Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, November 22, 2008

အမျိုးသားအောင်ပွဲနေ့ အခမ်းအနားရန်ကုန်တွင်ကျင်းပ၊



အမျိုးသားအောင်ပွဲ နေ့  ကိုယနေ့  နေ့ လည် 12း00 ခန့် တွင် အဖွဲ့ချုပ်ရုံး တွင် အောင်မြင်စွာ ကျင် ပ ခဲ့ သည် ။ အခန်းနား တွင် နံရံ ကပ် စာစောင် များ ၊ လူငယ် များ မှ ဇာတိမာန်တေးသီ ချင်း များသီ ဆို ခြင်း နှင့်  စာပေ ဟော ပြောပွဲ တွင် ကျဗျာ ဆရာ နှစ် ဦး ဖြစ် သည့်  အင်းဝဂုဏ်ရည် ဆရာ ကို လေး နှင့်  ဆရာ ဦးကြည်အောင် တို့  မှ ဟောပြောခဲ့ ပြီး အခန်း အနား ကို နေ့ လည်
3း00 အချိန် ခန် တွင် အောင် မြင် စွာ ရုတ်သိမ်း ခဲ့ သည် ။

အပြည့်အစုံသို့ ...

အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (မင်းသုဝဏ်)

အိုးဝေတဲ့ညံညံ။
ရွှေဒေါင်းပျို တောင်ညိုဦးမှာ
ကျူးရင့်အောင်သံ။
အောင်ပွဲရယ်ခံ
နိုင်ငံတဲ့သာရေး။
မင်္ဂလာ စည်တော်ရွှမ်းချိန်မို့
ခွန်းချိုဆက်တေး။ ။
မင်းသုဝဏ်
ကြီးပွားရေး မဂ္ဂဇင်း
နိုဝင်ဘာ၊ ၁၉၃၅။

အပြည့်အစုံသို့ ...

အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ရန်ကုန်မြို့ တွင်ပြုလုပ်၊



Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

Friday, November 21, 2008

င်္င်္Free Burma Federation မှထုတ်ဝေသော စာစဉ်၊




အပြည့်အစုံသို့ ...

ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော် အသျှင်ဂမ္ဘီရကို စုစုပေါင်း ထောင်ဒဏ် (၆၈) နှစ၊် စွယ်စုံအနုပညာရှင် ကိုဇာဂနာကို (၄၅) နှစ် အသီးသီးချမှတ်၊


မန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ဆရာတော် အသျှင်ဂမ္ဘီရကို ပုဒ်မ (၄) ခုဖြင့် အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် (၁၂) နှစ် ယနေ့ ထပ်မံချလိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ် (၆၈) နှစ်ချမှတ်လိုက်သည်။
အသျှင်ဂမ္ဘီရကို အနောက်ပိုင်းခရိုင်တရားရုံး၊ ကမာရွတ်မြို့နယ်တရားရုံးနှင့် အလုံမြို့နယ်တရားရုံးတို့မှ စွဲချက်များတင်ပြီး အင်းစိန်ထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ်များချမှတ်ခြင်းဖြစ်သည်။
ယမန်နေ့ကလည်း အနောက်ပိုင်းခရိုင်တရားရုံးမှ (၁၅) နှစ်၊ ကမာရွတ်မြို့နယ်က အမှု (၉) မှုအတွက် (၂၉) နှစ် စုစုပေါင်း (၄၄) နှစ် ချမှတ်ခဲ့သည်။ ယခုလ (၁၉) ရက်နေ့တွင်လည်း ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံခဲ့ရပြီး (၃) ရက်စာ စီရင်ချက် စုစုပေါင်း (၆၈) နှစ်ဖြစ်သွားပြီး တပေါင်းတည်းကျခံရသည်။
အသျှင်ဂမ္ဘီရ၏ နောင်တော်ဖြစ်သူ ကိုအောင်ကျော်ကျော်ကို (၁၄) နှစ်၊ ကိုကျော်ကျော်နိုင် (၁၄) နှစ်၊ ဦးရွှေမောင်၊ ၀ဏ္ဏအောင်နှင့် ကိုဇော်ဝင်းတို့ကို (၄) နှစ်စီ၊ ကိုသန်းနိုင်ကို (၆) နှစ်၊ မဂ္ဂင်ဆရာတော်ဦးဣန္ဒကနှင့် ဦးကေလာသကို (၄) နှစ်စီ၊ ဦးဣဿရိယကို (၁၄) နှစ်၊ ဦးသုမန (လူအမည် ကိုမင်းဆက်) ကို (၆) နှစ် စသည်ဖြင့် အင်းစိန်ထောင်အထူးတရားရုံးက ယနေ့ ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။
စွယ်စုံအနုပညာရှင် ကိုဇာဂနာခေါ် ကိုသူရကို အမှု (၃) ခုအတွက် (၄၅) နှစ်ချလိုက်ပြီး လာမည့် တနင်္လာနေ့တွင် နောက်ထပ် အမှု (၄) ခု ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း ကိုဇာဂနာ၏ မိသားစုဝင်များက ပြောသည်။ ကိုဇာဂနာ၏ အမှုတွဲများဖြစ်သည့် ကိုဇော်သက်ထွေး (၁၅) နှစ်၊ ကိုသန့်ဇင်အောင် (၁၅) နှစ်၊ ကိုတင်မောင်အေးခေါ် ကတုံး (၂၉) နှစ် အသီးသီးချလိုက်သည်။

အပြည့်အစုံသို့ ...

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ကြေညာချက်၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

Tuesday, November 18, 2008

မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ်(၂၀)နှစ်ပြည့် အခမ်းအနားတွင် ကျောင်းသားတပ်မတော်ဥက္ကဌ ကိုသံခဲမှ ပြောကြားစဉ်၊



Type rest of the post here

အပြည့်အစုံသို့ ...

နိုင်ငံရေးလှုပ်ရှားသူများကိုနအဖစစ်အုပ်စုမှ ဆက်လက်ထောင်ချ၊

၈၈ မျိုးဆက် ကျောင်းသားများ၊ အန်အယ်လ်ဒီ ပါတီဝင်များနှင့် သံဃာတော်များ အပါအဝင် နိုင်ငံရေး လှုပ်ရှား သူများကို နှစ်ရှည်ထောင်ချမှုများ ပြုလုပ်ပြီး၊ အမိန့်ချပြီးသူများကို မိသားစုဝင်များနှင့်ဝေးရာ နယ်ထောင်များသို့ ရွှေ့ ပြောင်းလျှက် ရှိသည်။
ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲများကိုဦးဆောင်ခဲ့သူတဦးဖြစ်သည့် ကိုထင်ကျော်အပါအဝင် ဗကသ ကျောင်းသားများဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုရဲမင်းဦးနှင့် ကိုနေလင်းအောင်၊ အန်အယ်လ်ဒီပါတီဝင် ကိုသိန်းဆွေနှင့် ကိုကြည်ဖြူ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ဝင် ကိုမျိုးသန့်နှင့် စက်တင်ဘာလှုပ်ရှားမှုကြောင့် အဖမ်းခံရသည့် မြောက်ဥက္ကလာ သီရိဇေယျာကျောင်းတိုက်မှ အရှင်စန္ဒာဝါရ တို့ကို အင်းစိန်ထောင်အတွင်းရှိအထူးတရားရုံးမှထောင်ချလိုက်သည်၊


လွန်ခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်းကတည်းက ဖမ်းဆီးခြင်းခံထားရသည့် ကိုထင်ကျော်အား ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်လိုက်ပြီး ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုရဲမင်းဦး၊ ကိုနေလင်းအောင်၊ ကိုသိန်းဆွေ၊ ကိုကြည်ဖြူနှင့် ကိုမျိုးသန့်တို့ကို ထောင်ဒဏ် ၆ နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း သိရသည်။
ကိုစည်သူမောင်သည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးခြင်းခံရသည့် ဗကသ များအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သူလည်း ဖြစ်သည်။ ကိုစည်သူမောင်၏ မိဘများဖြစ်ကြသည့် ဦးပီတာနှင့် ဒေါ်နုနုဆွေတို့ကိုလည်း ၎င်းတို့၏နေအိမ်သို့ အာဏာပိုင်တို့ ဝင်ရောက်ရှာဖွေစဉ် အိမ်တံခါးချက်ချင်းမဖွင့်သဖြင့် ဝတ္တရားနှောင့်ယှက်မှုဖြင့် ယခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့သေးသည်။
ယခုလ ၁၀ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည့် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီလူငယ်တဦးဖြစ်ပြီး ထင်ရှားသည့် ဘလော့ဂါတဦးလည်းဖြစ်သည့် ကိုနေဘုန်လတ်အား ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ရှိ ဘားအံထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု ၎င်း၏မိခင်ဖြစ်သူ ဒေါ်အေးသန်းက ပြောဆိုသည်။
“ဒီမှာတောင် အခက်အခဲတွေအများကြီးရှိတာ အခုလိုနယ်ပြောင်းလိုက်ပြီဆိုတော့ သွားရလာရတာနဲ့ စရိတ်စက ကအစ တာဝန်ပိုကြီးလာတာပေါ့ … သူ့ရဲ့ (နေဘုန်းလတ်) ကျန်းမာရေးကတော့ ကောင်းပါတယ်” ဟု ဒေါ်အေးသန်းက ပြောသည်။

မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ်(၂၀)နှစ်ပြည့် အခမ်းအနားတွင် ကျောင်းသားတပ်မတော်ဥက္ကဌ ကိုသံခဲမှ ပြောကြားစဉ်၊


အပြည့်အစုံသို့ ...

“တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့လမ်းက ပိတ်နေပြီ” (သတင်းစာဆရာကြီး ဦးဝင်းတင်) ဘီဘီစီနှင့်မေးမြန်းခန်း၊

ဘီဘီစီ (မြန်မာပိုင်း)
နိုဝင်ဘာလ ၁၆ ရက် ၂၀၀၈ ညပိုင်းအစီအစဉ်
မြန်မာစစ်အစိုးရဟာ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာပြောဆိုထားပြီး ရွေးကောက်ပွဲ မတိုင်ခင်မှာ အခုလို ကျောင်းသားခေါင်းဆောင်တွေကို ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်တာဟာ ဘယ်လို သဘောပါလဲ။ မကြာခင်က ထောင်က လွတ်မြောက်ခဲ့တဲ့ အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်၊ သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။
- အတိုက်အခံတွေအပေါ် အစိုးရကထားတဲ့သဘောထားဟာ အရင်က အခြေအနေထက် ပိုပြီးတော့ ဆိုးလာနေ ပါပြီလားခင်ဗျ။

“သိပ်ဆိုးတာပေါ့၊ သာမန်အားဖြင့်ဆိုရင် လူသတ်မှုတောင်မှ အနှစ် ၂၀ လောက်ပဲချတဲ့ဟာကို အခုဟာက ဒီကျောင်းသားလူငယ်တွေက အများဆုံး သူတို့ကို အပြစ်တင်နိုင်တဲ့ လက်ညှိုးထိုးစရာဆိုတာက တိုင်းသူပြည်သားတွေ ခံစားနေရတဲ့ ကုန်ဈေးနှုန်းတို့ ဘာတို့ ဒီလို ပြဿနာတွေပေါ်မှာတည်ပြီးတော့ ငြိမ်းချမ်းစွာ သူတို့ရဲ့ဆန္ဒကို ဆန္ဒပြခြင်း ဒါသာလျှင် ထောက်ပြနိုင်တာပေါ့။ ကျန်တဲ့ အီလက်ထရောနစ် ဥပဒေတို့ ဘာတို့ဆိုတာတွေက ရှင်းရှင်းပြောရရင် ဒါ နိုင်ငံရေးသမားကို ဒီလိုဟာမျိုးနဲ့ ပုဒ်မတောင် တပ်စရာမလိုတဲ့ ဟာတွေကို လုပ်တာ။ တိုင်းပြည်အတွက် အလွန်အဖိုးတန်တဲ့ ခေါင်းဆောင်မှုအတွေ့အကြုံတွေရှိတယ်၊ စည်းရုံးမှု အတွေ့အကြုံတွေရှိတယ်၊ လှုပ်ရှားနိုင်တဲ့ လှုပ်ရှားမှုအတွေ့အကြုံတွေရှိတယ်။ ဒီလောက်အဖိုးတန်တဲ့ လူငယ်တွေကို အခုလို နှစ်ရှည်လများ ချတယ်ဆိုတာဟာ ဘာနဲ့တူလဲဆိုရင် ဗမာပြည်ရဲ့အနာဂတ်နိုင်ငံရေးရဲ့ ခေါင်းဆောင်မှုကို သားကြောဖြတ်ပစ်တဲ့ သဘောကို ဆောင်နေတယ်”
- ဟုတ်ကဲ့ပါဆရာ၊ ဆရာတို့အန်အယ်လ်ဒီပါတီကလည်း စေ့စပ်ဆွေးနွေးရေးကို တစိုက်မတ်မတ် တောင်းဆိုလာ တယ်။ ကျောင်းသားခေါင်းဆောင်တွေကလည်း ဆွေးနွေးရေးကို ထပ်ပြီးတော့ တင်ပါတယ်၊ ဒါပေမယ့် အစိုးရဘက်ကသဘောထားက အခုလို ဖိနှိပ်ဖို့ကိုပဲ ရည်ရွယ်နေတယ် ဦးတည်နေတယ်ဆိုတော့ ဆွေးနွေးရေး လမ်းကြောင်းက မျှော်လင့်ချက် ရှိပါဦးမလားခင်ဗျ။
“ဆွေးနွေးပွဲလမ်းကြောင်းဆိုတာက ၁/၉၀ ကြေညာထားတဲ့အချိန်ထိကတော့ ဆွေးနွေးပွဲလမ်းကြောင်း ရှိတယ်လို့ ပြောလို့ရတယ်။ အန်အယ်လ်ဒီပါတီက ဦးဆောင်ပြီးတော့ လွှတ်တော်ခေါ်ပေးမယ်၊ ပြီးတော့ လွှတ်တော်ကပဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ Constitution တွေ ဆွဲနိုင်တယ်။ ဆိုတဲ့အခါကျတော့ ၁/၉၀ အရကတော့ Dialogue က လမ်းပွင့်နေတာဗျ၊ သဘောတရားအရဖြင့်ပြောတာပေါ့။ ၂၀၀၃ ခုနှစ် Road Map ဆိုတာ ပေါ်တဲ့အချိန်ကစပြီးတော့ အမှန်အတိုင်းပြောရရင် တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့လမ်းက ပိတ်နေပြီခင်ဗျ”
- တခုလောက် ဖြတ်မေးပါရစေဆရာ၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက ပိတ်သွားပြီ မရှိတော့ဘူးဆိုရင် နိုင်ငံရေး ထွက်ပေါက်အားလုံးက ပိတ်သွားပြီလား၊ ဘာဆက်လုပ်လို့ရမလဲဆရာ။
“ဒါ သဘောတရားအားဖြင့်ကို ကျနော်ပြောနေတာ၊ ပိတ်တယ်ဆိုတာ။ သူတို့ဘက်တော့ သူတို့ပြောဖို့ အနေအထား ရှိနေတယ်။ ကမ္ဘာကလည်း သိတယ်လို့ မယူဆဘူး။ ဒါကြောင့်မို့ ယူအန်တို့ဘာတို့ဆိုရင် အခုရက်ပိုင်းအတွင်းမှာ ဆိုလို့ရှိရင် တရုတ် အပါအဝင် အီးယူ အပါအဝင် တွေ့ဆုံဆွေးနွေးပွဲလုပ်ပါဆိုတဲ့အသံတွေ ပိုပြီးတော့ မြင့်မားလာ တယ် ခင်ဗျ၊ ဒေါ်စု အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပါ။ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပါ ဆိုတဲ့ လမ်းတွေကလည်း အခုထိ ရှင်သန်နေတုန်းပဲ။ အဲတော့ ခုနပြောတဲ့ဟာတွေက ကျနော်ပြောတာ သဘောတရားအားဖြင့်တော့ ပိတ်နေပြီ၊ ကျနော်တို့ဘက်တော့ တွေ့နေတယ်၊ တွေ့တိုင်းလည်း ဆက်တောင်း ဆိုမယ်၊ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဒါတွေ ရှိသမျှ ပြဿနာတွေအားလုံး ဆွေးနွေးမယ်ဆိုပြီးတော့ တွေ့ဆုံဆွေးနွေးရင်းနဲ့ နိုင်ငံရေးပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်တယ်။ တွေ့ဆုံဆွေးနွေးပွဲမှာမှ မဖြစ်တော့ဘူးဆိုရင် ကျန်တဲ့ကိစ္စတွေလည်း မဖြစ်တော့ဘူးပေါ့”
- အခု ဒီ ကျောင်းသားခေါင်းဆောင်တွေကို ဘယ်လိုစိုးရိမ်ပူပန်မှုမျိုးကြောင့် ဒီလောက်ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ချမှတ်တာလို့ ဆရာအနေနဲ့ မြင်သလဲခင်ဗျ။
“ခြိမ်းခြောက်တာပေါ့ခင်ဗျာ၊ ခြောက်လှန့်တာပေါ့ဗျာ၊ နိုင်ငံရေးလောကတခုလုံးကို ခြိမ်းခြောက်မှုပဲ သို့မဟုတ်ရင် လည်း တိုင်းသူပြည်သားများ တရပ်လုံးပေါ်မှာလည်း တမင်ခြောက်လှန်မှုပဲလို့ ကျနော်ကတော့ အဲလိုယူဆပါ တယ်”
- ဆရာအခုပြောသလိုပေါ့နော်၊ ခြိမ်းခြောက်မှုတွေ ဒီလို ဖိနှိပ်မှုတွေရဲ့အောက်မှာလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ အခြေအနေကရော၊ ဒီရွေးကောက်ပွဲအပေါ်မှာ လူတွေရဲ့ လေးစားယုံကြည်မှုက ဒီဖိနှိပ်မှုတွေကြောင့် ရုတ်လျော့ မသွားနိုင်ဘူးလား ဆရာ။
“ရွေးကောက်ပွဲအပေါ်မှာ ယုံကြည်စိတ်ချရမှုတွေ ရှိအောင်လုပ်ဖို့ကတော့ ကျနော်တို့ တာဝန်မဟုတ်ဘူး၊ သူတို့ တာဝန်ပဲခင်ဗျ။ ကျနော်တို့ကတော့ ဘယ်လိုလဲဆိုတော့ Dialogue တွေမရှိဘူး။ Dialogue လုပ်တဲ့ အဆင့်ထိမှ လမ်းဖွင့်မပေးဘူး၊ Dialogue လမ်းကို ပိတ်မယ်ဆိုရင်တော့ ကျနော်တို့က ရွေးကောက်ပွဲကို လုံးဝ မစဉ်းစားဘူး ခင်ဗျ”

အပြည့်အစုံသို့ ...

22 ရက် နေ့ တွင်ကျရောက်သောအမျိုးသားအောင်ပွဲနေ့ ကိုဂုဏ်ပြုသောအားဖြင့်

NLD လူငယ်တွေရဲ့အမျိုးသားနေ့ ချီတက်ပွဲ (လမင်းခင် ဘလော့မှကူယူတင်ပြသည်)
ကျောင်းသားသပိတ်ကနေအခြေခံတဲ့အမျိုးသားအောင်ပွဲနေ့ ။အဲဒီနေ့ ကိုကျမတို့ NLD လူငယ်တွေတန်ဖိုး
့ရှိရှိကျော်ဖြတ်သွားကြမယ်။ကျောင်းသားခေါင်းဆောင်ကြီးတွေရဲ့သွေးနဲ့ ချွေးနဲ့ ပေးဆပ်ခဲ့ရသလို အခုလာ
မဲ့ ၁၃၆၆ တန်ဆောင်မုန်းလဆုတ်(၁၀) ရက်နေ့ ဟာ လည်းကျမတို့  NLD လူငယ်တွေ ချွေးနဲ့ သွေးနဲ့ 
ထောင်ဒဏ်တွေ နဲ့ ပေးဆပ် သင့်ရင်ပေးဆပ်ကြရမယ်လို့ ကျမတို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ် ။အားလုံး
ညီတယ် တစ်ခဲ နက် ပဲ သဘောတူညီခဲ့ကြတယ် ။NLD လူငယ်တွေ ညီညွတ်မှုအားတစ်ဖန်ပြန် ကြီးထွား
လာတဲ့ အရှိန်ဟာ ဒီပဲယင်း အရှိန် ကြောင့်ပါ ပဲ။

ဒိုင်မရှိ အားမမျှပဲကြိုးဝိုင်းထဲ အထည့်ခံလိုက်ရတယ်။ဥာဏ်အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာကိုယ့်လူငယ်တွေကိုဘယ်တော့မှလက်တုံ့ ပြန်ခိုင်းလေ့ မရှိဘူး။
သားတို့ ပြန်မလုပ် နဲ့  ပြန်မလုပ်ရဘူးနော် အဲဒီ့နေရာမှာသေသွားရင်တောင်ခံသွားရမယ်တဲ့ လေ ဒီလို ဗြဟ္မာစိုရ်တရားကြီးမားတဲ့မိန်းမသားတစ်ယောက်ကိုမညှာမတာရက်ရက်စက်စက်လုပ်ကြံရက်တဲ့အာဏာ
ရူးစစ်ဘီလူးတွေ သူတို့ ကိုဆန့် ကျင်ရဲတဲ့သတ္တိငါတို့ ထောင်ထွက်တွေမှာတောင်မရှိရင်အကြောက်တရား
အလွှမ်းမိုးခံကြရတဲ့ပြည်သူတွေ ဘယ်လို ရပ်တည်လေမလဲ--ဆိုပြီး -- ထောင်ကထွက်ပြီး စကျမမှာ
န - အ-ဖ ကိုနှလုံးရည်နဲ့ ရင်ဆိုင်တိုက်ပွဲ ပြန်စရပါတော့တယ်
NLD လူငယ် တွေ ရဲ့ လှုပ်ရှားမှုတော်တော်များများဟာ မီဒီယာ တွေ မှာကြားပြီးကြတဲ့ အတိုင်း အခြေ
အနေအရ တပ်ဦးကျွံအောင်ထွက်ခဲ့ကြရပါတယ်။ကျမအဲဒီ့အချိန်မှာRFA နဲ့  အင်တာဗျူး လုပ်ခဲ့သလိုပေါ့
လူငယ်တွေဟာမိုင်းနင်းရမဲ့ေ၇ှ့တန်းကစစ်သားကလေးတွေလိုပါ။ ရဲရဲနီ တဲ့သွေးတွေ နဲ့ လမ်းခင်း ပေး
တက်ကြတာပါပဲ။
ဒီပဲယင်းလုပ်ကြံမှုဟာလည်းပြင်းထန်ကြမ်းတမ်းလွန်းလို့ ဆန့် ကျင်ဖို့ လုပ်ငန်းတွေ သွေးတိုး စမ်းဖို့ ဆို
တာကလည်း လူငယ်ပဲမဟုတ်လား။ ဒီလို လှုပ်ရှားမှုအ၇ှိန်အဟုန်တွေကြားမှာ အမျိုးသား အောင် ပွဲနေ့ 
့နှစ်ပတ်လည်ကြီးကိုရောက်လာတော့တာပါပဲ ။ ရန်ကုန်တိုင်းအတွင်းမြို့ နယ်ပေါင်း ၂၃ မြို့  နယ်က တာ
ဝန်ခံ (၁) (၂) ဆက်သွယ်ရေးလူငယ်တွေက အာလိန်ငါးဆင့် ဘုရား (အင်းစိန်) မှာချိန်းလိုက်ကြတယ်
အမျိုးသားနေ့ ကို ဘယ်လိုပုံစံကျင်းပမလဲဟေ့ လို့ သဘောထားယူလိုက်တာတစ်ချို့ က ဗဟန်းခြောက်
ထပ်ကြီးဘုန်းကြီးကျောင်းမှာလုပ်တဲ့ဆွမ်းကျွေးပွဲကို အင်အားဖြည့်မယ်တဲ့တစ်ချို့ က သက်ဆိုင်ရာမြို့ 
နယ်တွေကအခမ်းအနားကိုတာဝန်ယူမယ် တစ်ချို့ ကစာဝေမယ်စသည်ဖြင့် နိုင်ငံရေး အသွင်ဆောင်တဲ့
လှုပ်ရှားမှုပုံစံတွေကိုရွေးချယ်ကြတယ် ဒီအချိန်မှာ လူငယ်တစ်ယောက်က
မကြီးရေ သားတို့ ဒီလိုလုပ်ရင်မကောင်းဘူးလား---တဲ့
ပြော ဆိုတော့ ရွေတိဂုံဘုရားရဲ့စနေဒေါင့် မှကျောင်းသားခေါင်းဆောင်ကြီးတွေရဲ့
နာမည်နဲ့ ကျောက်စာတိုင်တစ်ခုရှိတယ် အဲဒီကို အလေးတက်ပြုကြရင်ကောင်းမယ် တဲ့ -။
ကျမဦးနှောက်ထဲ တော်တော်သဘောတွေ့ သွားတယ် ။ချက်ခင်းပဲ ကောင်းတယ်ဟေ့ အဖမ်းတော့ ခံရနိုင်
တယ်နော်--
ဖမ်းဖမ်းကွာ --- ဒီကောင်တွေလုပ်ကြစမ်းပါစေ စတဲ့အသံစုံထွက်လာပြီး ဘုရားပေါ်ကကျောက်စာတိုင်
ကိုအလေးပြုဖို့ သဘောတူလိုက်ကြတယ် ။ အားရစရာပါပဲရှင် ဒီလောက်အန္တယယ်ကြီးတဲ့ သဘောထား
တစ်ခု Movement တစ်ခုကပိုကန့် ကွက်မဲ့သူမရှိပဲ (၃၃) ဦးလုံးကထောက်ခံကြတဲ့အပြင် --
တစ်ယောက်ကဒီလောက်နဲ့ ကျနော်တို့ အားမရဘူး အခမ်းအနားပါဘုရားပေါ်မှာ လုပ် မယ် နောက်
တစ်ယောက်
က ဘုရားရင်ပြင်ကိုသုံးပတ်လောက်ပတ်ပြီးမှ ကျောက်စာတိုင်ကို အလေးပြုမယ် နောက်တစ်ယောက်က
မိန့် ခွန်းပြောပြီးအလေးပြုမယ်။ နောက်တစ်ယောက်နောက်တစ်ယောက် စသဖြင့်အကြံပြုဆွေးနွေးကြနဲ့ 
အရွှန်းဖောက်သိတ်ပြောတက်ပေမဲ့ အလုပ်လုပ်ရင်စေတနာတအားကြီးတဲ့ကျမကို အမေ အမေလို့ ခေါ်
တက်တဲ့ Chemistry နောက်ဆုံးနှစ်တက်နေတဲ့လူငယ်လေးက ။ အမေ အမေ သားက အလေးပြု လို့ 
အော်ရမဲ့နေရာ ကတာဝန်ယူမယ်နော်ဆိုလို့  လေးလေးနက်နက်ဆွေးနွေးနေတဲ့ကြားက ရီလိုက်ကြသေး
တယ် ။
ရီသံတွေ ခန ထိမ်းဆဲ (ဘုရားလူကြီးတွေကလည်း ကွက်ကြည့် ကွက်ကြည့် နဲ့ ) ဆုံးဖြတ်ချက်တွေချပြီး
တိုင်ပင်ထားသမျှ ကတော့
(၁) သွေးဆေးကန်မှာစုရပ်လုပ်မယ်
(၂) အားလုံးပင်နီဝတ်မယ်
(၃) နှစ်ယောက်တစ်တွဲဆီ ဘုရားကိုသုံးပတ်ပတ်မယ်
(၄) သုံးပတ်ပတ်ပြီးကျောက်တိုင်မှာမိန့် ခွန်းပြောမယ်
(၅) မိန့် ခွန်းပြောပြီးအလေးပြုကာစနစ်တကျပြန်ဆင်းမယ်
(၆) ဘုရားပေါ်မှတွင်လူစုခွဲပြီးဘုန်းကြီးကျောင်းသွားမယ်(ခြွင်းချက် ။။ ။ အာဏာပိုင်
တွေက မတရားနှောက်ယှက်ခြင်းပြုလျှင် ရွေးချယ်ထားသော Volunteer(၆)ယောက်မှ ဖြေရှင်းမည်။
အနိမ့် ဆုံးအဆင့် အလေးပြုပြီးမှပြန်ဆင်းရန်ဖြစ်သည်။လူငယ်များဟာဒီပဲယင်းလုပ်ကြံမှုကြီး အပေါ်
အခဲ ကြေနိုင်စရာအကြောင်းမရှိတာကြောင့် သေသေကြေကြေ ရင်ဆိုင်ရန် ၇ှိသော်လည်း ထောင် ဆို
သည့် ခါးသီးလှသည့် နေရာသို့ သူတို့ လေးတွေ မရောက်စေလို သဖြင့်အတွေ့ အကြုံ များသော်ကျမမှ
ချော့မော့ရ နားချရ သည်မှာအကြိမ်ကြိမ်ပါ ။ ဒီပွဲဟာ ပထမဦးဆုံး လူငယ်သစ်တွေကို ဦးဆောင်မှုပေး
စေ တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ကျမကိုယ်တိုင် တန်းစီ လှည့်လည်တဲ့ အထဲ မှာပါဝင်လှုပ်ရှားခဲ့ပါတယ်။
ဒါဟာ မျိုးဆက်သစ်တွေ ကို လက်ဆင့် ကမ်းရမဲ့ ကျမတို့ ရဲ့ တာဝန်လို့ ယုံကြည်မှုကြောင့်ပါ ။ NLDလူငယ်တွေရဲ့ သတ္တိဆက်လက်ကြည့် ကြရအောင်ပါ ။အမျိုးသားအောင်ပွဲနေ့  ရောက်ပြီ --- ချိန်းထား
တဲ့ နေရာ ရဲ့ မလှမ်းမကမ်းကိုကျမအရောက် ကျမတောင် လန် သွားပါတယ် ဘာကြောင့်လဲ ဆိုတော့
ရွှေတိဂုံအလယ်ပစ္စယံ မွန်ပရိယတ္တိလမ်းကြားကနေ ကျမ လမ်းလျောက်လာတာ သွေးဆေးကန်ဘေး
ရောက်တော့ ရဲရဲ တောက် ပင်နီတွေ နဲ့  လူငယ်၁၀၀ ကျော်က ကြို ရောက်နှင့် နေကြပြီ ပဲခူးကလူငယ်
တွေ ဧရာဝတီကလူငယ်တွေ ရန်ကုန် မြို့ စွန် တိုက်ကြီးမှော်ဘီ သုံးခွ ခရမ်း ကွမ်းခြံကုန်း စတဲ့ ရပ်ဝေး
က လူငယ်တွေကိုမြင်တော့ကျမထင်ထားတာထက်စည်းရုံးရေးစွမ်းအားပိုကောင်းနေတယ်။
ဦးဆောင်သူခြောက်ယောက်ကအရည်အချင်းပြလိုက်တာလေ သူတို့ တင်ပဲလား ရောက်လာသူ တွေရဲ့
ဗဟိဒ ပုံစံ အမျိုးသားနေ့ ဆိုတဲ့ ဇာတိသွေးကြောင့်ထင်ရဲ့ ပိုတက်ကြွပိုသတ္တိပြနေကြပါလား နယ်ကလူ
တွေကိုမေးကြည့်တယ် ။ နင်တို့ --- ပဲ ရှိသေးတယ် မမေးနဲ့ မကြီး ဒီတကွက်နောက်ကျသွားပြီ။
သားတို့  က ည အိမ် တာဗျ တဲ့ တစ်ချို့ က နံနက် ၄း၀၀ လောက်ထလာကြတာတဲ့။ ဆက်သွယ်ရေးက
တော့ မြန်ပါတယ် လူငယ်တွေ ရဲ့ စေတနာ ပါတာကိုး။ တဖွဲဖဲါ နဲ့ --ချိန်းထားချိန်နီးတော့သွေးဆေးကန်
နဲ့ လွတ်ငါးအရောင်းဆိုင်လေးတွေ ရှေ့ မှာ ရုံးစုရုံးစု နဲ့ ပင်နီမ၇ှိသူတွေ အတွက် လူကြီးတွေ ထံကကြို
ငှါးထားတဲ့ ပင်နီတွေ ၀တ်ကြ အချင်းချင်း အဆင်ပြေအောင်စီစဉ်ပေးကြနဲ့  လှုပ်၇ှားမှု တစ်ခု အတွက်
ပြင်ဆင်နေကြဆဲ Timingယူထားတဲ့ အချိန်ကကပ်လာပြီလေထောက်လှန်းရေးတွေ ထောက်လှန်းရေး
အထောက်အကူပြု ကြံ့ဖွံ့ တွေ မျက်စိမျက်နှာပျက်ပြီးဘုရားပေါ်ဆင်းလိုက်တက်လိုက်နဲ့ ခြေတိုနေပြီ ။
ထောက်လှန်းရေးဗိုလ်မှုးတွေအဆင့်အထိရောက်လာပြီဆိုတာကျမတို့ ရှေ့ ပြေးတွေကလည်းသတင်းပို့ 
နေပါပြီ။ ဒါတင်ဘယ်ကမလဲ ဘုရားရဲတွေ ကလည်း နှံပါတ်ဒုတ်ကိုယ်စီနဲ့ အပြည့်ဆိုပဲ ။ဒီသတင်းကြားမ
ှ လူငယ်တွေ ပို တက် ကြွလာတယ်။အောက်ခြေကထောက်လှမ်းရေးတွေ နဲ့ ရင်ဆိုင်ရတာရိုးနေပြီ သူတို
့ပြာလေ သူတို့ နာလေ ပဲ ။ လက်နက် ဆိုလို့ သွားကြားထိုးတံ တောင် မကိုင်တဲ့ နှလုံးလှတဲ့လူငယ်တွေ
နဲ့ ရင်ဆိုင်ရမှာ သူတို့ အလန့် ဆုံးပဲ မဟုတ်လား ။
ထောက်လှန်းရေးအင်အားစု နဲ့  ဘုရားရဲ အင်အားစု ဘယ်လောက်အင်အား
ပြပါစေ NLD လူငယ် ၄၅၂ ယောက်ကတော့ ရည်ရွယ်ချက်ဆုံးဖျက်ချက် အတိုင်း အမျိုးသားအောင်ပွဲနေ့ 
့ကို ရွှေတိဂုံဘုရား အနောက် ဖက် မုခ်သွေးဆေးကန်က နေနှစ်ယောက်တစ်တွဲ ညီညီညာညာ တန်းစီပြီး
တက်သွားပါတယ် ။
ဒီလို ဘုရားပေါ်တက်လာတဲ့ လူတန်းကြီးကို ဘုရားဖူးပြည်သူတွေ တအံ့တသြ အားပေး နေကြပါတယ်
တစ်ချို့ ဆို ၀င်ပြီး တန်းစီ လိုက်ပါလာတာကြောင့် ကျမတို့ မှာ ထောက်လှန်းရေး ပရောဂ ပါလာမှာစိုးလို့ 
အစစ သတိထားနေရပါတယ်။ပြင်ဆင်မှုရှိဟန်တူတဲ့ ထောက်လှန်းရေးကင်မရာပေါင်း ငါးဆယ.်မကဗွီဒီ
ီရိုကင်မရာဆယ်လုံးမက ထောက်လှန်းရေး နဲ့ ဘုရားရဲပေါင်း ၁၀၀မက ကြို တင် ဖြန့် ကျက်ထားပြီးကျမတို့ ဘုရားကို သုံးပတ်ပတ်နေတာ ကို ပျာရိပျာယာနဲ့ နောက် က လိုက် နေပါတယ် ဘုရားဖူးပြည်သူတွေ
ကလည်း ကျမတို့ ဖက် က ရပ်တည်နေသလို အားပေးနေကြပါတယ်Foreigner နိုင်ငံခြားသား တစ်ချို့ 
ကလည်း ဟိုမေးသည်မေး နဲ့ ဓါတ်ပုံဝင်ရိုက်လိုက်ကြသေးတယ်။
ဘုရားကိုလက်ယာရစ်သုံးပတ်ကြည်ညိုလို့ ပြီးတာနဲ့ ကျောင်းသားခေါင်းဆောင်ကြီးများကဗျဉ်း ထိုးထား
တဲ့ ကျော်က စာတိုင် ကြီးများရှိရာ ချီတက်လာကြပြီး ထောက် လှန်းရေးကာရံ ထားတဲ့ ( ဒီမနက်မှကာ
ထားဟန်ရှိ) ၀ါးရာဇမတ် လေးထောင့်ကွက်ဘေးမှာရာဇမတ်နဲ့ ခန္တာကိုယ်တွေ ထိထားရင်းအားလုံ လေး
ထောင့်ပတ်လည်ဝန်းရံလိုက်ကြတယ်တစ်ပြိုင်နက် ထဲမှာကျမတို့ လူငယ်ထုရပ်နေတဲ့ အကြားထောက်
လှန်းရေးတွေ စကားပြောစက် ကိုယ်စီ နဲ့ ဖြန့် ဝင် လာကြပါတယ်။ဘုရားရဲ တွေ ကဒုတ်တွေ နဲ့ ကျမတို
့ကိုဝိုင်းထားကြပါတယ်။
မလှမ်းမကမ်းမှာတော့ Forenger အယောက် ၂၀ လောက်ကို အခြေအနေအရပ်ရပ်ကို နားလည်ဟန်တူ
တဲ့ အခြား Foreigner တစ်ယောက် ကိုရှင်းပြနေပြီး ကျမတို့ အင်အားစုကိုစောင့်ကြည့်ပေးနေကြပါတယ်
ဖြစ်စဉ်က တစ်ပြိုင်နက်ပါ။ထောက်လှန်းရေးတစ်ဦး က ဒီမှာဘယ်သူခေါင်းဆောင်လဲ ဟုမေးရာ
(ကျမတို့ ကြိုတင်စီစဉ်ထားတဲ့ အတိုင်း အားလုံးခေါင်းဆောင်ပဲဟုပြန်ဖြေလိုက်ကြပါတယ်။ ထိုအခါအရာ
၇ှိဟုထင်ရသူတစ်ယောက်က ဒီမှာ အခမ်း အနားလုပ်ခွင့် မပြုဘူး ခု ပြန်ဆင်းပါ ။ဆိုတဲ့ အမိန့်  နဲ့ အတူ
ညာသံ များပါလာပါတယ်။ လူငယ်များထံ မှလည်း ကျနော်တို့ အလေးပြုပြီးမှ ပြန်ဆင်းမယ် ခု မဆင်းဘူး
ဟု ဖြေလိုက်ရာထောက်လှန်းရေး (၇) မှ လှသက်မောင် ကိုယ်တိုင် ဒေါသသံနှင့် မင်းတို့ ခု ဆင်းသွား
မဆင်းရင် ခု ဖမ်း မယ် သူ့ တပည့် တွေ ကိုလည်းငေါက်ငမ်း၍ ဟေ့ကောင်တွေ မင်းတို့ ဘာလုပ် နေလဲ
ဲ ၀ိုင်းထား ။ဖမ်းတော့ ငါ အမိန့် ပေးနေတယ် ခု ဖမ်း ပြောနေပေမဲ့ ဘုရားရဲ များကသာ နံပါတ် ဒုတ် များ
နှင့် ၀ိုင်းလာတယ် ထောက်လှန်းရေးများ ကိုယ်ထိလက်ရောက် မဆွဲ သေးပါ။ဆူဆူညံညံ ကြမ်းကြမ်း
တမ်းတမ်း ဖြစ် လာချိန် တွင် အတွေ့ အကြုံ နည်းသောလူငယ်တစ်ချို့ မှပြန်လှည့် ထွက်ရန်စဉ်းစားနေပုံ
ရသည်။ ခြေလှမ်းက ကျွံနေပြီ တာဝန်ယူခဲ့သောခြောက်ဦးမှာလည်း မထင်မှတ်ပဲ ထိပ်တိုက်အကျဆုံးဖြစ်
သွားရာ အကယ်၍ အဖမ်းခံ ခဲံကြရပါက ကျမ ခေါင်းထားစရာ နေရာမရှိနိုင်တော့ပါ ။အဘယ့်ကြောင့်ဆို
သော်တပ်ဦးကျွံခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
ဘာပဲဖြစ်ဖြစ်အာဏာပိုင်တွေ ကိုလည်းအလျော့မပေးချင်ပါ လူငယ်အများစု မှာဖမ်းချင်ဖမ်းပါစေ လုပ်စရာ
ရှိတာကို လုပ်မည့်အခြေအနေ အနေအထားကိုကျမ၀င်ထိမ်း မှရတော့မည် ဆိုးဒဏ်ကောင်းဒဏ်ကိုယ်ခံ
မည်ဟုဆုံးဖြတ်၍ ကျမတို့ တစ်တွေအားလုံးအလေးပြုပြီးမှပြန်မယ် အခမ်းအနားလုပ်ခွင့် မရရင်မလုပ်ဘူး
ဟု အလျော့ အတင်း သံ နဲ့ ကျမ အော်လိုက်ပါတယ် တစ်ပြိုင် နက် ပြန်ဆုတ်ရန် ခြေလှမ်း ထွက်နေ တဲ့
လူငယ်တွေကိုပါ လှမ်းတားလိုက်ပါတယ်။ဒီအခါ မှာစောစောကတပ် မှုးလှသက်မောင်ကျမဆီ တိုက်ရိုက်
ရောက်လာပါတယ် ။ ဘာမှလုပ်ခွင့် အပေးဘူး အခုဆင်း မဆင်းရင် ဖမ်းမယ် လို့ ဒေါသတကြီးပြောတယ်
ရှင်တို့ ကျမတို့ လူငယ်တွေ ကို ရိုင်းရိုင်းစိုင်းစိုင်းမောင်မထုတ်ပါနဲ့  လို့ ကျမကပြန်ပြောလိုက်ရာ တပ်မှုး
လှသက်မောင် က ကျမရဲ့ နာမည်ရင်းကိုခေါ်ပြီး ဒီမှာ----------နင့်ကိုလက်ရှိအခြေအနေအရသီးခံနေတာ
ငါတို့ ဘယ်မှာရိုင်းရိုင်းစိုင်းစိုင်းပြောလို့ လဲ ဟု အသားတွေ တဆတ်ဆတ်တုန်ပြီး ကျမကို လက်ညိုးထိုးပြီး
ရန်တွေ ပါတော့တယ်။
ဟုတ်ပြီမောင်မထုတ်ရင် ကျမ တို့ အလေးပြုပြီးပြန်ဆင်းမယ် လို့ ပြောမှ လှသက်မောင် လေသံ နည်းနည်း
လျော့ သွားပါတယ်။ အဲဒီ လှသက်မောင် နဲ့ ကျမတို့  အပြန်အလှန် ပြသနာကို ကျမတို့ ဖက်မှာ အသံ ဖမ်း
ယူနိုင်ခဲ့ပါတယ်။
တပြိုင်နက် လူငယ်တစ်ဦးမှသိတ်စကားများနေတဲ့ထောက်လှန်းရေးတပ်မှူးကိုဂရုမစိုက်တော့ ပဲအလေးပြု
ဟု ဦးဆောင်လိုက်ရာ ထောက်လှမ်းရေး ဘုရားရဲ အင်အားစု ဘာလုပ်ရမှန်းမသိပျားပန်းခပ်သွားကြသည်။
အလေးပြုပြီးသည် နှင့် တစ်ပြိုင်နက်ဘုရားရင်ပြင်တွင် သုံးပတ် ပတ်၍ အင်အားပြကာ အခမ်းအနား လုပ်
ခွင့်မရသော စိတ် မတရားလာရောက်နှိမ်နှင်းသဖြင့် မခံ ချင်သောစိတ်နှင့် ကျမတို့ နဂို အစီအစဉ် ထက်
ပိုကာ ဒီပဲ ယင်းဖြစ်ဖြစ် ခြင်းဖမ်းဆီးခံရပြီး မကြာမှိကမှာလွတ်လာသော CEC ၅ဦး (ဦးအောင်ေ၇ွှနှင့်
ဦးလွင် မလွတ်သေးပါ ) မှဦးဆောင်ကာ ဆွမ်းကျွေးနေသော ခြောက်ထပ်ကြီးဘုရား သာသနာ့ဂုဏ်ရည်
ကျောင်းတိုက် ရှိ အမျိုးသားအောင်ပွဲနေ့  သို့  ရှေ့ ဆက်ချီတက် သွာဖြစ်ခဲ့ကြသည်.။ လူငယ်တွေကတော့
ညီညွတ်မှု အပြည့်ပါ ခုလိုပင်နီဝတ်စုံတွေနဲ့  တန်းစီချီတက် ခြင်းဟာ NLD ရဲ့ မှတ်တိုင် မှာ ကြုံတောင့်ကြုံခဲ
ချီတက်ပွဲဖြစ်ပါတယ်။
ထောက်လှန်းရေးကားများသည်ရှေ့နောက်မှလူးလားခတ်၍ အရူးများနှယ်သွေးလန့် နေကြရာဝယ် ကျမတ
ို့ မြတ်နိုးသောတော်လှန်ရေး ရဲ့ အရိပ် တော်လှန်ရေး ရဲ့ နိမိတ် အစဉ်အလာတွေလက်ဆင့် ကမ်းနိုင်ခဲ့တဲ့
အမျိုးသားနေ့ အောင်ပါကြီးကို အမျိုးသားဝတ်ဆုံအပြည့် နဲ့  ကြီးမာတဲ့ အန္တယယ်ဒါးသွားကြားမှာ ပါးပါး
ကလေးလှစ်လှစ်ကလေးချီတက်သွားခဲ့ကြတာတော်လှန်ရေးခေါင်းဆောင်တွေရဲ့ကျောင်းသားခေါင်းဆောင်
တွေရဲ့ကျောက်တိုင်ဆီကိုတူညီဝတ်စုံတွေနဲ့ အလေးပြုနိုင်ခဲ့ကြတာစားတော့ဝါးတော့ မဲ့ခွေးဘီလူးတွေကြား
ကအကင်းပါးပါး နဲ့ အန္တယယ်ကိုေ၇ှာင်ခွင်းနိုင်ခဲ့ကြတာယနေ့ ဆိုလျှင်တစ်နှစ်ပြည့်မြောက်သွားခဲ့ပါပြီအမျိုး
သားအောင်ပွဲနေ့ ကြီးလည်း(၈၄) ကြိမ်မြောက်ခဲ့ပါပြီအခုကျရောက်တော့မဲ့အမျိုးသားနေ့ ကြီးကိုရောပြည်
တွင်းမှအနစ်နာခံ လူငယ်များ ဘယ်လိုချီတက်ပြီးသတ္တိပြသွားကြလေမလဲလို့  ရင်ခုန်စွာ မှန်းဆရင်းပြည်
တွင်းမှအနစ်နာခဲ့လူငယ်များအားဤဆောင်းပါးဖြင့်ဂုဏ်ပြုလိုက်ပါသည်။
( ဤဆောင်ပါးသည် ၂၀၀၃ လှုပ်ရှားမှု ပြီး ၂၀၀၄ အမျိုးသားနေ့  တွင် ရေးသားခဲ့ခြင်းဖြစ်သည်
ရန်ပုံခွင်း စာပေ တွင် ၂၀၀၄ က ဖေါ်ပြပြီးဖြစ်သည်။)
မေအိခင်(လယ်ဝေး)
(မှတ်ချက် ။ ။။ ကာယကံရှင်စာရေးသူကိုယ်တိုင် ရင်ဆိုင်ပါဝင်ခဲ့သော လှုပ်၇ှားမှု ဖြစ်သည်
ဖြစ်စဉ် အားလုံးကိုတာဝန်ယူရေးသားပါသည်။)

အပြည့်အစုံသို့ ...

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား မိသားစုနှင့်ဝေးလံသောအကျဉ်းထောင်များသို့ ပြောင်းရွှေ့ ၊

ဒီနေ့ နံနက် ၅ နာရီက နအဖ စစ်အစိုးရက ၈ လေးလုံးမျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို နစ်ရှည် ထောင်ဒဏ်တွေချမှတ်ပြီး လူစုခွဲ ကာ ထောင်အသီးသီး သို့  ပြောင့်ရွေ့ လိုက်ပါတယ်။ ပြောင်း ရွေ့ လိုက်တဲ့
ထောင်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁- ကိုမင်းကိုနိင် နှင့် ကိုကိုကြီး (ကျိုင်းတုံ ထောင်)

၂- ကိုဌေးကြွယ် - (ဘူးသီးတောင်ထောင်၊)
၃- မစုစုနွေး - ( မန္တလေးထောင်)
၎- ကိုပြုံးချို - (ကော့သောင်းထောင်)
၅- ကိုမြအေး-( လွိုင်ကော်ထောင်)
၆- ကိုလှမျိုးနောင်နဲ့ ကိုအောင်နိင် -( ကလေးထောင် )
၇- ကိုအောင်သူနဲ့  ကျောင်းသားခေါင်းဆောင် ၈ ယောက် -( ပူတာအိုထောင်)
အသီးသီး သို့ ပြောင်းရွေ့ လိုက် ပါတယ်၊

အပြည့်အစုံသို့ ...

SEAPA ၏ ၁ဝ နှစ်မြောက် နှစ်ပတ်လည်နေ့ တွင် ဦးဝင်းတင်၏ သဝဏ်လွှာ

အောက်ပါသဝဏ်လွှာသည် မကြာခင်က အကျဉ်းထောင်မှ လွတ်မြောက်လာသော မြန်မာ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကြိုတင် အသံသွင်းယူ ရိုက်ကူးထားသော သဝဏ်လွှာကို ပြန်လည် ရေးကူးထားခြင်း ဖြစ်ပါသည်။ ဤဗွီဒီယိုခွေကို ထိုင်း နိုင်ငံ ဘန်ကောက်မြို့ တွင် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သော SEAPA ၏ ၁ဝ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် စတင်ပြသခဲ့ပါသည်။
ဦးဝင်းတင်၏ မိန့်ခွန်း

အရှေ့တောင်အာရှမှ ရောင်းရင်း သတင်းစာဆရာများ ခင်ဗျား ...
ကျနော့်ရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်၊ ဒီမိုကရေစီန့ လူ့အခွင့်အရေး တိုက်ပွဲဝင်မှုများကြောင့် စစ်အစိုးရက ကျနော့်ကို အကျဉ်းချထားခဲ့တာကြောင့် ကျနော့်ရဲ့ သတင်းစာလုပ်ငန်းကို မလုပ်နိုင်ခဲ့တာ အတော်ကြာခဲ့ပါပြီ။ ကျနော်ဆယ်စုနှစ် ၂ ခုစာမျှ ထောင်ထဲမှာ နေခဲ့ရပါတယ်။ ကျနော့်ရဲ့ ရှည်ကြာလှတဲ့ သတင်းစာဆရာဘဝမှာ ဒီကာလဟာ စိတ်ပျက်စရာ အကောင်းဆုံး ကာလတွေပါဘဲ။
ရှည်ကြာလှတဲ့ ကျနော်တို့ရဲ့ တိုက်ပွဲအတွင်းမှာ အခြားနိုင်ငံတဝှမ်းက နိုင်ငံရေး အတိုက်အခံများနဲ့အတူ ကျနော့်ရဲ့ သတင်းစာဆရာ ရဲဘော် အများအပြားလည်း စစ်အစိုးရရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။ နာမည်ကျော်သတင်း စာဆရာ စာရေးဆရာ မောင်သော်က အပါအဝင် ကျနော့်ရဲ့ ရင်းနှီးတဲ့ သတင်းစာဆရာမိတ်ဆွေ ဆယ်ဂဏန်းအချို့ ဟာ ထောင်တွင်း လူမဆန်တဲ့ ညှဉ်းပန်းမှုဒဏ်ကြောင့် ကွယ်လွန်ခဲ့ကြရပါတယ်။ ကျနော့်လို တချို့သော ပုဂ္ဂိုလ်များကတော့ ငရဲခန်းလို တိုက်ခန်းကျဉ်းလေးတွေထဲမှာ နှစ်ရှည်လများ အကျဥိးချခံရပြီးမှ ပြန်လည် လွတ်မြောက်ခဲ့ကြပါတယ်။ ခုချိန် ထိသတင်းစာဆရာ အများအပြားနဲ့ စာရေးဆရာ အများအပြား ထောင်တွေထဲမှာ လူမသိသေးတဲ့ ဆင်းရဲဒုက္ခမျိုးစုံကို ခံစားနေကြရဆဲ ဖြစ်ပါတယ်။ သူတို့ထဲက တချို့ကတော့ ရုပ်ပိုင်းဆိုင်ရာအရ၎င်း၊ စိတ်ပိုင်းဆိုင်ရာအရ၎င်း မစွမ်းမသန် ဖြစ်သွားခဲ့ကြရပါတယ်၊ တချို့ကတော့ သေဆုံးသွားခဲ့ကြရပါတယ်။ တနိုင်ငံလုံးအနှံ့ ပြန့်ကြဲနေတဲ့ အကျဉ်းထောင်တွေက ရဲဘော် သတင်းစာဆရာတွေရဲ့ သတင်းတွေကို ကျနော်တို့ တိုရေရှားရေသာ ရရှိခဲ့ပါတယ်။
အကျဉ်းထောင်ထဲမှာ ကျနော်တို့စာရေး၊ စာဖတ်ခွင့် မရခဲ့ကြပါဘူး၊ အခြားအကျဉ်းသားတွေနဲ့ စကားပြောခွင့်လေး တောင်မရခဲ့ပါ။
ကျနော်တို့ကို ထောင်ထဲထည့် ဒုက္ခပေးခဲ့ကြပါတယ်၊ ဒါပေမဲ့ ကျနော်တို့ မကန်းသေးပါဘူး။ ဘယ်လောက်ဘဲ မှိန်ဖျော့နေပါစေ၊ ဘယ်လောက်ဘဲ သေးငယ်ပါစေ၊ လှိုဏ်ဂူအဝက အလင်းရောင်ကို ကျနော်တို့ အမြဲမြင်နေခဲ့ပါတယ်။ ဒီအလင်းရောင်ဆိုတာကို သတင်းတွေ၊ သတင်းစကားတွေ အဖြစ်နဲ့ ကျနော်တို့ မြင်တွေ့ခဲ့ကြတာပါ။ ဒီသတင်းတွေ အကုန်လုံးကိုစုပြီး ကျနော်တို့ သတင်းစဉ်လေးတခု ဖြစ်အောင်လုပ်ပါတယ်။ ဒီသတင်းစဉ်လေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ဘဝတူ သာမန်ရာဇဝတ် အကျဉ်းသားတွေကို သတင်းတွေ ပြန်ကြားအသိပေးပါတယ်၊ အားပေးပါတယ်၊ အသိအမြင် တိုးပွါးစေပါတယ်။ ဒီအကျိုးကြောင့် မတည်ငြိမ်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ၊ ဆန္ဒပြဘို့ ဆွေးနွေးတိုင်ပင် နိုင်တာတွေကို လုပ်နိုင်ခဲ့ပါတယ်။
ကျနော် ထောင်ကလွတ်လာတော့ နိုင်ငံရေးအရ ညှဉ်းပန်းနှိပ်စက်တာတွေ၊ စီးပွါးရေးအရ အမြတ်ထုတ်တာတွေ၊ လူမှုရေးအရ ခွဲခြား ဆက်ဆံတာတွေ၊ ယဉ်ကျေးမှု ပြိုကွဲနေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို နိုင်ငံတွင်းမှာ နေရာအနှံ့အပြား တွေ့နေရပါတယ်။
အခုကာလဟာ စာနယ်ဇင်းလုပ်ငန်းရဲ့ ဂုဏ်သိက္ခာနဲ့သြဇာ ကမ္ဘာတဝှမ်းမှာ အကြီးအကျယ် တက်နေတဲ့အချိန်ပါ။ ဒါပေမဲ့ဒါဟာ တလောကလုံး လက်တွေ့ဘဝတော့ မဟုတ်ပါဘူး။ မြန်မာပြည် စာနယ်ဇင်းလုပ်ငန်းက သတင်းစာဆရာ အများအပြားဟာ ခုထိ ခွဲခြားဆက်ဆံ ခံနေရတုံးဘဲ၊ ညှဉ်းပန်းနှိပ်စက်ခံနေရတုံး၊ အကျဉ်းချခံနေရတုံးဘဲ ဆိုတဲ့ခါးသီးတဲ့ အချက်အလက်တွေကို ကျနော် သိလာပါတယ်။ သူတို့ဟာ အရှေ့တောင်အာရှက နိုင်ငံအများအပြား၊ အာရှ၊ အာဖရိကနဲ့ တကမ္ဘာလုံးမှာ တရားစွဲခံနေရတုံး၊ နှိမ်နင်းခံနေရတုံး၊ တချို့ဆိုရင် သတ်ဖြတ်တာ တောင်ခံနေကြရတုံးပါ ဘဲ။ တခြားနိုင်ငံတွေနဲ့ မတူဘဲ၊ မြန်မာနိုင်ငံက သတင်းသမားတွေကတော့ ဖိနှိပ်ရေး ဥပဒေတွေရဲ့ ဖိအားပေးမှုကို ခံနေကြရပါတယ်။ အမျိုးသား လုံခြုံရေး ကိစ္စတွေ၊ အစိုးရ လျှို့ဝှက်ချက် ပေါက်ကြားမှုတွေ၊ အကြမ်းဘက်သမားတွေဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ခြိမ်းခြောက်ခံနေကြရပါတယ်။
ဒါတွေဟာ ကနေ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရဆဲ အခြေအနေတွေပါ။ ဒီမိုကရေစီရေးနဲ့ သတင်းစာ လွတ်လပ်ခွင့်အတွက် ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ပွဲဝင်ရပါဦးမယ်။ ဒီတိုက်ပွဲဟာ အရှေ့တောင်အာရှက စာနယ်ဇင်းသမားတွေ အားလုံး အဆုံးတိုင် ဆက်လက်ကြိုးပန်းရမဲ့ တိုက်ပွဲဖြစ်ပါတယ်။
အရှေ့တောင်အာရှ သတင်းစာသမဂ္ဂ (SEAPA) ရဲ့ ၁ဝ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ကျနော် ကြိုဆို နှုတ်ခွန်းဆက်လိုက်ပါတယ်။ ဒါဟာ အချုပ်အချယ်ကင်းပြီး လွတ်လပ်တဲ့ သတင်းစာဆရာအားလုံး၊ အထူးသဖြင့် ယနေ့မြန်မာနိုင်ငံက ဖိနှိပ်ခံ၊ ထူးခတ်ခံ စာနယ်ဇင်းသမားတွေ အားလုံးအတွက် ပျော်ရွှင်ဘွယ် အချိန်ကာတရပ်လဲ ဖြစ်ပါတယ်။
ကျနော်တို့ရဲ့ သတင်းစာ လွတ်လပ်ခွင့်ဆိုတဲ့ တခုတည်းသော ဘုံတိုက်ပွဲကို ဘယ်တော့မှ မမေ့ကြပါနဲ။
အရှေ့တောင်အာရှ သတင်းသမဂ္ဂ အဓ္ဓန့်ရှည်ပါစေ။

အပြည့်အစုံသို့ ...

ဒီမိုကရေစီရေးတက်ကြွစွာလှုပ်ရှားခဲ့သူ ၁၇ ဦးအားထောင်ဒဏ် နှစ်ကြီးများထပ်မံချမှတ်လိုက်ပြန်သည်

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှအန်အယ်လ်ဒီလူငယ်များဖြစ်ကြသည့် ကိုကျော်ကျော်လင်း ကိုကျော်ဇင်ဝင်း၊
ကိုအောင်ကျော်ဦး၊ မကြည်ကြည်ဝါ နှင့် ကိုနေဇာမျိုးဝင်းတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက
ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်။

၎င်းအပြင် မကြည်ကြည်ဝါအားမတရားအသင်းအက်ဥပဒေနှင့် ဗီဒီယိုအက်ဥပဒေတို့ဖြင့်နောက်ထပ်၆နှစ်၊
ကိုကျော်ဇင်ဝင်းအား မတရားအသင်းအက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှု
တို့ဖြင့် နောက်ထပ် ၁၁ နှစ်၊ ကိုကျော်ကျော်လင်းအား နယ်စပ်ဖြတ်ကျော်မှုဖြင့်နောက်ထက် ၅ နှစ် ချမှတ်
လိုက်သည်။

တောင်ဒဂုံမြို့သစ်မြို့နယ်မှ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုညီညီမင်းနှင့် ကိုတင်ဝင်းတို့ကို ထောင်ဒဏ် ၂ နှစ်
နှင့် သာကေတ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်မြင့်ကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက် သည်။

ယမန်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲစီချမှတ်ခဲ့ပြီးဖြစ်သည့် လှိုင်သာယာ မြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ
ဖြစ်ကြသော ကိုသန့်ဇင်မျိုး၊ ကိုဆန်းဝင်းနှင့် ကိုကျော်စိုးဝင်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ထပ်မံ ချမှတ်
လိုက်သည်။

ကိုသန့်ဇင်မျိုးနှင့်ကိုဆန်းဝင်းတို့အပါအဝင်လှိုင်သာယာမှအန်အယ်လ်ဒီအဖွဲ့ဝင်တဦးဖြစ်သည့်ကိုသန့်ဇော်မြင့်
အား ထောင်ဒဏ် ၉ နှစ်ခွဲစီ ယနေ့ချမှတ်လိုက်ပြီး အင်းစိန်ထောင်တွင်း၌ ယာယီရုံးထိုင်ထားသည့် ကမာရွတ်
တရားရုံးက ကိုကျော်စိုးဝင်းအပါအဝင် ကမာရွတ်အန်အယ်လ်ဒီ ပါတီဝင် ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာ
အန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်မငယ်တို့အား ထောင်ဒဏ် ၇ နှစ်ခွဲစီ ချမှတ်လိုက်သည်။

မန္တလေးမှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင် နှင့် ကိုဇော်ဝင်း တို့ လည်း
ထောင်ဒဏ် ၄ နှစ်ခွဲစီ ယနေ့ချမှတ်ခံလိုက်ရသည်။

သတင်းထောက်မလေး အိမ့် ခိုင်ဦးအားလည်း ထောင်ဒဏ် နှစ်နှစ် ချမှတ် လိုက် သည်။ စစ်အုပ်စုသည် ဤ
အင်အားမှပြည့် သူ့ အင်အားအစစ်အမှန် တွေ ပြည်သူဖက် ကမားမားမတ်မတ် ရပ်တည်သွားမည်သူတွေဟု
အသေအချာနားလည်သဘောပေါက်သဖြင့် ၈၈ မျိုးဆက် များအပါအ၀င် NLD အင်အား အား စနစ်တကျဖြို
ခွင်းနေခြင်းဖြစ်သည် ။ အမိန်ချခဲ့ခဲ့ရသည် ။ရဲဘော်အများစုသည် မိမိနှင့် လုပ်ဖေါ်ကိုင်ဖက် ရဲဘော်များဖြစ်သ
ဖြင့် အင်မတန်မှပင် ၀မ်းနည်း ကြေကွဲမိပါသည် ဂုဏ်လည်းယူမိပါသည် မိမိ ပေးဆက်မှုထက်မကသောပေး
ဆပ်အနစ်နာခံနေရမှုများအတွက်လည်း အထင်ကြီးလေးစားမိပါသည်.။

အပြည့်အစုံသို့ ...

မစုစုနွေးကိုစစ်အုပ်စုမှ တရားဥပဒေမဲ့  ထောင်ဒဏ် (၁၂) နှစ်၆လချ၊

အင်းစိန်ထောင်၌ ထိန်းသိမ်းခံနေရသည့် မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်နှင့် (၆) လ ယနေ့ ချမှတ်လိုက်သည်။
မစုစုနွေးနှင့် အမှုတွဲဖြစ်သူ ဘိုဘိုဝင်းလှိုင်ကိုလည်း ထောင်ဒဏ် (၈) နှစ်ချလိုက်ကြောင်း ၎င်းကပြောသည်။
မစုစုနွေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ (၁၃) ရက်နေ့က စစ်အစိုးရဆန့်ကျင်ရေးပိုစတာကပ်မှုဖြင့် ဗဟန်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်သည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ် ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။
သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဋ္ဌနှင့် ဆယ်အိမ်မှူးကို အဓမ္မလုပ်အားပေးခိုင်းစေမှု နှင့် အဓမ္မငွေကြေးကောက်ခံမှုဖြင့် တရားစွဲဆိုခဲ့ရာ အာဏာပိုင်များကို ခြိမ်းခြောက်သည်ဟု ပြန်လည်စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံခဲ့ရသည်။
နိုင်ငံတကာအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် မှ နအဖစစ်အုပ်စုအား ဖိအားပေးတောင်းဆိုခဲ့၍ မစုစုနွေးအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခံခဲ့ရသော်လည်း (၇) လအကြာတွင် ပြန်လွတ်မြောက်လာခဲ့သည်။

အပြည့်အစုံသို့ ...

၈၈မျိုးဆက်ကျောင်းသေားခေါင်းဆောင်များကို စစ်အုပ်စုမှ ထောင်ဒဏ် ၆၅နှစ်ချမှတ်၊

၈ လေးလုံးမျိုးဆက်ခေါင်းဆောင်၁၄ ဦးကို ကို စစ်အုပ်စုမှ တရားဥပဒေမဲ့ ထောင်ဒဏ် ၆၅ နှစ်
ချမှတ်လိုက်ပါတယ်။

အမိန့် ချမှတ်ခြင်းခံရသော ၈၈မျိုးဆက်ခေါင်းဆောင်များမှာ
၁- ကိုမင်းဇေယျ
၂- ကိုဂျင်မီ
၃- ကိုဇော်ဇော်မင်း
၎- ကိုသန်းတင်
၅ - ကိုဇေယျ ( လူဘောင်သစ်)
၆- ကိုအံဘွယ်ကျော်
၇- ကိုကျော်ကျော်ထွေး
၈- ကိုပန်တိတ်ထွန်း
၉- ကိုသက်ဇော်
၁၀- မသင်းသင်းအေး (ခ) မမီးမီး
၁၁- မမာမာဦး
၁၂- မနီလာသိန်း
၁၃- မစန္ဒာမင်း
၁၄- မသက်သက်အောင်
တရားရုံးတွင်အမိန်ချမှတ်ပြီးနောက်- ကိုမင်းဇေယျ မှ " တိုင်းပြည်အတွက် (၆၅ )နှစ်ဘဲလားကွ" ဟု ကြွေးကြော်ပြီး၊
မမီးမီး "အမှန်တရားအတွက် ဘယ်တော့ မှ မကြောက် ဘူး" ဟု တိုင်တည်ကြွေးကြော်ခဲ့ကြသည်။
အခြားသူများမှလည်း မြန်မာ ပြည် လွတ်မြောက်ရမည်၊အာဏာရှင်စနစ်ပြုတ်ကျရမည်။မတရားစီရင် ရေးအလိုမရှိ ဟု ကြွေးကြော်ခဲ့ကြောင်းသိရှိရသည်။
ဆက်လက်၍ စုစုနွေး နှင့် အမှုတွဲများ အားရုံးထုတ်လျှက်ရှိပြီး ယနေ့ အမိန်ချမည်ဟု ယူဆကြောင်းသိရှိရသည်။
တရားရုံးများမှ အမိန့်ချပြီးသူနိုင်ငံရေးအကျဉ်းသားများအား နယ်ထောင်များသို့ အမြန်ဆုံးပြောင်းရွှေ့ရန် အကျဉ်းဦးစီးမှ စီစဉ်နေကြောင်း သိရသည်။

အပြည့်အစုံသို့ ...

လူငယ် ဘလော့ဂါ နေဘုန်းလတ်နှင့် ကဗျာဆရာ စောဝေတို့ကို ထောင်ဒဏ်များ ချမှတ်၊





စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်အား ထောင်ဒဏ် အနှစ် ၂၀ ၊ ၆ လ နှင့် ကဗျာ ဆရာ စောဝေ ကို ထောင်ဒဏ် ၂ နှစ် ယနေ့ ချမှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ရန်ကုန် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဘလော့ဂါ ကိုနေဘုန်းလတ်အား ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ကို ယနေ့ နေ့လယ် ပိုင်းက ချမှတ်လိုက်ခြင်းဖြစ်သည်၊
“၁၀ နှစ် ကျော်လောက်ပဲ ချလိမ့်မယ်လို့ မှန်းထားတာ၊ အခု အနှစ် ၂၀ ကျော်ချလိုက်တော့ မိခင်တယောက် အနေနဲ့ စိတ်မကောင်းပါဘူး၊ မတရားလုပ်တယ်လို့ ယူဆပါတယ်”ဟု ကိုနေဘုန်လတ်၏မိခင်မှပြောသည်။
အသက်(၂၈)နှစ်ရှိ ကိုနေဘုန်းလတ်(ခေါ်)ကိုနေမျိုးကျော် ကို ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် အာဏာပိုင်များ က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်မှ ဖမ်းဆီးခဲ့ပြီး ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုကာ ၆ လ အကြာ ဇူလိုင်လအတွင်းတွင် ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ကိုနေဘုန်းလတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်လူငယ်တဦးဖြစ်ပြီး ၎င်းအား ဖမ်းဆီးပြီး ၉ လ အကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။
ကိုနေဘုန်းလတ်နှင့် အတူဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်ကိုလည်း ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ ဖြင့် ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်လိုက်ကြောင်းလည်းသိရသည်။
ထို့အတူ ယမန်နှစ် ဇန်န၀ါရီလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဝေဖန်ထားသည့် “အာနာရူးကြီး မှူးကြီး သန်းရွှေ” စာသားများပါသော “ဖေဖော်ဝါရီ ဆယ့်လေး”အမည်ရှိ ကဗျာ ရေးသားသည့်အတွက် ဖမ်းဆီးထားသော ကဗျာ ဆရာစောဝေ ကိုလည်း ယနေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။
ယခုနှစ် ဖေဖော်ဝါရီ လအတွင်းတွင် မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် ကိုနေဘုန်းလတ်နှင့် ကိုစောဝေတို့ကို ဖမ်းဆီးထားခြင်းအား ရှုတ်ချလိုက်ပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ရန် တောင်းဆိုထားသည်။
် စစ်အစိုးရက ဖမ်းဆီးထားသည့် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် နယူးစ် ၀ပ်ခ်ျ သတင်း ဂျာနယ်မှ အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် ကိုထွန်းထွန်းသိန်းတို့ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် လည်း မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က နိုဝင်ဘာ ၈ ရက်နေ့တွင် တောင်းဆိုချက် ထုတ်ပြန်ထားသည်။

အပြည့်အစုံသို့ ...

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီမှ ဂျပန်နိုင်ငံဆိုင်ရာအကြံပေးပုဂ္ဂိုလ်၏ အတွေ့ အကြုံရှင်းလင်းပွဲ၊



ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာမင်းညိုနှင့် ပိုလန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဒေါက်တာသန်းထိုက် တို့ ၏ ဥရောပခရီးစဉ်အတွေ့ အကြုံရှင်းလင်းပွဲအား
မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂရုံးတွင် ပြုလုပ်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားများ၊ အဖွဲ့ အစည်းအသီးသီးမှ
ခေါင်းဆောင်များ တက်ရောက်ခဲ့ပါသည်၊

အပြည့်အစုံသို့ ...