Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, May 20, 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံ ဥက္ကဌမှ တောင်းဆို၊

ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး လွှတ်ပေးရန် နအဖစစ်အစိုးရကို အာဆီယံအဖွဲ့ ဥက္ကဌ တာဝန်ကို ယူထားသော ထိုင်းနိုင်ငံက ယမန်နေ့တွင် တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ရန်ကုန်အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ကြားနာစစ်ဆေးသည့် ဒုတိယနေ့တွင် ယခုကဲ့သို့ အာဆီယံ ဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ယင်းကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေး ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာပြီး ဂုဏ်သိက္ခာနှင့်အညီ ပြုမူဆက်ဆံရန်၊ ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်သောကြောင့် ၎င်းအား ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးရန် တို့ကို တောင်းဆိုထားသည်။
ထို့အပြင် နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာအစိုးရ၏ ဂုဏ်သိက္ခာနှင့် မြန်မာနိုင်ငံအပေါ် အများယုံကြည်မှုကို ထိခိုက်နိုင်သည့် အခြေအနေကို ရောက်နေပြီဟု ကြည့်မြင်နေကြကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိ သည်။
သို့သော်လည်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် ရပ်တည်ချက်ကို ဆက်လက်ကျင့်သုံးသွားမည်ဟု ယမန်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

No comments: