 2007 and 2 May 2008 and, in this regard, reiterate the importance of the release of all political prisoners. The members of the Security Council reiterate the need for the Government of Myanmar to create the necessary conditions for a genuine dialogue with Daw Aung San Suu Kyi and all concerned parties and ethnic groups in order to achieve an inclusive national reconciliation with the support of the United Nations.
The members of the Security Council affirm their commitment to the sovereignty and territorial integrity of Myanmar and, in that context, reiterate that the future of Myanmar lies in the hands of all of its
people.”

အပြည့်အစုံသို့ ...

အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အတွက် ရှေ့ တလှမ်းတိုးကြပါစို့ ၊

fbf12


အပြည့်အစုံသို့ ...

Wednesday, May 20, 2009

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်ထောင်တွင်း ရုံးထုတ်စစ်ဆေးမူ့ အပေါ် သံတမန်တချို နှင့် သတင်းထောက်တချို့ဝင်ရောက်ကြည့်ရွှ၊


ဒေါ်အောင်ဆန်းစုကြည်က သံတမန်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည် ဟု ယနေ့နေ့လယ် တရားခွင်သို့ တက်ရောက်ခွင့်ရသည့် သတင်းထောက်များက ဆိုသည်။
“ဒီကိုလာတဲ့အတွက်ကော အားပေးတဲ့အတွက်ပါ ကျေးဇူးအများကြီးတင်ပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က သံတမန်များကို ပြောကြားခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စွဲချက်တင်ခံရသည့် လေးဦးကိုရုံးတင်စစ်ဆေးသည့် တတိယ မြောက်နေ့ ဖြစ်သည့် ယနေ့နေ့လယ်ပိုင်း စစ်ဆေးမှုတွင် သံတမန် ၃၀ နှင့် သတင်းထောက် ၁၀ ဦးတို့ကို တက်ရောက်ခွင့် ပြုခဲ့သည်ဟု သိရသည်။
မေ ၁၈ ရက်၊ ၁၉ ရက် နှစ်ရက်နှင့် ယနေ့နံနက်ပိုင်းတပိုင်းကို အများပြည်သူကြားနာခွင့် မရှိသော တံခါးပိတ်စစ်ဆေးသည့် တရားခွင်တွင် ရုံးတင်စစ်ဆေး ခဲ့ပြီး ၂၀ ရက်နေ့ နေ့လယ်ပိုင်း စစ်ဆေးမှုတွင်မှ ယခုကဲ့သို့ သံတမန်နှင့် သတင်းထောက်များကို တက်ရောက်ခွင့် ပြုလိုက်သည့်အတွက် အများက အံ့အားသင့်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်က သံတမန်များကို တယောက်ချင်းစီ တွေ့ခွင့်မရသော်လည်း ယခုထက် ပိုမို ကောင်းမွန်သောနေ့တွင် တွေ့ဆုံခွင့်ရရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်ဟု တရားခွင်သို့ တက်ရောက်ခွင့် ရရှိသည့် AFP သတင်းစာမျက်နှာတွင် ဆက်လက်ရေးသားထားသည်။
“တယောက်ချင်းစီ တွေ့ခွင့်ရဖို့ ကျမတောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရတာကို စိတ်မကောင်းပါဘူး” ဟု ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်က သံတမန်များကို ပြောဆိုခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူ သံအမတ်၊ ထိုင်း သံတမန်၊ ရုရှားသံတမန်တို့နှင့် တွေ့ခွင့်ပေးသည်ဟု တက်ရောက်ခွင့်ရသူ နိုင်ငံခြားသတင်းဌာနတခုမှ သတင်းထောက် တဦးက ပြောပြ သည်။
မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်နိုင်ငံသံအမတ်ကြီး မာ့ခ်ကန်းနင်းက “သူ့ကိုကြည့်ရတာ အားအင်တွေပြည့်ဝပြီး တည်တည်ကြည်ကြည်နဲ့ စိတ်ဓာတ်ခိုင်မာတဲ့ပုံပေါ်နေတယ်။ သူ့ ရှေ့နေတွေအတွက်တော့ အားရှိစရာပဲ” ဟု BBC သတင်းဌာနကို ပြောကြားခဲ့သည်။
တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပန်းရောင်အင်္ကျီ၊ အနီရောင်တွင် အဝါဖောက်ထားသော ယော လချည်တို့ဖြင့် ကျန်းမာရေး ကောင်းမွန်သည့် ပုံစံမြင်တွေ့ရကြောင်း တက်ရောက်ခွင့်ရရှိသည့် ပြည်တွင်း ဂျာနယ် သတင်းထောက်တဦးက ပြောပြသည်။
“ဒေါ်အောင်ဆန်းစုကြည်ပုံစံက ပုံမှန် တည်တည်ငြိမ်ငြိမ်ပဲ။ အသားအရေကလည်း ကြည်ကြည် လင်လင်နဲ့ ပြုံးရွှင်နေတာတွေ့ရတယ်။ ရှေ့ဆုံးတန်းက သံတမန်တွေကို နှုတ်ဆက်တဲ့အနေနဲ့ တယောက်ချင်းစီကို ပြုံးပြတယ်” ဟု သူကပြောသည်။
ယမန်နေ့က ကြားနာစစ်ဆေးခဲ့သည့် အများပြည်သူကြားနာခွင့်မရှိသော တံခါးပိတ် တရားခွင်တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်ဟန်ရှိသော်လည်း အနည်းငယ်စိတ်တိုနေဟန် ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှေ့နေ ဦးကြည်ဝင်းက သုံးသပ်သည်။
တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသူများကို နောက်မှီပါသော ထိုင်ခုံများတွင် တလံ အကွာစီခန့် ချဲကာ တရားသူကြီးနှင့် မျက်နှာချင်းဆိုင် ထိုင်ခိုင်းထားကြောင်း ဦးကြည်ဝင်းက ဆက်ပြောပြသည်။
ယနေ့ တရားလိုပြသက်သေတဦးဖြစ်သော ရဲအရာရှိတဦးကို စစ်ဆေးရာ ၎င်းက ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်း ဝင်ရောက်ခဲ့သည်ဆိုသော မစ္စတာယက်ထောက နေအိမ်ဝင်းအတွင်း အစ္စလာမ် ဘာသာဝင် အမျိုးသမီး ဝတ်စုံ ၂ စုံနှင့် စာအုပ် ၂ အုပ်ချန်ထားခဲ့သည်ဟု အစစ်ခံခဲ့ကြောင်း သိရသည်။ ထိုဝတ်စုံ ၂ စုံကို တရားခွင်တွင် အမျိုးသမီး ၂ ဦးက ဝတ်ပြထားသည်ဟု တက်ရောက်ခဲ့သူ တဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ကြားနာစစ်ဆေးသော ယနေ့ တရားခွင်တွင် သံတမန်များ၊ နိုင်ငံခြား သတင်းဌာနများနှင့် ပြည်တွင်းမီဒီယာသတင်းထောက်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအပါအဝင် လူ ၇၀ ခန့် တက်ရောက်ခဲ့ကြောင်း ကြားသိရသည်။
တရားခွင်သို့ နိုင်ငံခြားသတင်းဌာနများကို မဲနှိုက်ကာ မဲပေါက်သည့် ဌာန ၅ ခုကိုတက်ရောက်ခွင့်ပြုခဲ့ပြီး မြန်မာပုဂ္ဂလိကသတင်း မီဒီယာ ၅ ခုကိုမူ စာပေစိစစ်ရေးက ရွေးချယ်စေလွှတ်ခဲ့ကြောင်း ကြားသိရသည်။ တက်ရောက်ခွင့်ရသော ပုဂ္ဂလိကမီဒီယာထဲမှ အများစုမှာ ပြန်ကြားရေးဝန်ကြီးနှင့် နီးစပ်သော မီဒီယာများ ဖြစ်သည်။
ထို့ပြင် အစိုးရမီဒီယာများအဖြစ် မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာသတင်းစဉ်တို့မှ သတင်းထောက်များ တက်ရောက်ခဲ့ပြီး ၎င်း မီဒီယာ ၂ ခုက တရားခွင်အတွင်း ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးခဲ့သော်လည်း ကျန်မီဒီယာနှင့် သတင်းဌာနများမှာ ကင်မရာများ ယူဆောင်ခွင့်မရခဲ့ကြောင်း ကြားသိရသည်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်းသို့ မစ္စတာ ဂျွန်ဝီလျံယက်ထော ဝင်ရောက်ခဲ့သည်ဟု စစ်အစိုးရက စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပြောင်းရွှေ့၍ ရုံးတင်စစ်ဆေးခဲ့သည့်အတွက် အာဆီယံအပါအဝင် နိုင်ငံ တကာအသိုင်းအဝန်းနှင့် နိုဗဲလ်ဆုရှင်များက ဝိုင်းဝန်းပြစ်တင်ခဲ့ကြသည်။
မေလ ၁၉ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို “တရားခံ” ဟု ခေါ်ဝေါ် သုံးစွဲ ထားသည်ကိုလည်း တွေ့ရသည်။
အင်္ဂလန်နိုင်ငံသံအမတ်ကြီး မစ္စတာ မာ့ခ်ကန်းနင်းက “ဒီဇာတ်လမ်း ဘယ်လိုအဆုံးသတ်မယ်ဆိုတဲ့ ဇာတ်ညွှန်းက ရေးထားပြီးသားပါ။ ထွက်လာတဲ့အဖြေကတော့ ကောင်းမှာ မဟုတ်ဘူး” ဟု BBC သတင်း ဌာနကို ပြောကြားခဲ့သည်။

အပြည့်အစုံသို့ ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံ ဥက္ကဌမှ တောင်းဆို၊

ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး လွှတ်ပေးရန် နအဖစစ်အစိုးရကို အာဆီယံအဖွဲ့ ဥက္ကဌ တာဝန်ကို ယူထားသော ထိုင်းနိုင်ငံက ယမန်နေ့တွင် တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ရန်ကုန်အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ကြားနာစစ်ဆေးသည့် ဒုတိယနေ့တွင် ယခုကဲ့သို့ အာဆီယံ ဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ယင်းကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေး ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာပြီး ဂုဏ်သိက္ခာနှင့်အညီ ပြုမူဆက်ဆံရန်၊ ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်သောကြောင့် ၎င်းအား ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးရန် တို့ကို တောင်းဆိုထားသည်။
ထို့အပြင် နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာအစိုးရ၏ ဂုဏ်သိက္ခာနှင့် မြန်မာနိုင်ငံအပေါ် အများယုံကြည်မှုကို ထိခိုက်နိုင်သည့် အခြေအနေကို ရောက်နေပြီဟု ကြည့်မြင်နေကြကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိ သည်။
သို့သော်လည်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် ရပ်တည်ချက်ကို ဆက်လက်ကျင့်သုံးသွားမည်ဟု ယမန်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

အပြည့်အစုံသို့ ...

NLD မှ ထုတ်ပြန်ကြေညာချက်၊




အပြည့်အစုံသို့ ...

ဒေါ်အောင်ဆန်းစုကြည်အား တရားဥပဒေမဲ့ ဖမ်းဆီးခြင်းအပေါ် ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများမှ ဆန္ဒပြနေစဉ်၊




အပြည့်အစုံသို့ ...

Tuesday, May 19, 2009

ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးထားမူ့ အပေါ် ထိုင်းမြန်မာနယ်စပ်ရောက်အင်အားစုများမှ ဆန္ခပြနေပုံ၊




ထိုင်းမြန်မာနယ်စပ်ရှိ ဒီမိုကရေစိအင်အားစုများမှ ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုမှ မတ၇ားဖမ်းဆီးထားမူ့ အပေါ် ဆန့် ကျင်ရှုတ်ချ
ထုတ်ဖော်ခြင်းအခမ်းအနားအား ပြုလုပ်ခဲ့ပါသည်။


အပြည့်အစုံသို့ ...