Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, December 4, 2008

နိုင်ငံရေးအကျဉ်းသားများအား ၀ိုင်းဝန်းကူညီပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှကြေညာ၊


အပြည့်အစုံသို့ ...

ထောင် (မင်းရဲကျော်စွာ)


အပြည့်အစုံသို့ ...

ကိုဇာဂနာအပါအ၀င် နိုင်ငံရေးအကျဉ်းသားခြောက်ဦးအား ထောင်ပြောင်းရွှေ့ ၊


နှစ်ရှည် ထောင်ဒဏ် ချမှတ်ထားသော လူရွှင်တော် ဇာဂနာ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ကို ယနေ့ ထောင်ပြောင်းရွှေ့ လိုက်သည်၊
ထောင်ဒဏ် ၅၉ နှစ် ချမှတ် ခံထားရသူ လူရွှင်တော် ဇာဂနာကို ကချင်ပြည်နယ် မြစ်ကြီးနား ထောင်၊ အမူတွဲများ ဖြစ်သည့် ထောင်ဒဏ် ၁၉ နှစ်ချမှတ် ခံထားရသူ ကိုဇော်သက်ထွေးအား ရှမ်းပြည်နယ် တောင်ကြီး ထောင်၊ ထောင်ဒဏ်၂၉နှစ် ချမှတ်ခံရသူ ကိုတင်မောင်အေးကို ကရင်ပြည်နယ် ဘားအံ ထောင်၊ ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံရသူ ကိုသန့်ဇင်အောင်အား မြင်းခြံထောင်သို့ ယနေ့ အာဏာပိုင်များက ပြောင်းရွေ့ လိုက်ကြောင်း ကိုဇာဂနာ၏ မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးက ပြောသည်။
အသက် ၈၄ နှစ်ရှိ ဒေါ်ကြည်ဦးက“လူကြီးမိဘတွေက ဘယ်လိုမှစိတ်မချမ်းသာ တော့ဘူးပေါ့၊ သူ့အဖေက လည်း တော်တော်စိတ်မကောင်း ဖြစ်နေတယ်၊ အခုပို့တော့လည်း တရားဝင်အကြောင်းမကြားဘူး၊ ဥပဒေမှ မရှိဘဲ ၊ လုပ်ချင်ရာလုပ်နေတာကိုး၊ ဥပဒေမရှိဘဲလုပ်နေတာက ကိုယ့်တယောက်တည်းတော့ မဟုတ်ဘဲလေ၊ အများနဲ့ကို လုပ်နေတာဆိုတော့ ဒီလို နဲ့ပဲ စိတ်ဖြေရတာပေါ့” ဟု ဧရာဝတီကိုပြောသည်။
ကိုဇာဂနာနှင့်ပတ်သက်ပြီး “သူကပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့ လူပဲလေ၊ သူက ဘဝကိုအပျော်စိတ်နဲ့ပဲ နေတာ ကိုး ၊ သူကဒီလမ်းကို လျောက်တာကိုး၊ ဒီလမ်းကိုလျောက်တော့ ဒီလိုဟာမျိုး တွေနဲ့ကြုံရမှာပဲလေ၊ ဘုန်းကြီး တောင်အရိုက်ခံရတဲ့ ခေတ် ၊ ဘယ်သူ့ကိုအားကိုးရမှန်းမသိတဲ့ခေတ်ဖြစ်နေတယ်” ဟုလည်း ဒေါ်ကြည်ဦးက ပြောသည်။
နာဂစ်ဆိုင်ကလုန်း လေဘေးကယ်ဆယ်ရေးလုပ်ငန်းများကိုအတူလုပ်ကိုင်ခဲ့ကြသူများဖြစ်သော အဆိုပါကို ဇာဂနာ နှင့် ကိုဇော်သက်ထွေးတို့သည် ၎င်းတို့ကိုပုဒ်မ ၅၀၅(ခ)၊ ၁၇/၁ စသည့်ပုဒ်မ များအပါအဝင် ပုဒ်မ ၇ ခုဖြင့် စစ်အစိုးရအာဏာပိုင်များက တရားစွဲထောင်ချခဲ့ခြင်းဖြစ်သည်။
ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းတွင် အာဏာပိုင်များက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်၌ ဖမ်းဆီးခဲ့ပြီး ကိုဇော်သက်ထွေးကိုမူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့တွင်ဖမ်းဆီးခဲ့ သည်။
ယင်း ကိုဇာဂနာနှင့် မတွေ့ရသည်မှာ ၆ လ ခန့် ရှိပြီဖြစ်ကြောင်းနှင့် ယခု ပြောင်းရွှေ့လိုက်သည့် မြစ်ကြီးနား အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း ဒေါ်ကြည်ဦးက ပြောသည်။
“ဥပဒေ မရှိတဲ့ တိုင်းပြည်မှာ ဘာမှပြောလို့ဆိုလို့မရပါဘူး၊ တနေ့ကြရင်တော့ သူတို့အတွက်လာဦးမှာပါ၊ အခုပို့တဲ့ နေရာတွေက အေးတဲ့နေရာတွေဆိုတော့ မတတ်နိုင်တဲ့ သူတွေကို အနွေးထည်လှူမယ်” ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW)မှ ကိုရန်နိုင်သူ အား ရခိုင်ပြည်နယ် ကျောက်ဖြူ ထောင် နှင့် ကိုဝေလွင်မျိုး ကို ရှမ်းပြည်နယ် မိုင်းဆတ် ထောင်များသို့ရွှေ့ပြောင်းလိုက်သည်၊

အပြည့်အစုံသို့ ...

ကမ္ဘာ့ နိုင်ငံခေါင်းဆောင်ဟောင်း (၁၁၂) ဦးကနေ ဘန်ကီမွန်းကို မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက်ဆောင်ရွက်ဖို့  တောင်းဆို။



Press Release Letter


အပြည့်အစုံသို့ ...

Wednesday, December 3, 2008

Demonstrations in Washington DC (22/11/2008)




အပြည့်အစုံသို့ ...

Global Call to Action against Burmese Military Regime

Condemn Burmese Military Regime for human rights violations in Burma
'Dignity and Justice for all of us'
On 10th December, 1948, the General Assembly of the United Nations proclaimed the Universal Declaration of Human Rights as a common standard of achievement for all peoples and all nations that every individual and every organ of society shall strive to promote to respect for these rights and progressive measures, national and international to secure their universal and effective recognition and observance, both among the peoples of Member States themselves and among the peoples of territories under their jurisdiction. Burma is a member of the United Nations and voted in favor of the Universal Declaration of Human Rights in 1948.
However, Gross Human Rights Violations, including forced displacement, forced labour, attacked by soldiers on civilians, destruction or theft of food supplies, murder, torture, rape and political imprisonment have been widespread in Burma. Freedom of expression and Freedom of Association are non-existence. The right to life, liberty and security for Burmese citizens are denied. People of Burma have been subjected to arbitrary arrest, detention and exile. In Burma, human rights violations are committed on a daily basis by ruling military regime.
Therefore, we call upon the international community and overseas Burmese people around the world to a global day action against the military regime in Burma on 10th December, 2008. Demonstrations and a number of activities will take place in different countries on that day. We would like to encourage everyone to join with us to condemn Burmese military regime for human rights violations in Burma.
“Add your voice to a call for Free Burma”
10D Campaign
www.globalactionforburma.blogspot.com
(10 D campaign is a results-oriented coalition dedicated to highlight human rights violations in Burma on Human Rights Day)
A number of activities will take place in UK, USA, Japan, Thailand, Singapore, India, and Canada. Please contact the following persons for detailed information.
Mr. Myo Thein (UK), Tel: +44 208 493 9137, Email: myothein19@gmail.com
Mr. Yin Aye (USA), Tel: + 1 301 905 7591, Email: yindbso@gmail.com
Mr. Ko Ko Aung (Japan), Email: kokoaung_dfbjp@yahoo.com
Mr. Yin Htwe (Thailand), Email: yinhtway@gmail.com
Mr. Soe Htun (Singapore), Email: lunlunn@gmail.com
Mr. Yaung Ni (India), Email: yaungni800@gmail.com
Mr. Si Thu (Canada), Email: oneloveoneburma@gmail.com
Please share your information if you have any activities in other countries by sending email to globalactionforburma@gmail.com
Posted by Free Burma federation

အပြည့်အစုံသို့ ...

Tuesday, December 2, 2008

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်အားဖွဲ့ စည်း၊ (Free Burma Federation)

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် (Free Burma Federation) ကို အောက်ပါ
ဦးတည်ချက်သုံးရပ်ဖြင့် ဖွဲ့စည်းသည်။ ယင်းတို့မှာ-
(၁) စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်းရေး၊
(၂) စစ်မှန်သော ဒီမိုကရေစီ စနစ် ရှင်သန်ပေါ်ထွန်းရေး၊
(၃) အမျိုးသား တန်းတူညီမျှရေး၊ သွေးစည်းညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး
စသည်တို့ဖြစ်သည်။
အဖွဲ့ချုပ်၏ ရေတို၊ ရေရှည် လုပ်ငန်းစဉ်များကို၊ ဗဟိုနိုင်ငံရေး ဦးဆောင်ကော်မတီ မှ
လက်ရှိ ဖြစ်ပေါ်နေသော ပြည်တွင်း၊ ပြည်ပနိုင်ငံရေး နှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေတို့
အပေါ်တွင် စနစ်တကျ သုံးသပ်ကာ၊ ကျစ်လျစ်၊ ခိုင်မာ၊ တိကျ သော ဆုံးဖြတ်ချက်များကို၊
ချမှတ် ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် (Free Burma Federation) ကို အောက်ပါ
ဦးတည်ချက်သုံးရပ်ဖြင့် ဖွဲ့စည်းသည်။ ယင်းတို့မှာ-
(၁) စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်းရေး၊
(၂) စစ်မှန်သော ဒီမိုကရေစီ စနစ် ရှင်သန်ပေါ်ထွန်းရေး၊
(၃) အမျိုးသား တန်းတူညီမျှရေး၊ သွေးစည်းညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး
စသည်တို့ဖြစ်သည်။
အဖွဲ့ချုပ်၏ ရေတို၊ ရေရှည် လုပ်ငန်းစဉ်များကို၊ ဗဟိုနိုင်ငံရေး ဦးဆောင်ကော်မတီ မှ
လက်ရှိ ဖြစ်ပေါ်နေသော ပြည်တွင်း၊ ပြည်ပနိုင်ငံရေး နှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေတို့
အပေါ်တွင် စနစ်တကျ သုံးသပ်ကာ၊ ကျစ်လျစ်၊ ခိုင်မာ၊ တိကျ သော ဆုံးဖြတ်ချက်များကို၊
ချမှတ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဗဟိုနိုင်ငံရေး ဦးဆောင်ကော်မတီအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။
၁။ ကိုမိုးသီးဇွန် (ဥက္ကဌ)
၂။ ကိုအောင်မျိုးတင့် (ဒုဥက္ကဌ- ၁)
၃။ ကိုရွှေစင် (ဒုဥက္ကဌ- ၂)
၎။ ကိုရင်အေး (အထွေထွေအတွင်းရေးမှူး)
၅။ မခင်မမမျိုး (တွဲဖက်အတွင်းရေးမှူး-၁)
၆။ ကိုအေးမင်း (တွဲဖက်အတွင်းရေးမှူး-၂)
၇။ ကိုမင်းမော် (CEC)
၈။ ကိုပါကြီး (CEC)
၉။ ကိုယဉ်ထွေး (CEC)
၁၀။ ကိုတောသားကြီး (CEC)
၁၁။ကိုကျော်ကျော်စိုး (CEC)
၁၂။ ကိုစိုးထွန်း (CEC)
၁၃။ ကိုခင်မောင်ဝင်း (CEC)
၁၄။ ကိုနစ်နေမန်း (CEC)
၁၅။ ကိုမြတ်စိုး (CEC)
၁၆။ ကိုကိုကိုအောင် (CEC)
၁၇။ ကိုရောင်နီ (CC)
၁၈။ ကိုကျော်ကျော် (CC)
၁၉။ ကိုအောင်ဇေယျ (CC)
၂၀။ ကိုစည်သူ (CC)
အထက်ပါ ဗဟိုနိုင်ငံရေးဦးဆောင်ကော်မတီဝင်များမှ သင့်လျော်သော လုပ်ငန်းစဉ်ရေးရာကော်မတီများ ဖွဲ့စည်း၍ တော်လှန်ရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်သွားမည်ဖြစ်သည်။

အပြည့်အစုံသို့ ...

ဘာကြောင့် ရွှေပြည်တော် မျှော်တိုင်းဝေး (မြတ်စိုး)

နောင်တက်လာမဲ့ အမေရိကန် သမ္မတသစ် အိုဗားမား ကတော့ သူ၏ အစိုးရ အဖွဲ့ရဲ့ အဓိကနေရာတွေ နှင့် နိုင်ငံ၏ အဆင့်မြင့် လုံခြုံရေး ကောင်စီကို ယှဉ်ပြိုင်ဘက် အတိုက်အခံ များနှင့် ဖွဲ့စည်း လိုက်ပါပြီ။
ယှဉ်ပြိုင်ဘက် အတိုက်အခံ နယူးယောက် ဆီနိတ် အမတ် ဟေလာရီကို နိုင်ငံခြားရေးဝန်ကြီး နဲ့ သမ္မတ ဂျော့ခ်ျဘုရှ် ၏ လက်ရှိ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်ပြီး တာဝန် ထမ်းဆောင်ဖို့ နံမည်တင်သွင်းခဲ့တယ်။ သူတို့ နှစ်ဦးစလုံးကလည်း လက်ခံခဲ့ တယ်။ ရီပါပလက်ကင်ပါတီ သမ္မတလောင်းအဖြစ်ဝင်ရွေးခဲ့တဲ့ ဆီနိတ်တာဂျွန်မက်ကိန်း နဲ့ နီးစပ်သူ အငြိမ်းစား မရိန်းတပ် ဗိုလ်ချုပ်ကြီး ဂျိမ်းဂျုံး ကိုတော့ သမ္မတအိမ်တော်၏ အမျိုးသား လုံခြုံရေးရေးရာ အဆင့်မြင့် အကြံပေး အရာရှိ၊ အရစ်ဆိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်နက်နပါလိုတားနိုး ကို ပြည်တွင်း လုံခြုံရေးရာဝန်ကြီး နှင့် တရားရေးရာ အဆင့်မြင့်အရာရှိဟောင်း အဲရစ်ဟိုဒါ ကို ပြည်ထဲရေးဝန်ကြီး၊ စူဆန်ရိုက်စ် ကိုတော့ အမေရိကန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ဖြစ် အသီးသီးခန့်အပ်ဖို့ ကြေညာခဲ့တယ်။

နောင်တက်လာမဲ့ အမေရိကန် သမ္မတသစ် အိုဗားမား ကတော့ သူ၏ အစိုးရ အဖွဲ့ရဲ့ အဓိကနေရာတွေ နှင့် နိုင်ငံ၏ အဆင့်မြင့် လုံခြုံရေး ကောင်စီကို ယှဉ်ပြိုင်ဘက် အတိုက်အခံ များနှင့် ဖွဲ့စည်း လိုက်ပါပြီ။
ယှဉ်ပြိုင်ဘက် အတိုက်အခံ နယူးယောက် ဆီနိတ် အမတ် ဟေလာရီကို နိုင်ငံခြားရေးဝန်ကြီး နဲ့ သမ္မတ ဂျော့ခ်ျဘုရှ် ၏ လက်ရှိ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်ပြီး တာဝန် ထမ်းဆောင်ဖို့ နံမည်တင်သွင်းခဲ့တယ်။ သူတို့ နှစ်ဦးစလုံးကလည်း လက်ခံခဲ့ တယ်။ ရီပါပလက်ကင်ပါတီ သမ္မတလောင်းအဖြစ်ဝင်ရွေးခဲ့တဲ့ ဆီနိတ်တာဂျွန်မက်ကိန်း နဲ့ နီးစပ်သူ အငြိမ်းစား မရိန်းတပ် ဗိုလ်ချုပ်ကြီး ဂျိမ်းဂျုံး ကိုတော့ သမ္မတအိမ်တော်၏ အမျိုးသား လုံခြုံရေးရေးရာ အဆင့်မြင့် အကြံပေး အရာရှိ၊ အရစ်ဆိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်နက်နပါလိုတားနိုး ကို ပြည်တွင်း လုံခြုံရေးရာဝန်ကြီး နှင့် တရားရေးရာ အဆင့်မြင့်အရာရှိဟောင်း အဲရစ်ဟိုဒါ ကို ပြည်ထဲရေးဝန်ကြီး၊ စူဆန်ရိုက်စ် ကိုတော့ အမေရိကန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ဖြစ် အသီးသီးခန့်အပ်ဖို့ ကြေညာခဲ့တယ်။
သူတို့ တွေဟာ အမေရိကန်နိုင်ငံ၏ လုံခြုံရေးရာနှင့် အပြည်ပြည်ဆိုင်ရာ အရေးတွေမှာ အဓိကရာထူး နေရာက နေ တာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်များ ဖြစ်လာကြပါလိမ့်မယ်။ အတိုက်အခံ နှင့် လက်ရှိအစိုးရ အကြား ဘယ်လိုဘဲ အချင်းချင်း တိုက်ခိုက်မှု၊ဝေဖန်မှုတွေ နှင့် မတူကွဲပြားတဲ့ အယူအဆတွေ ရှိခဲ့ ကြပေမဲ့ တိုင်းပြည်အကျိုး တခုတည်းကိုကြည့် ပြီ၊ ဒီလို စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်နိုင် တာဟာ အမေရိကန် သမ္မတသစ် အိုဗားမား၏ အမြော်အမြင် ကြီးမား မှု နှင့် ခေါင်းဆောင်ကောင်းအရည်အချင်းပြည့်ဝမှု ကြောင့် လို့သာဆိုနိုင်ပါတော့တယ်။
နိုင်ငံရေးအကျပ်အတည်း တွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာပေါ်ရှိ အာဏာရှင် နိုင်ငံ တော်တော် များများမှာတော့ အတိုက်အခံတွေအချင်းချင်းကြား၊ အတိုက်အခံနှင့် အာဏာရှင်အစိုးရ တွေ အကြားမှာ တင်းမာတဲ့ ဆက်ဆံရေးတွေရှိပြီး၊ တယောက်နှင့် တယောက် မျက်နှာချင်းတောင် မဆိုင်ချင်ကြတော့ဘူး။ နိုင်ငံရေးအရ၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာမှုတွေ၊ ကို မတွေ့ရသလောက်ပါ။ ဘာကြောင့်လည်းဆိုတော့ အာဏာရှင်က တိုင်းပြည် အကျိုး ကိုမကြည့်သလို၊ တချို့ အာဏာရှူး အတိုက်အခံ တွေကလည်း ပြည်သူ့ အကျိုး ကို မကြည့် ကြတော့ဘူး။ ခေါင်းဆောင် ဆိုတာ အတိုက်အခိုက် ခံနိုင်ရမယ်လို့ တချို့ က ပြောဆိုကြတယ်။ ဒါပေမဲ့လည်း ခေါင်းဆောင် ဆိုတာ တာဝန်ယူမှု ရှိရမယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ မြန်မာပြည်မှာတော့ အာဏာရှင်တွေ နဲ့ ပြည်ပရှိ အာဏာရှူး အတိုက်အခံ တွေက အရည်ထူနေကြပြီ ထင်ပါရဲ့။ တော်တော် လေး ကို ခံနိုင်ရည်ရှိကြတယ်။။ အာဏာရှင် တွေ က အတိုက်အခိုက် ခံနိုင်တာထားပါတော့။ အတိုက်အခံ တွေ ကလည်း အဖြေမရှာဘဲ၊ လက်ခံ စဉ်းစားပေးမှုမရှိဘဲ ခေါင်းဆောင် ဆိုတာ အတိုက်အခိုက် ခံနိုင်ရမယ်ဆိုပြီး နေ နေကြတယ်။ "ကျနော် ဟာ မှားယွင်းခဲ့မှုတွေ အပေါ် တာဝန်ရှိတာကြောင့် ရာထူးမှ နုတ်ထွက်ခွင့် ပြုပါဆိုတဲ့ ခေါင်းဆောင်မျိုး " ကျနော့် သက်တမ်းတလျှောက် မြန်မာ့နိုင်ငံရေးမှာ မတွေ့ရသေးဘူး။ သေတဲ့အထိ ခေါင်းဆောင် လုပ်နေမဲ့ သူတွေကိုတော့ တွေ့ ရတယ်။ကျိန်းသေတာကတော့ ဒီလုပ်ရပ်တွေဟာ ဒီမိုကရေစီရေး တိုက်ပွဲ အတွက် အများ ကြီးနစ်နာတယ်။ ဒီလို ဖြစ်ပေါ်နေမှုတွေကို မီဒီယာတွေ မှာပြောဆိုမှုမရှိကြဘူး။
မီးလောင်ရာလေပင့်ဆိုသလို၊ သိက္ခာကင်းမဲ့ တဲ့ အသံလွှင့် သတင်းမီဒီယာတွေ ကလည်း လူ ၁၀ တောင်မရှိတဲ့ အုပ်စုတွေကို အစိုးရ အဖွဲ့ဆိုပြီး မျက်နှာပြောင်တိုက် ကြေညာနေကြတယ်။ သတင်း အချက်အလက် မှန်ကို မဖော်ပြရဲ ကြဘူး။ သတင်း မီဒီယာသမား တော်တော်များများ ဟာ NGO နိုင်ငံရေး နောက် လိုက်၊ ထမင်းစား၊ ဟင်းစားကောင်းအောင်၊ ခွေးဝမ်းသာအောင် လေလည် ပြနေကြတယ်။ ဒီလို သတင်းအမှန်မဖော်ပြရဲတဲ့ လုပ်ရပ်ဟာ တိုင်းပြည်ကိုနစ်နာစေသလို၊ ပြည်သူကိုလည်း နစ်နာစေပါသည်။
ဥပမာ အားဖြင့် ပါလက်စတိုင်း နိုင်ငံ၏အရေး ကိုကြည့်ပါ။ ရာဆာအာရာဖတ်ခေါင်းဆောင်တဲ့ ပီလဲအိုအုပ်စု ဟာ သူသေဆုံးသွားပြီးနောက် အင်အားချိနဲ့နေတယ်။ ဒါပေမဲ့ လည်း သတင်းမီဒီယာတွေ မှာ အမှန်အတိုင်း မဖော်ပြခဲ့ကြဘူး။ တကယ့် ရွှေးကောက်ပွဲမှာ ပြိုင်ဘက် ဟာမားအုပ်စု ကဘဲ မဲအပြတ်အသတ် အနိုင်ရခဲ့တယ်။ ပါလက်စတိုင်း ပြည်သူတွေက ပီလဲအိုကိုထောက်ခံမှုမရှိ သလောက်ဖြစ်ခဲ့ပေမဲ့၊ သတင်းမီဒီယာတွေ က သတင်းကျင့်ဝတ်နဲ့ အညီ မဖော်ပြရဲကြဘူး။
ထိုင်းသတင်းမီဒီယာ ကတော့ ထူးထူးခြားခြားပါဘဲ။ ထိုင်းနိုင်ငံရေးအကြောင်း နှင့် ပက်သက်ပြီး သတင်းအချက် အလက် အမှန်ကို ဝေေ၀ဆာဆာဖော်ပြခဲ့ကြတယ်။ (၃) ကြီမ် ဆက်တိုက် အနိုင်ရခဲ့ တဲ့ ထိုင်းအာဏာရ ပါတီ ပီပီပီ ဟာ အတိုက်အခံတွေ ကို အစိုးရ အဖွဲ့ အတွင်း ထည့်ပြီး ပူးပေါင်းဆာင်ရွက်ခြင်း မရှိခဲ့သလို၊ အတိုက်အခံ ပီအေဒီ ကလည်း ပြည်သူတွေနဲ့ အတိုက်အခံ ဖြစ်လာကြပြီဆိုတာဘဲ။ ဒါတွေဟာ သတင်းအချက်အလက် အမှန်တွေပါ။ မီဒီယာတွေ က ပြည်သူတွေကို မှန်မှန်ကန်ကန် တင်ပြခဲ့တယ်။
ပြည်သူ့ အခွန်ငွေ သန်းနဲ့ချီ သုံးစွဲနေတဲ့ ပြည်ပမြန်မာ အသံလွှင့်သတင်းမီဒီယာတွေ အနေနဲ့ ဒီဖြစ်ရပ်တွေအပေါ် သင်ခန်းစာယူ နိုင်တယ်။ နားကန်း၊မျက်စိကန်း သတင်းထောက် တွေ ဖြစ်မနေသင့်ဘူး။ ပြည်သူထောက်ခံမှု မရှိတဲ့ အုပ်စု၊ လူ ၁၀ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အုပ်စု ကို အစိုးရလို့ သတင်းမီဒီယာ တွေ က ဖော်ပြ ခေါ်ဝေါ်သုံးစွဲ နေယင် တော့ အဲဒီ သတင်း မီဒီယာတွေဟာ ဂုဏ်သိက္ခာကင်းမဲ့လာပြီး၊ ယုံကြည်လို့မရတော့တဲ့ သတင်းမီဒီယာ ဌာနဖြစ်သွားလိမ့်မယ်။ ဒီလို လိမ်ညာ ဖော်ပြနေမှုဟာ လက်ရှိ လူငယ်တွေ ရဲ့ တွေးခေါ်ထင်မြင် ယူဆမှု တွေ အပေါ် လွှမ်းမိုးမှုရှိ မှာမဟုတ်ဘူး။ ယုံကြည်မှုရမှာ မဟုတ်ဘူး။
တခါတရံ ၆တန်း-၈ တန်းလောက်သာ အတန်းပညာတက်သူကို၊ ၈၈ ကျောင်းသားခေါင်းဆောင်ဆိုပြီး သတင်း ကြေညာ နေတဲ့ မီဒီယာတွေတောင် ရှိနေတယ်။ မီဒီယာတွေဟာ နီးစပ်ရာ သူတွေကိုမေး၊ သတင်း နောက်ကိုသာလိုက်ပြီး၊ သတင်းအချက် အလက်မှန် တွေကို မဆန်းစစ်ကြတော့ဘူး။ တချို့ ဆို ပြည်ပ မီဒီယာတွေကြောင့် အဖမ်းခံ ခဲ့ရတယ်။ တချို့ အစိုးရ ၀န်ထမ်းတွေဟာ အလုပ်ပြုတ်ကြတယ်။ ပြည်ပ မီဒီယာ သမားတွေ ဟာ မီဒီယာ ကျင့်ဝတ်ကို နားလည်ဘို့တော့လိုအပ်ပါတယ်။ ဝေဖန်ထောက်ပြ သူတွေကိုလည်း ရန်သူလို ဆက်ဆံခြင်း မပြု သင့်ပါဘူး။
လွတ်လပ်တဲ့နေရာမှာ ရောက်ရှိနေကြတဲ့ သတင်းသမားတွေကိုယ်တိုင် သိက္ခာကင်းမဲ့ပြီး၊ မျက်ကန်းတွေ လို ဖြစ်နေကြရင်တော့ ဘယ်လိုဘဲ တိုက်တိုက် မြန်မာပြည်ဟာ လွတ်မြောက် နိုင်မှာလည်း မဟုတ်ပါဘူး။ ပြည်သူ ကလည်း သတင်းအချက်အလက်မှန် ကိုရရှိကြမှာ မဟုတ်ဘူး။ ဒီလို ဂုဏ်သိက္ခာကင်းမဲ့ တဲ့ သတင်း မီဒီယာ တွေကြောင့် အရည်အချင်းရှိတဲ့ လူငယ် ခေါင်းဆောင်သစ်တွေ လည်း ထွက်ပေါ်လာမှာ မဟုတ်ဘူး။ သတင်းအချက်အလက်မှန် ကို မီဒီယာတွေမှာ မဖော်ပြခြင်းဟာ၊ အချောင် သမားတွေကို အားပေးရာ ရောက်နေတယ်။
အနာက်နိုင်ငံတွေမှာလို အတိုက်အခံ နှင့် အာဏာရ ပါတီ အကြား အတူတကွ ပူးပေါင်းလုပ်ကိုင် နိုင်ဘို့ ကို ထားအုံးတော့၊ အတိုက်အခံ အချင်းချင်း အကြားတောင် တွေ့ဆုံဆွေးနွေးဖို့ က အလှမ်းဝေး ပါသေးတယ်။ မြန်မာပြည် ဒီမိုကရေစီရရှိရေး၊ မြန်မာပြည်လွတ်မြောက်ရေး အတွက် ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေး လို့ သာဆိုချင်ပါ တော့တယ်။

အပြည့်အစုံသို့ ...

Sunday, November 30, 2008

GENOCIDE IN BURMA


“Last year I was in Rwanda, where western governments failed to name genocide for what it was. After Rwanda,the international community once again declared "Never again", but in Burma it is never again, all over again.”
(Lord Alton, House of Lords, parliament debate)

“Last year I was in Rwanda, where western governments failed to name genocide for what it was. After Rwanda,the international community once again declared "Never again", but in Burma it is never again, all over again.”
(Lord Alton, House of Lords, parliament debate)

“Last year I was in Rwanda, where western governments failed to name genocide for what it was. After Rwanda,the international community once again declared "Never again", but in Burma it is never again, all over again.”
(Lord Alton, House of Lords, parliament debate)
Genocide is the world most horrible human rights problem. It killed millions of people during the past decades, especially 1.5 million Armenians, 3 million Ukrainians, 6 million Jews, 250,000 Gypsies, 6 million Slavs, 25 million Russians, 25 million Chinese, 1 million Ibos, 1.5 million Bengalis, 200,000 Guatemalans, 1.7 million Cambodians, 500,000 Indonesians, 200,000 East Timorese, 250,000 Burundians, 500,000 Ugandans, 2 million Sudanese, 800,000 Rwandans, 2 million North Koreans, 10,000 Kosovars. Most of the cases were committed by the government. When those in power are wrong, it has become a threat to its own people.
The origin of the concept called ‘Genocide’ is the 1944 work by Raphael Lemkin on Axis Rule in Occupied Europe:
“[ ] This new word….is made from the ancient Greek word genos (race, tribe) and the Latin cide (killing)……aiming at the destruction of essential foundations of the life of national groups, with the aim of annihilating the groups themselves [ ]" (Lemkin, 1944:79)


According to the Convention on the Prevention and Punishment of the Crime of Genocide adopted by Resolution 260 III A of the UN Assembly on 9th December 1948, Genocide can be defined as
“[ ] any of the following acts committed with intent to destroy, in whole or in part, a national, ethnical, racial or religious group, as such:
(a) Killing members of the group;(b) Causing serious bodily or mental harm to members of the group;(c) Deliberately inflicting on the group conditions of life calculated to bring about its physical destruction in whole or in part;(d) Imposing measures intended to prevent births within the group;(e) Forcibly transferring children of the group to another group” (Article II)
The Convention also categorized the punishable acts as
· Genocide;
· Conspiracy to commit genocide;
· Direct and public incitement to commit genocide;
· Attempt to commit genocide;
· Complicity in genocide. (Article III)
As Genocide was mostly committed by the rulers, the Convention clearly identified the enforcement in Article IV as “Persons committing genocide or any of the other acts enumerated in article III shall be punished, whether they are constitutionally responsible rulers, public officials or private individuals”. In fact, Genocide affects not only the victims of the national groups but also the international community in a contemporary world.
As Pellet argued,
“[ ] Genocide threatens the international society as a whole, the very basis of the Still fragile international community” (Pellet, 1999:427)
In the case of Burma, although it ratified the Convention in 1956, the current military regime has adopted Genocide as a terror against the ethnic national groups of Karen, Karenni and Shan people, etc. and the evidences were well-documented in the resources of

* Rogers, Benedict (2004) “ A Land Without Evil: Stopping the Genocide of Burma’s Karen People”;
* Horton, Guy (2005) “ Dying Alive: A legal Assessment of the Human Rights Violations in Burma”;
* Rummel, R. (2001) “Saving Lives, Enriching Life” Pg.18-22; and so on.
As the ‘Genocide Acts” of Burmese military regime were obvious, Baroness Cox, Chief Executive of Humanitarian Aids Relief Thrust (HART) and a deputy speaker of the British House of Lords, who has visited the regions of Karenni, Shan and Karen people many times, called on the international community to investigate claims of genocide and crimes against humanity.
In his work of “A Desperate situation: Genocide in Burma”, Browning also mentioned that the torching of villages, destruction of food stores and crops, theft of livestock and property, extra-judicial killings and rape were every day occurrences affecting hundreds of thousands of innocent civilians. (Browning, 2002)
Moreover, Guy Horton's claimed for the usage of the concept 'genocide' in relation to Burma rests on the 1948 Genocide Convention, ratified by Burma in 1956 as
“According to the convention, the genocide is described as 'deliberately inflicting on the group conditions of life calculated to bring about its physical destruction in whole or in part'. There are over a million people internally displaced in Burma and more than 2,500 villages in eastern Burma have been destroyed since 1996”
(Horton, 2005)
Furthermore, according to the Muslim aid report of “Rohingya faces genocide in Burma”, it was mentioned as
“Extermination and genocide increased, and within nearly 4 decades about half (1.5 million) of total Rohingya population had been forced to flee their homeland and those remaining in the country are counting their days in utter misery, fear and frustration”(Muslim Aid, Al-Jamiat Journal, 2002)
In conclusion, I would like to appeal the international community not to ignore the “Genocide practices” committed by the Military Regime in Burma and take actions against the international criminals in accordance with the international law.

အပြည့်အစုံသို့ ...

ဝေဒနာရှင်များမှာဂျိုမပါ ( AIDS တိုက်ဖျက်ရေးနေ့  (DECEMBER - 1)

ကမ္ဘာ့အနံ့ အပြားမှာ AIDS ရောဂါကို ကာကွယ်တားဆီးတိုက်ဖျက်နေတဲ့ AIDS ရောဂါမဖြစ်ရေး
ဦးစားပေးခေတ်ကြီးမှာ ပညာပေးတွေ ရောဂါသည်အတွက် စောင့်ရှောက် မှုစွမ်းနိုင်သလောက်
ကုသနေရမှုအစုစုကိုဆေးပညာရှင်တွေရော စေတနာရှင် အမြောက်အများကပါ ကြိုးစာလုပ်
ဆောင်နေကြပင်ငြားသော်လည်း ကျမတို့ မြန်မာပြည်ရဲ့ AIDS ရောဂါသည် အမြောက်အများ
တိုးပွါးနေရတဲ့အဓိကအကြောင်းတရားကိုကျမတစိတ်တဒေသပြောပြချင်ပါတယ်။
်အလှပဂေးတွေကိုခနငေးပြီးဆန္ဒအလိုဖက်ရပ်လိုက်ရုံနဲ့ အမျိုးသားတွေရဲ့ဘ၀လူဖြစ်ရှုံးရမယ်
ဆိုတာကိုသာယာဝတီထောင်ထဲမှာရောဂါသည်များနဲ့ ထင်ထင်ရှားရှားမြင်တွေ့ ခဲ့ရပုံက ဒီလိုပါ
၁၉၉၉ အတွင်းမှာမြန်မာပြည်ရဲ့ဟိုတယ်ကြီးတစ်ခုအတွင်းမှာပြည့်တန်ဆာတွေအစုလိုက် အပြုံ
လိုက်မိတဲ့သတင်းကြားဖူးကြမှာပါ မြန်မာအမျိုးသမီးလေးတွေရဲ့ဘ၀ စနစ်ဆိုးအောက်က
အမှောင်ညတွေမှာအသွေးအသားတွေလည်းကြေမွခဲ့ကြရတဲ့အပြင် ထောင်နန်း ပါစံကြရတဲ့
အဖြစ်ကရင်နင့်စရာကောင်းလှပါတယ်။

ကမ္ဘာ့အနံ့ အပြားမှာ AIDS ရောဂါကို ကာကွယ်တားဆီးတိုက်ဖျက်နေတဲ့ AIDS ရောဂါမဖြစ်ရေး
ဦးစားပေးခေတ်ကြီးမှာ ပညာပေးတွေ ရောဂါသည်အတွက် စောင့်ရှောက် မှုစွမ်းနိုင်သလောက်
ကုသနေရမှုအစုစုကိုဆေးပညာရှင်တွေရော စေတနာရှင် အမြောက်အများကပါ ကြိုးစာလုပ်
ဆောင်နေကြပင်ငြားသော်လည်း ကျမတို့ မြန်မာပြည်ရဲ့ AIDS ရောဂါသည် အမြောက်အများ
တိုးပွါးနေရတဲ့အဓိကအကြောင်းတရားကိုကျမတစိတ်တဒေသပြောပြချင်ပါတယ်။
်အလှပဂေးတွေကိုခနငေးပြီးဆန္ဒအလိုဖက်ရပ်လိုက်ရုံနဲ့ အမျိုးသားတွေရဲ့ဘ၀လူဖြစ်ရှုံးရမယ်
ဆိုတာကိုသာယာဝတီထောင်ထဲမှာရောဂါသည်များနဲ့ ထင်ထင်ရှားရှားမြင်တွေ့ ခဲ့ရပုံက ဒီလိုပါ
၁၉၉၉ အတွင်းမှာမြန်မာပြည်ရဲ့ဟိုတယ်ကြီးတစ်ခုအတွင်းမှာပြည့်တန်ဆာတွေအစုလိုက် အပြုံ
လိုက်မိတဲ့သတင်းကြားဖူးကြမှာပါ မြန်မာအမျိုးသမီးလေးတွေရဲ့ဘ၀ စနစ်ဆိုးအောက်က
အမှောင်ညတွေမှာအသွေးအသားတွေလည်းကြေမွခဲ့ကြရတဲ့အပြင် ထောင်နန်း ပါစံကြရတဲ့
အဖြစ်ကရင်နင့်စရာကောင်းလှပါတယ်။
ပိုပြီးလူသိများခဲ့ရတာကတော့ အဲဒီ့ပြည့်တန်ဆာတွေရဲ့ဂေါင်း ဦးတင်နွယ် ကိစ္စ ပါပဲ။သူပိုင်ဆိုင်
တဲ့ အလုပ်ခန်းလို့ ခေါ်တဲ့ ဟော်တယ်မှာ ဗိုလ်ချုပ်ခင်ညွန့် နဲ့ သူ လက်ဆွဲနုတ်ဆက်နေတဲ့
ဓါတ်ပုံကြီးကြီးမားမားကိုချိတ်ထားပြီး ခေါင်းလုပ်စားနေလေတော့ ကောင်မလေးတွေ ဆီကို
တစ်ညတညခဏလာတဲ့ ဘဘထောက်တို့  ကိုကို ထောက်တို့ ခမျာအမျက်ထွက်ပါလေရော။
ခေတ်ကိုကအလှူငွေသိန်းရာချီပေးပြိးရင်ဘယ်သူမဆိုဗိုလ်ချုပ်နဲ့ ဓါတ်ပုံတွဲရိုက်လို့  ရတဲ့
ခေတ်ပေကိုး။ တင်နွယ်တို့ ကောင်းကောင်း အသုံးချတော့တာပေါ့ ထောက်လှန်းရေး တွေ
ကလည်း ဘာရမလဲ သူတို့ ဘိုးတော် ခင်ညွန့်  ဂုဏ်သိက္ဒါ ထိခိုက်လေတော့စနစ်တကျစီစဉ်ပြီး
ဝိုင်းဖမ်းလိုက်တာ ဂေါင်း တင်နွယ်က ထောင်ဒဏ်နှစ်အစိတ်(၂၅နှစ်)ပြည့်တန်ဆာ၁၈ယောက်
ကတော့ ထောင် ၃ နှစ်စီကျသွားပါတယ် ကောင်မလေးတစ်ယောက်အသက်မပြည့်တာကြောင့်
ခလေးတွေထားတဲ့ (ငှက်အော်စန်း)ထောင်ကိုရောက်သွားပါတယ်။ ဂေါင်းတင်နွယ်နဲ့ ကျန် ၁၇
ယောက်ကတော့ အင်းစိန်ထောင်မှတဆင့် သာယာဝတီထောင်ကိုရောက်လာကြပါတယ်။
ထိုမှသာယာဝတီထောင်မှာ ၁၇ နှစ်ယောက် အုပ်စုလို့ ထင်ရှားလှတဲ့ ပြည့်တန်ဆာ တစ်ချို့ ရဲ့
ဘ၀တစ်ပိုင်းတစ်ဝကျမသိခဲ့ရပါတယ်။ကျမတို့ ကနိုင်ငံရေးအကျဉ်းသူတွေဆိုတော့ဒီကလေးမ
တွေကကျမတို့ အပေါ်စိတ်ဝင်စားမှုရှိကြတယ်။ဝါဒါထောင်မှုးတွေ လစ်ရင်လစ်သလို ကျမတို့ 
ရဲ့တော်လှန်ရေးကိုသူတို့ သိစေချင်လို့ ပြောပြတယ် သူတို့ ရဲ့ ဘ၀အရေးကိုကျမသိချင်တာတွေ
စပ်စုရင်းကအင်တာဗျူးလုပ်ဖြစ်တယ်ပေါ့ သူတို့ ဘာ့ကြောင့် အခြားပြည့်တန်ဆာတွေ နဲ့မတူပဲ
ထောင် (၃) နှစ်ကျသလဲအခြားပြည့်တန်ဆာတွေဆိုညစ်ပတ်ပေရေပြီးအရည်တစိုစိုဝဲ တကုတ်
ကုတ်နဲ့ သူတို့ တွေကျတော့ ၀င်းမွတ်နေတဲ့အလှတွေတည်ကြည်သန့် ရှင်းတဲ့မူဟန်တွေ တည်
တည်ငြိမ်ငြိမ်နေထိုင်သွားလာမှုတွေနဲ့ ပြည့်တန်ဆာများမှာတောင် တော်တော့်ကိုကွာခြားတဲ့အ
ဆင့်တွေပါဟုတ်ပါတယ် သူတို့ လို ပြည့်တန်ဆာတွေ ရန်ကုန်မန္တလေး နဲ့စတဲ့ မြို့ ကြီး ကဟော်
တယ်တွေမှာ အပြည့်အကြပ်ပါတရားဝင်လိုင်စင်ကိုင်ထားရတဲ့ပုံစံမျိုးငွေကြေးချမ်းသာတဲ့ဂေါင်း
အကြီးစားတွေကလိုင်းကြေးများများပေးပြီး တရားဝင်အလုပ်ခန့် ထားသလိုလုပ်စားနေကြတာ
ပါထောင်ထဲရောက်လာတဲ့ပြည့်တန်ဆာအများစုကတော့(တာတီးဒီ)လို့ ခေါ်တဲ့မှောင်ရိပ်ခိုတွေပါ။
ကြေးကြီးကြီးနဲ့ လုပ်စားနေသူကျတော့နယ်မြေခံထောက်လှန်းရေးနယ်ထိမ်းတွေကိုလိုင်းကြေး
ပေးထားရင်အဖမ်းမခံရဖူးပေါ့ ခုလို အမှုမျိုးကျတော့ ဂေါင်းတင်နွယ်က ကျားမြှီးကိုမှသွား စွဲမိ
လေတော့ အမြင့်ဆုံးတစ်နှစ်သာကျတက်တဲ့ ပြည့်တန်ဆာပုဒ်မကနေ သုံးနှစ် အကျခံ ရတာပါ
ဗိုလ်ချုပ်ခင်ဘွန့် ရဲ့ ထောင်ခနဲဒေါသကတော့--ဂေါင်းတင်နွယ် နှဏ် အစိတ် ကျပါပေါ့လားအဲဒီ့
ထဲကတစ်ဦးချင်းစီရဲ့ဘ၀ကျမမှတ်မိသလောက်ပြောရရင်ဇာခြည်ဆိုတဲ့ ၁၉ နှစ်အရွယ်ကုလားမ ချောချောလေးကသူမသာကေတသူဖြစ်ကြောင်းအဖေအမေဆင်းရဲတဲ့ကြားက ဦးလေးကဆေး
သမားဖြစ်လို့ မိသားစု ဘ၀စားစရာမဲ့ရာကနေသူမ ၁၅နှစ်အရွယ်မှာ အိမ်ဘေးက မိန်းမတစ်
ယောက်ရဲ့ဆက်သွယ်ပေးမှုကြောင့် အသက်(၆၀)ကျော်အဖိုးကြီးနဲ့ (ကန်တော့ပါရဲ့) ပထမဆုံး
အပျုရည်ဘ၀အဖျက်ခံပေးရာကဒီလောကကြီးထဲရောက်လာခြင်းဖြစ်ပြီးယနေ့ ထိမိဘကိုလုပ်
ကျွေးနေရသလို မိခင်ဖြစ်သူကလည်းထောင်ဝင်စာမှန်မှန်လာတွေ့ နေတာ ကျမ ကြားနေရပါ
တယ်ကြေကွဲစရာကောင်းတာက ကလေးမလေး အကြိမ်ကြိမ် ညနေညနေ ဖျားရာ ကနေ ၀မ်း
လည်းမတရားသွားတာကြောင့်သွေးစစ်ရာ HIV (Positive)ဆိုတာသူကိုယ်တိုင်ခင်မျာလည်းသိ
သွားပါတယ်တနေ့ မှာကျမနဲ့ စကားပြောရာကသမီးဇာခြည်ပြန်လွတ်ရင်ပြည့်တန်ဆာပြန်မလုပ်
်ပါနဲ့ လားကန်ဇွန်းရွက်ပဲရောင်းရရောင်းရကောင်းရောင်းကောင်းဝယ်နဲ့ ဘ၀ကိုရပ်တည်ပါလား
ဆိုတော့ ကလေးမခမျာ ဟီး ကနဲ ငိုချလိုက်ပြီး မကြီးတို့ ရယ် မကြီးတို့ ကတိုင်းပြည်အတွက်
ဆိုပြီးထောင်ထဲရောက်လာတယ်ထောင်ဝင်စာရှိရှိမရှိမရှိ လူတွေကအရမ်းအထင်ကြီးပြီးအရမ်း
လေးစားကြတာ သမီးတို့ ဆို ဟိုလူဆဲ ဒီလူဆဲနဲ့ ဒီလို အခြေအနေရှိတဲ့ သမီးတို့ ဘ၀ကို မကြီး
အခု လိုပြောတာကျေးဇူးတင်ပါတယ်။ဒါပေမဲ့သမီးတို့ ဘ၀ကသေမဲ့ အတူတူမထူးတော့ပါဘူး။
ဒီရောဂါကြီးက လူ့ လောကမှာဘယ်လောက်နေရတော့မှာမို့ လို့ လဲမသေခင်အမေနဲ့ ညီမလေး
တွေအတွက်ပိုက်ဆံ ပုံပေးခဲ့ချင်တယ် နောက်ပြီးသမီးရဲ့ ၁၀ တန်း ပညာလောက်နဲ့ ဒီအလုပ်
ထက် ထမင်းနပ်မှန်တဲ့ အလုပ်မရှိဘူးမကြီး ။ သမီးတို့ ဘ၀ကိုနားလည်ပေးပါ တဲ့ ဒါနဲ့ ကျမက
သမီးတို့ နဲ့ ဆက်ဆံမဲ့ယောင်္ကျားတွေမှာသားမယားတွေရှိရင်သူတို့ မိသားစုတွေရဲ့ဘ၀ ကိုသမီး
ကြည့်သင့်တယ်ဆိုတော့ မကြီးရယ်သမီးHIVမရှိခင်အဲဒီ့အလုပ်ကို သမီးလုပ်စကတည်းကသမီး
ကိုခေါ်တဲ့ကောင်တွေကို သမီးက ကွန်ဒုံစွပ် ဖို့ ပြောပါတယ်အချို့ က လုံးဝမစွပ်သလို အချို့က
ဆက်ဆံရင်းချွတ်ပစ်ကြတယ်အဲဒီ့တုန်းကသမီးလာ်းသူတို့ ဆီကကူးမှစြိုးလို့ ပေါ့သူတို့ မဆင်ချင်
တာ သူတို့ ခံပါလေ့စေ မကြီး ရေ သမီးတို့ ကတော့ ပိုက်ဆံ တစ်မျက်နှာပဲကြည့်ရတော့ တာပေါ့
တဲ့-------
အဲဒီ့မိန်ကလေးဟာကုလားကားတွေထဲက ဇာတ်လိုက် မင်းသမီးလေးတွေထက် အလှပိုပြီး
ကိုယ်လုံးလေးသေးသေး သွယ်သွယ်နဲ့ လေ ပြီးတော့ သူပိုင်ဆိုင်တဲ့ စည်းကမ်းကြီးတယ် လို့ 
့သူပြောပြတဲ့ သူ့ ဘာသာတရားကိုသူများတွေဆော်ကားမှာဆိုးလို့ အလုပ်ခန်းလို့ ခေါ်တဲ့ နေရာ
မှာ ဘယ်လိုလူမျိုး ကမေးမေး သူ့ ဘာသာ ကို မပြောပြဘူးတဲ့ လေ။ဖြူဖွေးဝင်းမွတ်နေတဲ့
မျက်လုံးရွဲကြီးတွေ နဲ့ လှပနေတဲ့ ဇာခြည်လေး ခုချိန်မှာဘယ်လိုရှိမလဲ စဉ်းစား ကြည့်နိုင်သလို
ဒုတိယတစ်ယောက်ကတော့ လမင်းတဲ့ နာမည်နဲ့လိုက်အောင် မျက်နှာ ၀ိုင်းဝိုင်းလေး ရယ်ပါ .ဗမာမိန်းကလေးရုပ်ရည်ပါသိပ်စကားမပြောပေမဲ့သူမအကြောင်းအကျဉ်းကျတွေကြားမှာရေပန်း
စားနေတာကတော့ သူတို့ ရဲ့ဂေါင်းကြီးဖြစ်တဲ့ ဦးတင်နွယ် ဆီ အပ်ထားတဲ့ ရွှေတစ်ဆယ်သား
ကျော်ရှိရက်နဲ့ ထောင်ထဲမှငြတ်နေတယ်ဆို တာပါပဲ။ကျမ စဉ်းစားမိတယ် ဒီလောက်ရွှေစု မိမှ
တော့အရင်းအနှီးကောင်းကောင်းရပြီပဲကောင်းကောင်းမွန်မွန်ဘ၀ကိုရပ်တည်သင့်ပြီပေါ့ဒါပေမဲ့
လွယ်လွယ် နဲ့ရတယ်လို့  သူမတို့ ပြောလေ့ရှိတဲ့အလုပ်ဟာ မိန်းမကောင်း တွေ အတွက်တော့
မလွယ်ရေးချမလွယ်ပါလားလို့  တွေးမိပါတယ်လမင်းရဲ့ပုံစံကတော့လောဘကြီးဟန်တူပါတယ်
သူလည်းရုပ်ဆိုးတဲ့ထဲမှာမပါဘူးဆွဲဆောင်အားတစ်ခုခုတော့သူ့ မှာရှိသလိုပဲတစ်နေ့  တော့သ
တင်းဆိုးကြီးတစ်ခုကြားလိုက်ပါတယ်(၁) ဆောင်မှနြေတဲ့ လမင်းရယ် တစ်ကိုယ်လုံး ရေရုံတွေ
ပေါက်လာပြီးအဖျားဒကြီးလို့ တဲ့လေ သူတို့  ၁၇ ယောက်အုပ်စုကပြည့်တန်ဆာတွေဖြစ်ပေမဲ့
ဘ၀တူခြင်းမို့ ဖြစ်ဟန်တူတယ် လမင်း ဆီဝိုင်းအုံပြီးမေးကြပြုစုကြနဲ့ သိပ်မကြာဘူး သွေးစစ်
အဖြေထွက်လာတာHIV (Positive)ပဲတဲ့လေလမင်းကိုယ်ပေါ်က အနာတွေပြန်ခြောက် သွားပြီး
နည်းနည်းသက်သာတေ့ထူထူထောင်ထောင်ဖြစ်လာပြီးသူ ကြို မပေါ့ ဆဖို့ နဲ့ အဟာရများများ
မှီဝဲဖို့ အားပေးကြတဲ့သူတွေကို သူမ ဘာပြန်ပြောသလဲဆိုတော့ကျမသိပ်မဆိုးရိမ်ပါဘူး အပြင်
ရောက်မှကျမရှိတဲ့ေ၇ွှတွေနဲ့ ဒီရောဂါ ကိုကုမယ်ပြီးရင်ဒီအလုပ်နဲ့ ငွေဆက်ရှာနိုင်တာပဲတဲ့လေ။
တတိယတစ်ယောက်ကစစ်တွေက မိုးမိုးတဲ့ စကားဝဲ၀ဲ နဲ့ စကားပြောရင် ယဉ်ကျေးလိုက်တာ အရပ်မြင်မြင့်ဆံပင်ဒကောက်ကွေးအထိရှည်ပြီးမဲမှောင်နေတဲ့ ဆံပင်တွေနဲ့ ဘယ်ယောင်္ကျားက
မှProstitudeလို့ ထင်မှာလဲ ထက်ထက်မိုးဦး တို့ ထက် လှတယ်လို့ ပြောလို့ ရတယ်လေ
သူကတော့မိန်းမအင်္ဂါကနေ Sing ပြပြီးHIVဆိုတာသိတာပေါ့။အရမ်းစိတ်ပျော့တော့ အားငယ်
ကြေကွဲနေတယ်။စကားဝဲ၀ဲနဲ့ ငိုရင် အမေအဖေအတွက်ပဲတဲ့လေ။ ကျမဘာလုပ်ပေးရမလဲ။
သနားပေမဲ့ နိုင်ငံရေးအကျဉ်းသူနဲ့ ရာဇ၀တ်သူကြားထဲမှာခြားနားထားတဲ့စည်းက ကျမတို့ နဲ့ခိုး
ဆက်သွယ်စကားပြောတာသိရင် ပါးအရိုက်ခံရတဲ့ဘ၀ဆိုတော့ပြုစုချင်ပေမဲ့ဝေးဝေးကပဲ မုန့် 
့လေးပေးဟင်းလေးပေးနဲ့ ဖြေသိမ့် ပေးခဲ့ရတယ်ပေါ့။။့ 
စတုထ္ထတစ်ယောက်ကတော့မနက်ဖန်လွတ်မှာကိုးဒီနေ့ ညမှာပဲအသေထွက်ထွက်သွားရတယ်
လေAIDS ကသူ့ ကိုလောကကြီး ထဲကအပြီးဆွဲထုတ်သွားတယ်လေ။နာမည်က နော်ဖေါ့ တဲ့။
ကရင်ပြည်နယ်ရွာတစ်ရွာကကျေးရွာသူလေးပါ။တက္ကသိုလ်ပထမနှစ်လည်းတက် နေဆဲ ပဲပေါ့။
စာသင်စရိတ်မရှိလို့ အဆိတ်သီးစားပြီးစာသင်တာအသက်ရှင်စရာအကြောင်းပါမဲ့ခဲ့ရတယ်လေ။
နော်ဖေါ့ အလှကတော့ရိုးသားတဲ့ကရင်မလေးရဲ့သာမာန်အလှပါပဲ။ မျက်နှာမှာဘာမှပြင်မထား
လဲ ပအို့ နီရဲလေးနဲ့လေ သူမကတော့ သာယာဝတီထောင်မှာပဲ ခေါင်းချခဲ့ရရှာတယ်။
HIV အပြင်းဖျားရာကနေ AIDS နဲ့သေဆုံးသွား၇ရှာတယ်အဲဒီလိုထင်ထင်၇ှာရှား HIVများကို
တောင်ထောင်ကသီးသန့် ခွဲထားခြင်းအဟာရပြည့်ဝအောင်ထောက်ပံ့ပေးခြင်းဘာဆိုဘာမှမ၇ှိပဲ
HIV မ၇ှိနိုင်တဲ့ရာဇ၀တ်အကျဉ်းသားတွေနဲ့ တစ်ဆောင်တည်းရောထားသလို နေမကောင်းလို့ 
များ ညဖက်တစ်ဦးဥိးက ဆေးမှုး အကြောင်းကြားရင် တံခါးမဖွင့် ပဲ ထောင်သံတိုင် တွေကြား
ကဖင်တစောင်းလှန်ပေးရပြီးဆေးထိုးသွားပါလေရော အကယ်၍ များနေမကောင်းသူ နှစ်ဦး
သုံးဦး ကဆေးမှုးခေါ်ချိန်တစ်ချိန်တည်းဆိုရင် အဲဒီ့ အပ်တစ် ချောင်းတည်းနဲ့  ဆက်တိုက် ထိုး
သွားပါလေရော---ဆိုတာ ရာဇ၀တ်အကျဉ်းသားတွေပြောပြလို့ ကျမသိခဲ့ရတာ အင်မတန်မှ
ထိပ်လန့် စရာပါ ပဲ ရှင်
HIV မ၇ှိပါဘူးလို့ ကိုယ်ကိုယ်ကိုယ်မော်နေတဲ့ ၁၇ယောက်ထဲကတစ်ချို့ ဆို တရားဝင်ယောင်္ကျား
၇ှိသူလည်း၇ှိနေတယ်။မီကိုဆိုတဲ့မိန်းကလေးဆို တရုတ်ကပြားမလေးရည်းစားနဲ့ lovetogether
နေပြီးရည်းစားကိုရွှေဘုံပေါ်ထားချင်လို့ ပြည့်တန်ဆာလုပ်စားနေတာတဲ့ ရည်းစားကိုထောက်
ပံ့ရတာ အားမရသေးဘူးဆိုပဲ ညီမလုပ်စားတာ ရည်းစားကသိလားဆိုတော့ သိတယ်ခွင့် လွတ်
တယ်တဲ့အဲဒီ့လိုယုတ်မာတဲ့ယောင်္ကျားကလည်း၇ှိသေးတယ်ဒါပေမဲ့ ဒီကောင်လည်း HIVနဲ့ ညား
သွားမှာသေချာပါတယ် ။တစ်ချို့ ကျတော့ သနားစရာပါ ။ မစန္ဒာ တဲ့ သူ့ ကိုယ်သူ နုအောင်ပြင်
ဆင်ထားပေမဲ့ အသက်ကြီးတာ နည်းနည်း သိသာတယ်သူ့ သားလေးကMC တတိယနှစ်တက်
နေတယ်မိဘတွေရောသားရောလင်ရောမသိအောင်လုပ်နေတာ။ခုထောင်ကျတော့သိသွားပြီ
တဲ့လေ ထောင်ကလွတ်ရင်မပြန်ရဲတော့ဘူးတဲ့ ဒါဟာစနစ်ဆိုးရဲ့ဒဏ်တွေဆိုတာသက်သေပါပဲ ။
သူ တို့ တွေအားလုံးမှာ ၄ ၅ ယောက်သာ HIV လို့ ဆိုပေမဲ့ ဦးတင်နွယ်ကြီးရဲ့ ဟိုတယ် ပြည့်တန်
ဆာ အလုပ်ခန်းရဲ့ အလုပ်လုပ်ပုံတစ်ပိုင်းတစ်စ ကိုပြောပြရပါဦးမယ်။လှိုင်မြို့ နယ်ကတင်တင်မော်
ဆိုတဲ့ ၁၇ ယောက်ရဲ့ခေါင်းဆောင်လို့ ပြောနိုင်တဲ့အလှဆုံးအတောင့်ဆုံး ယောင်္ကျားကြိုက် မိန်းမ
က ပထမကျမပြောခဲ့တဲ့ ငှက်အော်စမ်းပို့ ရတဲ့ကလေးမလေးကိုစည်းရုံးပြီးဦးတင်နွယ်ဆီပို့ ထား
သူ့ ပေါ့။သူကတော့ဦးဆောင်ပြီး အခန်း အခန်းတွေဆီမရောက်ခင်စက်တီဆိုဖာကြီးတွေ ပေါ်မှာ ကိုယ်စီကိုယ်စီအလှပဆုံးပြင်ပြီးမပေါ့တပေါ်ဆွဲဆောင်စရာအလှအပတွေနဲ့ ကြေညာကြရတယ်။
။အဲဒီ့မှာလာတဲ့ဂရိတ်ကြေးရေတက်အလွာသားတွေဟာ ငါးစိမ်းများဝယ်သလိုလက်လားမလက်
လားဆိုတဲ့ပုံစံနဲ့ ကိုင်ကြည့် ပြကြည့်ကြပြီးဈေးညှိကြပြီး အခန်းဝင်ကြတာလေ အကယ်၍များ
အခန်းဝင်သွားပြီးမှမပြေလည်ကြရင်နောက်တစ်ယောက် နဲ့ ထပ် ၀င်ပြန်ရောတဲ့ ဘုရားတစရာ
ကြက်သီးထစရာထိတ်လန့် စရာပါ အဲဒီ့မှာရောဂါတွေ ရောဂါတွေက ရေတွက်လို့ မရအောင်ပြန်
့နံ့နေပါပြီ ဒီထဲမှာ သာကေတကမချို မောင်းတော ကစိုးစိုး နောက်ကျမ နာမည်မမှတ်မိတော့တဲ့
မိန်းမချော ပြည့်တန်ဆာလေး ၁၇ ယောက် သူတို့ ရဲ့ သွေးသားတွေ ထဲ ကပိုးမွှားတွေ-- ဒီ ၁၇
ယောက် ကိုပဲ နမူနာထားပြီး မြန်မာပြည်ရဲ့ တနေ့ တာ HIV ပြန့် နံ့  နှုန်း တွက်ကြည့်ရင်တောင်
ရင်ဖိထားရမှာမို့  တစ်ကြိမ်တစ်ခါလည်းမမှားသင့်တဲ့ ဂျိုမပါတဲ့ ဝေဒနာရှင်မလေးတွေဆီ ကို
အလည် သွားရုံနဲ့ ကိုယ်မျိုးဆက် အနာဂတ်တွေ လွင့် ပျက် သွားမှာကို ပုရိသ သတို့ သားများ
သတိထားစေ့ချင်ပါတယတိုင်းပြည်ရဲ့အခြေအနေဆိုးကြီးအောက်မှာ ကိုယ်ပိုင်ဆင်ခြင်ထုံတရား
တွေနဲ့  ဆုံးဖြတ်နိုင်တဲ့ အသိတရားမရှိသူလေးတွေရဲ့ဘ၀ ကြေမွရသလို တိုင်းပြည် တစ်ခု လုံး
လည်း အကျင့် ဆိုးတွေ ဖုံးအုပ်နေပါပြီ ဒါ့ ကြောင့် ကျမအနေနဲ့ ထောင် ထဲ ကဂျို မပါတဲ့
ဝေဒနာရှင်လေး တွေရဲ့ ဘ၀တစ်စိတ်တဒေသကို လက်ဆင့် ကမ်း လိုက်ပါတယ် ကုထုံးတွေ
ထက် ကွာ့ယ် နိုင်မဲ့ အခြေအနေတောင် မြန်မာပြည်မှာခက်ခဲ နေပါတယ် ပြည်သူ့ ဘ၀စနစ်ဆိုး
အောက် မှာေ၇တိမ်နစ်ကြရပါပြီ။ ဒီတော့ အမျော်အမြင်ကြီးတဲ့ ကျမတို့ ဗိုလ်ချုပ် ပြောခဲ့တဲ့
စကားအတိုင်းပြောရရင် စစ်အုပ်စု လက်ထက် မှာကျမတို့ တိုင်းပြည်ကြီးဟာ
တကယ့်ကို ------နိုင်ငံကြီး ဖြစ်နေပြီ လား ရယ်လို့  ရင်နင့် စွာခံစားရင်း ပြည်သူလူထုထံ
ဂျိုမပါတဲ့ ဝေဒနာ၇ှင်လေး တွေ ဘ၀ သာဓက ပြပြီး အသိပေးတင်ပြ လိုက်ပါတယ်။။
စာရေးသူကိုယ်တိုင်ဝေဒနာရှင်များနှင့်တွေ့ ဆုံခဲ့သည့် သာယာဝတီထောင်တွင်း
အဖြစ်မှန်များဖြစ်ပါသည် တာဝန်ယူရေးသားတင်ပြပါသည်။။
မေအိခင်(လယ်ဝေး)
အလင်းအိမ်စာစောင် အတွဲ(၁) အမှတ်(၅)တွင်ဖော်ပြခဲ့ ပြီးဖြစ်သည်။

အပြည့်အစုံသို့ ...

နိုင်ငံရေးအကျဉ်းသားများကို နယ်ထောင်များသို့ စစ်အုပ်စုမှဆက်လက်ပြောင်းရွှေ့၊

Type your summary here

အင်းစိန်ထောင်က ထောင်ဒဏ်နှစ်ရှည်များချမှတ်ခဲ့သည့် ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်၏သားဖြစ်သူ ကမ်လမ်ခုပ် ခေါ် ကိုကျော်စိုးနှင့် တူဖြစ်သူ ကပ်ခန့်ခွာလ်တို့နှစ်ဦးကို ယခင်လ (၂၉) ရက်နေ့က နယ်ထောင်များသို့ ပြောင်းရွှေ့ လိုက်ကြောင်း ဦးပူကျင့်ရှင်းထန်က ပြောသည်။
ဦးပူကျင့်ရှင်းထန်က “ကျနော့်သားကတော့ မြောင်းမြ။ ကျနော့်တူကတော့ ပုသိမ်။ စနေနေ့ (၂၉) ရက်နေ့မှာပို့တယ်။ အင်းစိန် ထောင်မှာ သားတွေက ထောင်ဝင်စာပို့တော့ ဒီမှာ မရှိတော့ဘူးတဲ့။ ပုသိမ်တို့၊ မြောင်းမြတို့ကတော့ အသံဘာမှမလာ သေးဘူးလေ။ ကျနော်တို့လည်း မသွားနိုင်သေးဘူး။ သားနဲ့ တူအတွက် အယူခံ ရှေ့နေပါဝါပေးဖို့၊ လက်မှတ်ထိုးခိုင်းဖို့လည်း အစီအစဉ်ရှိတယ်” ဟု ပြောသည်။
အင်းစိန်ထောင်မှ ထောင်အပြောင်းအရွှေ့နှင့် စီရင်ချက်ချမှတ်မှုများကို ယခင်ကနှင့်မတူဘဲ မိသားစုများကိုယ်တိုင် သွားရောက် စုံစမ်းမှသာ သိခွင့်ရသဖြင့် သားနှင့် တူဖြစ်သူတို့၏ အမှုတွဲ ကိုတင်ထွန်းအောင်အား မည်သည့်ထောင်သို့ပို့သည်ကို သေချာ မသိကြောင်း ဦးပူကျင့်ရှင်းထန်က ပြောသော်လည်း အင်းစိန်ထောင်နှင့် နီးစပ်သူများကမူ ကိုတင်ထွန်းအောင်ကို ခန္တီးထောင်သို့ အဆိုပါနေ့ကပင် ပို့လိုက်ပြီဖြစ်ကြောင်း ပြောသည်။
ထို့အပြင် ထောင်ဒဏ် (၆၈) နှစ်ချခံရသော မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် အသျှင်ဂမ္ဘီရကို ခန္တီးထောင်၊ နောင်တော် ကိုအောင်ကျော်ကျော်ကို တောင်ကြီးထောင်၊ ၎င်းတို့၏အမှုတွဲ မန္တလေးမှ ကိုဝဏ္ဏအောင်ကို ပဲခူးထောင် စသည်ဖြင့် ယနေ့မနက်တွင် အသီးသီးပြောင်းရွှေ့ သည်။

အပြည့်အစုံသို့ ...