Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, October 6, 2009

နိုင်ငံရေးအကျဉ်းသားတစ်ဦး နှိပ်စက်ခံခဲ့ရပြီး ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိ။

အောင်သပြေစစ်ကြောရေးစခန်းတွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုတိုးအောင် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည်။
စစ်ကြောရေးစခန်းမှ လွတ်မြောက်လာပြီးနောက် အာဏာပိုင်များစောင့်ကြည့်မှုများကြောင့် နိုင်ငံရေးအလုပ်များ ဆက်လက်လုပ်ဆောင်ရန် ခက်ခဲလာသည့်အတွက် ယခုလ (၄) ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်ကြောရေးကာလအခြေအနေများနှင့် ပတ်သက်၍ “ညှဉ်းပန်းနှိပ်စက်တာတွေ၊ အစာငတ်ထားပြီး နှိပ်စက်တာတွေ ခံခဲ့ရပါတယ်။ အိပ်စက် နားနေချိန်မပေးဘဲ လက်သီးနဲ့ထိုး၊ တုတ်နဲ့ရိုက်တာတွေ လုပ်ပါတယ်။ ရေတောင်မတိုက်ဘူး။ သုံးရက်နေပြီးမှ စစ်ကြောရေးအချုပ်ကို ပို့လိုက်ပါတယ်” ဟု ပြောသည်။
ယင်းကဲ့သို့ စစ်ကြောရေးကာလအတွင်း အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ကိုညီညီအောင်အပါအဝင် အခြား ရဟန်းသံဃာများကိုလည်း တွေ့ဆုံခဲ့ရကြောင်း ကိုတိုးအောင်က ဆက်လက်ပြောသည်။
“သံဃာတော် ၇ ပါးလောက်ပါတယ်၊ ဦးဝိသုတ (ချောက်)၊ ဦးကောဝိဒ (ရန်ကုန်ငါးထပ်ကြီးဘုရား လိပ်ပြာကန်ကျောင်းတိုက်)၊ ဦးရေဝတ ( ပခုက္ကူ) ရယ်၊ သူနဲ့အတူ အခြားရခိုင်လူငယ် အယောက် ၂၀ လောက် တွေ့ခဲ့ရပါတယ်။ ဦးရေဝတ၊ ဦးဝါယမ၊ ဦးဝိသုတနဲ့ ဘွဲ့အမည်မသိတဲ့ ဦးဇင်းတပါးလည်း ရှိတယ်” ဟု ပြောသည်။
ထို့အပြင် အသက် (၂၃) နှစ်အရွယ်ခန့် လူငယ်တဦးကိုလည်း ရိုက်နှက်နေသည်ကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး ရခိုင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ ခိုင်ကျော်မိုး၊ ကိုသန်းအေး၊ ကိုရဲထက်စိုး၊ ကိုစံသိန်း (ခ) ကိုမောင်မောင်၊ ကျော်ဝင်း၊ ကိုရွှေသန်း၊ ကိုထွန်းလင်းကျော်၊ ဇော်ထွန်းနိုင် တို့ကိုလဲ စစ်ကြောရေးစခန်းမှ (၂၂) ရက်နေ့တွင် အင်းစိန်ထောင်သို့ ပြောင်းရွေ့လိုက်သည်ကို သိရှိခဲ့ရသည်ဟု ပြောသည်။
ကိုတိုးအောင်ကို နယ်မြေခံအာဏာပိုင်များက ပြီးခဲ့သည့်စက်တင်ဘာလ (၁၁) ရက်နေ့ညတွင် ကမာရွက်မြို့နယ်ရှိ ၎င်းနေထိုင်ရာ အဆောင်မှ ခေါ်ဆောင်သွားပြီး အနောက်ပိုင်းခရိုင် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကာ (၁၃) ရက်နေ့တွင် အောင်သပြေစစ်ကြောရေးစခန်းသို့ ပို့ဆောင်လိုက်ရခြင်းဖြစ်သည်။
ယင်းကဲ့သို့ အာဏာပိုင်များ ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ “ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့် စာရွက်စာတမ်း ဝေတဲ့ကိစ္စနဲ့ ဖမ်းတာ။ သံဃာ့တပ်ပေါင်းစုက ဘယ်သံဃာတွေနဲ့ အဆက်သွယ်ရှိသလဲဆိုတာတွေကို မေးမြန်းပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ဘာတွေလုပ်ခဲ့သလဲ။ ကိုယ်တိုင် ဖြန့်ဝေတာတွေ လုပ်ခဲ့သလားဆိုတာတွေကို မေးမြန်းပါတယ်။ စာရွက်စာတမ်းတွေ ဘယ်လိုရသလဲ ဆိုတာကို အသေးစိတ် မေးမြန်းပါတယ်” ဟု ပြောသည်။
အာဏာပိုင်များဘက်မှ ကိုတိုးအောင်ကို သက်သေအထောက်အထားများ တစုံတရာ လက်ဝယ်တွေ့ရှိခြင်း မရှိသည့်အတွက် စက်တင်ဘာကိစ္စနဲ့ ပတ်သက်ပြီး ခေါ်ယူသတိပေးသည်ကို သိရှိကြောင်း၊ ပြည်ပမီဒီယာများနှင့် ပြောဆိုခြင်းမလုပ်ရန်တို့ကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး (၂၆) ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
ကိုတိုးအောင်သည် ဒေါ်အောင်ဆန်းစုကြည့် တရားပွဲလုံခြုံရေးတာဝန် ယူပေးခဲ့သည့်အတွက် ပထမအကြိမ် အင်းစိန်တွင် အဖမ်းခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် ဒုတိအကြိမ်အဖမ်းခံရကာ ထောင်ဒဏ် (၁၃) နှစ် ချမှတ်၍ အင်းစိန်ထောင်၊ မန္တလေးထောင်တို့တွင် နေခဲ့ရသည်။
သူသည် ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီး ထပ်မံဖမ်းဆီးခြင်းများ ခံခဲ့ရကာ ကျိုက္ကဆံစစ်ကြောရေး၊ ပန်ဝါ စစ်ကြောရေးစခန်းတို့တွင် ခေါ်ယူစစ်ဆေးခြင်းများလည်း ခံခဲ့ရသည်။

Type rest of the post here

အပြည့်အစုံသို့ ...

Sunday, October 4, 2009

ပြည်သူ့ လွတ်မြောက်ရေးလှုပ်ရှားမူ့ ကွန်ယက်မှ ၂၀၁၀ ရွေးကောက်ပွဲအပေါ်သဘာထား ထုတ်ပြန်ကြေညာချက်၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

သံဃာတော်များ တတိယအကြိမ် ကံဆောင်ပွဲ စတင်ပြီ၊



၂၀၀၉ ခုနစ် ၊ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်အား ပြည်တွင်းတွင် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံမှ အောင်မြင်စွာ ကံဆောင်ဖြစ်။မြန်မာပြည်တွင်းရှိ မြို့ကြီး ၉ မြို့ရှိ သိမ်များတွင် သံဃာအဖွဲ့ချုပ်- မြန်မာနိုင်ငံ အဖွဲ့ဝင် သံဃာ ၉၉ ပါးမှ ယနေ့ မွန်းလွဲ (၃) နာရီတွင် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း သတင်း ရရှိသည်။
ထို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် နှင့် ပတ်သက်ပြီး သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ ၏ နိုင်ငံခြား ရေးရာ တာဝန်ခံ အရှင် ပါရမီခန္တီက ယနေလုပ်ဆောင်ခဲ့ တာကို ယခုလို ပြောပြပါတယ်။ ယနေ့ မွန်းလွဲ (၃) နာရီတိတိမှာ ဦးဇင်းတို့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ အဖွဲ့ဝင်တွေဟာ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ပုဂံ ၊လားရှိုး ၊ကျောက်ဆည်၊စဉ်ကိုင်၊စစ်ကိုင်းနှင့်မုံရွာ မြို့တွေမှာ ရှိတဲ့ သိမ်တွေမှာ သံဃာ (၁၁) ပါးစီနဲ့ ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ ကံဆောင် လိုက်ပါတယ်။ထိုသပိတ်မှောက် ကံဆောင်တာကို ပြင်ပမှာ ရှိတဲ့ ၊ သိမ်ထဲကို မလာနိုင်တဲ့ သံဃာတွေကလည်း စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ လက်ခံလိုက်တဲ့ အတွက် ကံမြောက်သွားပြီ ဖြစ်ကြောင်း မိန့်ကြားပါသည်။
ထိုပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုလုပ်ဖို့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ အဖွဲ့ဝင်တွေဟာ အာဏာပိုင်များ စောင့်ကြည့်နေတဲ့ ကြားထဲက လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ၊ ယနေ့လှုပ်ရှားမှုတွင် သံဃာ တစ်ပါးမှ အဖမ်းအဆီး မခံရကြောင်း နှင့် နောက်ရက်တွေ ကစလို့ စစ်အစိုးရက သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေးအထိ ဦးဇင်းတို့ လုပ်ဆောင်သွားကြမှာ ဖြစ်သည့် အတွက် လူတိုင်းလူတိုင်း အမှန်တရားဘက်က ရပ်တည်ပြီး ၀န်းရံပေးကြရန်” ဆက်လက်မိန့်ဆိုပါသည်။၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံ၌ ကျဆုံးသွားသော အာဇာနည်များကို ရည်စူး၍ ၁၉၉၀ ခုနှစ်တွင် မန္တလေးမြို့၌ လှူဒါန်းသော သံဃာ့ဒါန ဆွမ်းလောင်းပွဲကို စစ်အစိုးရ တပ်ဖွဲ့များက ပစ်ခတ်ဖြိုခွင်းရာတွင် သံဃာတော်များ ပျံလွန်တော်မူခဲ့သဖြင့် ပထမအကြိမ် သပိတ်ဆင်နွှဲ ခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့တွင် ပခုက္ကူမှ သံဃာ (၅၀၀) ကျော်က ကုန်ဈေးနှုန်း ကျဆင်းရေး၊ တိုင်းပြည်အေးချမ်းရေး တို့အတွက် မေတ္တာပို့လမ်းလျှောက်ဆန္ဒပြခဲ့ရာ နအဖစစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး သံဃာ (၃) ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက်ခဲ့သောကြောင့် သံဃာတော်များက စစ်အစိုးရကို ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ကြသည်။ယခုတတိယအကြိမ် ကံဆောင် သပိတ်သည် အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်လွှတ်ပေးရန်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ မေတ္တာပို့ ဆုတောင်းပွဲ၌ သံဃာတော်များ အား ဖမ်းဆီးသတ်ဖြတ်ထားမှုအတွက် ယခုလ ၂ ရက်နေ့ နောက်ဆုံးထား တောင်းပန်ရန် နအဖ စစ်အစိုးရအား သတိပေးထားသော်လည်း စစ်အစိုးရမှ ၀န်ချတောင်းပန်ခြင်းမရှိသည့် အတွက် တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် ကြခြင်း ဖြစ်သည်။
ထို တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို မြန်မာပြည်တွင်းတွင် တပြည်လုံး အတိုင်းအတာ နှင့် စစ်အစိုးရမှ သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေး အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
(http://www.hanthawaddy.org/2009/10/blog-post_1639.html) ။

Type rest of the post here

အပြည့်အစုံသို့ ...