Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, May 23, 2009

ထိုင်းမြန်မာနယ်စပ် မြ၀တီ တံတား၊ သောင်းရင်းမြစ်ဘေးတွင် ဒီမိုကရေစီအင်အားစုများမှ ဆန္ဒပြပွဲပြုလုပ်၊



Type your summary here
ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂအပါအ၀င် ဒီမိုကရေစီအင်အားစုများ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံသော နိုင်ငံခြားသားများ မှ “ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေး ဒို့ အရေး ” နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဒို့ အရေး” “စစ်အစိုးရ ပြုတ်ကျရေး ဒို့ အရေး ” “ ဒီမိုကရေစီ ရရှိရေး ဒို့ အရေး” ကြွေကြော်သံများ တိုင်၍ မြ၀တီတံတား ထိပ်မှ ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်းနဘေး မှ ဆန္ဒပြခဲ့ပါသည်၊ ဆန္ဒပြကြွေးကြော်သံများ ပြုလုပ်ချိန်တွင် မြ၀တီမြို့ မှ ပြည်သူလူထုမှ မြစ်ကမ်းနဘေးသို့ စုရုံးရောက်ရှိလာပြီး လာရောက်အားပေးကြောင်းတွေ့ ရှိရပါသည်၊
Type rest of the post here

အပြည့်အစုံသို့ ...

ထိုင်းမြန်မာနယ်စပ် မြ၀တီ တံတား၊ သောင်းရင်းမြစ်ဘေးတွင် ဒီမိုကရေစီအင်အားစုများမှ ဆန္ဒပြပွဲပြုလုပ်၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

Press Statement by the Security Council

“The members of the Security Council express their concern about the political impact of recent developments relating to Daw Aung San Suu Kyi.
The members of the Security Council reaffirm, in this context, their statements of 11 October 2007 and 2 May 2008 and, in this regard, reiterate the importance of the release of all political prisoners. The members of the Security Council reiterate the need for the Government of Myanmar to create the necessary conditions for a genuine dialogue with Daw Aung San Suu Kyi and all concerned parties and ethnic groups in order to achieve an inclusive national reconciliation with the support of the United Nations.
The members of the Security Council affirm their commitment to the sovereignty and territorial integrity of Myanmar and, in that context, reiterate that the future of Myanmar lies in the hands of all of its
people.”

အပြည့်အစုံသို့ ...

အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အတွက် ရှေ့ တလှမ်းတိုးကြပါစို့ ၊

fbf12


အပြည့်အစုံသို့ ...

Wednesday, May 20, 2009

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်ထောင်တွင်း ရုံးထုတ်စစ်ဆေးမူ့ အပေါ် သံတမန်တချို နှင့် သတင်းထောက်တချို့ဝင်ရောက်ကြည့်ရွှ၊


ဒေါ်အောင်ဆန်းစုကြည်က သံတမန်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည် ဟု ယနေ့နေ့လယ် တရားခွင်သို့ တက်ရောက်ခွင့်ရသည့် သတင်းထောက်များက ဆိုသည်။
“ဒီကိုလာတဲ့အတွက်ကော အားပေးတဲ့အတွက်ပါ ကျေးဇူးအများကြီးတင်ပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က သံတမန်များကို ပြောကြားခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စွဲချက်တင်ခံရသည့် လေးဦးကိုရုံးတင်စစ်ဆေးသည့် တတိယ မြောက်နေ့ ဖြစ်သည့် ယနေ့နေ့လယ်ပိုင်း စစ်ဆေးမှုတွင် သံတမန် ၃၀ နှင့် သတင်းထောက် ၁၀ ဦးတို့ကို တက်ရောက်ခွင့် ပြုခဲ့သည်ဟု သိရသည်။
မေ ၁၈ ရက်၊ ၁၉ ရက် နှစ်ရက်နှင့် ယနေ့နံနက်ပိုင်းတပိုင်းကို အများပြည်သူကြားနာခွင့် မရှိသော တံခါးပိတ်စစ်ဆေးသည့် တရားခွင်တွင် ရုံးတင်စစ်ဆေး ခဲ့ပြီး ၂၀ ရက်နေ့ နေ့လယ်ပိုင်း စစ်ဆေးမှုတွင်မှ ယခုကဲ့သို့ သံတမန်နှင့် သတင်းထောက်များကို တက်ရောက်ခွင့် ပြုလိုက်သည့်အတွက် အများက အံ့အားသင့်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်က သံတမန်များကို တယောက်ချင်းစီ တွေ့ခွင့်မရသော်လည်း ယခုထက် ပိုမို ကောင်းမွန်သောနေ့တွင် တွေ့ဆုံခွင့်ရရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်ဟု တရားခွင်သို့ တက်ရောက်ခွင့် ရရှိသည့် AFP သတင်းစာမျက်နှာတွင် ဆက်လက်ရေးသားထားသည်။
“တယောက်ချင်းစီ တွေ့ခွင့်ရဖို့ ကျမတောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရတာကို စိတ်မကောင်းပါဘူး” ဟု ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်က သံတမန်များကို ပြောဆိုခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူ သံအမတ်၊ ထိုင်း သံတမန်၊ ရုရှားသံတမန်တို့နှင့် တွေ့ခွင့်ပေးသည်ဟု တက်ရောက်ခွင့်ရသူ နိုင်ငံခြားသတင်းဌာနတခုမှ သတင်းထောက် တဦးက ပြောပြ သည်။
မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်နိုင်ငံသံအမတ်ကြီး မာ့ခ်ကန်းနင်းက “သူ့ကိုကြည့်ရတာ အားအင်တွေပြည့်ဝပြီး တည်တည်ကြည်ကြည်နဲ့ စိတ်ဓာတ်ခိုင်မာတဲ့ပုံပေါ်နေတယ်။ သူ့ ရှေ့နေတွေအတွက်တော့ အားရှိစရာပဲ” ဟု BBC သတင်းဌာနကို ပြောကြားခဲ့သည်။
တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပန်းရောင်အင်္ကျီ၊ အနီရောင်တွင် အဝါဖောက်ထားသော ယော လချည်တို့ဖြင့် ကျန်းမာရေး ကောင်းမွန်သည့် ပုံစံမြင်တွေ့ရကြောင်း တက်ရောက်ခွင့်ရရှိသည့် ပြည်တွင်း ဂျာနယ် သတင်းထောက်တဦးက ပြောပြသည်။
“ဒေါ်အောင်ဆန်းစုကြည်ပုံစံက ပုံမှန် တည်တည်ငြိမ်ငြိမ်ပဲ။ အသားအရေကလည်း ကြည်ကြည် လင်လင်နဲ့ ပြုံးရွှင်နေတာတွေ့ရတယ်။ ရှေ့ဆုံးတန်းက သံတမန်တွေကို နှုတ်ဆက်တဲ့အနေနဲ့ တယောက်ချင်းစီကို ပြုံးပြတယ်” ဟု သူကပြောသည်။
ယမန်နေ့က ကြားနာစစ်ဆေးခဲ့သည့် အများပြည်သူကြားနာခွင့်မရှိသော တံခါးပိတ် တရားခွင်တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်ဟန်ရှိသော်လည်း အနည်းငယ်စိတ်တိုနေဟန် ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှေ့နေ ဦးကြည်ဝင်းက သုံးသပ်သည်။
တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသူများကို နောက်မှီပါသော ထိုင်ခုံများတွင် တလံ အကွာစီခန့် ချဲကာ တရားသူကြီးနှင့် မျက်နှာချင်းဆိုင် ထိုင်ခိုင်းထားကြောင်း ဦးကြည်ဝင်းက ဆက်ပြောပြသည်။
ယနေ့ တရားလိုပြသက်သေတဦးဖြစ်သော ရဲအရာရှိတဦးကို စစ်ဆေးရာ ၎င်းက ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်း ဝင်ရောက်ခဲ့သည်ဆိုသော မစ္စတာယက်ထောက နေအိမ်ဝင်းအတွင်း အစ္စလာမ် ဘာသာဝင် အမျိုးသမီး ဝတ်စုံ ၂ စုံနှင့် စာအုပ် ၂ အုပ်ချန်ထားခဲ့သည်ဟု အစစ်ခံခဲ့ကြောင်း သိရသည်။ ထိုဝတ်စုံ ၂ စုံကို တရားခွင်တွင် အမျိုးသမီး ၂ ဦးက ဝတ်ပြထားသည်ဟု တက်ရောက်ခဲ့သူ တဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ကြားနာစစ်ဆေးသော ယနေ့ တရားခွင်တွင် သံတမန်များ၊ နိုင်ငံခြား သတင်းဌာနများနှင့် ပြည်တွင်းမီဒီယာသတင်းထောက်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအပါအဝင် လူ ၇၀ ခန့် တက်ရောက်ခဲ့ကြောင်း ကြားသိရသည်။
တရားခွင်သို့ နိုင်ငံခြားသတင်းဌာနများကို မဲနှိုက်ကာ မဲပေါက်သည့် ဌာန ၅ ခုကိုတက်ရောက်ခွင့်ပြုခဲ့ပြီး မြန်မာပုဂ္ဂလိကသတင်း မီဒီယာ ၅ ခုကိုမူ စာပေစိစစ်ရေးက ရွေးချယ်စေလွှတ်ခဲ့ကြောင်း ကြားသိရသည်။ တက်ရောက်ခွင့်ရသော ပုဂ္ဂလိကမီဒီယာထဲမှ အများစုမှာ ပြန်ကြားရေးဝန်ကြီးနှင့် နီးစပ်သော မီဒီယာများ ဖြစ်သည်။
ထို့ပြင် အစိုးရမီဒီယာများအဖြစ် မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာသတင်းစဉ်တို့မှ သတင်းထောက်များ တက်ရောက်ခဲ့ပြီး ၎င်း မီဒီယာ ၂ ခုက တရားခွင်အတွင်း ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးခဲ့သော်လည်း ကျန်မီဒီယာနှင့် သတင်းဌာနများမှာ ကင်မရာများ ယူဆောင်ခွင့်မရခဲ့ကြောင်း ကြားသိရသည်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်းသို့ မစ္စတာ ဂျွန်ဝီလျံယက်ထော ဝင်ရောက်ခဲ့သည်ဟု စစ်အစိုးရက စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပြောင်းရွှေ့၍ ရုံးတင်စစ်ဆေးခဲ့သည့်အတွက် အာဆီယံအပါအဝင် နိုင်ငံ တကာအသိုင်းအဝန်းနှင့် နိုဗဲလ်ဆုရှင်များက ဝိုင်းဝန်းပြစ်တင်ခဲ့ကြသည်။
မေလ ၁၉ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို “တရားခံ” ဟု ခေါ်ဝေါ် သုံးစွဲ ထားသည်ကိုလည်း တွေ့ရသည်။
အင်္ဂလန်နိုင်ငံသံအမတ်ကြီး မစ္စတာ မာ့ခ်ကန်းနင်းက “ဒီဇာတ်လမ်း ဘယ်လိုအဆုံးသတ်မယ်ဆိုတဲ့ ဇာတ်ညွှန်းက ရေးထားပြီးသားပါ။ ထွက်လာတဲ့အဖြေကတော့ ကောင်းမှာ မဟုတ်ဘူး” ဟု BBC သတင်း ဌာနကို ပြောကြားခဲ့သည်။

အပြည့်အစုံသို့ ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံ ဥက္ကဌမှ တောင်းဆို၊

ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး လွှတ်ပေးရန် နအဖစစ်အစိုးရကို အာဆီယံအဖွဲ့ ဥက္ကဌ တာဝန်ကို ယူထားသော ထိုင်းနိုင်ငံက ယမန်နေ့တွင် တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ရန်ကုန်အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ကြားနာစစ်ဆေးသည့် ဒုတိယနေ့တွင် ယခုကဲ့သို့ အာဆီယံ ဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ယင်းကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေး ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာပြီး ဂုဏ်သိက္ခာနှင့်အညီ ပြုမူဆက်ဆံရန်၊ ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်သောကြောင့် ၎င်းအား ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးရန် တို့ကို တောင်းဆိုထားသည်။
ထို့အပြင် နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာအစိုးရ၏ ဂုဏ်သိက္ခာနှင့် မြန်မာနိုင်ငံအပေါ် အများယုံကြည်မှုကို ထိခိုက်နိုင်သည့် အခြေအနေကို ရောက်နေပြီဟု ကြည့်မြင်နေကြကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိ သည်။
သို့သော်လည်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် ရပ်တည်ချက်ကို ဆက်လက်ကျင့်သုံးသွားမည်ဟု ယမန်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

အပြည့်အစုံသို့ ...

NLD မှ ထုတ်ပြန်ကြေညာချက်၊




အပြည့်အစုံသို့ ...

ဒေါ်အောင်ဆန်းစုကြည်အား တရားဥပဒေမဲ့ ဖမ်းဆီးခြင်းအပေါ် ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများမှ ဆန္ဒပြနေစဉ်၊




အပြည့်အစုံသို့ ...

Tuesday, May 19, 2009

ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးထားမူ့ အပေါ် ထိုင်းမြန်မာနယ်စပ်ရောက်အင်အားစုများမှ ဆန္ခပြနေပုံ၊




ထိုင်းမြန်မာနယ်စပ်ရှိ ဒီမိုကရေစိအင်အားစုများမှ ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုမှ မတ၇ားဖမ်းဆီးထားမူ့ အပေါ် ဆန့် ကျင်ရှုတ်ချ
ထုတ်ဖော်ခြင်းအခမ်းအနားအား ပြုလုပ်ခဲ့ပါသည်။


အပြည့်အစုံသို့ ...

ဦးအေးသာအောင် (အထွေထွေ အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားပြု ကော်မတီ - စီအာပီပီ) ၏ ပြောကြားချက်

“ဒေါ်စုနဲ့ ပတ်သက်ပြီး ရှင်းပါတယ်။ တကယ်တော့ တိုင်းပြည် အနာဂတ်ကို ကောင်းအောင်၊ ဖွံ့ဖြိုအောင်၊ တိုးတက်အောင် တည်ဆောက်မယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေးက ရအောင်ယူရမယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာ အန်အယ်ဒီ၊ တပ်မတော်၊ ဒီမိုကရက်တစ် အင်းအားစု၊ တိုင်းရင်းသား အင်အားစုတွေ စည်းလုံး ညီညွတ်မှု လိုတယ်။ အဲဒီလိုနဲ့ တည်ဆောက်ရပါတယ်။ ပထမဆုံး ယုံကြည်မှုကို တည်ဆောက်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ တခြားအကျဉ်းသားတွေကို လွှတ်ပြီးတော့ ပါဝင် တွေ့ဆုံခွင့်ရရမယ်။ အခုတော့ ပိုဆိုးအောင် မဆိုင်တဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ပေးဖို့ ထောင်ချဖို့ ရည်ရွယ်တာဟာ သူတို့ရဲ့ အခြေခံ ဥပဒေကို တဘက်သတ်သွားမယ်။ နိုင်ငံတော်ကို ဘယ်သူသေသေ ငတေမာရင် ပြီးရော၊ ဆက်လက် အာဏာကို ရယူထားဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်တယ်လို့ မြင်လာတယ်။”
“အခု ဒေါ်စုကို ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပိုဆိုးလာနိုင်မယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် အမျိုသား ညီညွတ်ရေးကလည်း ဆိုးလာမယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကလည်း ဆိုးတထက် ဆိုးလာမယ်။ အနာဂတ် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုပြီးတော့ ဆိုးလာမယ့် အနေအထား ရောက်လာနိုင်မယ်။”
“ရွေးကောက်ပွဲက ကဏ္ဍတခုပါ။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီနိုင်ငံကို သွားတဲ့အခါမှာ နည်းမျိုးစုံနဲ့ အမျိုးမျိုး ချုပ်နှောင်ထားပြီးတော့ သွားလို့ မရပါဘူး။ ဒီမိုကရေစီနိုင်ငံကို ထူထောင် သွားတဲ့အခါမှာ ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံ ရှိရမယ်။ အဲဒီဖွဲ့စည်းပုံကို အခြေခံပြီး ကျင်းပတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ရမယ်။”
“၂ဝဝ၈ခုဖွဲ့စည်းပုံဟာ အမျိုးမျိုးကန့်သတ် ချုပ်ချယ်ထားပြီးတော့ ဒီမိုကရေစီ အခြေခံတဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံ ဖြစ်တဲ့အတွက် ၂ဝ၁ဝမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲသည် ဘယ်လိုမှ အနာဂတ် မြန်မာနိုင်ငံအတွက် ရည်မှန်းထားလို့ မရနိုင်ပါဘူး။”
“ပြည်သူလူထုကတော့ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ လုပ်ပုံလုပ်နည်းက တရားဥပဒေနဲ့လည်း မညီဘူး။ ပြောင်ပြောင်တင်းတင်းကြီး လုပ်ချင်တာလုပ်နေတာပဲ။ ရှေ့မှာ ပြည်သူတွေ၊ ရဟန်းသံဃာ တွေကို အမျိုးမျိုး ရက်ရက်စက်စက် လုပ်ခဲ့တယ်။ ကြိမ်မီးအုံးသလို ခံစားနေရတာပေါ့။”

အပြည့်အစုံသို့ ...

Sunday, May 17, 2009

ကိုမိုးသီးဇွန်မှ ပြည်သူလူထုသို့ ပန်ကြားချက်၊

လက်တဆုတ်စာစစ်ဖိနပ်အောက် အနှစ်(၂၀)လုံးလုံး ပြားပြားဝပ်ခေါင်းငုံ့ခံနေခဲ့ရသော ပြည်သူလူထုကြီးခင်ဗျား-ဒီကနေ့ န.အ.ဖ ဟာ၊ အကြီးမားဆုံးမှားယွင်းမှုကြီးကိုကျူးလွန်ခဲ့ပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပြတ်သား၊ရဲရင့်တဲ့ ရွှေဂုံတိုင်ကြေညာချက်နဲ့ ရပ်တည်မှုကြောင့်၊ အာဏာရူးကြီး ဗိုလ်ချုပ်သန်းရွှေ ကြံရာမရဖြစ်ပြီး၊ နောက်ဆုံးလုပ်မိလုပ်ရာလုပ်ကြံဖန်တီးခဲ့မှုနဲ့၊ သူတို့ကို တကမ္ဘာလုံးကနေ၊ ဘယ်တုန်း ကနဲ့မှမတူတဲ့၊ ဖိအားတွေ၊ ရှုံ့ချအပြစ်တင်မှုတွေနဲ့ အကြီးအကျယ်ရင်ဆိုင်နေရပါပြီ။ အဲဒီလို အခြေ အနေမှာ၊ ပြည်ပရောက်အင်အားစုတွေအနေနဲ့၊ စုစည်းမှုတွေအမိအရဆောက်တည်ပြီး၊ ဗိုလ်ချုပ်သန်းရွှေ နဲ့ အ ပေါင်းပါတစုအတွက်၊ အသင့်တော်ဆုံးနေရာဖြစ်တဲ့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ( ICC ) သို့ အရောက် ပို့ဆောင်ရေးနဲ့ နိုင်ငံတကာဖိအားကို အမြင့်မားဆုံးမြှင့်တင်သွားရမှာဖြစ်ပါတယ်။ န.အ.ဖ ရာဇဝတ် ကောင်တွေ နိုင်ငံခြားကိုခြေချတာနဲ့၊ ဖမ်းဆွဲနိုင်အောင် တညီတညွတ်တည်းလုပ်သွားရမှာဖြစ်ပါတယ်။ တခုတည်းသောရည် မှန်းချက်ဖြစ်တဲ့၊ စစ်အာဏာရှင်စနစ်အလုံးစုံဖျက်သိမ်းရေးအတွက်၊ အားလုံးတသံတည်း ထွက်မည့် လုပ်ငန်းစဉ် တွေနဲ့အတူ၊ ပြည်တွင်းအင်အားစုတွေအတွက်၊ လုံလောက်တဲ့ရံပုံငွေတွေကို စုဆောင်း ထူထောင်သွားရပါမယ်။
တချိန်တည်းမှာ၊ပြည်သူတရပ်လုံးအနေနဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်၊ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်များ၊ သံဃာတော်များနဲ့ ကျောင်းသားခေါင်းဆောင်များရဲ့ မှန်ကန်တိကျပြတ်သားတဲ့ ဦး ဆောင်မှုနဲ့အတူ၊ အားလုံးတပြိုင်နက်တည်းရုန်းထကြရမယ့်အချိန်၊ အမျိုးသားလွတ်မြောက်ရေးတော်လှန်ရေး ကြီးတရပ်ကို တပြိုင်နက်တည်းဆင်နွှဲကြရမယ့်အချိန်ဖြစ်ပါတယ်။ အခြေအနေတွေဆိုတာ အချိန်မရွေးပြောင်းလဲ သွားနိုင်သလို၊ စစ်အာဏာရှင်စနစ်ဆိုတာဟာလည်း နေ့ခြင်းညခြင်းပြိုလဲသွားနိုင်တယ်ဆိုတာ ကမ္ဘာ့ဖြစ်စဉ်များ ကသက်သေထူနေပါတယ်။ တကမ္ဘာလုံးရဲ့ အာရုံစိုက်မှုနဲ့၊ န.အ.ဖ ရဲ့အကြပ် အတည်းမှာ၊ မိမိရရ၊ အားကောင်း ကောင်းနဲ့သာတပြိုင်တည်းရုံးထကြမယ်ဆိုရင်တော့၊ စစ်အာဏာရှင်စနစ်ဆိုး ကြီးပြိုလဲသွားမယ်လို့ ယုံယုံကြည် ကြည် နဲ့ ကြိုးစားကြရမယ့်အချိန်ကောင်းဖြစ်ပါတယ်။
ဒေါ်စုလွတ်မြောက်ရေးမှသည်၊ အာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းရေးဆီသို့ ရရာလက်နက်ကိုင်စွဲပြီး၊အနီးကပ်ဆုံးရန်သူကို၊တဦးခြင်းစီ စတင်တော်လှန်ကြ ခြင်းဖြင့်၊ အာဏာရှင်လက်အောက်က၊ လွတ်ကိုလွတ်မြောက်ရမည် . . . .
Strategy (1) စစ်အုပ်ချုပ်ရေးယန္တရားကိုလုံးဝပြိုလဲသွားဘို့လိုတယ်။အဲဒီအတွက်၊ န.အ.ဖ ရဲ့ အုပ်ချုပ်ရေးနဲ့ ဖိနှိပ်ရေး ယန္တရား(၂)ခုကြားမှာ၊ ခါးလယ်ကနေပြီးဆက်စပ်ပေးနေတဲ့၊ မ.ရ.က၊ ရ.ရ.က နဲ့ ကြံ့ဖွတ် ဥက္ကဌ၊ အတွင်းရေးမှုး တွေကို၊ပထမဦးစားပေးရှင်းရမှာဖြစ်တယ်။ ဒါမှအထက်ကအမိန့်ကို၊ အောက်ကနေအကောင်အ ထည်ဖော်လို့မရတော့ဘူး။(ထိပ်တိုက်ရင်ဆိုင်မှုကိုလုံးဝရှောင်ပါ၊ပြောက်ကြားလှုပ်ရှားပါ။လုံခြုံရေးထူထပ်တဲ့နေရာ ကိုလုံးဝရှောင်ပါ။မထင်မှတ်တဲ့၊လုံခြုံရေးပါးတဲ့နေရာတွေကိုပဲရွေးခြယ်လှုပ်ရှားကြပါ။)
မိုးသီးဇွန်
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် - မေလ (၁၈) ရက်၊ ၂၀၀၉ခုနှစ်

အပြည့်အစုံသို့ ...

လူထုတိုက်ပွဲနည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကြေညာ၊

Statement by ABMA 88G ABFSU


အပြည့်အစုံသို့ ...

နအဖစစ်အုပ်စုမှ ဒေါ်အောင်ဆန်းစုကြည်အား ကြိုတင်ကြံစည်၍ တရားစွဲဆိုရန်လုပ်ဆောင်မူ့ အား ပြင်းထန်စွာရှုံချကြောင်းကြေညာချက်၊


Type your summary here

အပြည့်အစုံသို့ ...