Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, October 6, 2009

နိုင်ငံရေးအကျဉ်းသားတစ်ဦး နှိပ်စက်ခံခဲ့ရပြီး ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိ။

အောင်သပြေစစ်ကြောရေးစခန်းတွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုတိုးအောင် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည်။
စစ်ကြောရေးစခန်းမှ လွတ်မြောက်လာပြီးနောက် အာဏာပိုင်များစောင့်ကြည့်မှုများကြောင့် နိုင်ငံရေးအလုပ်များ ဆက်လက်လုပ်ဆောင်ရန် ခက်ခဲလာသည့်အတွက် ယခုလ (၄) ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်ကြောရေးကာလအခြေအနေများနှင့် ပတ်သက်၍ “ညှဉ်းပန်းနှိပ်စက်တာတွေ၊ အစာငတ်ထားပြီး နှိပ်စက်တာတွေ ခံခဲ့ရပါတယ်။ အိပ်စက် နားနေချိန်မပေးဘဲ လက်သီးနဲ့ထိုး၊ တုတ်နဲ့ရိုက်တာတွေ လုပ်ပါတယ်။ ရေတောင်မတိုက်ဘူး။ သုံးရက်နေပြီးမှ စစ်ကြောရေးအချုပ်ကို ပို့လိုက်ပါတယ်” ဟု ပြောသည်။
ယင်းကဲ့သို့ စစ်ကြောရေးကာလအတွင်း အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ကိုညီညီအောင်အပါအဝင် အခြား ရဟန်းသံဃာများကိုလည်း တွေ့ဆုံခဲ့ရကြောင်း ကိုတိုးအောင်က ဆက်လက်ပြောသည်။
“သံဃာတော် ၇ ပါးလောက်ပါတယ်၊ ဦးဝိသုတ (ချောက်)၊ ဦးကောဝိဒ (ရန်ကုန်ငါးထပ်ကြီးဘုရား လိပ်ပြာကန်ကျောင်းတိုက်)၊ ဦးရေဝတ ( ပခုက္ကူ) ရယ်၊ သူနဲ့အတူ အခြားရခိုင်လူငယ် အယောက် ၂၀ လောက် တွေ့ခဲ့ရပါတယ်။ ဦးရေဝတ၊ ဦးဝါယမ၊ ဦးဝိသုတနဲ့ ဘွဲ့အမည်မသိတဲ့ ဦးဇင်းတပါးလည်း ရှိတယ်” ဟု ပြောသည်။
ထို့အပြင် အသက် (၂၃) နှစ်အရွယ်ခန့် လူငယ်တဦးကိုလည်း ရိုက်နှက်နေသည်ကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး ရခိုင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ ခိုင်ကျော်မိုး၊ ကိုသန်းအေး၊ ကိုရဲထက်စိုး၊ ကိုစံသိန်း (ခ) ကိုမောင်မောင်၊ ကျော်ဝင်း၊ ကိုရွှေသန်း၊ ကိုထွန်းလင်းကျော်၊ ဇော်ထွန်းနိုင် တို့ကိုလဲ စစ်ကြောရေးစခန်းမှ (၂၂) ရက်နေ့တွင် အင်းစိန်ထောင်သို့ ပြောင်းရွေ့လိုက်သည်ကို သိရှိခဲ့ရသည်ဟု ပြောသည်။
ကိုတိုးအောင်ကို နယ်မြေခံအာဏာပိုင်များက ပြီးခဲ့သည့်စက်တင်ဘာလ (၁၁) ရက်နေ့ညတွင် ကမာရွက်မြို့နယ်ရှိ ၎င်းနေထိုင်ရာ အဆောင်မှ ခေါ်ဆောင်သွားပြီး အနောက်ပိုင်းခရိုင် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကာ (၁၃) ရက်နေ့တွင် အောင်သပြေစစ်ကြောရေးစခန်းသို့ ပို့ဆောင်လိုက်ရခြင်းဖြစ်သည်။
ယင်းကဲ့သို့ အာဏာပိုင်များ ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ “ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့် စာရွက်စာတမ်း ဝေတဲ့ကိစ္စနဲ့ ဖမ်းတာ။ သံဃာ့တပ်ပေါင်းစုက ဘယ်သံဃာတွေနဲ့ အဆက်သွယ်ရှိသလဲဆိုတာတွေကို မေးမြန်းပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ဘာတွေလုပ်ခဲ့သလဲ။ ကိုယ်တိုင် ဖြန့်ဝေတာတွေ လုပ်ခဲ့သလားဆိုတာတွေကို မေးမြန်းပါတယ်။ စာရွက်စာတမ်းတွေ ဘယ်လိုရသလဲ ဆိုတာကို အသေးစိတ် မေးမြန်းပါတယ်” ဟု ပြောသည်။
အာဏာပိုင်များဘက်မှ ကိုတိုးအောင်ကို သက်သေအထောက်အထားများ တစုံတရာ လက်ဝယ်တွေ့ရှိခြင်း မရှိသည့်အတွက် စက်တင်ဘာကိစ္စနဲ့ ပတ်သက်ပြီး ခေါ်ယူသတိပေးသည်ကို သိရှိကြောင်း၊ ပြည်ပမီဒီယာများနှင့် ပြောဆိုခြင်းမလုပ်ရန်တို့ကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး (၂၆) ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
ကိုတိုးအောင်သည် ဒေါ်အောင်ဆန်းစုကြည့် တရားပွဲလုံခြုံရေးတာဝန် ယူပေးခဲ့သည့်အတွက် ပထမအကြိမ် အင်းစိန်တွင် အဖမ်းခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် ဒုတိအကြိမ်အဖမ်းခံရကာ ထောင်ဒဏ် (၁၃) နှစ် ချမှတ်၍ အင်းစိန်ထောင်၊ မန္တလေးထောင်တို့တွင် နေခဲ့ရသည်။
သူသည် ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီး ထပ်မံဖမ်းဆီးခြင်းများ ခံခဲ့ရကာ ကျိုက္ကဆံစစ်ကြောရေး၊ ပန်ဝါ စစ်ကြောရေးစခန်းတို့တွင် ခေါ်ယူစစ်ဆေးခြင်းများလည်း ခံခဲ့ရသည်။

Type rest of the post here

အပြည့်အစုံသို့ ...

Sunday, October 4, 2009

ပြည်သူ့ လွတ်မြောက်ရေးလှုပ်ရှားမူ့ ကွန်ယက်မှ ၂၀၁၀ ရွေးကောက်ပွဲအပေါ်သဘာထား ထုတ်ပြန်ကြေညာချက်၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

သံဃာတော်များ တတိယအကြိမ် ကံဆောင်ပွဲ စတင်ပြီ၊



၂၀၀၉ ခုနစ် ၊ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်အား ပြည်တွင်းတွင် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံမှ အောင်မြင်စွာ ကံဆောင်ဖြစ်။မြန်မာပြည်တွင်းရှိ မြို့ကြီး ၉ မြို့ရှိ သိမ်များတွင် သံဃာအဖွဲ့ချုပ်- မြန်မာနိုင်ငံ အဖွဲ့ဝင် သံဃာ ၉၉ ပါးမှ ယနေ့ မွန်းလွဲ (၃) နာရီတွင် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း သတင်း ရရှိသည်။
ထို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် နှင့် ပတ်သက်ပြီး သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ ၏ နိုင်ငံခြား ရေးရာ တာဝန်ခံ အရှင် ပါရမီခန္တီက ယနေလုပ်ဆောင်ခဲ့ တာကို ယခုလို ပြောပြပါတယ်။ ယနေ့ မွန်းလွဲ (၃) နာရီတိတိမှာ ဦးဇင်းတို့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ အဖွဲ့ဝင်တွေဟာ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ပုဂံ ၊လားရှိုး ၊ကျောက်ဆည်၊စဉ်ကိုင်၊စစ်ကိုင်းနှင့်မုံရွာ မြို့တွေမှာ ရှိတဲ့ သိမ်တွေမှာ သံဃာ (၁၁) ပါးစီနဲ့ ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ ကံဆောင် လိုက်ပါတယ်။ထိုသပိတ်မှောက် ကံဆောင်တာကို ပြင်ပမှာ ရှိတဲ့ ၊ သိမ်ထဲကို မလာနိုင်တဲ့ သံဃာတွေကလည်း စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ လက်ခံလိုက်တဲ့ အတွက် ကံမြောက်သွားပြီ ဖြစ်ကြောင်း မိန့်ကြားပါသည်။
ထိုပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုလုပ်ဖို့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ အဖွဲ့ဝင်တွေဟာ အာဏာပိုင်များ စောင့်ကြည့်နေတဲ့ ကြားထဲက လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ၊ ယနေ့လှုပ်ရှားမှုတွင် သံဃာ တစ်ပါးမှ အဖမ်းအဆီး မခံရကြောင်း နှင့် နောက်ရက်တွေ ကစလို့ စစ်အစိုးရက သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေးအထိ ဦးဇင်းတို့ လုပ်ဆောင်သွားကြမှာ ဖြစ်သည့် အတွက် လူတိုင်းလူတိုင်း အမှန်တရားဘက်က ရပ်တည်ပြီး ၀န်းရံပေးကြရန်” ဆက်လက်မိန့်ဆိုပါသည်။၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံ၌ ကျဆုံးသွားသော အာဇာနည်များကို ရည်စူး၍ ၁၉၉၀ ခုနှစ်တွင် မန္တလေးမြို့၌ လှူဒါန်းသော သံဃာ့ဒါန ဆွမ်းလောင်းပွဲကို စစ်အစိုးရ တပ်ဖွဲ့များက ပစ်ခတ်ဖြိုခွင်းရာတွင် သံဃာတော်များ ပျံလွန်တော်မူခဲ့သဖြင့် ပထမအကြိမ် သပိတ်ဆင်နွှဲ ခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့တွင် ပခုက္ကူမှ သံဃာ (၅၀၀) ကျော်က ကုန်ဈေးနှုန်း ကျဆင်းရေး၊ တိုင်းပြည်အေးချမ်းရေး တို့အတွက် မေတ္တာပို့လမ်းလျှောက်ဆန္ဒပြခဲ့ရာ နအဖစစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး သံဃာ (၃) ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက်ခဲ့သောကြောင့် သံဃာတော်များက စစ်အစိုးရကို ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ကြသည်။ယခုတတိယအကြိမ် ကံဆောင် သပိတ်သည် အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်လွှတ်ပေးရန်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ မေတ္တာပို့ ဆုတောင်းပွဲ၌ သံဃာတော်များ အား ဖမ်းဆီးသတ်ဖြတ်ထားမှုအတွက် ယခုလ ၂ ရက်နေ့ နောက်ဆုံးထား တောင်းပန်ရန် နအဖ စစ်အစိုးရအား သတိပေးထားသော်လည်း စစ်အစိုးရမှ ၀န်ချတောင်းပန်ခြင်းမရှိသည့် အတွက် တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် ကြခြင်း ဖြစ်သည်။
ထို တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို မြန်မာပြည်တွင်းတွင် တပြည်လုံး အတိုင်းအတာ နှင့် စစ်အစိုးရမှ သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေး အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
(http://www.hanthawaddy.org/2009/10/blog-post_1639.html) ။

Type rest of the post here

အပြည့်အစုံသို့ ...

Tuesday, September 29, 2009

စစ်ရာဇ၀တ်ကောင် သိန်းစိန်နှင့် ညဏ်ဝင်းအား အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများမှ ဘိနပ်ဖြင့် ပေါက်၍ ဆန့် ကျင်ဆန္ဒပြ၊



Type rest of the post here

အပြည့်အစုံသို့ ...

Monday, September 28, 2009

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ၁နှစ်ပြည့်၊


မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ)၏ ၁နှစ်ပြည့်အခမ်းအနားအား ထိုင်းမြန်မာနယ်စပ်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်၊
အခမ်းအနားသို့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဝင်များ၊ ဒီမိုကရေစီအင်အားစုများတက်ရောက်ခဲ့ကြပါသည်၊



Type rest of the post here

အပြည့်အစုံသို့ ...

စီးပွားရေးပိတ်ဆို့ မူ့ နှင့် ပတ်သက်၍ နအဖသို့ တင်ပြသော ဒေါ်အောင်ဆန်းစုကြည်သဘောထား၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

Wednesday, September 23, 2009

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ချီတက်ပွဲ



ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိန်းအမှတ် လမ်းလျှောက်ချီတက်ပွဲကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ပြီး အင်အား ၁၀၀ ကျော် ပါဝင်ခဲ့သည်။
ယင်းကဲ့သို့ ချီတက်လမ်းလျှောက်ရခြင်းနှင့်ပတ်သက်၍ ဦးဆောင်ဆရာတော်တပါးဖြစ်သူ အရှင်သောပါက က “ဒီနေ့ကတော့ ကမ္ဘာငြိမ်းချမ်းရေးနေ့ ဖြစ်တဲ့အခါကြတော့ အားလုံး ငြိမ်းချမ်းဖို့ပါပဲ။ မငြိမ်းချမ်းသေးတဲ့ နိုင်ငံတွေ ငြိမ်းချမ်းဖို့နဲ့ အထူးသဖြင့် ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတွေ ရဖို့အတွက် လုပ်တာ” ဟု မိန့်ကြားသည်။
မြန်မာပြည် ငြိမ်းချမ်းရေးအခြေအနေနှင့်ပတ်သက်၍ “ဦးဇင်းတို့ မြန်မာပြည်မှာက နျူကလီးယားလက်နက်တွေ ဘာတွေ တည်ဆောက်နေတယ်ကြားရတော့ ဦးဇင်းတို့အနေနဲ့ အတော် စိတ်မကောင်းဖြစ်တယ်။ တကယ်တမ်း မြန်မာပြည်မှာက လိုချင်နေတာ လက်နက်မဟုတ်ဘူး။ အစားအသောက်နဲ့ ငြိမ်းချမ်းရေးဖြစ်တယ်” ဟု ၎င်းက မိန့်သည်။
အဆိုပါ လမ်းလျှောက်ချီတက်ပွဲကို မဲဆောက်မြို့ ပန်းခြံမှ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားထိပ်အထိ ချီတက်သွားမည်ဖြစ်ကာ ဝတ်ပြုဆုတောင်းပွဲကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်မိန့်သည်။
ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ချီတက်ပွဲကို ထိုင်း-မြန်မာလှုပ်ရှားမှုကော်မတီ (TACTB)၊ နိုင်ငံတကာ ဗုဒ္ဓဘာသာအဖွဲ့၊ အမျိုးသမီးအဖွဲ့ချုပ်၊ မြန်မာရဟန်းတော်များအဖွဲ့နှင့် မြန်မာ့မိတ်ဆွေများအဖွဲ့ (Burma Partnership) အဖွဲ့တို့က ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မကြာသေးခင် ရက်ပိုင်းအတွင်း သံဃာ့အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အောက်တိုဘာ (၃) ရက်နေ့မှ စတင်ကာ တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ရန် တိုက်တွန်းကြေညာချက်များ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ သံဃာများဦးဆောင်ပါဝင်သည့် လှုပ်ရှားမှုများ စတင်လာခြင်းဖြစ်သည်။

Type rest of the post here

အပြည့်အစုံသို့ ...

လွတ်မြောက်လာသူနိုင်ငံရေးအကျဉ်းသားများက ဆိုးဝါးသော ထောင်တွင်း အခြေအနေများ

မြန်မာနိုင်ငံတဝန်းရှိ စစ်အစိုးရ အကျဉ်းထောင် များအတွင်း နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းနှင့် အစားအစာ ချို့တဲ့ခြင်းများကြောင့် ကျန်းမာရေး ဆိုးဝါးမှုများရှိကြောင်း မကြာသေးခင်က ပြန်လည် လွတ်မြောက်လာသော အကျဉ်းသားများက ပြောသည်။
ထောင်တွင်းတွင် ကျန်းမာရေး အခက်အခဲရှိလျှင် အရေး ပေါ်လူနာများ အနေဖြင့် ထောင်ပြင်ပရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသရပြီး တခါတရံတွင် အာဏာပိုင်များက ခွင့်မပြုသောကြောင့် အသက်ဆုံးရှုံးရသော အကျဉ်းသားများပင် ရှိကြောင်း မကြာသေးခင်က သာယာဝတီ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ကိုအောင်ထွန်းက ပြောသည်။
“တကယ့်အရေးပေါ်ကိစ္စ ညပိုင်းမှာ ပေါ်လာရင်တော့ဗျာ၊သူတို့ကလည်းခွင့်မပြုတော့ မကုနိုင်လို့ တိမ်းပါးသွား တဲ့သူတွေ မနည်းဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုကတော့ ကျနော်ရောက်တဲ့အချိန်က စပြီး၊ ပြန်ထွက်တဲ့ အချိန်အထိ ထောင်မှာ ဆရာဝန်မရှိဘူး၊ ဆေးမှူးအဆင့်ရှိတဲ့ သူပဲရှိတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ဘူး၊ ဆေးဝါးမလုံလောက်ဘူး” ဟု ၎င်းကပြောပြသည်။
ကိုအောင်ထွန်းသည် “မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း” စာအုပ် ရေးသားပြုစုသည့်အတွက် ၁၉၉၈ ခုနှစ်တွင် စစ် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။
ထို့အတူ သရက်ထောင်တွင်လည်း အစားအသောက်ချို့တဲ့ခြင်း၊ ဆေးဝါးမပြည့်စုံခြင်း၊ ဆေးကုသခွင့်မရခြင်း၊ အဓမ္မအလုပ် စေခိုင်းခြင်းများ ကြုံခဲ့ရပြီး အင်းစိန်ထောင်တွင် ရှိစဉ်ကလည်း ခုခံအားကျရောဂါဖြင့် သေဆုံးသူ အကျဉ်းသားများကို တွေ့ခဲ့ ရသည်ဟု သရက်ထောင်မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ကိုထွန်းထွန်ငြိမ်းကလည်း ဆိုသည်။
“ဆေးမရှိဘူး။ ဆရာဝန်ကလည်း ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး”ဟု ၎င်းကပြောသည်။
အဆိုပါ သရက်ထောင်တွင် သံတွဲထောင်မှ ရွှေ့ပြောင်းလိုက်သော အစာရေပြွန်ရောဂါဝေဒနာရှင် ၈၇ နှစ်အရွယ်တောင် ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ခိုင်ကို သရက်ထောင် ရင်ခွဲရုံတွင် တဦး တည်းထားရှိပြီး၊ ရွှေဝါရောင်တော်လှန်ရေးကာလ ဖမ်းဆီးခံခဲ့ရသော မနီလာသိန်း၊ ပခုက္ကူမှ ဦးသန့်ရှင်း၊ သာယာဝတီမှ ကိုဂျော်လီထွန်း၊ ဘိုကလေးမှ ဦးအောင်ခင်ဘို နှင့် ကိုစိန်အေး၊ တောင်ကုတ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင် တို့အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၄၀ နီးပါးလည်း သရက်ထောင်တွင်ရှိနေသေးသည်ဟု သိရသည်။
လက်ရှိ အကျဉ်းထောင်များတွင် ကျန်းမာ ရေးစောင့်ရှောက်မှု အခြေအနေမှာ အင်မတန်ဆိုးရွားနေ၍ မကြာသေးခင်က ပြန်လွတ်လာသော နိုင်ငံရေးအကျဉ်းသား ကိုမျိုးရန်နောင်သိမ်းသည်လည်း ထောင်တွင်းကျန်းမာရေးအခြေအနေ ဆိုးဝါးမှု ကြောင့် လမ်းမလျှောက်နိုင်ကြောင်း သိရသည်။
မန္တလေးအိုးဘိုထောင်တွင်လည်း အကျဉ်းသားများသည် အစားအသောက်ချို့တဲ့မှုများ ရှိနေကြပြီး ထောင်ဝင်စာ နှင့် ပြင်ပ အလှူရှင်များ ၏ လှူဒါန်းမှုများကိုသာ အားထားနေရကြောင်း၊ ထောင်အာဏာပိုင်များ ကလည်း ငွေကြေးတတ်နိုင်သူများ ကိုသာ အခွင့်အရေးပေးကြောင်း ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်းသား ကိုဘိုဘို က ပြောသည်။
ကိုဘိုဘို ( ခ ) ကိုမျိုးကျော်သူသည် ယခင်က (ABSDF -မြောက်ပိုင်း) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့၌ အဖမ်းခံခဲ့ရပြီး မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် တသက်တကျွန်းကျခံခဲ့ရသူဖြစ်ကြောင်း သိရသည်။
“ကျနော်ထောင်တသက်ကျတော့ ကျနော့်မိန်းမက ထောင်ထဲမှာ လာပြီးတော့ ကွာရှင်းခွင့်တောင်းတယ်၊ အခုတော့ သားလေးတယောက်ကျန်ခဲ့တယ်”ဟု ကိုဘိုဘိုက ဧရာဝတီသို့ ပြောပြသည်။
မန္တလေးအိုးဘိုထောင်မှ ကိုရန်နိုင်မင်း၊ ကိုစိန်လင်း၊ ကိုစိုးမိုးနိုင်၊ မဇင်မာအောင်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစောကြာဦး နှင့် မကေသီအောင်တို့ပါဝင်ပြီး၊ သာယာဝတီထောင်မှ ဦးသောင်းဝင်းဗိုလ်၊ ဦးဘချစ်နှင့် ကေအန်ယူမှ ကိုရွှေသားတို့ပါဝင်ပြီး၊သရက်ထောင်မှမကွေးတိုင်း အန်အယ်လ်ဒီ ဥက္ကဌ ဦးမြင့်ဦး၊ ကိုရန်အောင်ရွှေ၊ ဦးသာချို (ရေနံချောင်း)၊ နတ်မောက်မှ ကိုဌေးဝင်း၊ ချောက်မှ ကိုထွန်းထွန်းငြိမ်းတို့အပြင် ၁၉၉၉ ခုနှစ် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး စီးနင်းမှုဖြင့် စွဲချက်တင် ဖမ်းဆီးခံခဲ့ရသည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုခိုင်ကောင်းစံနှင့် ကေအန်ယူမှ ကိုတောကြည်တို့ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

Type rest of the post here

အပြည့်အစုံသို့ ...

Friday, September 18, 2009

Burma's forgotten prisoners

Burma's forgotten prisoners

Type rest of the post here

အပြည့်အစုံသို့ ...

အကျဉ်းသားစုစုပေါင်း ၇၁၁၄ ဦးလွှတ်ပေးခြင်း၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

ပြန်လွှတ်လာသောနိုင်ငံရေးအကျဉ်းသားများ၊

စစ်အစိုးရ ပြန်လွှတ်ပေးသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၄၃ ဦးသာ ပါဝင်
အကျဉ်းသားအကျဉ်းသူ ၇,၁၁၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးမည့် သတင်း ကြေညာပြီးနောက် ယနေ့ မြန်မာပြည် အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၄၃ ဦးသာ ပါဝင်ခဲ့သည်။
၁။ မအိမ့်ခိုင်ဦး (အင်းစိန်)(အီကိုးဗီးရှင်း သတင်းထောက်)
၂။ ဦးတင်မြ (အင်းစိန်)
၃။ ကိုညီညီမင်း (ဘူးသီးတောင်)
၎။ ကိုကျော်ကျော်သန့် (အင်းစိန်)
၅။ မုံရွာ အောင်ရှင် (ခ) ဦးအေးကြူ
၆။ ဦးနိုင်းနိုင်း (အင်းစိန်)(ပုဇွန်တောင်မြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)
၇။ မတင်တင်မြင့် (အင်းစိန်)
၈။ မသန်းသန်းဌေး (အင်းစိန်)
၉။ မသန်းသန်းဆင့် (မန္တလေး)
၁၀။ မသင်းမင်းစိုး (အင်းစိန်)
၁၁။ မကြည်ကြည်မင်း (အင်းစိန်)
၁၂။ ကိုဇော်ထွန်းအောင် (ကလေး)
၁၃။ ကိုတင်မျိုးထွဋ် (ခ) ကျော်ဦး (အင်းစိန်)
၁၄။ ဦးဝင်းမြင့် (အင်းစိန်)
၁၅။ ဦးကျော်မောင် (မြစ်ကြီးနား)
၁၆။ ဦးနေဝင်း (မြစ်ကြီးနား)
၁၇။ ဦးကြည်လင်း (မြစ်ကြီးနား)
၁၈။ ဦးစိုးဝေ (ခ) သန်းဇော် (မြစ်ကြီးနား)
၁၉။ အရှင် စန္ဒောဘာသ (အင်းစိန်)
၂၀။ ကိုအောင်ကြီး (အင်းစိန်)
၂၁။ ဒေါ်မီမီစိန် (အင်းစိန်)
၂၂။ ဦးဝင်းထိန် (ကသာ)(ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ)
၂၃။ ဦးစိုးဟန် (လားရှိုး)
၂၄။ ဦးဘိုကြီး (ပဲခူး)
၂၅။ ဒေါ်ခင်ခင်လေး (ပဲခူး)
၂၆။ ဦးဖေတင် (ပဲခူး)
၂၇။ ဦးတင်မြင့်
၂၈။ ဒေါ်ဇင်မာထွေး (မော်လမြိုင်)
၂၉။ ကိုမိုးလှိုင် (မော်လမြိုင်)
၃၀။ ကိုမိုးလွင် (မော်လမြိုင်)
၃၁။ ကိုမျိုးမင်းလွင် (မော်လမြိုင်)
၃၂။ မဌေး (ခ) စန်းစန်းမြင့် (အင်းစိန်)
၃၃။ ကိုသက်ဦး (တောင်ငူ)(၁၉၉၆ ကျောင်းသားလှုပ်ရှားမူ့ )
၃၄။ ဦးပဏ္ဏိတ (ခ) မြင့်အေး (တောင်ငူ)
၃၅။ ကိုဇော်ထွန်း (တောင်ငူ)
၃၆။ ကိုဘိုဘို (မြင်းခြံ)
၃၇။ မစန္ဒာ (မြင်းခြံ)
၃၈။ ကိုပြည့်ဖြိုးလှိုင် (ဘားအံ)
၃၉။ ကိုဝဏ္ဏစိုး (ဘားအံ)
၄၀။ ဦးဘချစ် (သာယာဝတီ)ဗိုလ်ကြီးအုန်းကျော်မြင့်အမူတွဲ(၁၉၇၄)
၄၁။ ကိုအေးမင်းမင်း (သာယာဝတီ)
၄၂။ ကိုတင်ထွန်း (သာယာဝတီ)
၄၃။ ကိုရွှေသာ (သာယာဝတီ)တို့ ပါဝင်ခဲ့သည်။ စစ်အစိုးရက အကျဉ်းသားများ စုစုပေါင်း၇၁၁၄ဦးလွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားအရေအတွက်မှ လွန်စွာ နည်းပါးနေသေးကြောင်း မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ဝေဖန်နေကြသည်။

Type rest of the post here

အပြည့်အစုံသို့ ...

အကျဉ်းသားစုစုပေါင်း ၇၁၁၄ ဦးလွှတ်ပေးကြောင်း အကျဉ်းဦးစီးညွှန်ချုပ် မှ သတင်းစာရှင်းလင်းပွဲပြုလုပ်၊

စစ်အစိုးရက ယနေ့နေ့လယ်၌ စတင်လွှတ်ပေးလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအမှုတို့ဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား (၂၅၀) ကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောကြားသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့ အာဏာရယူခဲ့သော စစ်အစိုးရ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်ကြောင်း ၎င်းက ယနေ့ကျင်းပသော အကျဉ်းသားများအား ပြန်လွှတ်ပေးလိုက်သော အခမ်းအနားတွင် ပြောကြားသည်။
“တနိုင်ငံလုံးအနေနဲ့ ၅ (ည)၊ ၁၇၊ ၁၃၊ ၂၀ စသည့်အမှုတို့ဖြင့် အကျဉ်းကျခံနေရသူတွေ ပါဝင်ပါတယ်။ ဒီနေ့ကစပြီးတော့ လွှတ်ပေးနေမှာပါ။ မနေ့က ထုတ်ပြန်တဲ့ အမိန့်အတိုင်းပါပဲ။ လွှတ်ပေးမယ့်လူဦးရေ (၇,၁၁၄) ဦး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ပြန်လည်လွတ်မြောက်လာသူများတွင် သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြ၊ ပုဇွန်တောင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း၊ မုံရွာအန်အယ်လ်ဒီမှ ဦးအောင်ရှင် စသည့်ပုဂ္ဂိုလ်များ ပါဝင်ကြသည်။
ပြန်လည်လွတ်မြောက်လာသည့် သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြက “ကျနော်တို့တွေက နိုင်ငံရေးကို ဆက်လုပ်သွားမှာပဲ။ ကျနော်တို့ကို ဖမ်းတဲ့ကိစ္စဟာ ဘာမှဟုတ်တိပတ်တိ အမှုမဟုတ်ဘူး။ လက်ဆုပ်လက်ကိုင်မပြနိုင်ဘဲ ဖမ်းတဲ့အတွက် မကျေနပ်ဘူး” ဟု ခေတ်ပြိုင်သို့ပြောသည်။
ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အကြိမ်မှာ ဒဿမအကြိမ်ဖြစ်ပြီး ယနေ့ထိ လွှတ်ပေးသော အကျဉ်းသားပေါင်း (၁) သိန်း ကျော်ရှိပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောသည်။

Type rest of the post here

အပြည့်အစုံသို့ ...