Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, December 30, 2008

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်မှ ထုတ်ပြန်သော လွတ်လပ်ရေးနေ့ ကြေညာချက်၊

Independence Day Statement by Free Burma Federation


အပြည့်အစုံသို့ ...

ရန်ကုန်မြို့ တွင် လမ်းလျှောက်ဆန္ခပြသူ လူငယ် ၉ ဦး ဖမ်းဆီးခံရ။



နေ့လယ် (၂) နာရီခွဲခန့်က မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြသည်။
“ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။ (၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ” ဟု မြေနီကုန်း မီးပွိုင့်အနီးနေသူတဦးက ပြောသည်။
အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက လမ်းလျှောက်ဆန္ဒပြသူများထဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြားရကြောင်းပြောသည်။ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အန်အယ်လ်ဒီလူငယ်များမှာ ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ရဲနီဦး၊ ပြေပြေ၊ အောင်ဖြိုးဝေ၊ မင်းသိန်း၊ ၀င်မြင့်မောင် (ခ) ပဲပြုတ်၊ ကောင်းထက်နိုင်နှင့် သက်မောင်ထွန်းတို့ဖြစ်သည်။
မျက်မြင်အချို့၏ ပြောဆိုချက်အရ ဆန္ဒပြသူများသည် အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ စမ်းချောင်းလမ်းအတိုင်း လွှတ်တော်ရှေ့ သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။

အပြည့်အစုံသို့ ...

Sunday, December 28, 2008

လိမ်လည်လုပ်ကြံရေးသားသည့်သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ပေးပို့ ၊




Type your summary here

အန်အယ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် DPA (Deutsche Presse-Agentur GmbH) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။
နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့်သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်း ဖြစ်သည်။

အပြည့်အစုံသို့ ...

Saturday, December 27, 2008

Karen New Year in Mal Taw Clinic

ကရင်နှစ်သစ်ကူးပွဲတော်အား မဲတော်ဆေးခန်းတွင်ကျင်းပနေပုံဖြစ်သည်၊

Type rest of the post here

အပြည့်အစုံသို့ ...

Thursday, December 25, 2008

(61) နှစ်မြောက် လွတ်လပ်ရေးနေ့ နှင့် ရန်ကုန်တက္ကသိုလ်နေ့ အခမ်းအနားဖိတ်ကြားလွှာ၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

ဗမာ ပြည်မှာ မီးမလာတာ မီးစက်တွေ ပျက်လို့ မဟုတ်ပါဘူး ဗိုလ်ချုပ်တွေ ခေါင်းထဲမှာ ပညာ ဆိုတဲ့အလင်း မရှိလို့ ပဲ ။ (မိုးသီးဇွန် )

Type your summary here

ကျနော်တို့ တိုင်းပြည်မှာ ချောင်းတွေရှိတယ်။ သဘ၀ဓါတ်ငွေတွေရှိတယ်။ ရေနံကလည်း ကမ္ဘာပေါက်ဈေးမှာ တပီပါကို ၃၆ ဒေါ်လာပဲရှိတော့တယ်။ ဒီအချိန်မှာ မြန်မာ တပြည်လုံး ဘာကြောင့် အမှောင်ဖုံးလွမ်းနေတာလဲ ။ အဖြေကတော့ရှင်းလှပါတယ်။ သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်တွေက မြန်မာ နိင်ငံက သဘ၀ ဓါတ်ငွေ့ ကို ပြည်တွင်းစွမ်းအင်အတွက် မသုံးစွဲပဲနိင်ငံခြားတိုင်းပြည်ဖြစ်တွေဖြစ်တဲ့ တရုပ်၊အိန္ဒယ၊ထိုင်းနဲ့ တောင် ကိုရီးယားနိင်ငံတွေကို ရောင်းစားနေလို့ ဖြစ်ပါတယ်။ မနေ့ ကပဲ တရုပ်နိင်ငံက China National United Oil Coropration ( CNUOC ) Myanmar Oil and Gas Enterprise Dawwoo International Group Cooperation တို့  ပြည်သူတွေကို အသိမပေးပဲ စာချုပ်ထပ်မံချုပ်ဆိုလိုက်ကြပါတယ်။
သဘောတူညီချက်အရ ရခိုင်ပြည်နယ်ရွေ သဘာဝဓါတ်ငွေ က ထွက်တဲ့ သဘ၀ဓါတ်ငွေ့ တွေကို ပိုက်လိုင်းနဲ့  မြန်မာ ပြည်ကနေဖြတ်သယ်ဖို့ နစ် ၃၀ စာချုပ်ကို ချုပ်ဆိုလိုက် တယ်။ ဒါဟာ အလွန် ညာဏ်အမြော်အမြင်နည်းပါးပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားကိုလျစ်လျူရှု့ တဲ့ လုပ်ရပ်ဖြစ်တယ်။ ရွေသဘ၀ဓါတ်ငွေလုပ်ကွက် အမှတ် ၁ တခုထည်းကနေ ထွက်မဲ့  သဘာဝဓါတ်ငွေ့ ဟာ ၆ ကုဗထရီလံ ပေ ရှိပါတယ်။ ဒီပမာဏ ဟာ တပြည်လုံးကို နစ်ပေါင်း ၆၀ နီးပါး လျှပ်စစ်မီးပေးနိင်တဲ့ ပမာဏ ဖြစ်ပါတယ်။ ရွေဖြူသဘ၀ ဓါတ်ငွေလုပ်ကွက်က ၁၀ ထရီလီယံ ကုဗပေအထိရှိနေပါတယ်။ ရေနံကတော့ စည်ပေါင်း ၃ဒသမ ၂ ဘီလံ ယံ ထုတ်လုပ်နိင်တဲ့ အနေထားမှာရှိနေပါတယ်။
စစ်အစိုးရက သဘ၀အရင်းအမြစ်တွေကိုရောင်းစားပြီး ကိုယ်ကျိုးကြည့် နေတဲ့လုပ်ရပ်တွေကြောင့် တတိုင်းပြည်လုံးဟာ ဆင်းရဲ မွဲ ပြာကြပြီး အမှောင်အတိကိုရောက်နေတာတော့ရင်နာစရာကောင်းလှပါတယ်။ မီးမလာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေဟ ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီ။ ဆေးရုံတွေမှာအခက်ခဲဖြစ်နေတယ်။ မီးမလာတဲ့အတွက် လူမှုရေးနဲ့ ပညာရေးလုပ်ငန်းတွေဟာ အသက်ကင်းမဲ့နေသလို ဖြစ်နေကြရပါပြီ။

အပြည့်အစုံသို့ ...

ဘူးသီးတောင်ထောင်မှ ကိုဌေးကြွယ် တိုက်ပြင်ထွက်ခွင့်မရ

Type your summary here

ရန်ကုန်အင်းစိန်ထောင်မှ ဘူးသီးတောင်ထောင်သို့ ရွှေ့ပြောင်းခံရသူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်သည် ယနေ့အထိ ထောင်တွင်း တိုက်ခန်းမှ အပြင်ထွက် လမ်းလျှောက်ခွင့်မရသေးကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ခေတ်ပြိုင်သို့ ပြောသည်။
ဦးဘိုကြည်က “ကိုဌေးကြွယ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကြားတာက ဒီနေ့အထိ တိုက်ခန်းထဲမှာပဲ ထားတယ်ဗျာ။ အပြင်ကို ထွက်ခွင့်မပေးဘူး။ နောက်ပြီး အဲဒီဘက်တွေမှာက ရေပြဿနာရှိတယ်။ ရေရှားတယ်။ ရေသန့်မရဘူး။ ရေပြဿနာက ရေရှည်မှာ ကျန်းမာရေးကို အတော်ထိခိုက်နိုင်ပါတယ်” ဟု ပြောသည်။
ထို့အပြင် ဘူးသီးတောင်ထောင်ကဲ့သို့သော နယ်ထောင်များတွင် ဆေးရုံ၊ ဆရာဝန်မရှိဘဲ ကျွမ်းကျင်အဆင့်မဟုတ်သည့် ဆေးမှူးများသာရှိတတ်ပြီး ကျန်းမာရေးအရလိုအပ်ပါက ဆရာဝန် လွယ်လွယ်ကူကူဖြင့် မရနိုင်ကြောင်းလည်း သိရသည်။
ယခင်လနောက်ဆုံးအပတ်အတွင်းက ကိုဌေးကြွယ်၏ မိသားစုဝင်များ ဘူးသီးတောင်ထောင်သို့ ထောင်ဝင်စာသွားတွေ့ခဲ့စဉ်ကလည်း ကိုဌေးကြွယ်သည် (၈) ပေ (၁၀) ပေ အခန်းကျဉ်းထဲ၌ နေရပြီး အပြင်ထွက် လေ့ကျင့်ခန်း လုပ်ခွင့်မရကြောင်း၊ ထောင်ပုံစံထမင်းကိုပင် ၀လင်စွာ မစားရကြောင်း၊ ရေရှားသည်ဟုဆို၍ ရေပေးမချိုးသောကြောင့် ယားနာများပေါက်နေကြောင်း သိခဲ့ရသည်ဟု ကိုဌေးကြွယ်၏ မိသားစုနှင့် နီးစပ်သူတဦးက ခေတ်ပြိုင်သို့ ပြောသည်။
ထို့အပြင် ကိုဌေးကြွယ်သည် သာယာဝတီထောင်၌ ယခင်တကြိမ် နေခဲ့ရစဉ်က ဗိုက်ခွဲထားရသဖြင့် ဗိုက်အောင့်ရောဂါဖြစ်နေကြောင်း၊ ဘူးသီးတောင်ထောင်တွင် ထောင်ဆရာဝန်မရှိဘဲ သာမန်ဆေးမှူးသာရှိပြီး၊ ဆေးကုရန် ပိုအဆင်ပြေနိုင်မည့် စစ်ထွေမြို့နှင့်လည်း ရေလမ်းတရက်ခရီးဝေးသောကြောင့် ရုတ်တရက် တစုံတရာဖြစ်မည်ကို ၎င်း၏ မိသားစုဝင်များက စိုးရိမ်နေကြကြောင်းလည်း သိရသည်။ ယူဆောင်သွားသည့် ဆေးများကိုလည်း “ဆေးမှူး၏ခွင့်ပြုချက်ဖြင့်သာ သွင်းပေးမည်” ဟုဆို၍ အာဏာပိုင်များက သိမ်းယူထားကြောင်း၊ စာအုပ်များနှင့် ခြုံစောင်ကိုလည်း သိမ်းယူထားကြောင်း သိရသည်။
နယ်စွန်နယ်ဖျားထောင်များမှ ကျန်းမာရေး ကုသမှုနှင့်ပတ်သက်၍ ဦးဘိုကြည်ကလည်း “နယ်ထောင်တွေ တော်တော်များများမှာ ဆေးရုံမရှိဘူး၊ ဆရာဝန်မရှိဘူး၊ တချို့ထောင်တွေမှာတော့ ဆေးမှူးလို့ခေါ်တဲ့ လူတွေပဲရှိတယ်။ သိပ်ကျွမ်းကျွမ်းကျင်ကျင်တွေ မဟုတ်ဘူး။ ရိုးရိုးအကျဉ်းသားအများစုကိုဆိုရင် ဆေးထိုးအပ် တချောင်းတည်း သုံးနေတဲ့နေရာတွေ တော်တော်များများရှိတယ်။ တချို့ထောင်တွေမှာ ပိုက်ဆံမပေးနိုင်သူဆိုရင် ပစ်စလက်ခတ် ဆေးကုတာတို့ဘာတို့ အဲဒါမျိုးတွေကတော့ တောက်လျှောက်ဖြစ်နေတယ်” ဟု ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဌေးကြွယ်၊ ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့အပါအ၀င် နယ်စွန်နယ်ဖျားထောင်များသို့ ပြောင်းရွှေ့ခံရသူများထဲတွင် ယခုအထိ ထောင်တွင်းတိုက်ခန်းများမှ အပြင်ထွက် လမ်းလျှောက်ခွင့် မရသူများ ရှိနေသေးကြောင်းလည်း သိရသည်။

အပြည့်အစုံသို့ ...

Wednesday, December 24, 2008

ရာဇ၀တ်မှုကျူးလွန်သူတရားသူကြီးများ

Type your summary here

ဒီရက်ပိုင်းထဲ နိုင်ငံရေးအကျဉ်းသားတွေကို မတရားနှစ်ရှည်ချမှတ်တာနဲ့ပတ်သက်လို့ အမေရိကန်အခြေစိုက် Global Justice Center နဲ့ ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီတို့က တရားသူကြီးတွေကို အိုင်စီစီ နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ အရေးယူဖို့ ပြင်ကြမယ်ဆိုပါတယ်။ တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မတရားပြစ်ဒဏ်ချခဲ့တဲ့ အဲဒီတရားသူကြီးတွေကို အိုင်စီစီ (ICC) တင်ဖို့ အမည်စာရင်းတွေနဲ့ တကွ ထုတ်ဖော်ထားပါတယ်။
အုပ်ချုပ်ရေး ဥပဒေပြဌာန်းရေးနဲ့ တရားစီရင်ရေးဆိုတဲ့ ကဏ္ဍသုံးခုဟာ ဒီမိုကရေစီနိုင်ငံတွေမှာတော့ သီးခြားလွတ်လပ်ပြီး တခုနဲ့တခုနဲ့ အပြန်အလှန် ထိန်းညှိုထားတာပါ။ အုပ်ချုပ်ရေးဆိုတဲ့ အစိုးရအဖွဲ့ ဥပဒေပြဌာန်းရေးဆိုတဲ့ လွှတ်တော်နဲ့ တရားစီရင်ရေးဆိုတဲ့ တရားရုံးတွေဟာ တဖက်ဖက်က အာဏာအလွဲသုံးစားမလုပ်နိုင်အောင် စောင့်ကြည့်ပါတယ် - အရေးယူနိုင်ပါတယ်။
မြန်မာနိုင်ငံလို ဒီမိုကရေစီကင်းမဲ့ပြီး စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်တဲ့ အာဏာရှင်တိုင်းပြည်မှာတော့ အုပ်ချုပ်တာလည် စစ်အာဏာရှင် ဥပဒေပြဌာန်းတယ်ဆိုတာလည် စစ်အာဏာရှင် တရားစီရင်ချက်ချတာလည်း စစ်အာဏာရှင်ပါပဲ။ မြန်မာနိုင်ငံမှာက ဥပဒေပြဌာန်းနိုင်တဲ့ လွှတ်တော်မရှိပါဘူး။ ၁၉၉၀ခုနှစ်တုန်းကတော့ လွှတ်တော်ရွေးကောက်ပွဲရှိခဲ့ပါတယ် - စစ်တပ်က အနိုင်ရတဲ့သူကို လွှတ်တော်ခေါ်ခွင့်မပေးတာကြောင့် လွှတ်တော်ဆိုတာ မရှိတာပါ။ အုပ်ချုပ်ရေးပိုင်းကတော့ စစ်တပ်ဗိုလ်ချုပ်တွေရဲ့ စစ်အုပ်ချုပ်ရေးပါ။ တရားစီရင်ရေးမှာတော့ အရပ်သားတွေ ရှိနေပါတယ်။ တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ အရပ်သားတရားသူကြီးတွေပါ။ နိုင်ငံတကာ တရားသူကြီးတွေ အစည်းအဝေး တရားဥပဒေစိုးမိုးမှုဆိုင်ရာအစည်းအဝေးတွေမှာ သူတို့ တတ်ပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် လက်မှတ်တွေ ထိုးပါတယ်။ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးရေးအတွက် ကတိက၀တ်ပြုပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက တရားသူကြီးချုပ်ဦးအောင်တိုးနဲ့ တရားရေးဌာနကတော့ မြန်မာနိုင်ငံတွင်း ဥပဒေစိုမိုးမှုမပြောနဲ့၊ နိုင်ငံသားတွေ ဥပဒေအတိုင်းရပိုင်ခွင့်တွေကိုတောင် သူတို့က ချိုးဖောက်နေတယ်လို့ ပြောရပါမယ်။ မကြာခင်က နိုင်ငံရေးအရထိမ်းသိမ်းထားသူတွေကို တရားစီရင်တဲ့ တရားခွင်တွေမှာ ဥပဒေအတိုင်းရပိုင်ခွင့်တွေကို တရားရေးဌာနကိုယ်တိုင်က ချိုးဖောက်ခဲ့ပါတယ်။ ပြစ်မှုတခုကို ပုဒ်မတခုနဲ့ပဲ အရေးယူရမယ်၊ ပြစ်မှုပြစ်ဒဏ်တွေ ချမှတ်ဖို့ စဉ်းစားတဲ့အခါမှာ ပြစ်ဒဏ်အနည်းအများကို တရားသူကြီးရဲ့ ဆင်ခြေတုံတရားနဲ့ အခြေပြုရမယ် - စတဲ့ ကျင့်ဝတ်ဆိုင်ရာတွေကို ချိုးဖျက်ပြီး နိုင်ငံရေးလှုပ်ရှားသူတွေကို နှစ်၅၀ နှစ် ၆၀ အထိန်းအကွပ်မရှိ ထင်တိုင်း နှစ်ရှည်တွေ ချမှတ်ခဲ့ပါတယ်။ အချို့ဆိုရင် အသက် ၂၀အောက် တတ်လူငယ်တွေ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေရဲ့ အမိန့်အတိုင်းလုပ်ရတာပဲဖြစ်ဖြစ် - စစ်အာဏာရှင်တွေရဲ့အလိုကျ လိုက်လုပ်ပေးတာဖြစ်ဖြစ် - အခုလို တရားရေးစနစ်ကို အသုံးချပြီး နိုင်ငံသားအုပ်စုတစုကို နှိပ်ကွပ်ဖို့ နိုင်ငံရေးအရဒေါက်တိုင်အလုပ်ခံတာဟာ Crimes against Humanity လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုမြောက်ပါတယ်။ တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ တရားရုံးတွေမှာ ပါဝင်ဆုံးဖြတ်တဲ့ တရားသူကြီးတွေကိုယ်တိုင် ကျူးလွန်မိတဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ ဒီအပေါ်မှာ ရှေ့နေ ရှေရပ်အဖွဲ့တွေက အရေးယူဖို့ စဉ်းစားကြတာ တရားပါတယ်။
ဒါပေမယ့် ဖြစ်နိုင်ချေကြည့်ရအောင်။ Rome Statute ရဲ့ ပုဒ်မ ၁၃ဖော်ပြချက်အရ အိုင်စီစီမှာ ကြားနာနိုင်မယ့် အခြေအနေ နည်းလမ်းသုံးလမ်းရှိပါတယ်။
အရေးအကြီးအဆုံးအချက်ကတော့ မြန်မာနိုင်ငံဟာ အိုင်စီစီ နိုင်ငံတကာရာဇ၀တ်ခုံရုံးကို သဘောတူလက်ခံတဲ့ Rome Statute ကို လက်မှတ်ထိုးထားတာမဟုတ်တာကြောင့် ပထမဆုံးနည်းလမ်း မဖြစ်နိုင်ပါဘူး။ နောက်နည်းလမ်းတခုဖြစ်တဲ့ Prosecutor (တရားရုံးရှေ့နေ) ဖြစ်သူကနေ ဒါကို စုံစမ်းစစ်ဆေးပြီး အမှုတင်နိုင်တာပါ။ Rome Statute ရဲ့ ပုဒ်မ ၁၅ ဖော်ပြချက်အရ လုပ်ထုံးလုပ်နည်းက အင်မတန်ရှုပ်ထွေးပါတယ်။ မြန်မာနို်င်ငံအခြေအနေနဲ့ မဖြစ်နိုင်သေးပါဘူး။ တတိယနည်းလမ်းကတော့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ တရားရုံးမှာ ကြားနာဖို့ အမှုလွဲပြောင်းပေးတာပါ။ မြန်မာနိုင်ငံဟာ လုံခြုံရေးကောင်စီအစည်းအဝေး အာဂျင်ဒါထဲမှာ ရှိပြီးသားဖြစ်တော့ ဒီနည်းကို ဖြစ်နိုင်ချေရှိတယ်လို့ ရှေ့နေအဖွဲ့တွေက ယူဆပုံရပါတယ်။ ဒါအပြင် လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံဆုံးဖြတ်ချက်တွေ ချမယ်လုပ်တိုင်း ဗီတိုသုံးလေ့ရှိတဲ့ တရုတ်နိုင်ငံကလည်း - နိုင်ငံရေးမဟုတ်ပဲ ဥပဒေစိုးမိုးရေးကိစ္စရပ်ဆိုရင်တော့ (အနည်းဆုံး) မငြင်းတောင်မှ မသိချင်ယောင်ဆောင်နေမယ်လို့ ယူဆပုံလည်းရပါတယ်။ အမှုဖြစ်စဉ်အရလည်း ဆူဒန်နဲ့ အီရတ်က တရားသူကြီးတွေ အာဏာရှင်တွေအကြိုက် အလားတူ လုပ်ခဲ့တာမျိုးတွေကို နိုင်ငံတကာက အရေးယူခဲ့ပြီးပြီလို့ ထောက်ပြပါတယ်။
ဒါပေမယ့် ကျနော်အမြင်တခုကတော့ နိုင်ငံရေးပြဿနာအရင်မရှင်းနိုင်ပဲ လူ့အခွင့်အရေးအခြေအနေတွေကို ဘယ်လိုမှ ကိုင်တွယ်မရဘူးဖြစ်နေတဲ့ကိစ္စပါ။ ဒါ ကမ္ဘာကြီးမှာဖြစ်နေတဲ့ အမှန်တရားပါ။ အစိုးရအများစုက လူ့အခွင့်အရေးတွေ ပြောကြဆိုကြပေမယ့် Political Commitment ဆိုတဲ့ တကယ်တမ်း လူ့အခွင့်အရေးကိုလိုလိုလားလားရှိပြီး ဖြစ်ရမယ်ဆိုတဲ့ပိုင်းဖြတ်မှုမျိုး မထားကြပါဘူး။ အိုင်စီစီ မှာကို ဒီပြဿနာရပ် ရှိနေပါတယ်။
ကုလသမဂ္ဂမှာလည်း လူ့အခွင့်အရေးကောင်စီတွေ လူ့အခွင့်အရေးကိုယ်စားလှယ်တွေ ထားပြီး နိုင်ငံတကာလူ့အခွင့်အရေးကိစ္စတွေ ပြောကြဆိုကြရပေမယ့် - ကမ္ဘာကြီးမှာ လူ့အခွင့်အရေးပြဿာနာကိုင်တွယ်မှုနဲ့ပတ်သက်လို့ ထိရောက်တဲ့ စနစ် ဖြစ်မလာသေးပါဘူး - လုံးလုံး မရှိသေးပါဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း နိုင်ငံရေးပြဿနာတွေနဲ့ နိုင်ငံရေးစနစ် လူမှုရေးစနစ်တွေကနေ မြစ်ဖျားခံလာပါတယ်။ ဒါကြောင့် နိုင်ငံရေးစနစ် လူမှုရေးစနစ်ဆိုးတွေကြောင့် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖို့ ကမ္ဘာကြီးမှာ စနစ်ကောင်းကောင်းလိုပါသေးတယ်။
အခုလို မြန်မာနိုင်ငံက စစ်အာဏာရှင်အကြိုက် ရာဇ၀တ်မှုကျူးလွန်တဲ့ တရားသူကြီးတွေကို အရေးယူဖို့ကြိုးစားတာကို မဖြစ်နိုင်သေးဘူးလို့ ဆိုချင်ပေမယ့် - ကြိုးစားတာကိုတော့ အသိအမှတ်ပြုပါတယ်။ ကြိုးပမ်းသင့်တဲ့အရာလည်းဖြစ်ပါတယ်။ အခြေအနေဆိုတာ ရုန်းကန်ရင်းနဲ့လည်း ပြောင်းလဲလာတတ်ပါတယ်။ အနိမ့်ဆုံးအားဖြင့်တော့ လူသားမျိုးနွယ်တွေအပေါ် ရာဇ၀တ်မှု ကျူးလွန်ခဲ့တဲ့ ဒီ တရားသူကြီးတွေကို မှတ်တမ်းမှတ်ရာနဲ့ ပြုစုထားခြင်းအားဖြင့် တချိန် စစ်အာဏာရှင်အနိမ့်ပိုင်းကာလမှာတော့ အသုံးတည့်လာမယ်လို့ မှတ်ယူရပါတယ်။
တရားသူကြီးစာရင်းကိုတော့ အခုလို မှတ်တမ်းရပါတယ်။
၁။ တရားသူကြီးချုပ် ဦးအောင်တိုး
၂။ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံး တရားသူကြီး ဦးသောင်းညွန့်
၃။ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံး တရားသူကြီး ဦးစိုးဥာဏ်၊ ဦးတင်ထွတ်၊ ဦးကျော်ဆွေ၊ ဦးစိန်လှ
၎။ ရန်ကုန်တိုင်းလှိုင်သာယာတရားရုံး တရားသူကြီး ဒေါ်အေးမြိုင်
၅။ ရန်ကုန်တိုင်း တာမွေမြို့နယ်တရားရုံး တရားသူကြီး ဒေါ်သန်းသန်း
၆။ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တရားရုံး တရားသူကြီး ဒေါ်ညွန့်ညွန့်ဝင်း
၇။ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် တရားရုံး တရားသူကြီး ဒေါ်မြမြဆွေ
၈။ ရန်ကုန်တိုင်း အလုံမြို့နယ် တရားရုံး တရားသူကြီး ဒေါ်သီရိတင်
ဇိုးဇက်
ဒီဇင်ဘာ ၃၊ ၂၀၀၈။
http://komoethee.blogspot.com

အပြည့်အစုံသို့ ...

လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ နဲ့ မြန်မာ့နိုင်ငံရေး အလားအလာများ

ရှစ်လေးလုံး(၈၈၈၈) အရေးတော်ပုံ ၉၀ခုနှစ် ရွေးကောက်ပွဲနဲ့ ရွှေဝါရောင်တော်လှန်ရေး တို့ ရဲ့ နိုင်ငံရေး အနစ်သာရက အာဏာရှင်စနစ် ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ် ထူထောင်ရေးဖြစ်ပါတယ်။
စစ်ဝါဒီတွေဟာ အထက်မှာဖော်ပြထားတဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို ငြင်းပယ်ခဲ့ကြတယ်။ အကြမ်းဖက် ဖြိုခွဲမှုတွေ ပြုလုပ်ခဲ့တယ်။ အာဏာရှင်စနစ်ကို အမျိုးသားညီလာခံမှတဆင့် ဆက်လက် ထူထောင်နိုင်ဖို့  ၂၀၀၈ မေလမှာ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အတည်ပြုလိုက်ပြန်တယ်။ လာမယ့် ရွေးကောက်ပွဲဆိုတာ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် လုံးပမ်းနေခြင်းမျှသာ ဖြစ်ပါတယ်။

ရှစ်လေးလုံး(၈၈၈၈) အရေးတော်ပုံ ၉၀ခုနှစ် ရွေးကောက်ပွဲနဲ့ ရွှေဝါရောင်တော်လှန်ရေး တို့ ရဲ့ နိုင်ငံရေး အနစ်သာရက အာဏာရှင်စနစ် ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ် ထူထောင်ရေးဖြစ်ပါတယ်။
စစ်ဝါဒီတွေဟာ အထက်မှာဖော်ပြထားတဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို ငြင်းပယ်ခဲ့ကြတယ်။ အကြမ်းဖက် ဖြိုခွဲမှုတွေ ပြုလုပ်ခဲ့တယ်။ အာဏာရှင်စနစ်ကို အမျိုးသားညီလာခံမှတဆင့် ဆက်လက် ထူထောင်နိုင်ဖို့  ၂၀၀၈ မေလမှာ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အတည်ပြုလိုက်ပြန်တယ်။ လာမယ့် ရွေးကောက်ပွဲဆိုတာ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် လုံးပမ်းနေခြင်းမျှသာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေ အာဏာရှင်စနစ်ကို ဘယ်နည်းဘယ်ပုံ ချေမှုန်း အနိုင်ယူနိုင်ပါသလဲ။ ဒီပြဿနာဟာ နိုင်ငံရေး အချိုးအကွေ့ ကြီးဖြစ်ပါတယ်။ ဒီိမိုကရေစီ အင်အားစုတွေ ဒီလိုအခြေအနေမျိုးမှာ မိမိတို့ ရဲ့ မဟာ ဗျူဟာ ရည်မှန်းချက်တွေ အောင်မြင်ပေါက်မြောက်ရေးအတွက် မည်သို့ သောနည်းဗျူဟာ အခင်းအကျင်း တွေ အောင်မြင်ပေါက်မြောက်ရေးအတွက် မည်သို့ သော နည်းဗျူဟာ အခင်းအကျင်းတွေ ချမှတ် အကောင်အထည်ဖော်နိုင်ပါသလဲ။ ပြည်တွင်း ပြည်ပ ဒီိမိုကရေစီ အင်အားစုတွေ လေးနက်စွာ စဉ်းစား ချိန် ဆရမယ့် အချိန် အခါ ဖြစ်ပါတယ်။နည်းဗျူဟာ လှုပ်ရှားမှုတွေမှာ မှားယွင်းသွားခဲ့ရင် စစ်ကောင်စီက ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ကမ္ဘာသိ ကြေညာပါလိမ့်မယ်။
ဒီလို အခြေအနေမျိုးမှာ အတိုက်အခံ အင်အားစုတွေ အနေနဲ့ ဘာတွေ လုပ်ဆောင်နိုင်ပါလဲ။
သမိုင်းကို ဖန်တီးသူတွေဟာ ပြည်သူတွေသာ ဖြစ်တယ်ဆိုတာကို နိုင်ငံရေးသမားတိုင်း အခိုင်အမာ ယုံကြည်ဖို့ လိုပါတယ်။ နိုင်ငံတကာ အကူအညီ အထောက်အပံ့ဆိုတာ ပြည်သူတွေ အတွက် စိတ်ဓါတ်ပိုင်း ဆိုင်ရာ ကူညီပေးမှုသာ ဖြစ်ပါတယ်။ ပြည်တွင်းအင်အားကို သာအားကိုးကြရမှာဖြစ်ပါတယ်။
သဘောတရားအရ ပြောရရင် ဖောက်ပြန်တဲ့ အစိုးရတစ်ရပ်ကို ဖြိုချ ဖျက်ဆီးရာမှာ နည်းလမ်းနှစ်သွယ် တိုက်ပွဲပုံစံ၊ နှစ်မျိုး ရှိပါတယ်။
(၁) အကြမ်းဖက်နည်းလမ်း
(၂) ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ နည်းလမ်းတို့ ဖြစ်ကြတယ်
အဲဒီ နည်းလမ်းတွေကို နိုင်ငံ တစ်ခုချင်းအလိုက် သင့်လျော်တဲ့ နည်းလမ်းမျိုးကို ကျင့်သုံးရပါတယ်။ လိုအပ်လာရင် တိုက်ပွဲပုံစံ နှစ်မျိုးလုံးကို ပူးတွဲ ကျင့်သုံးတတ်ရပါတယ်။ နိုင်ငံရေးသမားတိုင်း နားလည်ဖို့  လိုပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီး သုံးမျိုးမှာ အောင်မြင်မှုတွေ မရရှိခဲ့တာ ကြည်း၊ ရေ၊ လေ အင်အားစုတွေရဲ့ ပြည်သူ့ ဘက်ပါဝင်မှု ကူးပြာင်းလာမှု အားနည်းခဲ့လို့ ဖြစ်ပါတယ်။
၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ ရွေးကောက်ပွဲ မတိုင်မှီ ဒီမိုကရေစီ အင်အားစုတွေ ဖော်ဆောင်နိုင်တဲ့ တိုက်ပွဲပုံစံ (၃)မျိုးရှိနိုင်ပါတယ်။
(၁) ရွှေဝါရောင် တော်လှန်ရေးကာလကလို တပြည်လုံးလက္ခဏာဆောင်တဲ့ အာဏာရှင်စနစ် ဆန့် ကျင်ရေး ကျင်းပမယ့် ရွေးကောက်ပွဲဆန့် ကျင်ရေး လူထုလှုပ်ရှားမှုတွေ ဖော်ဆောင်ကြရမယ်။ ထောင်သောင်းချီတဲ့ စစ်ဗိုလ် စစ်သားတွေ ပူးပေါင်းပါဝင်လာအောင် လုံးပမ်းကြရမယ်။
(၂) ဗိုလ်မှူး အဆင့်မှ ဗိုလ်ချူပ် အဆင့်ထိ အလယ်အလတ်တပ်မှူးတွေဟာ စစ်ကောင်စီရဲ့ အမိန့်  အာဏာတွေကို လွန်ဆန်ပြီး နိုင်ငံရေး တောင်းဆိုချက်တွေ တင်ပြ ရဲကြရမယ်။ ပိုင်းဖြတ်ချက်တွေ ချကြ ရမယ်။
(၃) တရုတ် ၊ ရှရှားတို့ ရဲ့ ထောက်ခံချက်တွေ ရရှိအောင် ကြိုးစားပြီး လုံခြုံရေး ကောင်စီရဲ့ ဆုံး ဖြတ်ချက်အရ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိမ်းသိမ်းရေးတပ်ဖွဲ့ တွေ မြန်မာနိုင်ငံတွင်း ၀င်ရောက်လာပြီး လူ့  အခွင့်အရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ဖော်ဆောင်ပေးဖို့ လိုပါတယ်။ (၃)နှစ် အတွင်း နိုင်ငံရေး တည် ငြိမ်မှုရှိခဲ့ရင် ပြန်လည် ဆုတ်ခွာပေးဖို့ လိုပါတယ်။
၂၀၁၀ရွေးကောက်ပွဲ မတိုင်မီ မြန်မာနိုင်ငံရေး ဖြစ်နိုင်ခြေ အလားအလာ သုံးမျိုးကို ဖော်ထုတ်ပြခြင်း ဖြစ်ပါတယ်။
နှစ်ပေါင်း(၂၀) အုပ်စိုးနေတဲ့ န၀တ ၊နအဖ အစိုးရတွေဟာ စီးပွားရေး အရ နိုင်ငံရေး အရ စစ်ရေးအရ လူမျိုးစု ရေးရာတွေအရ အကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ တပ်မတော်အတွင်းမှာလည်း အုပ်စုဖွဲ့ မှုတွေ အာဏာလုယက်မှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်က ကျော်ဘ ထွန်းကြည် မျိုးညွန့် သိန်းဝင်း စတဲ့ ဒု- ဗိုလ်ချူပ်ကြီး (၁၄)ယောက်တို့ ကို အရေးယူခဲ့တယ်။ ၂၀၀၀ ခုနှစ် အကျော်မှာ ဒု - ဗိုလ်ချူပ်ကြီး ၀င်းမြင့် တင်လှ နဲ့ အပေါင်းအပါတို့ ကို ရာထူးက ဖယ်ရှားပစ်ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ တန်ခိုးသြဇာကြီးလှတဲ့ ဗိုလ်ချူပ်ကြီး ခင်ညွန့် နဲ့ အပေါင်းအပါ တပ်မတော်ထောက်လှမ်းရေး အင်အားစုတွေကို ချေမှုန်းခဲ့ပြန်တယ်။ ၈၈ ခုနှစ် အာဏာသိမ်းစဉ်က ပါဝင်ခဲ့တဲ့ ဗိုလ်ချူပ်သန်းရွှေနဲ့  မောင်အေးတို့ သာ ကျန်ပါတော့တယ်။
အထက်မှာဖော်ပြခဲ့တဲ့ အရေးယူမှုတွေဟာ စစ်တပ်ရဲ့ တစ်ရစ်ပြီး တစ်ရစ် ပြိုကွဲကျဆုံးမှုကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ စီးပွားရေး နိုင်ငံရေး စစ်ရေး ပျက်စီးမှုတွေရဲ့ ပြယုဂ် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဖောက်ပြန်ပြိုကွဲမှုတွေကို ၀န်ခံခြင်းဖြစ်ပါတယ်။
ဗိုလ်ချူပ်သန်းရွှေ မောင်အေး ခေါင်းဆောင်တဲ့ လက်ကျန်စစ်အုပ်စုဟာ ပေါက်ကွဲခါနီး မီးတောင်ပေါ်မှာ ထိုင်နေရသူတွေဖြစ်ကြတယ်။ သူတို့ ဟာ သမိုင်းတရားခံတွေ ဖြစ်ကြတယ်ဆိုတာ မဝေးလှတဲ့ အနာဂတ် မှာ ပုံပေါ်လာမှာ ဖြစ်ပါတယ်။
အာဏာရှင်စနစ် အုပ်စိုးမှုကို အပြီးအပိုင် ဖြိုချ ဖျက်ဆီးပစ်ဖို့ နိုင်ငံရေး သမားတိုင်း ပိုင်းဖြတ်ချက်ရှိဖို့ လို အပ်ပါတယ်။
သခင်တင်မြ ဦးချမ်းအေး ဦးရဲထွန်း အေးလွင် ကျော်မြင့်နိုင် တက္ကသိုလ် မြတ်သူတို့ ရဲ့ စစ်ဝါဒီ နောက်မြီးဆွဲ အတွေးအခေါ်အယူအဆတွေကို ပြတ်ပြတ်သားသား ဆန့် ကျင်သင့်ကြတယ်။
မြန်မာပြည်သူတွေဟာ ဖောက်ပြန်သူတွေကို အံတု ယှဉ်ပြိုင်ရာမှာ အစဉ် အလာကြီးမားခဲ့သူတွေ ဖြစ်ကြ တယ်။
သမိုင်းဆိုတာ ဖောက်ပြန်သူတွေ ဖန်တီးတိုင်း တည်ဆောက်လို့ ရတာမျိုးမဟုတ်ပါ။ သူတို့ ရဲ့ အုပ်စိုးမှု ဆို တာ ယာယီမျှသာ ဖြစ်ပါတယ်။
အောင်ပွဲဆိုတာ နိုင်ငံရေးသမားများနဲ့  ပြည်သူတွေရဲ့  ရဲရင့်ပြတ်သားတဲ့ ကိုယ်ကျိုးစွန့် လွှတ်တဲ့ တိုက်ပွဲဆင်မှုရဲ့ ရလာဒ်သာ ဖြစ်ပါတယ်။
နိုင်ငံရေးသမားတစ်ဦး ၆။၁၁။၀၈

အပြည့်အစုံသို့ ...

ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်

Type your summary here

စစ်အစိုးရက ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသား ကိုစန်းမောင်သည် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အတွက် ပဲခူးမြို့အကျဉ်းထောင်အတွင်း၌ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားကြောင်း မိသားစု နှင့်နီးစပ်သူများက ပြောသည်။
ကိုစန်းမောင်သည် ၎င်းတွင်ခံစားနေရသည့် အစာအိမ် ရောဂါနှင့် အသည်းကြီးသည့် ရောဂါများအတွက် ထောင်အာဏာပိုင်များကို ဆေးဝါးကုသခွင့်ပြုရန် တောင်းဆိုရာ ခွင့်မပြု သောကြောင့် ယခုလ ၁၉ ရက်နေ့က သေကြောင်း ကြံစည်သွားခြင်းဖြစ်သည်ဟု ပဲခူးမြို့ရှိ ကိုစန်းမောင်၏ မိသားစုနှင့် နီးစပ်သူ တဦးကပြောသည်။
“ပြီးခဲ့တဲ့ ၁၉ ရက် နေ့ နေ့လယ်ပိုင်းလောက်မှာ ပဲခူးထောင်ထဲက အိမ်သာထဲမှာ သူ့ကိုယ်သူ ကြိုးဆွဲချပြီး သေ သွား တာ၊ သူက ထောင်ထဲမှာပဲ အစာအိမ်ရောဂါ၊ အသည်းကြီးတဲ့ ရောဂါဖြစ်နေတယ်၊ ရောဂါကလည်း တော် တော် ဆိုးနေတယ်၊ ၁၃ ရက်နေ့က သူ့မိသားစုတွေ လိုက်လာပြီး ထောင်ဝင်စာ တွေ့တဲ့အချိန် ဆေးကု သခွင့်ပြု ဖို့တောင်းတာ ခွင့်မပြုဘူးတဲ့၊ မိသားစုက ပါလာတဲ့ ဆေးဝါး ပစ္စည်းတွေနဲ့ စားစရာတွေကိုလည်း အထဲကို ပို့မပေး ဘဲ အပြင်မှာပဲသိမ်းထားတယ်တဲ့၊ အဲဒီတော့ သူက ကျန်းမာရေးကလည်း ဆိုးဝါးနေတာရယ်၊ မိသားစုနဲ့လည်း လွတ်လပ်စွာ ပြောဆိုဆက်ဆံခွင့် မရတာရယ်၊ အဲဒါကြောင့် အခုလိုကြံစည်သွားတယ်လို့ သိရတယ်”ဟု မိသားစု နှင့် နီးစပ်သူကပြောပြသည်။
ယင်းကိုစန်းမောင်သည် ပဲခူးတိုင်း ရွှေကျင်မြို့မှဖြစ်ပြီး မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇/၁ ပုဒ်မနှင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရသူ ဖြစ်ကြောင်း သိရသည်။
ပဲခူးထောင်တွင် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ယခင်ကဖြစ်ပွားသည်ကို မကြားသိရကြောင်းနှင့် ယခုလအတွင်း ပဲခူးထောင်၌ ဆိုးဆိုးဝါးဝါးဖြစ်စဉ် ၂ ခုရှိပြီဖြစ်ကြောင်း ပဲခူးမြို့မှ ရှေ့နေကြီး ဦးမြတ်လှကလည်း ပြောသည်။
“ပဲခူးထောင်မှာ အခုလိုဆိုးဆိုးဝါးဝါး ဖြစ်တာ အခုတလော ၂ ကြိမ် ရှိသွားပြီ၊ ဟိုတလောကလည်း တိုက်ကြီးက တယောက် အရိုက်ခံရတယ်၊ တော်တော်နာတယ်၊ အခု ရွှေကျင်က တယောက်က မကျန်းမာလို့ ဆေးကုခွင့် တောင်းတယ်၊ မရတဲ့အခါကျတာ့ အိမ်သာထဲမှာ သူ့ ပုဆိုးနဲ့သူ ကြိုးဆွဲချသေသွားတယ်”ဟု ဦးမြတ်လှက ပြောဆို သည်။
ယင်းပဲခူးထောင်တွင် ယခင်က အကျဉ်းသား ၁၀၀-၁၅၀ ခန့်သာ ထားရှိသော်လည်း ယခုမူ ၄၀၀-၅၀၀ ခန့်ရှိသည် ဟု ကြားသိရကြောင်းလည်း ၎င်းက ဆိုသည်။
“အခုတလောမှာရောက်လာတာ ကြားရတာကတော့ ၁၂ ဦး ရောက်တယ်၊ နိုင်ငံရေးအကျဉ်းသားတွေ၊ လက်ဦးက ရွှေကျင်ကပဲ အန်အယ်လ်ဒီ ကနေ ထောင်ကျနေတဲ့ အတွင်းရေးမှူး ဘိုကြီး ဆိုတာရယ်၊ အဖွဲ့ဝင် ဖေတင် ဆိုတာ ၂ ယောက်ရှိတော့ ၊ အခု ၁၄ ယောက်ရှိသွားပြီ၊ မန္တလေးကလည်း ပါတယ်လို့ပြောတယ်”ဟု ဦးမြတ်လှက ပြော သည်။
ယခုလအလယ်ကလည်း ပဲခူးထောင်တွင် ထောင်ဒဏ်ကျခံနေရသော တိုက်ကြီးမြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)မှ ကိုအောင်ကျော်ဦးသည် ထောင်အာဏာပိုင်များ၏ ရိုက်နှက် စစ်ကြောသည့် ဒဏ်ကို ပြင်းထန် စွာခံစားခဲ့ရကြောင်း သိရသည်။
ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသည့် ကိုထင်ကျော်တို့အဖွဲ့မှ ကိုဖိုးတုတ် ခေါ် ကိုခင်မောင်ချိုကိုလည်း ပြီးခဲ့သည့် ၂၂ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးက ပုဒ်မ ၁၃/၁ အရ ထောင်ဒဏ် ၅ နှစ် အမိန့်ချလိုက်ကြောင်း ထောင်ဝန်ထမ်းတဦးက ပြောသည်။
ကိုခင်မောင်ချိုသည် ဒီဇင်ဘာ ၈ ရက်နေ့တွင် ကြည့်မြင်တိုင်တရားရုံးက ထောင်ဒဏ် ၁၉ နှစ် ချမှတ်ထားရာ ၎င်းသည် စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ကျခံရမည်ဖြစ်သည်။

အပြည့်အစုံသို့ ...

ကုန်ဈေးနှုန်းကျဆင်းရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုခင်မောင်ချိုအား ထောင်ဒဏ် ၅ နှစ်ထပ်တိုး၊


ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒပြသူ ကိုခင်မောင်ချို (ခေါ်) ကိုဖိုးတုတ်ကို ယမန်နေ့က ရန်ကုန်တိုင်း ရန်ကင်းတရားရုံးက ထောင်ဒဏ် ၅ နှစ် ထပ်တိုးသဖြင့် ပြစ်ဒဏ် ၂၄ နှစ် ဖြစ်သွားသည်။
ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်သားကိုခင်မောင်ချိုအား ယခုလ ၈ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ၁၉ နှစ် ချခဲ့ပြီးနောက်၊ ယမန်နေ့က ရန်ကင်းမြို့နယ် တရားရုံးက နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့် ၅ နှစ် ထပ်ချလိုက်ခြင်းဖြစ်သည်။
"ပထမဦးဆုံး စံပြဈေးမှာ ကုန်ဈေးနှုန်း ကျဆင်းရေးတုန်းက သူ ပါခဲ့တယ်။ အလုပ်သမားရေး ကိစ္စတွေမှာလည်း အိုင်အယ်လ်အို (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်) ကို တိုင်တန်းပေးတဲ့ အထဲမှာလည်း ပါဝင်ခဲ့သူပါ။ အခု ၅ နှစ်ထပ်ကျတာပေါ့နော်။ စုစုပေါင်း ၂၄ နှစ်ရှိပြီ" သွားပြီဖြစ်သည်။
ကိုခင်မောင်ချိုကို နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု၊ ဗီဒီယိုအက်ဥပဒေ၊ လိမ်လည်မှု၊ စာရွက်စာတမ်းအတု လက်ဝယ်ကိုင်ဆောင်မှုတို့ဖြင့် ကြည့်မြင်တိုင် တရားရုံးက ယခုလ ၈ ရက်နေ့မှ စတင်ကာ နှစ်ရှည်ထောင်ဒဏ် ချခဲ့ခြင်းဖြစ်သည်။
အလားတူ ထိုရက်၌ပင် သူ့အမှုတွဲ တောင်ဒဂုံမြို့သား ကိုညွန့်ဝင်းကို ၅ နှစ်နှင့် ကိုကံမြင့်တို့ နှစ်ဦးအား ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
Next >

အပြည့်အစုံသို့ ...

အင်အားစုများ ညီညွတ်ရန် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီအတွင်းရေးမှူးဦးအေးသာအောင်မှ တိုက်တွန်း၊

Type your summary here

တိုင်းပြည်အတွက် နိုင်ငံရေးအင်အားစုများ အားလုံး ညီညွတ်မှုရှိရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ ကတိုက်တွန်းလိုက်သည်။
တိုင်းပြည် ဒီမိုကရေစီရေးအတွက် နိုင်ငံရေးပါတီအချင်းချင်း၊ ပါတီတွင်း၊ အပစ်ရပ်နှင့် ဆက်လက်တိုက်ပွဲဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ညီညွတ်ရေး လိုအပ်ကြောင်း ယမန်နေ့က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည့် စီအာပီပီ အစည်းအဝေးတွင်ပြောဆိုလိုက်ခြင်းဖြစ်သည်။
"ပါတီများအနေနဲ့ တဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုတည်ဆောက်ပြီး၊ အပြန်အလှန်နားလည်ပြီး ညီညွတ်ရင် အကောင်းဆုံးပဲ။ တိုင်းပြည်အတွက် အရေးအကြီးဆုံး အခြေအနေဖြစ်နေတဲ့အတွက် နိုင်ငံရေးပါတီရော၊ ငြိမ်းချမ်းရေး လုပ်ထားတဲ့ အဖွဲ့တွေရော၊ ငြိမ်းချမ်းရေး မလုပ်ရတဲ့ အဖွဲ့တွေရော အားလုံးဟာ ဒီအချိန်မှာ ညီညွတ်ဖို့ စည်းလုံးဖို့ ဒါမှလည်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်လို့ရမယ်" ဟု စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
"ညီညွတ်ရေးကို တည်ဆောက်ရာမှာ ယုံကြည်မှုက အရေးကြီးတယ်။ ဒါကြောင့်မို့ နအဖ အာဏာပိုင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တောင်းဆိုတယ်" ဟု သူက ဆက်ပြောသည်။
အစည်းအဝေးသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် ၁၁ ဦး တက်ရောက်ခဲ့ကာ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ဆွေးနွေးခဲ့ကြသည်။
စစ်မှန်သည့် ဒီမိုကရေစီစနစ် တည်ဆောက်မည်ဆိုလျှင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်သည့်အနေဖြင့် မြန်မာစစ်အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက်ရန်အတွက် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ပြုလုပ်ရန် အစည်းအဝေးက တောင်းဆိုခဲ့သည်။
ဦးအေးသာအောင်က "တိုင်းပြည်မှာ ညီညွတ်ရေး မရှိဘဲနဲ့ ယိုယွင်းနေတဲ့ နိုင်ငံတခုကို ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အင်အားစုတွေအားလုံး ညီညွတ်ဖို့လိုတယ်။ မကြိုက်တာတွေ၊ သဘောမကျတာတွေ ဘေးဖယ်ပြီးတော့ ညီညွတ်ရေးကို တည်ဆောက်ရမယ်။ ဒီလို မတည်ဆောက်ရင်တော့ ဒီ့ထက်ပိုဆိုးနိုင်တယ်" ဟု ပြောသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် ပြည်သူ့လွှတ်တော် မပေါ်ပေါက်မီစပ်ကြား လွှတ်တော်ကဲ့သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ စီအာပီပီကို ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က အန်အယ်ဒီနှင့် ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး စသည့် တိုင်းရင်းသားပါတီများမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၅၁ ဦးက လက်မှတ်ရေးထိုးကာ လုပ်ပိုင်ခွင့် အပ်နှင်းခဲ့သည်

အပြည့်အစုံသို့ ...

ထောင်ချသော်လည်း ကြောက်ရွံ့နောက်တွန့်မည် မဟုတ်

ကျနော်ကတော့ အားလုံး ညီညီညွှတ်ညွှတ် လုပ်စေချင်ပါတယ်။ အသံညီရမယ်ပေါ့ဗျာ။ လုပ်နေတဲ့သူတွေ အားလုံး တယောက်တပေါက် မဟုတ်ဘဲ တသံထဲ ထွက်မယ်၊ အလုပ်ညီမယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ အခုက အသံ မညီနိုင်သေးတော့ ပြဿနာတွေ ရှိတာပေါ့ဗျာ။ ဒါက ဒီစစ်အစိုးရကလည်း ဒီလိုဖြစ်အောင် လမ်းကြောင်းတွေ ချနေတာဗျ။ အကွဲအပြဲတွေကို လိုက်ဖန်တီး မျိုးစေ့လိုက်ချနေတာဗျ။ ဒီတော့ ကျနော် ပြောချင်တာက အားလုံးပေါ့ဗျာ၊ ပြည်တွင်းပြည်ပက အဖွဲ့တွေ အားလုံးကို ပြောချင်တာက ကျနော်တို့ အသံညီညီနဲ့ လုပ်ကြရအောင်လို့ပါ။

(သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)
နယ်ဝေးထောင်များတွင် ထောင်ဒဏ်များ ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံ သွားရောက်တွေ့ဆုံကာ အားပေးနေသော နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်တင်က 'အကျဉ်းသား မိသားစုများပါ ဒုက္ခရောက်နေသဖြင့် ၀ိုင်းဝန်းကူညီကြရန်' ယနေ့ တိုက်တွန်းလိုက်သည်။
သို့သော်လည်း ဆင်းရဲလှသည့် မိသားစုဝင်များအနေဖြင့် အားငယ်သွားခြင်း၊ အားလျော့သွားခြင်း မရှိသလို၊ ထောင်ချသည့်အတွက်လည်း အာဏာပိုင်များကို ကြောက်ရွံ့သွားမည်၊ တွန့်ဆုတ်သွားမည် မဟုတ်ကြောင်း ဆရာကြီးက ပြောသည်။
ဒီမိုကရေစီရေး လှုပ်ရှားနေသူများအနေဖြင့် အသံညီညီဖြင့် လက်တွဲလုပ်ဆောင်ပါရန် တိုက်တွန်းလိုက်သေးသည်။
နိုင်ငံရေးအကျဉ်းသား မိသားစုများထံ သွားရောက်အားပေးနေသည့် အခြေအနေနှင့် သူ့အမြင်များကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ဇာနည်က မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။
မေး။ ။ ဘဘ အခု အကျဉ်းကျနေတဲ့ သူတွေရဲ့ မိသားစုတွေကို လိုက်တွေ့နေတယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် အခုလို လိုက်တွေ့ဖြစ်တာလဲဆိုတာ သိပါရစေရှင့်။
ဖြေ။ ။ ဒီဥစ္စာက ဘယ်လိုလဲဆိုတော့ ကျနော်ကိုယ်တိုင် ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရတာဗျာ။ အဲဒီမှာ အဖွဲ့ချုပ်ကရော၊ နောက် အားလုံးကရော ၀ိုင်းကူညီကြတယ်။ အားပေးတယ်၊ သတိရတယ်လို့ ပြောတယ်။ တခါတလေလည်း မုန့်ဘာညာ စသည်ပေါ့ဗျာ လာလာပြီးတော့ ပေးကြတယ်။ ငပိကြော်ဖြစ်ဖြစ်ပေါ့။ ဒီလိုနဲ့ ကျနော် အနှစ် ၂၀ ကို ဖြတ်သန်းခဲ့ရတာ။
ဆိုတော့ ဒီလူတွေရဲ့ကျေးဇူး၊ ဒီလူတွေရဲ့ လုပ်ရပ်ကို မမေ့နိုင်ဘူး။ ကျနော့် ပေးတဲ့သူက မောင်ဖြူ ဖြစ်ပေမယ့်လို့ ကျနော် ပြန်ပေးတာက မောင်မဲဆိုရင်လည်း ဒါက မောင်ဖြူကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားတယ်လေ။ ဘာလို့လဲဆိုတော့ ဒါက လူတိုင်း ၀ိုင်းလုပ်ပေးလို့ ကျနော် အသက်ရှည်လာတာဗျ။ ထောင်ထဲမှာက အသက်ရှည်နိုင်စရာ မရှိဘူး။ ဒီအစိုးရရဲ့ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ ခံနေရတာ။ ဒါတောင် ကျနော် ညှဉ်းဆဲခံရတာတွေ ထည့်မပြောသေးဘူး။ ဒီအစိုးရ ဒီလောက်ကြပ်မတ် ချုပ်ချယ်ထားတဲ့ အထဲမှာ တယောက်ထဲ ပိတ်နေတဲ့အခါတွေမှာ ကျနော် အသက်ရှည်စရာအကြောင်း မရှိဘူး။
ဒီလို ကျနော့်ကို အားပေးတဲ့ လူတွေ၊ ကျနော့်ကို သတိရတဲ့လူတွေကြောင့်သာ ကျနော် အသက်ရှည်ခဲ့တာဗျ။ ဒါကြောင့် ဒီနေ့ ကျနော်သွားကူနေတယ်၊ ဘာညာဆိုတာက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရကို လုပ်တာ။ တော်တော့်ကိုတော့ မောတယ်ဗျာ။ ဒါပေမဲ့ ကျနော် တတ်နိုင်သမျှ လုပ်မှာပါပဲ။ ကျနော် ဘယ်ကမှ ပိုက်ဆံ ရလို့တော့ မဟုတ်ဘူး။ ကျနော့ မိတ်ဆွေတွေ ထောက်ပံ့တဲ့ လမ်းစရိတ်ကို ကျနော် ချွေတာပြီး လိုင်းကားစီးပြီး သူတို့ကို မုန့်လေး ဘာလေး ၀ယ်ပြီး ပေးတယ်။ ဒါပါပဲ။
မေး။ ။ ဘဘ ဒီလိုသွားတော့ သူတို့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ အခြေနေတွေကို ဘယ်လိုတွေ့ခဲ့ရပါလဲရှင့်။
ဖြေ။ ။ ကျနော်ပြောချင်တာတော့ နှစ်ချက် သုံးချက် ရှိမယ်ဗျ။ တချက်က လူတိုင်းက သိပ်ပြီးတော့ ကျနော်တို့ ထင်သလို စိတ်ပျက် အားငယ်နေတာတော့ မရှိဘူးဗျ။ လူတိုင်းက တက်ကြွနေတယ်။ ကျနော်တို့ လာတဲ့အတွက်လည်း ပိုပြီးတော့ ထက်သန်တက်ကြွနေတယ်။ ၀မ်းသာနေတယ်။ ကျနော် အဲဒါကို တွေ့ခဲ့ရတယ်။ နောက်တချက်က ဘယ်လိုလဲဆိုတော့ ဒီထဲမှာက တချို့ တောင့်တောင့်တင်းတင်းပေါ့ဗျာ၊ စီးပွားရေးအားဖြင့် တောင့်တင်းပုံပေါ်တဲ့ မိသားစုများထက် တော်တော်ဆင်းရဲတဲ့သူတွေကို သွားတွေ့တယ်ဗျ။ အဲဒီ အခါကျတော့ ကျနော်တော့ ဒီအစိုးရလုပ်တဲ့ပုံကို သိပ်ပြီးတော့ စိတ်ထဲ စိတ်ပျက်တယ်ဗျာ။
ဘာလို့လဲဆိုတော့ ကျနော်ပြောတာက အကျဉ်းသားတွေ ထောင်ကျတယ်။ နိုင်ငံရေး လုပ်တဲ့အတွက် ထောင်ကျမယ်ဆိုတာ နိုင်ငံရေးသမားတိုင်း နားလည်ပြီးသား ကိစ္စ။ ဆိုပါတော့ ကျနော်ဆို ထောင်ပြန်ကျလည်း ရယ်ဒီပဲ။ ကျနော် ဒီနေ့အထိလည်း ထောင်အ၀တ်အစား အပြာရောင်တို့ ဘာတို့ပဲ ၀တ်နေတာပဲ၊ ဘာမှလည်း တွန့်ဆုတ်မှု မရှိဘူး၊ ဘာမှလဲ ဂရုမစိုက်ဘူး။ ကျနော် လုပ်စရာရှိတာ ကျနော် လုပ်နေတာပဲ။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတိုင်းအတွက်ကလည်း ထောင်ကျတယ်ဆိုတာ မဆန်းဘူးဗျ။ ဒါပေမဲ့ ဒီအစိုးရက သိပ်ပြီးတော့ကို တော်တော့်ကို ဆိုးဆိုးဝါးဝါး လုပ်တာပဲ။
ကျနော် စဉ်းစားကြည့်တယ်။ ခုနက ပြောတဲ့ တချက်ပေါ့ဗျာ။ မိသားစုတွေက တော်တော်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲတဲ့ အခါကျတော့ ဒီလောက်ဆင်းရဲတဲ့ မိသားစုတွေက ဘယ်လိုဖြစ်လဲဆိုတော့ အဝေးမှာ ထောင်တွေက ကျတယ်ဆိုတော့ ဥပမာဆို ပူတာအိုကျတဲ့ မိသားစု ပါတယ်ပေါ့။ တနေ့က ကျနော် ဒေါပုံနယ်ထဲ သွားတယ်။ အဲဒီမှာ လေး၊ ငါး ဆယ်အိမ်လောက်သွားတာဆိုတော့ အဲဒီက လူတွေက တော်တော့်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲလိုက်တာမှဗျာ အိမ်လေးတွေကလည်း ကျဉ်းကျဉ်းလေးတွေ။ ဒါပေမဲ့ သူတို့ စိတ်ဓာတ်အားဖြင့်တော့ မကျဘူး။ မကျဘူး ဆိုပေမယ့်ဗျာ စိတ်တော့ နည်းနည်းလေး ညစ်နေတာပေါ့။
စိတ်ညစ်တယ်ဆိုတာက ခင်ဗျားတို့ စဉ်းစားကြည့်လေ။ ဒီထဲမှာ ကလေးတယောက်က ပူတာအိုသွားရမယ်ဆိုပြီး ပါတယ်။ စစ်တွေကို သွားရမယ့်သူတွေ ပါတယ်။ အဲဒီဟာတွေဟာ ခရီးစရိတ်ကထား၊ ICRC က ကူတယ် ဆိုသော်ငြားလည်း၊ ခင်ဗျား ဒီခရီးက စားရေးသောက်ရေး၊ နေရေးထိုင်ရေး ရှိသေးတယ်။ ဘာလို့ဆိုတော့ အဲဒီကို သွားတာ တပတ်နှစ်ပတ်ကြာတယ်။ အဲဒီတော့ သူတို့ စားရေးသောက်ရေးက ဟိုမှာတင် အခက်အခဲရှိရုံ မဟုတ်ဘူး။ သူတို့ ရန်ကုန်မှာက နေ့စား လက်လုပ်လက်စားတွေဗျာ။ သူတို့ ဘာမှ အလုပ်မလုပ်နိုင်ဘူး။ နိုင်ငံရေး လုပ်တဲ့သူတင် ထောင်ကျတာ မဟုတ်ဘူး။ မိသားစုပါ ဒုက္ခရောက်နေတာဗျာ။ ၀ိုင်းကူနိုင်ရင် ကူကြပါ ကူနိုင်အောင်လည်း လုပ်ကြပါလို့ ကျနော် တိုက်တွန်းချင်တယ်။
မေး။ ။ အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတာတွေ၊ နောက် နယ်ဝေးက ထောင်တွေကို ပို့ခံရတာတွေ အပေါ် ဘယ်လိုမြင်ပါသလဲ ဘဘ။
ဖြေ။ ။ အဲဒါက အစိုးရ အနေနဲ့က မလုပ်ကောင်းတာပဲဗျာ။ ထောင်ချချပေါ့ဗျာ။ မိသားစုပါ ဒုက္ခရောက်အောင်တော့ မလုပ်ကောင်းဘူးပေါ့ဗျာ။ ကျနော်တော့ အဲလိုပဲ သဘောရတယ်ဗျ။ တမင်နှိပ်စက်တာပေါ့ဗျာ။ လူတွေကို အကျဉ်း နှစ်ပေါင်းများစွာ ချတယ်။
စဉ်းစားကြည့်ဗျာ။ လူသတ်မှု ကျူးလွန်တာတောင် ထောင်ဒဏ် နှစ်၂၀ စသည်လောက်ပဲ ကျနိုင်တယ်။ အဲဒါမျိုးတွေကို၊ လူတွေကို ထောင်ဒဏ် နှစ် ၆၀ တွေဘာတွေ ချတယ်ဆိုတာက ရှင်းရှင်းပြောရင် ဒါက လူတွေကို မတရားသဖြင့် လုပ်တာပဲဗျ။ တရားဥပဒေနဲ့ အညီလုပ်တာ မဟုတ်ဘဲ မတရားသဖြင့် လုပ်တာပဲဗျ။
မနေ့တနေ့က လူငယ်တယောက်ဆိုရင် တနေရာကို ၃ နှစ်လောက်ကျတာ။ ၀န်ထမ်းတယောက်နဲ့ ပတ်သက်တယ်ဆိုပြီးတော့လား မသိဘူး။ သူ့ကို ၃ မှုနဲ့ ထောင်ဒဏ် ၉ နှစ် ချတယ်ဗျာ။ ဒါမျိုးက မလုပ်ကောင်းတဲ့ အလုပ်တွေပဲ။ တရားစီရင်ရေးဟာ တရားသဖြင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။ ထားတော့ ဒါကတော့ အကျဉ်းသားတွေကို ထောင်ချတဲ့အတွက် ကျနော်ကတော့ မပြောချင်ဘူး။ များတာ နည်းတာလည်း ဂရုမစိုက်ပါဘူး။
နိုင်ငံရေးသမား ထောင်ချတာလည်း ကျနော်က သိပ်ပြီး မပြောချင်ဘူး။ နိုင်ငံရေးသမားကတော့ ထောင်ကျရင်ကျမယ် လုပ်တာပဲ။ ဒါပေမဲ့ မိသားစုကိုတော့ ဒီလောက်ကြီး မညှဉ်းဆဲကောင်းဘူးဗျ။ စဉ်းစားကြည့်လေ။ တရားသဖြင့်လည်း မဟုတ်ဘူးဗျာ။ မိသားစုကို ဒုက္ခရောက်အောင် ထပ်လုပ်တယ်။ ဒါလုပ်ကောင်းသလားဗျာ။
အောက်ဗမာပြည်က အကျဉ်းသားကို ပုသိမ်ပို့တာတို့၊ ဖျာပုံပို့တယ်။ ဘားအံပို့တယ်ဆို ထားအုံး။ နောက် အင်းစိန်ထောင်မှာ မတရားနဲ့ ထောင်ကျနေတဲ့သူတွေ များလွန်းလို့ နေရာမရှိဘူး။ နေရာမရှိလို့ အဝေးပို့ရတယ်ဆို တော်သေးတယ်။ ဘယ့်နှယ်ဗျာ အောက်ဗမာပြည်က လူကို ပူတာအိုပို့တယ်ဆိုတာတော့ တရားလွန်တာပေါ့။ ကျနော်ကတော့ ဒီလိုပဲ သဘောရပါတယ်။
မေး။ ။နိုင်ငံရေးလှုပ်ရှားတဲ့ သူတွေကို အခုလိုမျိုး နှစ်ရှည်ထောင်ဒဏ်တွေချတာ အဝေးက ထောင်တွေကို ပို့တာတွေ လုပ်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေက အရှိန်လျော့သွားနိုင်ပါသလား ဘဘ။
ဖြေ။ ။ မလျော့ဘူး မနည်းသွားဘူး။ ကျနော်ကတော့ စိတ်အားထက်သန်နေလို့လားတော့ မသိဘူး။ ကျနော်တော့ နည်းမယ်လို့ မထင်ဘူး။ ဘာလို့ ကျနော် ဒီလိုပြောနိုင်လဲဆိုတော့ အထောက်အထားမရှိ၊ စိတ်ကူးစိတ်သန်းနဲ့ ပြောနေတာ မဟုတ်ဘူး။ အခု ကျနော် သွားတွေ့တဲ့ မိသားစုတွေဆိုရင် တော်တော်ကို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ ဖြစ်ပေမယ်လို့ အကုန်လုံးက မျက်ရည်တပေါက် မကျဘူး။ ဘယ်သူကမှ စိတ်အားပျက်တဲ့စကား မပြောဘူး။ မိဘတွေကလည်း သူတို့ကို ထောက်ခံနေတုန်းပဲဗျ။ မိဘတွေကလည်း ဘာမှ စိတ်ပျက်တာ မရှိဘူး။
အဲဒီတော့ ကျနော်ထင်တယ် ဒီလို ထောင်ချတဲ့အတွက်နဲ့တော့ လူတွေက ပိုပြီးတောင် ထက်သန်လာတယ်။ အိမ်တအိမ်ဆိုရင် မိခင်တယောက်က ပြောတယ်။ 'အခု ကလေးတွေ ကြည့်ရတာတဲ့၊ ထောင်တွေ အရမ်းချတာတောင်မှ ပိုတောင်မှ စိတ်အားထက်သန်နေတယ်' တဲ့။ တက်ကြွနေတယ်ပေါ့လေ။ ဆိုတော့ ကျနော်က အထောက်ထားမဲ့ ပြောတာ မဟုတ်ဘူး။ ကျနော့ ကိုယ်တွေ့ပေါ့လေ။ မြင်တွေ့နေရတယ်။
ဆင်းရဲတဲ့ မိသားစုတွေထဲမှာ အားငယ်သွားခြင်း၊ အားလျော့သွားခြင်းဆိုတာ ဘာမှ မရှိဘူးဗျ။ အဲဒီတော့ ကျနော်ပြောနိုင်တယ်။ ဒီလိုထောင်ချတဲ့အတွက်နဲ့ကတော့ သူတို့ကို ဘယ်သူမှ ကြောက်မှာလည်း မဟုတ်ဘူး။ ဘယ်သူမှလည်း ဂရုမစိုက်ဘူး။ ဘယ်သူမှ ဂရု မစိုက်ဘူးဆိုတာက အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ကျောင်းသားလူငယ်တွေ မကဘူး၊ ပြင်ပမှာရှိနေတဲ့ သူတို့ မိဘတွေကလည်း ဘာမှကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဘာမှ ကြောက်မှာ မဟုတ်ဘူး။ ဘာမှ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။
မေး။ ။ ဘဘ ဒီလို အကျဉ်းကျသူတွေရဲ့ မိသားစုတွေကို လိုက်တွေ့တော့ အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေ၊ နှောင့်ယှက်တာတွေရော ရှိပါသလား ဘဘ။
ဖြေ။ ။ ဟာ အများကြီးပေါ့ဗျာ၊ အများကြီးပေါ့ဗျာ။ တနေ့က ကျနော် မြောက်ဥက္ကလာဘက်သွားတာ။ ထွက်ထားတဲ့ ကျောင်းသားလူငယ် ၁၄ ယောက်လောက်ပါတယ်။ ဒါပေမယ့်ဗျာ ကျနော်တို့ကို နောက်ကနေ အမြဲတမ်း လိုက်နေကျက ထောက်လှမ်းရေးက လူ ၂ ယောက်လောက် မော်တော်ဆိုင်ကယ် ၂ စီးလောက်ပဲ ရှိတာ။ အဲဒီနေ့ကဆို ဆိုင်ကယ်က အားလုံးပေါင်း ၉ စီးလောက်ရှိတယ်။ နောက်ထပ် ၇ စီး ရောက်လာတယ်။ ကျနော်တို့လည်း လူတော့ နည်းနည်းတော့ များတယ်ပေါ့ဗျာ။
ဒါပေမယ်လို့ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ လူတွေက ၀ိုင်းကြည့် ဘာညာနဲ့ပေါ့ဗျာ။ ဘာလို့ဆိုတော့ ဒီနေရာ၊ ဒီအိမ်မှာကတော့ အကျဉ်းကျနေတဲ့ ဘယ်သူဘယ်ဝါဆိုတာ အန်အယ်လ်ဒီက လူတွေ အိမ်ဆိုတာတွေက သူတို့ သိကြတယ်။ အဲဒီ သိတဲ့အထဲမှာ ထပ်ပြီးတော့ သူတို့တွေက မော်တော်ဆိုင်ကယ်တွေ ဘာတွေနဲ့ 'တဘွန်းဘွန်း' လုပ်တဲ့ အခါကျတော့ လူတွေက ၀ိုင်းကြည့်ဘာကြည့်။
အဲဒီတော့ ကျနော်ပြောချင်တာက အကြောင်းကြောင်းကြောင့် ဆူတာပူတာတို့ လှုပ်လှုပ်ရှားရှားဖြစ်တာတို့ အော်တာဟစ်တာဖြစ်ရင် သူတို့တာဝန်က ပိုများတယ်လို့ ထင်တယ်ဗျ။ ဘာလို့ဆို ကျနော်တို့ကတော့ အကျဉ်းကျတဲ့သူတွေ ရဲဘော်တွေ ကိုယ့်မိတ်ဆွေတွေ ဟုတ်လား။ နောက် ကိုယ့်အဖွဲ့အစည်းက လူတွေအနေနဲ့ ကျနော်တို့ သွားပြီး နှုတ်ဆက်တာပဲ အားပေးတာပဲ။ ဒါ့အပြင် မပိုဘူး။ ကျနော်တို့ အေးအေးဆေးဆေး သွားပြီးတော့ တွေ့တယ်။ တခါတလေ ကျနော်တို့ ဒီက တယောက် နှစ်ယောက်ပဲ သွားတယ်။ တခါတလေတော့လည်း များတယ်ပေါ့ဗျာ။
ဒါပေမဲ့ သူတို့ လုပ်တာက တရားလွန်တယ်။ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ ဆူတာပူတာ၊ အော်တာဟစ်တာ မဟုတ်ရရင်လည်း လှုပ်လှုပ်ရှားရှားဖြစ်တာတွေဆိုရင် ဒါ သူတို့တာဝန်ဗျ။ သူတို့တာဝန်။ တခုတော့ ရှိတယ်ပေါ့ဗျာ။ အစိုးရ ကိုယ်၌ကလည်း တရားလွန်တယ်ဆိုတော့ သူတို့လက်အောက်က သူတို့ခိုင်းတာ လုပ်နေရတဲ့ သူတွေ၊ သူ့တာဝန်အရ သူလုပ်တာကတော့ ပိုပြီးတော့ များတော့မှာပေါ့ဗျာ။
ကျနော်ကတော့ အပြစ်မတင်ပါဘူး။ သူတို့တာဝန် သူတို့လုပ်ပေါ့။ ဒါပေမဲ့ လုပ်ပုံ ပြောပါတယ်။ အခုကျတော့ ဟိုလူက ၀ိုင်းကြည့်၊ ဒီလူက ၀ိုင်းကြည့်နဲ့ပေါ့။ တခုပေါ့၊ ကျနော်တို့ကို ၀ိုင်းပြီး ရိုက်လွှတ်ရင်လည်း ဒါကတော့ တမျိုးပေါ့ဗျာ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အော်ကြဟစ်ကြနဲ့ဆိုရင်တော့ သူတို့ရဲ့တာဝန်ပေါ့။ သူတို့ကို မကျေနပ်လို့ ဆူပူရင် ဒါက ကျနော်တို့ လှုံ့ဆော်တာ မဟုတ်ဘူး။
မေး။ ။ ဘဘ အခု သွားတာမှာ အန်အယ်လ်ဒီကနေ ထွက်ထားတဲ့ လူငယ်တွေလည်း ပါတယ်လို့ သိရပါတယ်။ ဒီထွက်ထားတဲ့ လူငယ်တွေကို ဘဘ ဘယ်လိုစုစည်းထားလဲ။ သူတို့အပေါ် ထားရှိတဲ့ ဘဘ ရဲ့ သဘောထားက ဘယ်လိုလဲဆိုတာ သိပါရစေရှင့်။
ဖြေ။ ။ အတွင်းက လူငယ်တွေနဲ့လည်း သွားတယ်။ မြို့နယ်ဥက္ကဋ္ဌတွေနဲ့လည်း သွားတယ်။ ဒီနေ့ဆို မြို့နယ်ဥက္ကဋ္ဌ တယောက်ပါတယ်။ ကျနော်တော့ အစုံသွားကြည့်နေတာပဲဗျာ။ ထွက်ထားတဲ့ လူငယ်ဆိုတော့ပေမယ့်လည်း ကျနော်ကတော့ ထွက်ထားတဲ့ လူငယ်လို့ သဘောမထားဘူး။ ကျနော်ကတော့ ဒါ အန်အယ်လ်ဒီအတွင်းမှာ ရှိနေတဲ့လူတွေပဲ။ ဒါတွေက ကျနော်က ဖက်ထားတဲ့ လူတွေ။ ဘာလို့လဲဆိုတော့ ကျနော်က သူတို့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူး။
မပေးနိုင်တော့ ကျနော်က ဖက်ထားတယ်။ မင်းတို့ ဒီကနေထွက်ချင်တာလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ မဟုတ်ဘူးဆိုတော့ ငါတော့ မင်းတို့ကို ဖက်ထားမယ်။ မင်းတို့ဟာ ထွက်ထားတဲ့ လူတွေ ဘာတွေ ပြောပြော မင်းတို့ဟာ ထုတ်ထားတဲ့လူတွေ မဟုတ်ဘူး။ မင်းတို့ကို ပြန်လည်ညီညွတ်ရေးလုပ်ရအောင် ငါ့မှာလည်း နိုင်ငံရေးသြဇာ မရှိဘူး။ အင်အားလည်း မရှိဘူး။ သို့သော် ငါထင်တယ်။ ငါမင်းတို့ကို ပိုက်ထွေးထားတဲ့ အားပဲ ရှိတယ်။ အဲလိုလုပ်ရတဲ့ အကြောင်းက ဘာလဲဆိုတော့ ဒေါ်စုလာရင် ဖြေရှင်းကြမယ်ပေါ့။ ဘာလို့ဆိုတော့ ဒေါ်စုက နိုင်ငံရေး သြဇာရှိတယ်။ အင်အားရှိတယ်။ အဲဒီ အခါကျရင် သူ့သြဇာ။ သူ့နိုင်ငံရေး အင်အားနဲ့ သူတို့ အခု ဖြစ်နေတာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော် ထင်တယ်။ ကျနော်က ပိုက်ထွေးထားနိုင်တယ်လို့ ကျနော် ယုံတယ်လေ။
မေး။ ။ ဒါဆိုရင် ဘဘက ဒေါ်အောင်ဆန်းစုကြည်က ပြန်လွတ်၊ မလွတ် ဆိုတဲ့အပေါ် ဘယ်လို မျှော်လင့်ချက်ထားလို့ပါလဲရှင့်။
ဖြေ။ ။ ဒါကတော့ ဟိုလူ လွတ်မယ်၊ ဒီလူ လွတ်မယ်လို့ နိုင်ငံရေးဗေဒင်ဟောတာက မကောင်းဘူးခင်ဗျ။ အရူးဖြစ်တတ်တယ်။ နိုင်ငံရေး ဗေဒင်ဟောရင် မှားတာပဲ များတယ်။ ဖြစ်နိုင်ချေက သူတို့အစိုးအရရဲ့ အခြေအနေနဲ့ကရော၊ ကမ္ဘာက ဖိအားပေးတာနဲ့ကရော လွတ်နိုင်တဲ့ အနေအထားပေါ့ဗျာ။ ဒါကတကြောင်း။ နောက်တခုကတော့ ဦးနေ၀င်းသမီး ဒေါ်စန္ဒာဝင်း ပြန်လွတ်လာတာတွေ၊ နောက် ဦးအုန်းကြိုင်လို ပုဂ္ဂိုလ်မျိုးကို ပြန်လွှတ်လိုက်တာမျိုး။ ထောင်ချဖို့ ဖမ်းတာပဲဗျာ။ ထောင်မကျဘဲ ပြန်လွတ်လာတယ်ဆိုတာ ရှားတယ်လေ။ အဲဒီ အပြင်ကို ဒေါ်စုနဲ့ပတ်သက်ပြီး သူတို့ပြောတဲ့စကားက ရှေ့နေက အယူခံတင်တော့ သူတို့က တွေ့ခွင့်ပေးတယ်ဆို ပေးတယ်၊ မပေးဘူးဆို မပေးဘူးပြောရင် ပြီးပြီ။ အခုက သူတို့က အစိုးရအဖွဲ့က ကိုင်တွယ်နေပါတယ်လို့ ပြောခြင်းအားဖြင့် ဒါက ရှင်းရှင်းလေးပဲ။ လွှတ်ဖို့ ကိုင်တွယ်တာလည်း ဖြစ်မယ်။ မလွှတ်ဖို့ စဉ်းစားတာလည်း ဖြစ်မယ်ပေါ့။ ဘာပဲပြောပြော အကောင်းဘက်ကပဲ စဉ်းစားကြည့်တာပေါ့။ မှားရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။
မေး။ ။ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ သူတွေကို ဘဘ အနေနဲ့ ဘာများ ပြောချင်ပါလဲရှင်။
ဖြေ။ ။ ကျနော်ကတော့ အားလုံး ညီညီညွှတ်ညွှတ် လုပ်စေချင်ပါတယ်။ အသံညီရမယ်ပေါ့ဗျာ။ လုပ်နေတဲ့သူတွေ အားလုံး တယောက်တပေါက် မဟုတ်ဘဲ တသံထဲ ထွက်မယ်၊ အလုပ်ညီမယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ အခုက အသံ မညီနိုင်သေးတော့ ပြဿနာတွေ ရှိတာပေါ့ဗျာ။ ဒါက ဒီစစ်အစိုးရကလည်း ဒီလိုဖြစ်အောင် လမ်းကြောင်းတွေ ချနေတာဗျ။ အကွဲအပြဲတွေကို လိုက်ဖန်တီး မျိုးစေ့လိုက်ချနေတာဗျ။ ဒီတော့ ကျနော် ပြောချင်တာက အားလုံးပေါ့ဗျာ၊ ပြည်တွင်းပြည်ပက အဖွဲ့တွေ အားလုံးကို ပြောချင်တာက ကျနော်တို့ အသံညီညီနဲ့ လုပ်ကြရအောင်လို့ပါ။

အပြည့်အစုံသို့ ...

Tuesday, December 23, 2008

ကျန်းမာရေးဆိုးရွားသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦး ထောင်ဆေးရုံတက်ရောက်နေရ၊


ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ၃ ဦးသည် ကျန်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် ယခုအခါ ထောင်ဆေးရုံတွင် တက်ရောက်ကုသနေရသည်။
နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များအား ကူညီစောင့်ရှောက်သူ မယဉ်ယဉ်ဝိုင်း ခေါ် ဆည်းဆာ (လှိုင်မြို့နယ်)၊ အန်အယ်ဒီ အဖွဲ့ဝင် ဦးတင်ယု (လှိုင်သာယာမြို့နယ်) နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်းမြို့နယ်) ၏ ကျန်းမာရေး အခြေအနေသည် တနေ့ထက်တနေ့ ပိုမို ဆိုးရွားလာသည့်အတွက် အင်းစိန်ထောင်တွင်းရှိ ဆေးရုံတွင် ကုသနေရခြင်း ဖြစ်သည်။
"မယဉ်ယဉ်ဝိုင်းက လွန်ခဲ့တဲ့ ၂ လက စဖြစ်နေတယ်။ အစာအိမ်က နဂိုကတည်းကရှိတော့ ကျန်ခဲ့တဲ့ ၂ လ လောက်ကစပြီး ဆန်ပြုပ်ပဲ သောက်နေရတယ်။ ထမင်းမစားဘူး။ ပေါင်မုန့်လေး၊ ဘီစကစ်လေးပဲ စားနေတာ။ ကျန်ခဲ့တဲ့ တပတ်က အန်တော့ သွေးပါတယ်" ဟု ပြောသည်။
သူက ဆက်ပြီး "အရင်တုန်းကလည်း ဆန်ပြုပ်သောက်ပေမယ့် ၂ လ အတွင်းမှာ နည်းနည်းချင်း အန်တယ်။ အခုလို မဖြစ်ဘူး။ သူ့ဆီမှာ အမျိုးသမီးရောဂါ ရှိတယ်။ ခွဲစိတ်ဖို့ ဘာညာလည်း ရှိတယ်။ ဒီအပတ် သူ့အမနဲ့ တွေ့တော့ အပြင်ကို ထုတ်ပြီး ဆေးကုသခွင့်ရအောင် အထက်ကို စာတင်မယ်လို့ သိထားတယ်။ လောလောဆယ် မတင်ရသေးဘူး" ဟု ပြောသည်။
မယဉ်ယဉ်ဝိုင်းသည် ယခုနှစ် မေလဆန်းက နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ဒုက္ခသည်များကို ကူညီမူ့ ဖြင့် ဇွန်လ ၁၂ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။
ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံရသူ လှိုင်သာယာ အန်အယ်ဒီအဖွဲ့ဝင် ဦးတင်ယုကို ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ကာ ယခုအခါ သူသည် အရိုးကျီးပေါင်းတက် ရောဂါကြောင့် ထောင်ဆေးရုံတွင် ကုသနေရသည်။
"ဦးတင်ယုက အရိုးကျီးပေါင်းတက် ရောဂါနဲ့ ခြေထောက်ကို ဂဲ စွဲနေရတယ်။ ထောင်ဆေးရုံကို သူ့အဆောင်ကနေ သွားတယ်။ ခြေတောက်ကို ဂဲ စွဲရတာက အချိန်ပိုင်းနဲ့ ကုသနေတယ်" ဟု ပြောသည်။

သူက ဆက်ပြီး "ဦးတင်ယုလိုပဲ ၈၈ ကျောင်းသားခေါင်းဆောင်တဦး စမ်းချောင်း ကိုကိုကြီးလည်း ဂဲ စွဲနေရတယ်။ သူ့ကျတော့ အချိန်ပိုင်းနဲ့ မဟုတ်ဘူး။ အမြဲတမ်း ဂဲ စွဲဖို့ အင်းစိန်ထောင် ဆေးရုံကို ရောက်နေပြီ။ ဘာရောဂါမှန်း မသိရသေးဘူး" ဟု ပြောသည်။

အပြည့်အစုံသို့ ...

Monday, December 22, 2008

ကျောင်းသားခေါင်းဆောင် ကိုသက်ဇော် မော်လမြိုင်ထောင်၌ အစာငတ်ခံဆန္ဒပြ ၊


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုသက်ဇော်သည် မော်လမြိုင်ထောင်တွင်း၌ အာဏာပိုင်များက သူ့ကို သံခြေကျင်းခတ်ထားသည့်အတွက် မကျေနပ်သဖြင့် အစာငတ်ခံ ဆန္ဒပြသည်မှာ ၄ ရက်ရှိနေပြီဖြစ်သည်။
"မော်လမြိုင်ထောင်မှာ ရောက်နေတဲ့ ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရတယ်။ ထောင်အာဏာပိုင်တွေကို မကျေနပ်လို့ ဆန္ဒပြနေတယ်လို့ ကြားတယ်။ အကြောင်းစုံကိုတော့ ကျနော်တို့ တိတိကျကျ မသိရသေးပါဘူး" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောသည်။
သူက ဆက်ပြီး ''ဒီဇင်ဘာလ ၁၉ ရက်နေ့က စပြတယ်လို့ ကြားတယ်။ သူ့အဖေက ၂ ကြိမ် တွေ့ခဲ့ပြီးပြီ။ ကျနော် သူနဲ့ တွေ့လို့ မေးကြည့်တော့၊ လာမယ့် စနေနေ့မှာ ထပ်တွေ့ဖို့ ကြိုးစားနေတယ်" ဟု ပြောသည်။
လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့်နှစ် သြဂုတ်အတွင်းက ကိုသက်ဇော် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၃ ဦး စတင်ဖမ်းဆီးခံခဲ့ရသည်။
ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်းစိန် သီးသန့်တရားရုံးက ကျောင်းသားခေါင်းဆောင် ၃၅ ဦးအား ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နယ်စွန်နယ်ဖျား ဒေသများရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ရာတွင် ကိုသက်ဇော်သည် မော်လမြိုင်ထောင်သို့ ပြောင်းရွှေ့ ခြင်းခံခဲ့ရသည်။

အပြည့်အစုံသို့ ...

နာဂစ်မုန်တိုင်းကူညီရေး ပြုလုပ်ခဲ့သူ မယဉ်ယဉ်ဝိုင်း အင်းစိန်ထောင်တွင်း၌ ကျန်းမာရေး ဆိုဝါး၊


စစ်အစိုးရက ဖမ်းဆီး ထားသည့် နာဂစ် ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ပြုလုပ်ခဲ့သူ မယဉ်ယဉ်ဝိုင်းသည် အကျဉ်းထောင် အတွင်း၌ ကျန်းမာရေး ဆိုးဝါးနေပြီး ဆေးဝါးကုသမှု
လုံလောက်စွာ ခံယူခွင့် မရကြောင်းသိရသည်။
မယဉ်ယဉ်ဝိုင်းသည် ထောင်တွင်း၌ သွေးအံခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်း စသည့် ဝေဒနာများ ခံစားနေရပြီး ဆန်ပြုတ်သောက်နေရသည်မှာ ၂ လခန့်ရှိပြီဖြစ်သည်၊
“ဒီနေ့ သူ့အစ်မ လာတော့ ပြောတယ်၊ ထောင်ထဲမှာ ဆန်ပြုတ်ပဲ သောက်နေရတာ ၂ လလောက်ရှိပြီ၊ အဲဒါ ကျန်ခဲ့တဲ့ တပတ်က အံတာ သွေးပါတယ်၊ သူ့ကျန်းမာရေး အခြေအနေက အမျိုးသမီး ရောဂါလည်း ရှိတော့ ၊ သူ့ကို အပြင်ဆေးရုံပြရမှာကို ထောင်ဆေးရုံမှာပဲ ပြနေရတယ်၊ လောလောဆယ် ထောင်က လမ်းကြောင်း တောင်းထားလို့တဲ့၊ နောက်မှပဲ ပြပေးမယ်တဲ့၊ အင်းစိန်ထောင်မှာပဲ”ပြောသည်။
မယဉ်ယဉ်ဝိုင်းသည် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဇွန်လအတွင်းက ထင်ရှားသည့် လူရွှင်တော် ဇာဂနာ အပါအ၀င် တခြားသော မုန်တိုင်းဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး လုပ်နေသူများနှင့်အတူ အာဏာပိုင်များ ၏ ဖမ်းဆီးအရေးယူမှုကို ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

အပြည့်အစုံသို့ ...

Sunday, December 21, 2008

International Migrant Day in Thailand


၂၀၀၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ ပြောင်းအလုပ်သမားနေ့ အခမ်းအနားအား ထိုင်းမြန်မာနယ်စပ်တွင် ပြုလုပ်ရာ
ရွှေ့ ပြောင်းမြန်မာအလုပ်သမားများ၊ အလုပ်သမားရေးရာအဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များနှင့် ထိုင်းအလုပ်သမားရေးရာဌာနများမှ စုပေါင်းပြုလုပ်ခဲ့ပါသည်၊
အခမ်းအနားတွင် ဥာဏ်စမ်းပဟေဌိ၊ ကျပန်းစကားပြောပြိုင်ပွဲ၊အလုပ်သမားများ၏လုပ်ငန်းဆိုင်ရာအတွေ့ အကြုံများ၊ အလုပ်သမားများ၏ဖျော်ဖြေမူ့ များ၊ စုပေါင်းသွေးလျှူခြင်းအစီအစဉ်များဖြင့် ပြုလုပ်ခဲ့ပါသည်၊

Type rest of the post here

အပြည့်အစုံသို့ ...

Friday, December 19, 2008

သင်သာ မြန်မာ ပြည်ရဲ့  ၀န်ကြီးချုပ်ဖြစ်ခဲ့မည်ဆိုလျင်


မင်းတုန်းမင်းကြီး က မန္တလေး နန်းတော်ကြီး ကို ဆောက်နေတဲ့အချိန်မှာ
အမေရိကန်နိင်ငံမှာ နယူးယောက်မြို့ မှာ မေစီ ကုန်တိုက်ကြီး ( ပုံမှာမြင်ရတဲ့ကုန်တိုက်) ကိုစတင်ဖွင့်လှစ် နေပါပြီ။ Customer တွေ များများရအောင် မဟာဗျူဟာတွေရေးဆွဲနေပြီ။ ဒါဆိုရင် သန်းရွေ က ကြပ်ပြေး နေပြည်တော်ကို ဆောက်နေချိန်မှာ အမေရိကန်တွေ ဘာလုပ်နေမယ်လို့ သင်ထင်ပါသလဲ။ အဖြေကတော့ စင်္ကြာဝဋ္ဌာမှာ ကမ္ဘာနဲ့ တူတဲ့ဂြိုလ်တခုကို အသည်းအသန်ရှာ နေပါတယ် ဆိုတာမမေ့ပါနဲ့။
မင်းတုန်းမင်းလည်း အနောက်နိင်ငံတွေကို အံတုဖို့ ကြိုးစားခဲ့တယ်။ ပြင်သစ်ကို ပညာတော်သင်စေလွတ်တယ်။ ဆက်သွယ်ရေး၊ စာတိုက်နဲ့  လမ်းပန်းဆက်သွယ်ရေးတွေကို ခေတ်မှီအောင်လုပ်ခဲ့တယ်။ ယမ်းထောင်းတူ မီးသေနပ်ကနေ ခေတ်မှီကျဉ်ထိုး ရိုင်ဖယ်သေနပ်ကိုထုတ်လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ နိင်ငံခြားရေး ပေါ်လစီ ကိုကျွမ်းကျွမ်းကျင်ကျင် မချမှတ်နိင်တဲ့အတွက် တိုင်းပြည် ကျွန်ဘ၀ရောက်ခဲ့တယ်။ ဘာကြောင့်လဲ - အင်္ဂလိပ်က ရေလမ်းကပိတ်ထားတယ်။ ကုန်းတွင်းထွက်ပေါက်ကြတော့ တရုပ်ဘုရင်ရဲ့ ဖိအားပေးတာခံရတယ်။ (ဒီအချိန်က တရုပ်ပြည် ဇီချွန်နယ်ဖက်မှာ ပန်းသေး မူစလင်တရုပ်တွေ ပုန်ကန်တယ်။ တရုပ်ဘုရင်က မူစလင်တွေနဲ့ မဆက်ဆံဖို့ ဖိအားပေးတယ်။ ဒီတော့ မန္တလေးက ကုန်သွယ်ရေးမလုပ်နိင်ဘူး။ သန်းရွေခေတ်မှာ
* ၁- အမေရိကန်က စီးပွားရေးပိတ်ဆို့ ထားတယ်။ ( လူအခွင့်အရေးချိုးဖေါက်မှုကြောင့် လို့ ဆိုတယ်။ )
* ၂- တရုပ်က အကြပ်ကိုင်ထားတယ်။ (အနောက်နိင်ငံဖက်ကို မယိမ်းယိုင်ရ၊ မြန်မာပြည်ဟာ တရုပ်ပြည်ရဲ့ ထွက်ပေါက် လို့သတ်မှတ်တယ်။ အနောက်ကိုယိမ်းယင် စစ်အစိုးရကို ဖယ်ရှားပြစ်မယ်။)
* ၃- သန်းရွေကလည်း ရုရှားကို ပညာတော်သင်တွေစေလွတ်တယ်။ အဏုမြူလက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ်။
စာဖတ်သူ သာ မြန်မာပြည်ရဲ့  ၀န်ကြီးချုပ်ဖြစ်ရင် ဘယ်လိုနိင်ငံခြားရေးပေါ်လစီကိုကျင့်သုံးမလဲ။ မင်းတုန်းမင်းနဲ့ သန်းရွေတို့ ရဲ့  ကြားနေ ဒါပေမဲ့ တရုတ်ဖက်ယိမ်းပေါ်လစီ - Neutral But leaning toward China - ကို ဆက်လက်ကျင့်သုံးမလား အနောက်နိင်ငံတွေနဲ့  တရုပ်နိင်ငံကြားမှာ Blance of Powr Policy ကိုကျင့်သုံမလား။ ဘာကြောင့်လဲ။
http://komoethee.blogspot.com

အပြည့်အစုံသို့ ...

ထောင်ပြောင်း နိုင်ငံရေးအကျဉ်းသားများ ဥပဒေရပိုင်ခွင့်ဆုံးရှုံး


မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုရွှေမောင်အပါအ၀င်လေးဦးကို
မန္တလေးမှာဖမ်း၊ အင်းစိန်မှာထောင်ချပြီးတဲ့နောက် ဖျာပုံထောင်ကို ပြောင်းရွှေ့ခဲ့ပါ
တယ်။ ဖျာပုံထောင်ရောက်သွားတဲ့ ကိုရွှေမောင်ကို မကြာသေးခင်ကမှ သွားတွေ့
ခဲ့တဲ့ ဇနီးဖြစ်သူကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုရွှေမောင်ဟာ မန္တလေးထောင်ကနေ ဒီနှစ် ဧပြီလမှာ ရန်ကုန်၊ အင်းစိန်ထောင်
ကိုပြောင်း၊ အဲဒီမှာ ခုနစ်လကြာပြီးတဲ့နောက်မှာမှ ထောင် ၈ နှစ်ချပြီး အခုတခါဖျာပုံ
ထောင်ကို ပြောင်းခံခဲ့ရတာပါ။ သူအပါအ၀င်လေးဦးကို အင်းစိန်ထောင်ကနေ ဖျာပုံ
ထောင် ပြောင်းရွှေ့ခဲ့တဲ့နေ့က တလမ်းလုံး ဘာမှမစားရဘဲ သွားခဲ့ရတယ်လို့ သူ့ရဲ့
ဇနီးဖြစ်သူ မသန်းသန်းဝင်းက ပြောပြပါတယ်။
“အင်းစိန်ထောင်ကနေ ဖျာပုံထောင်ကို ၁ ရက်နေ့ကနေ သင်္ဘောနဲ့ ည သူတို့ခေါ်
သွားတယ်တဲ့။ ဟိုမှာ ဖျာပုံထောင်ကို ၂ ရက်နေ့မှာ ရောက်တယ်တဲ့။ လမ်းမှာ
သူတို့ ဘာမှလည်း မစားရဘူးတဲ့။ ဒီအတိုင်း တင်လွှတ်လိုက်တာတဲ့။ သူတို့ လုံခြုံ
ရေးနဲ့ပေါ့။ လုံခြုံရေးတွေကိုလည်း ဘာမှမကျွေးလိုက်ဘူးဆိုတော့ လုံခြုံရေးတွေက
လည်း ဘာမှ မတတ်နိုင်ဘူးတဲ့။”
ကိုရွှေမောင်နဲ့အတူ ဖျာပုံထောင်ကို ပြောင်းရွှေ့ခံခဲ့ရသူတွေကတော့ ကိုဇော်ဝင်း၊
ကိုဝဏ္ဏအောင်နဲ့ ဦးပဉ္ဇင်း ဦးသုမန၊ လူအမည် ဦးမင်းသက်တို့ဖြစ်ပါတယ်။ အဖမ်း
ခံရပြီးကတည်းက ထောင်သာကျသွား၊ ထောင်သုံးခုသာ ပြောင်းသွားတယ်၊
ကိုရွှေမောင်ကို ဘာပုဒ်မနဲ့ထောင်ချတယ်၊ သူကျူးလွန်တဲ့အပြစ်က ဘာတွေ
ဆိုတာကို ကာယကံရှင် ဇနီးသည်အနေနဲ့ တရားဝင်ဝင် တိတိကျကျ ဘာမှမသိရ
ဘူးလို့ မသန်းသန်းဝင်းက ပြောပါတယ်။
“ခုချိန်ထိ ကျမတို့ကို စာရွက်လည်း ထုတ်မပေးသေးဘူး။ သူ့ကိုတော့ ပုဒ်မ (၅၀၅)
လို့တော့ ကျမကြားတာပဲ။ ပုဒ်မ (၅၀၅) က သုံးမှုတဲ့။ ပုဒ်မ (၃၄၅) လား ဘာလဲ
မသိဘူး။ သံဃာကို အကြည်ညိုပျက်စေမှုဆိုပြီး အဲဒါက တမှုတဲ့။ သူတို့ကို
လေးမှုနဲ့ ထောင် ၈ နှစ်ချတယ်တဲ့။ ကျမ အဲဒီလိုပဲသိရတယ်။ ကျမ အခု သူတို့ အဲဒီ
အမှုရဲ့ စာရွက်တွေ သွားထုတ်တော့လည်း မရသေးဘူး။ အဲဒီလိုပဲ ဖြေလိုက်တာ
ထောင်က။ တရားဥပဒေအရ ကျမတို့မှာ ဘာမှ ခုခံခွင့်မရှိတာကို ကျမရင်ထဲမှာ
ခံစားရတာပေါ့နော်။ ဘာမှ ခုခံခွင့်လည်းမရှိဘူး။ ကျမတို့ဘက်က ရှေ့နေထားခွင့်
လည်း ကျမတို့မှာ မရလိုက်ဘူးလေ။ ဒီအတိုင်းပဲ တရားမဲ့ကြီးကို ထောင်ချလိုက်
တာပဲ။ ပြီးတော့ ကိုရွှေမောင်နဲ့ပါသွားတဲ့ ပိုက်ဆံတွေလည်း ကျမ ပြန်မရဘူး။ အဲဒါ
တွေကိုပါ သူတို့ ခုချိန်ထိ ယူထားတာပဲ။”
မန္တလေးကနေ ဖျာပုံကိုသွားမယ်ဆိုရင် အရင်ဆုံး ရန်ကုန်ကိုသွား၊ အဲဒီကနေမှ ကား
နှစ်ဆင့်ထပ်စီးပြီး ဖျာပုံထောင်ထိအရောက် စုစုပေါင်း မိုင် ၅၀၀ ကျော်ခရီးကို သွား
ရတာပါ။ ဒါပေမယ့်လည်း မသန်းသန်းဝင်းကတော့ ခင်ပွန်းဖြစ်သူကို ဘယ်လို
အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရောက်အောင် သွားတွေ့နေမှာပါလို့ ပြောပါတယ်။
“ကြိုးစားရမှာပေါ့။ ကိုယ့်ယောက်ျားတယောက် ဘယ်လိုပဲ ပြန်ပြီးတော့ လွှတ်ပဲ
ပေးပေး၊ ပြန်မလွှတ်ဘဲနဲ့ပဲ ထားထား ကျမကတော့ ကြိုးစားပြီး သွားတွေ့ရမှာပဲ
သူ့ကို၊ သူကတော့ ဘာမှမပြောပါဘူး။ ငါ့မိန်းမတဲ့။ လာရတာ တော်တော်ဝေးတယ်
တဲ့။ ကလေးလေးနဲ့ လာရတာဆိုတော့ စိတ်မကောင်းဘူးတဲ့။ အရင်လို တလ
တခေါက် မလာပါနဲ့တဲ့။ ကလေးကိုလည်း သနားလို့ပါတဲ့။ ကလေး ငယ်ငယ်လေး
နဲ့ဆိုတော့။ နှစ်လနေမှ တခေါက်လောက်လာခဲ့ပါတဲ့။ သူကတော့ အဲဒီလို ပြောတာ
ပေါ့။ ကျမ သူ့ကို စိတ်မချဘူးပေါ့နော်။ မတတ်နိုင်ဘူးပေါ့။ တလတခေါက်လောက်
သွားနိုင်အောင် ကျမ ကြိုးစားရမှာပေါ့။”
ဖျာပုံထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရွှေမောင်ရဲ့ဇနီး
ဖြစ်သူ မသန်းသန်းဝင်း ပြောသွားတာပါ။
ကိုရွှေမောင်တို့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုအပြီး ဖမ်းဆီး
ခဲ့တာဖြစ်ပါတယ်။ အဲဒီကာလတွေက ဖမ်းဆီးထားခဲ့သူတွေကို ပြီးခဲ့တဲ့သီတင်းပတ်
တွေအတွင်း ထောင်ဒဏ်နှစ်ရှည်တွေချ၊ မိသားစုနဲ့ ဝေးလံတဲ့ထောင်တွေကို
ပြောင်း လုပ်ခဲ့တဲ့ထဲမှာ ကိုရွှေမောင်တို့လည်း အပါအ၀င်ပါ။
အဲဒီလို ထောင်ချ ထောင်ပြောင်းတာတွေ မလုပ်ဖို့၊ လက်ရှိ ဖမ်းထားပြီးသားလူတွေ
ကိုလည်း ပြန်လွှတ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေကြပေမယ့် မြန်မာစစ်အစိုးရကတော့
ဆက်ပြီး အန်တုနေဆဲပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား
တွေ ပြန်လွတ်လာဖို့ရာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူလုပ်
ဆောင်မှရမယ်လို့ သုံးသပ်ပြောဆိုတာတွေလည်း ထွက်ပေါ်နေကြောင်းပါ။

အပြည့်အစုံသို့ ...

ရွေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ နောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦးအား လာရှိုးထောင်ပြောင်း၊


နောက်ဆုံးနှစ်ဥပဒေကျောင်းသူ မဟန်နီဦးအား ရန်ကုန်အင်းစိန်ထောင်မှ လားရှိုးထောင်သို့ နိုဝင်ဘာ (၂၄) ရက်တွင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
မဟန်နီဦးအား အာဏာပိုင်များက အသင်းအဖွဲ့ ပုဒ်မ(၆)၊ ၅၀၅/ခ စသည့်ပုဒ်မများဖြင့် ထောင်ဒဏ် (၉) နှစ်ခွဲချမှတ်ခဲ့ပြီး လားရှိုးထောင်သို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ လားရှိုးထောင်တွင် ဒေါပုံမြို့နယ်မှ ကိုအုံးဂျော်၊ ကိုထွန်းမြင့်ထွန်း၊ ကိုမင်းဇေယျ၊ ကိုမြင့်ဟန်၊ မဂ္ဂင်ဆရာတော်တို့လည်း ရှိသည်။
မဟန်နီဦးအား စစ်အာဏာပိုင်များက ပြီးခဲ့သည့်နှစ် စက်တင်ဘာအရေးအခင်းအပြီးတွင် ဖမ်းဆီးခဲ့ပြီး သူမနှင့်အတူ ကိုစည်သူမောင်ကိုလည်း ဖမ်းဆီးခဲ့ကာ ပြစ်ဒဏ်များချမှတ်ခြင်းခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးနှစ်ဥပဒေကျောင်းသူ မဟန်နီဦးသည် စက်တင်ဘာ လူထုချီတက်လမ်းလျှောက်ဆန္ဒပြပွဲတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူတဦးလည်းဖြစ်သည်။
“ထောင်ဝင်စာတွေ့ စဉ်ကလည်း ကျနော်တို့ကို (၁၅) မိနစ်လောက်ပဲ တွေ့ခွင့်ပေးတာပါ။
နောက်ရက်ကျတော့ စကားတောင်ပြောခွင့်မပေးတော့ဘူးလို့တောင်ပြောတယ်။ ဒါပေမယ့် ကျနော်တို့က အတင်းတောင်းဆိုတော့မှ စကားပြောခွင့်ပေးပါတယ်။ ကျနော်စိုးရိမ်တာက ကျနော့်သမီးမှာ လေးဘက်နာရောဂါရှိတယ်။ အခုရောက်နေတဲ့ထောင်ကလည်း ရှမ်းပြည်နယ်ဆိုတော့ အအေးကတော့ သိတဲ့အတိုင်းပဲ။ ကျန်းမာရေးအတွက် အရမ်းကိုစိုးရိမ်ပါတယ်။ ခရီးကလည်း အရမ်းကိုဝေးကွာနေပြီး တကယ်လို့ သမီးတခုခုဖြစ်ရင်တောင် ကျနော်တို့အချိန်မီ သိဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့်လည်း သမီးရဲ့ ကျန်းမာရေးအတွက် အရမ်းကိုစိုးရိမ်မိပါတယ်ဟု” မဟန်နီဦး၏ဖခင်ကပြောကြားသည်။

အပြည့်အစုံသို့ ...

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် လူငယ်နှင့်အနာဂတ် ဆွေးနွေးပွဲမှ ဦးဝင်းတင်၏ ဟောပြောချက်များ

Type your summary here

အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် အောက်ခြေအပြန်အလှန်နားလည်ရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့်တကွ လူငယ်အဖွဲ့ဝင်များခင်ဗျား။ ကျနော်ဟာ ဒီဟောပြောပွဲလုပ်မယ်လို့ စီစဉ်ပြီးကာမှ နေထိုင်မကောင်းတာကတကြောင်း၊ နောက်ပြီးမျက်စိလည်း ခွဲစိတ်မှုလုပ်ရတော့ ဟောပြောမှုနဲ့ပတ်သက်ပြီးတော့ အဆင်မပြေတာလေးတွေရှိပါတယ်။ သို့သော် ဘယ်လိုပဲရှိရှိ မူလရည်ရွယ်ချက်က ဟောပြောတာဆိုတဲ့ ပုံစံမျိုးထက် ကျနော်ဖြစ်စေချင်တဲ့သဘောက ကျနော်တို့တွေ အဖွဲ့ ချုပ်ခေါင်းဆောင်ပိုင်းနဲ့ အောက်ခြေအဖွဲ့အစည်းအဆင့်ဆင့်က ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကို အထူးသဖြင့်တော့ လူငယ်တွေနဲ့ပတ်သက်ပြီးတော့ လူငယ်တွေနဲ့အပြန်အလှန် ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း တယောက်သဘောတယောက်စဉ်းစားနိုင်တဲ့သူတွေဖြစ်အောင် လုပ်ချင်တဲ့သဘောပါ။ အဲဒါကြောင့် ကျနော်က ဟောပြောပွဲဆိုတဲ့ ပုံစံထက် ဆွေးနွေးပွဲဆိုတဲ့ပုံစံမျိုး ပိုမကောင်းဘူးလားလို့ လူငယ်တွေကို မေးမြန်းကြည့်ပါတယ်။ အဲဒီလိုမေးမြန်းတဲ့အခါကျတော့ သူတို့ကလည်း သူတို့လုပ်ချင်တဲ့အစီအစဉ်တွေ အများကြီးကို ပြောပြပါတယ်။
အဲတော့ ကျနော်ပြောချင်တဲ့သဘောက ဟောပြောပွဲဆိုတဲ့သဘောမျိုးကို ကျနော်တို့ပညာရှင်တွေက ဟော ပြောတဲ့အပိုင်းပေါ့။ ဆွေးနွေးပွဲဆိုတာကတော့ ကျနော်တို့ ကိုယ့်အချင်းချင်း တယောက်နဲ့တယောက် သဘောပေါက်အောင်၊ စကားပေါက်အောင်လုပ်ဖို့ အရေးကြီးတယ်လို့ထင်တဲ့အတွက် ဆွေးနွေးပွဲပုံစံမျိုးလုပ်ချင် တာပါ။ အားလုံးဆွေးနွေးပြီးတဲ့အခါကျတော့ ဟောပြောပွဲပုံစံနဲ့တပိုင်း ဆွေးနွေးပွဲပုံစံနဲ့ကတပိုင်း နှစ်ပိုင်းနဲ့ လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လူကြီးတွေကိုလည်း အသက်အရွယ်ကြီးရင့်မှုကတပိုင်း၊ မအားမလပ်ဖြစ်တာကတပိုင်းနဲ့ ရှိနေတာသိပါတယ်။ သို့သော်လည်း အားလပ်တဲ့အချိန်လေးမှာ ပါဝင်ပြီးဆွေးနွေးပေးဖို့ကို ဖိတ်ခေါ်ထားပါတယ်။ ဒီလိုလုပ်ချင်းအားဖြင့် လူကြီးတွေရဲ့အသိအမြင်တွေကို လူငယ်တွေ သိမြင်ခွင့်ရမှာဖြစ်သလို တခါလူငယ်တွေရဲ့ မေးခွန်းတွေကို လေ့လာကြည့်ရင်းနဲ့ လူငယ်တွေ ဘယ်လိုစဉ်းစားနေတယ်၊ ဘယ်ဘက်ကို မျက်နှာမူနေတယ်ဆိုတာကို လူကြီးတွေ သိရှိနိုင်ပါတယ်။
စည်းရုံးသူမရှိဘဲခေါင်းဆောင်၍ မရ
အဲဒီတော့ လူကြီးတွေ သိပ်ပြီးပင်ပင်ပန်းပန်းမဖြစ်အောင် ဟောပြောပွဲဆိုတဲ့ပုံစံမျိုးထက် ဆွေးနွေးပွဲဆိုတဲ့ပုံစံမျိုး လုပ်သွားရင် ပေါ့ပေါ့ပါးပါးလုပ်ချင်ပါတယ်။ ဒါလည်း ကျနော်ဘာပဲပြောပြော ဟောပြောပွဲလို့ပဲ ပြောပြော၊ ဆွေးနွေးပွဲလို့ပဲပြောပြော နိုင်ငံရေးအဖွဲ့အစည်းတခုမှာ လှုပ်ရှားမှုဆိုတာ အရေး ကြီးပါတယ်။ သက်ဝင်နေရမယ်လှုပ်ရှားနေရမယ်။ ဒီလိုမှသာလျှင် ကျနော်တို့ နိုင်ငံရေးလုပ်လို့ရမယ်။ နိုင်ငံရေးအဖွဲ့တခုဟာ လူထုကို စည်းရုံးနိုင်ရမယ်၊ လူထုကိုခေါင်းဆောင်နိုင်ရမယ်။ ခေါင်း ဆောင်တယ်ဆိုတာလည်း စည်းရုံးသူမရှိဘဲ ခေါင်းဆောင်နေလို့ မရဘူး။ ဆိုင်းဘုတ်တင်ထားရုံနဲ့ လည်း ခေါင်းဆောင်လို့ မရဘူး၊ အမြဲတမ်း လှုပ်ရှားနေရမယ်။ အဲဒီတော့ ဒီဟာက ကျနော်တို့ ဆွေးနွေးကြတယ်။ ပြောကြတယ်ဆိုတဲ့ဟာက လှုပ်ရှားမှုတခုပဲဖြစ်ပါတယ်။
အခုဟောပြောပွဲမှာ လူငယ်နဲ့ အနာဂတ်ဆိုတဲ့ခေါင်းစဉ်ကို ပေးထားပါတယ်။ ဘာဖြစ်လို့ ဒီခေါင်းစဉ်ကို ပေးထားတာလဲဆိုတော့ လူငယ်တွေသည်သာ အနာဂတ်ကိုပိုင်ဆိုင်တဲ့ အင်အားစုတွေဖြစ်ပါတယ်ဆိုတာကို
သိမြင်ပြီးတော့မှာ ဒီကိစ္စကိုပြောတာဖြစ်ပါတယ်။ အဲဒီတော့ လူငယ်နဲ့အနာဂတ်ဆိုတာကို ပြောတဲ့အခါမှာ ဘယ်ကနေစပြီး ပြောချင်လည်းဆိုတော့ ကမ္ဘာနဲ့ အနာဂတ်ဆိုတာလေးကို စပြီးပြောချင်ပါတယ်။
ကမ္ဘာကြီးရဲ့အနာဂတ်မှုန်ဝါးနေ
ကမ္ဘာကြီးရဲ့ အနာဂတ်ကို ကျနော် အကျဉ်းပြောရမယ်ဆိုရင် ကမ္ဘာကြီးရဲ့အနာဂတ်ဟာလည်း အတော့ကို စိုးရိမ်စရာအနေအထားရှိနေပါတယ်။ ပြောရမယ်ဆိုရင် ကမ္ဘာကြီးရဲ့လူဦးရေဟာ နောက်လာမယ့် နှစ်တွေအတွင်းမှာ ကမ္ဘာကြီးမှာ သန်းပေါင်း (၉,၀၀၀) လောက်ရှိလာမယ်။ အခုရှိနေတဲ့သန်းပေါင်း (၇,၀၀၀) မှာကိုတောင် ကမ္ဘာကြီးအနေနဲ့က ကျွေးဖို့မွေးဖို့ အတော့ကို ခက်နေတဲ့အခြေအနေ ဖြစ်နေပါတယ်။ ဒီသန်းပေါင်း (၇,၀၀၀)၊ (၈,၀၀၀)၊ (၉,၀၀၀) ဆိုတဲ့ဟာတွေဟာ အရေအတွက်သဘောပဲလို့ ပြောရင်လည်း ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှိနေတာကိုး။ (၆,၀၀၀) ကနေ (၇,၀၀၀) ဖြစ်နေတာကိုး။ သို့သော်လည်း ဒီပြဿနာကို ကျနော်တို့စဉ်းစားတဲ့အခါမှာ ကျွေးဖို့မွေးဖို့တင်ပြီးတာမဟုတ်ဘူး။
လူဆိုတာက ထမင်းစားရုံနဲ့လည်းပြီးတာမဟုတ်ဘူး။ လူပေါင်းသန်း (၇,၀၀၀) လောက် ဖြစ်လာတဲ့အခါမှာ ဘယ်လိုလုပ်ရမယ်လို့ စဉ်းစားတဲ့သူတွေ သိပ္ပံပညာရှင်တွေရှိပါတယ်။ သို့သော် လူဆိုတာက လူဖြစ်လာရင် နေဖို့ ထိုင်ဖို့ အိုးအိမ်တွေလိုလာမယ်။ လူတွေနဲ့ပတ်သက်နေတဲ့ကိစ္စတွေကို ထည့်စဉ်းစားရမှာဖြစ်ပါတယ်။ ကောင်းပြီ
ကမ္ဘာကြီးဟာ ဒီလိုလူပေါင်းသန်းပေါင်း (၉,၀၀၀) ဆိုတဲ့အနေအထားကို ရောက်လာရင် သူတို့နေထိုင် အသက်ရှင်ဖို့ တိုးပြီးလုပ်လာကြမယ်။ အဲဒီအခါ သယံဇာတတွေ ရှားပါးလာမယ်။ ဥပမာရေနံဆိုရင် ရှားလို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ကြီးများက သိုလှောင်လို့ ဖြစ်ဖြစ် လာမယ့်နှစ်ပေါင်း (၁၀၀) တောင်ခံပါ့မလားဆိုတဲ့ ပြဿနာပေါ်လာတယ်။ အခြားခြားသောသယံဇာတများလည်း ဒီလိုပဲ။ ရှားပါးခြင်း၊ ကုန်ခန်းခြင်းဆိုတာတွေ ရှိလာမှာဖြစ်တယ်။
အခုပြောခဲ့သလို ကမ္ဘာကြီးရဲ့အနာဂတ်ကို မှန်းဆချက်တွေနဲ့ သိပံ္ပပညာရှင်တွေရဲ့ တွေ့ရှိချက်တွေဟာ စိတ်ပျက်အားငယ်မှုမရှိဘူးလို့ ဆိုသော်ငြားလည်း ကမ္ဘာကြီးရဲ့ အနာဂတ်ဟာ မှုန်ဝါးလျက်ရှိနေတာကို တွေ့ရမှာဖြစ်တယ်။ ဒါဟာ ကမ္ဘာရဲ့အနာဂတ်ဆိုရင်လည်းမမှားဘူး။ စီးပွားရေးကပ်တွေ လူ့အခွင့်အရေးအခြေအနေတွေကို ခြုံပြီးကြည့်ရင် ကမ္ဘာရဲ့အနာဂတ်ဟာ ပိုပြီးစိုးရိမ်စရာတွေရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘာပဲပြောပြော အနာဂတ်ကတော့ ရှိနေမှာဖြစ်ပါတယ်။ ဒါဟာလည်း နောက်ထပ်ဖြစ်ပေါ်လာမယ့်လူငယ်တွေက ဆက်လက်ပြီးရင်ဆိုင်သွားရမယ့် ပြဿနာလည်းဖြစ်နေပါတယ်။
မြန်မာပြည်ရဲ့အနာဂတ်ကို စစ်ယန္တရားကြီးစိုးထားဆဲ
နောက်တခုက ကျနော်တို့ ဗမာပြည်ရဲ့ အနာဂတ်ပါ။ ဗမာပြည်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ဒီထဲမှာ ကျနော်တို့ နိုင်ငံရေး၊ စီးပွားရေးတွေကိုတော့ ကျနော်မပြောချင်ပါဘူး။ ကျနော် ပြောချင်တာကတော့ အနာဂတ်အကြောင်းပါပဲ။ ကျနော်တို့ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က မျှော်မှန်းခဲ့တဲ့ အနာဂတ်ကလည်း စစ်အစိုးရရဲ့ဖိနှိပ်မှုနဲ့ အုပ်ချုပ်မှုနဲ့ ဆိုတာတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။
နောက်ထပ်အနှစ်နှစ်ဆယ်ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင်ချောချောမွေ့မွေ့ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာစိတ်ပျက်ဖို့ ပြောတာမဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာပဲ ဒီစစ်အာဏာရှင်ကို ဖြေရှင်းဖို့ အများကြီး ကြိုးပမ်းခဲ့ကြတယ်။ ဥပမာဆိုရင် စစ်အာဏာရှင်ယန္တရားကြီးက ဒီမိုကရေစီကို ရော့အင့်ဆိုပြီးတော့ ပေးမှာမဟုတ်ပါဘူး။ သို့သော် အခြားအခြားသော အဆောက်အအုံတွေ၊ စစ်တပ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေ၊ စစ်တပ်နဲ့ဆိုင်တဲ့လုပ်ငန်းတွေ အခြားခြားသော စီးပွားရေးလုပ်ငန်းကြီးများကလည်း စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ခံနေရတဲ့အခြေအနေမျိုးမှာ ကျနော်တို့ဟာ ချက်ချင်းပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီ အစိုးရပြောင်းလဲဖို့ဆိုတာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေကို လူတိုင်းသိပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာလည်း ကျနော် စောစောကပြောသလို ကမ္ဘာကြီးရဲ့ အနာဂတ်လိုပဲ စစ်အာဏာရှင်စနစ်ရဲ့ အရိပ်မည်းကြီးလွှမ်းမိုးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဗမာပြည်ရဲ့အနာဂတ်ဆိုတာ ဗမာပြည်တွင်းမှာ နေထိုင်ကြတဲ့လူငယ်တွေ ကြုံတွေ့ရမယ့် အနာဂတ်ဖြစ်နေပါတယ်။ အဲဒါတွေကို ညှိနှိုင်းဖို့လိုပါတယ်။ ဆွေးနွေးဖို့လိုပါတယ်။ ဒီနေ့ မနက်ဖြန်ဆိုသလို ဒီမိုကရေစီဟာ ဘွားခနဲ ပေါ်လာမှာမဟုတ်ပါဘူး။ ဒါကိုခင်ဗျားတို့လည်း သိမှာပါပဲ။ တွေးမိကြမယ်ထင်ပါတယ်။
အန်အယ်လ်ဒီရဲ့ အနာဂတ်လည်းမှုန်ဝါးနေ
ဆက်ပြီး အဖွဲ့ချုပ်လူငယ်တွေကို အန်အယ်လ်ဒီရဲ့ အနာဂတ်ကို နည်းနည်း ပြောချင်ပါတယ်။ ပြောချင်တယ်ဆိုပေမယ့် ပြောစရာလည်း များများစားစားမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်အယ်လ်ဒီနဲ့ ကင်းကွာနေတာကလည်း ကြာပြီဆိုတော့ ဘာတွေဖြစ်နေတယ်ဆိုတာကို တိတိကျကျတော့ မသိဘူး။
ကျနော်မှန်းလို့ရသလောက်ကတော့ ကမ္ဘာရဲ့ အနာဂတ်လို၊ မြန်မာရဲ့အနာဂတ်လို၊ အန်အယ်လ်ဒီရဲ့ အနာဂတ်ကလည်း အတော်ကိုမှုန်ဝါးလျက်ရှိတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။ ဒါဟာ စိတ်ပျက်ခြင်း၊ အဆိုးမြင်ခြင်း စတဲ့အမြင်တွေအပေါ်မှာ အခြေမခံပါဘူး။
ကျနော်တို့အထဲမှာ အသက်(၁၀၀) ကျော်နေနိုင်တဲ့သူတွေ ရှိနိုင်ပါတယ်။ ရှိဦးတော့လည်း သူတို့ရဲ့ ဦးဆောင်နိုင်မှုဆိုတာ အများကြီးလျော့လာမှာဖြစ်ပါတယ်။ သို့သော် ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့်လည်း သူတို့ဆီမှာ ဆက်လက်ပြီးတော့ ရှင်သန်နိုင်စွမ်း နည်းတယ်လို့ ဒီနေ့တက်ရောက်လာတဲ့ လူငယ်များ စဉ်းစားမိကြမှာပဲ။ နိုင်ငံရေးဆိုတာကလည်း ကြွေတလှည့်ကြက်တခုန်ဆိုတဲ့ သဘောလည်း ရှိတာပေါ့ဗျာ။ ဒီမှာ အန်အယ်လ်ဒီရဲ့ အနေအထားကိုကြည့်မယ်ဆိုရင် အားလုံးသိကြတဲ့အတိုင်းပဲ၊ ရှေ့နှစ်အနည်းငယ်ဆိုရင် ပြဿနာတွေအများကြီးနဲ့ ရင်ဆိုင်ရတော့မယ်။
အဲဒီလိုပြဿနာတွေထဲမှာ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ သဘောထားတွေ၊ သုံးသပ်စရာရှိတာတွေ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတွေ၊ ဘယ်လိုအဖြေပေါ်မလဲဆိုတာတွေကို စဉ်းစားကြရတော့မှာ ဖြစ်တယ်။ တခါ အဲဒီအခြေခံဥပဒေကနေပေါက်ဖွားလာမယ့် ပါတီအဖွဲ့အစည်း မှတ်ပုံတင်ဖို့ ကိစ္စတွေ ဒါကတော့ ထားလိုက်ပါတော့။ ဒါဟာလည်း အခြေခံဥပဒေဆိုင်ရာကိစ္စတွေကို အဆင့်ဆင့်ဆောင်ရွက် မှုပေါ်မှာ ဆက်ပြီးဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ထားလို့ မရတဲ့ကိစ္စက ဘယ်လိုပဲပြောပြော ပါတီတွေ မှတ်ပုံတင်ခြင်းကိစ္စပဲဖြစ်ပါတယ်။
အဲဒီတော့ အန်အယ်လ်ဒီရဲ့ အနေအထားကလည်း အနည်းနဲ့အများ ပြဿနာတော့ မသေးဘူးလို့။ ဒါဟာလည်း အခြေခံဥပဒေနဲ့ တွဲရက်ပါလာတဲ့ ပါတီတွေ တရားဝင်ရပ်တည်ပိုင်ခွင့်နဲ့လည်း ဆိုင်နေတယ်။ ဘယ်လိုပဲပြောပြော အန်အယ်လ်ဒီရဲ့ အနေအထားဟာလည်း ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ဖို့ ရှိပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလိုက်လို့ ကျနော်တို့ ပါတီက နိုင်ငံတော်ရဲ့ နိုင်ငံရေးရာလှုပ်ရှားမှုတွေဟာ အကောင်အထည် ပေါ်လာမယ်၊ ပါဝင်ပြီးတော့ သက်ဝင်လှုပ်ရှားလာမယ်ဆိုရင်တောင်မှ ပြဿနာတွေ အများကြီးပဲလို့ ထင်ပါတယ်။
တိုင်းပြည်ပြဿနာတွေ ကျန်သေး

အဲဒီပြဿနာတွေဟာလည်း လူငယ်တွေ ရင်ဆိုင်သွားရမယ့် ပြဿနာတွေဖြစ်နေတယ်။ အန်အယ်လ်ဒီ ရဲ့ ပြဿနာလို့လည်း ပြောလို့မရပါဘူး။ ဒါဟာ အမျိုးသားရေးပြဿနာလည်းဖြစ်တယ်။ တချိန်မှာ ရှိနေတဲ့ပြဿနာတွေကို အန်အယ်လ်ဒီမှာ ပါဝင်နေတဲ့လူငယ်တွေက ကိုင်တွယ်ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အကြောင်းကြောင်းကြောင့် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ပြေလည်သွားရင်တောင် တိုင်းပြည်အတွက် ပြဿနာတွေက ရှိနေသေးတယ်။ တိုင်းပြည်အတွက် ဆိုတာက ကျနော်စောစောကပြောသွားသလို စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးပြဿနာ တွေဟာ အများကြီးဖြေရှင်းစရာတွေ ရှိနေသေးတယ်။ ဒါတွေကိုလည်း လူငယ်တွေဟာ မလွှဲမသွေ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီကိစ္စဟာ ခေါင်းထဲမှာထည့်ပြီးတော့ စဉ်းစားကြရမယ့်ကိစ္စ ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။
မှုန်ဝါးတဲ့အနာဂတ်ကို ဖြေရှင်းဖို့တာဝန်ရှိ
အခု ကျနော်ပြောခဲ့တဲ့အချက်တွေကို အခြေခံစဉ်းစားရင် လူငယ်တွေရဲ့ အနာဂတ်ဟာ ပြောစရာများများစားစား မကျန်တော့ပါဘူး။ လူငယ်တွေဟာ ကမ္ဘာရဲ့ အနာဂတ်ဖြစ်သလို တိုင်းပြည်ရဲ့ အနာဂတ်ကိုလည်း လူငယ်တွေပဲ ကိုင်တွယ်ရမှာဖြစ်သလို၊ အန်အယ်လ်ဒီရဲ့ အနာဂတ်ကိုလည်း လူငယ်တွေကပဲ ကိုင်တွယ်ကြရမှာ ဖြစ်ပါတယ်။
ချုပ်လိုက်ရင် မှုန်ဝါးသောကမ္ဘာရဲ့ အနာဂတ်၊ မှုန်ဝါးသောတိုင်းပြည်ရဲ့ အနာဂတ်၊ မှုန်ဝါးသော အန် အယ်လ်ဒီရဲ့အနာဂတ် အဲဒါတွေကို လူငယ်တွေသာလျှင် ဖြေရှင်းကြရမှာဖြစ်ပါတယ်။ အန်အယ်လ်ဒီ လူငယ်တွေဟာ အခြားသာမန်လူငယ်တွေထက်စာရင် ဒီမိုကရေစီရေးမှာ အတွေ့အကြုံလည်းရှိတယ်၊ အစဉ်အလာလည်းရှိတယ်။ အဲဒီတော့ ဒီအစဉ်အလာတွေကို ကိုင်တွယ်ပြီး ဒီအစဉ်အလာတွေအတိုင်း ရပ်တည်ပြီး ပြဿနာတွေကို ဖြေရှင်းသွားရမှာလည်း ဖြစ်တယ်လို့ ယူဆပါတယ်။
အဖွဲ့အစည်း လောင်းရိပ
ဒါဘာဖြစ်လို့ ကျနော် ပြောရသလဲဆိုရင် လူငယ်တွေကိစ္စကို စဉ်းစားတဲ့အခါမှာ အဖွဲ့ အစည်းအတွင်း မှာ ရှိတဲ့လူငယ်တွေဟာ အဖွဲ့အစည်းရဲ့ လောင်းရိပ်ဟာ တခါတလေမှာသွားပြီးတော့ ထိုးနေတာတွေ ရှိတတ်ပါတယ်။ အဲဒီတော့ အဖွဲ့အစည်းတွေကလည်း သတိထားရမှာက လူငယ်အဖွဲ့အစည်းဆိုတာ ခိုင်းတာလုပ်ဖို့ နို့မို့ရင်လည်း အင်အားပြဖို့လောက်ပဲ သဘောထားလို့ မရပါဘူး။ ဒီလူငယ်အဖွဲ့အစည်းဆိုတာ အဖွဲ့အစည်းတခုလုံးရဲ့ ခေါင်းဆောင်မှု အစိတ်အပိုင်းတခုဖြစ်နေ တယ်လို့ သဘောထားရမယ်။ ဒီလိုမှသာလျှင် လူငယ်တွေအနေနဲ့ ခေါင်းဆောင်တွေကို ပျိုးထောင် ပေးခြင်း၊ ခေါင်းဆောင်ကောင်းဖြစ်ဖို့ မြှင့်တင်တာဝန်ပေးခြင်း၊ ခေါင်းဆောင်အဆင့်ဆင့်စွဲတင်မြှင့် တင်ခြင်းဆိုတဲ့ စီမံမှုအဆင့်ဆင့်ကို ဆောင်ရွက်မှုပုံစံပေါ်မှာ ဖြစ်ပါတယ်။ အဲဒီတော့ အဖွဲ့အစည်းတိုင်း အဖွဲ့အစည်းတိုင်းအနေနဲ့ စောစောကပြောခဲ့သလို လောင်းရိပ်မိတတ်တဲ့ သဘောတရား ရှိတတ်သော်ငြားလည်း အဖွဲ့အစည်းမှာ မှန်ကန်တဲ့သဘောထားရှိရင် ဒီလူငယ်တွေဟာ ဘယ်တော့မှ သေးသိမ်သွားမှာ မဟုတ်ပါဘူး။ ဒါလည်းပဲ သဘောပေါက်ထားရမယ့် အချက်တချက်ဖြစ်ပါတယ်။
စည်းကမ်းရှိတဲ့ ဒီမိုကရေစီမဟုတ်
လူငယ်အဖွဲ့ဖွဲ့စည်းဖို့စဉ်းစားတဲ့အခါမှာ ရဲရင့်ခြင်း၊ ဇွဲရှိရမယ်။ ဇွဲဆိုတာကလည်း အားလုံးသိကြတဲ့ အတိုင်းပဲ စွဲစွဲမြဲမြဲလုပ်တယ်။ အားသွန်ခွန်စိုက်လုပ်တယ်ဆိုတဲ့ ဇွဲမျိုး၊ မာန်ဆိုတာလည်း ရှိရမယ်။ အရေးအကြီးဆုံးအချက်ကတော့ စည်းကမ်းရှိခြင်းပဲ။ ဒေါ်စုရဲ့ကောင်းသော အရည်အချင်းတွေထဲမှာ စည်းကမ်းလည်း ပါဝင်ပါတယ်။ ဒေါ်စုဟာ စည်းကမ်းကို တန်ဖိုးထားတယ်၊ သူများကိုလည်း စည်းကမ်းရှိစေချင်တယ်။ အဲဒီတော့ ကျနော်တို့ဟာ ဒီအချိန်မှာ စည်းကမ်းအကြောင်းကို ဒေါ်စုကို တည်ပြီး ပြောရတာလည်း မကောင်းဘူး၊ တော်ကြာ ဒေါ်စုပါ စည်းကမ်းရှိသော ဒီမိုကရေစီထဲပါ သွားမှာလည်း စိုးရတာကိုး။
လူငယ်တွေကို ကျနော်ပြောချင်တာက စည်းကမ်းနဲ့ပတ်သက်လို့တော့ အလေးထားပါ။ ဒေါ်စုမှာ စောစောကပြောတဲ့ ရဲရင့်ခြင်း၊ ဇွဲကောင်းခြင်း၊ ဥာဏ်ပညာမြင့်မားခြင်း စတဲ့အချက်တွေအပြင် စည်းကမ်းရှိခြင်းဆိုတာက အရေးအကြီးဆုံးတခုလိုဖြစ်နေတယ်။ ဒါတွေကို အမြဲတမ်း စံနမူနာယူပါ။ ဒေါ်စုရဲ့ ကောင်းခြင်းတွေကို လေ့လာပါ။ ဒါဟာလည်း လူငယ်တွေ အနာဂတ်ကို ရင်ဆိုင်တဲ့အခါမှာ ဒါတွေဟာ အကောင်းဆုံး စံပြုရမယ့်အရာတွေလည်း ဖြစ်ပါတယ်။
အနာဂတ်ကို ဖောက်ထွက်ကြပါ
အနာဂတ်ကို ဦးဆောင်မယ့်လူငယ်တွေအနေနဲ့ တခါတလေ တွေးတဲ့ခေါ်တဲ့နေရာမှာ ထွက်ပေါက်ဆိုတဲ့ စကားကိုပြောကြတယ်။ ကျနော်တို့ ထွက်ပေါက်ဘယ်မှာလဲ၊ ထွက်ပေါက်ကို ဘယ်လိုလုပ်မလဲ စသည်ဖြင့် ထွက်ပေါက်ကိစ္စတွေကို ခဏခဏကြားလာရတယ်။ ဒီတော့ အနာဂတ်ကိုရင်ဆိုင်တဲ့အခါ ခုနကပြောသလို လူငယ်တွေရင်ဆိုင်ရမယ့် အနာဂတ်အလွန်ကို ခက်ခဲနက်နဲတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီလိုထွက်ပေါက်ထက် ပိုပြီးအရေးကြီးတာက ဖောက်ထွက်ဖို့ပဲဖြစ်ပါတယ်။ ဖောက်ထွက်ဖို့ကို စဉ်းစားကြပါ။ ဖောက်ကိုထွက်ရမယ့်အနာဂတ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ အမြဲတမ်းထွက်ပေါက်ကိုချည်း စဉ်းစားမနေဘဲ ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ဒါဟာ ပိုပြီးအရေးကြီးပါတယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။

အပြည့်အစုံသို့ ...

မန္တလေးတိုင်း အန်အယ်ဒီ အတွင်းရေးမှူးဦးကံထွန်း ထောင်တွင်း၌ ကိုယ်တခြမ်းလေဖြတ်


် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကံထွန်းသည် ထောင်အတွင်း ကိုယ်ခန္ဓာတခြမ်း လေဖြတ်သွားကြောင်း သိရသည်။ မန္တလေးမြို့ အိုးဘိုထောင်တွင် ထောင်ဒဏ် ၁၂ ကျခံနေရသည့် အသက် ၆၇ နှစ်အရွယ် ဦးကံထွန်းထံ ထောင်ဝင်စာ သွားတွေ့ခဲ့စဉ် မိသားစုဝင်များမှတဆင့် သိရှိရခြင်း ဖြစ်သည်။
"ဦးကံထွန်း အခြေအနေက ကိုယ်တခြမ်း သေသွားတာတဲ့။ အဲဒါ စကားလည်း မပြောနိုင်ဘူး။ Wheel chair နဲ့ သယ်လာတာတဲ့။ ညာဘက်လက် တခြမ်းလုံး။ ခြေထောက်ရော၊ လက်ရော ဖြစ်နေတာ။ စကား မပြောနိုင်တဲ့ အနေအထားအထိ ဖြစ်သွားတာ" ဟု ပြောသည်။
ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း ဦးကံထွန်း လေဖြတ်သွားခြင်းကို အတည်ပြု ပြောကြားသည်။
"ကျနော့်ကို မန္တလေးတိုင်းဘက်က သတင်းပေးတာကတော့ ကိုယ်တခြမ်း သေတယ်တဲ့။ အဲဒါ ဆေးကုဖို့လည်း ထောင်က ကူညီပေးနေတယ်။ ဆေးကုနေတယ်တဲ့။ အဲဒီလို ပြောပါတယ်။ ကိုယ်တခြမ်းသေတယ်၊ လမ်းမလျှောက်နိုင်တော့ဘူး။ အစားအသောက်လည်း ခွံ့ကျွေးရတယ်တဲ့ အဲဒီလို ပြောပါတယ်" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

အပြည့်အစုံသို့ ...

Thursday, December 18, 2008

စစ်ခေါင်းဆောင်ထံ တင်ပြသောစာကို ထောင်ဝင်စာ၌ ဖတ်ပြမှုဖြင့် ထောင်ချခံရ


ရွှေဝါရောင် တော်လှန်ရေးကြောင့် ထိမ်းသိမ်းခံနေရသည့် ညီဖြစ်သူထံ ထောင်ဝင်စာ
လာတွေ့စဉ် နိုင်ငံရေး အကျဉ်းသားများအား ထောင်တွင်း ဆေးကုသခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြတောင်းဆိုထားသည့်စာကို ဖတ်ပြမှုဖြင့် ထောင်၆ လ ချမှတ်လိုက်သည်။
ထောင်၁၉ နှစ် ချမှတ်ခံရသော လှိုင်သာယာ NLD အဖွဲ့ဝင် ကိုသန့်ဇင်မျိုး၏ အကို ကိုသန့်ဇင်ဦးသည် ပြီးခဲ့သော ဇန်န၀ါရီလ ၁၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် ကမ္ဘာ့ကြက်ခြေနီ၊ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပေးပို့သောစာကို ညီဖြစ်သူကို ထောင်ဝင်စာတွေ့စဉ် ဖတ်ပြ၍ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
အင်းစိန် အကျဉ်းထောင်မှူးမှ (ထောင်လက်စွဲ ဥပဒေ ပုဒ်မ ၄၂ ) ထောင်တွင်းသို့ ခွင့်မပြုသည့် စာရွက်စာတမ်း ယူဆောင်မှုဖြင့် ပြီခဲ့သော ဇန်န၀ါရီလ ၃၁ ရက်နေ့က တရားစွဲဆိုပြီး အင်းစိန်မြို့နယ် တရားရုံးမှ ယခုလို ထောင်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်ဟု ကိုသန့်ဇင်ဦး၏ မိတ်ဆွေတဦးက ပြောသည်။
"ဖတ်ပြတဲ့ ၂၂ ရက်နေ့က ထောင်မှူး ကိုယ်တိုင် လာရှင်းတယ် ဘာပြဿနာမှ မရှိဘူး၊ ၃၁ ရက် နေ့ကျမှ လာဖမ်းပြီး အာမခံနဲ့ ပြန်လွှတ်ထားတာ ထောင်ဥပဒေ ပုဒ်မ ၄၂ နဲ့လို့ ပြောတယ်"ဟု သူကပြောသည်။
သို့သော်လည်း ထောင်ဝင်စာတွေ့စဉ် ဖတ်ပြရန် ယူဆောင်သွားစဉ် အဆင့်ဆင့် စစ်ဆေးခံပြီးမှ ခွင့်ပြု၍ ထောင်အာဏာာပိုင်များရှေ့တွင် ဖတ်ပြခဲ့ခြင်း ဖြစ်သည်။
တရားလို သက်သေဖြစ်သည့် ထောင်ဝန်ထမ်း ၄ ဦးမှ တဦး က အဆိုပါ စာရွက်အား ထောင်တွင်းသို့ သယ်ယူရန် ခွင့်ပြုခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ယခုစွဲဆိုထားသော အမှုကို ထိရောက်စွာ အရေးယူရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ မှတ်ချက် ရေးသားပေးပိုထားသည့် စာကို အင်းစိန် မြို့နယ်တွဲဘက် တရားသူကြီး ဒေါ်ဘေဘီက မတ်လ ၂၈ ရက် နေ့တွင် အမှုစစ်ဆေးသည့်အခါ တရားရုံးထဲ၌ မှားယွင်းစွာ ဖတ်ကြားခဲ့ကြောင်း အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။
ယခုအခါ ကိုသန့်ဇင်ဦးအား အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။

အပြည့်အစုံသို့ ...

ထောင်ထဲမှစာအား ထောင်အပြင်ထုတ်မူ ဖြင့် (၉) နှစ်ထောင်ချခံရ၊


ထောင်ထဲမှစာ ထောင်အပြင်သို့ ထုတ်ပေးခဲ့သော ၈၈ မျိုးဆက် ကျောင်းသား ကိုမာကီး၏ ညီဝမ်းကွဲ တော်စပ်သူ ကိုဇော်နိုင်ထွေးအား အင်းစိန်မြို့နယ် တရားရုံးမှ လာဘ်ပေးလာဘ်ယူ ပြစ်မှုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်သည်။
လွန်ခဲ့သည့် ၉ လခန့်က ကိုမာကီး (ခေါ်) ကိုကျော်ကျော်ထွေးကို ထောင်ဝင်စာတွေ့ပြီး ထောင်ဝန်ထမ်းများနှင့် ပူးပေါင်းကာ ကိုမာကီးက ထောင်ပြင်ပသို့ ပေးပို့သော စာကို စရဖ ခေါ် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က သိရှိသွားပြီး တရားစွဲဆိုခဲ့ရာမှထောင်ချခံရခြင်း ဖြစ်သည်။
"အဲဒီစာကို ၀န်ထမ်းနဲ့ ချိတ်ပြီးတော့ အပြင်ထုတ်တာပေါ့နော်။ အဲဒီဝန်ထမ်းကို ကိုမာကီးက ပေးထားလိုက်တဲ့ အချိန်မှာ စရဖက ဖမ်းလိုက်တာ။ မိသွားတော့ ကိုမာကီလည်း အဲဒီတုန်းက တိုက်တလ အပိတ်ခံရတယ်။ ပြီးတော့ ဒီဝန်ထမ်းနဲ့ ပြန်မျှားပြီးတော့၊ ကိုမာကီရဲ့ ညီကို ၀န်ထမ်းနဲ့ တနေရာမှာ ချိန်းပြီးတော့ ပေးတဲ့အချိန်မှာ စရဖ တပ်ဖွဲ့ဝင်တွေက ကောက်ဖမ်းလိုက်တာ" ဟုပြောသည်။
ကိုဇော်နိုင်ထွေး၏ အမှုတွဲ၌ ပါဝင်သူ ထောင်ဝန်ထမ်း ၃ ဦးလည်း ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရသည်။ ကိုမာကီသည် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား အကြောင်းပြချက် မပါရှိဘဲ အာဏာပိုင်များ၏ ဖမ်းဆီးမှုတွင် ပါဝင်ခဲ့သည်။ သူ့ကို ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က အခြား ကျောင်းသားခေါင်းဆောင်များ နည်းတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့သည်။
ကိုမာကီးသည် တနင်္သာရီတိုင်း မြိတ် အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည်။

အပြည့်အစုံသို့ ...

Wednesday, December 17, 2008

သွေးစွန်းလက် (၀တ္ထုတို)


(တကယ်တော့ ဒီဇင်ဘာလဆိုတာ ကျောင်းသားလှုပ်ရှားမှုသမိုင်းရဲ့ မှတ်တိုင်လေးတွေနဲ့ ပြည့်နှက်နေတဲ့ လလေးတခုပါပဲ။ ၁၉၉၁ မှာ 10D လှုပ်ရှားမှု ရှိခဲ့သလို၊ ၁၉၉၆ ကျတော့လဲ ကျောင်းသားများဦးဆောင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ ထပ်မံပေါ်ပေါက်ခဲ့ဖူးပါတယ်။ ၁၉၉၆ ဒီဇင်ဘာလှုပ်ရှားမှုကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ ၀တ္ထုတိုလေးကို ပြန်တင်လိုက်ပါတယ်)
သွေးစွန်းလက် (၀တ္ထုတို)
(၁)
၂ဝဝ၄ခုနှစ်၊စက်တင်ဘာ(၁၆)ရက်။
အလုပ်မှပြန်ရောက်ရောက်ချင်း ကွန်ပျူတာခလုတ်ကို သူမဖွင့်လိုက်သည်။ ဒါကလဲ သူမအမြဲလုပ်နေကျ။ ဒီလိုတိုးတက်လှသော နည်းပညာခေတ်ကြီးတွင် သတင်းအချက်အလက်များနှင့် မျက်ချေပြတ်နေလို့မရ။ အထူးသဖြင့် နိုင်ငံတစ်ခု၏ စစ်အာဏာရှင်စနစ်ကို ပြောင်းလဲရန် ကြိုးစားနေကြသော သူမတို့လို တော်လှန်ရေးသမားများအတွက် သတင်းတစ်ခု၏ တန်ဖိုးသည် အဖိုးမဖြတ်နိုင်အောင် ကြီးမားလှသည်။ အီးမေးလ်ထဲသို့ဝင်ပြီး ပေးပို့ထားသော သတင်းတစ်ပုဒ်ကို သူမဖတ်ကြည့်လိုက်မိသည်။
သတင်းခေါင်းစဉ်က “ဝန်ကြီးချုပ်ကိုတိုင်းမှူးကအလဲထိုးနိုင်သလား” တဲ့။ အလာချည်းပါလား။ သူမဆက်ဖတ်ကြည့်သည်။
‘ဗိုလ်ချုပ်ကြီးခင်ညွန့် ညီလာခံပြီးရင် ရွေးကောက်ပွဲဝင်ဖို့ လျှို့ဝှက်ရံပုံငွေရှာပေးနေတဲ့ နယ်စပ်ကုန်သွယ်ရေးအဖွဲ့(နစက)ကို ဖျက်တော့မယ်လို့ သိရပါတယ်။ ကြားရပုံကတော့ ကွတ်ခိုင်နဲ့မူဆယ်ကြားမှာရှိတဲ့ နမ့်ဖကာစစ်ဆေးရေးဂိတ်မှာ နစကအဖွဲ့တကကဇော်မိုးနဲ့ တကကခင်အေးတို့ကို ၁၂၊၉၊၂ဝဝ၄ရက်နေ့မှာ စဖမ်းပြီးနောက်ပိုင်းကြားရတာပဲ။ အဲဒီနေ့မှာပဲ ရန်ကုန်က နစကချုပ်ဗိုလ်မှူးချုပ်မြင့်ဇော်နဲ့ စစ်မဟာဗျူဟာလေ့လာရေးရုံးက ဗိုလ်မှူးကြီးစန်းပွင့်တို့ မူဆယ်ရောက်လာတယ်။ ပြီးတော့ဖမ်းထားသူအားလုံးကို လားရှိုးတိုင်းမှူးရုံးကို ခေါ်သွားတယ်။ အခုထိ ဖမ်းထားသူအားလုံး (၁၅)ရက်နေ့ထိ (၅ဝ)ကျော်နေပြီ။ ဒီလိုလုပ်ဖို့ တိုင်းမှူးဗိုလ်ချုပ်မြင့်လှိုင်က ပြင်နေတာကြာပြီ။ အခုမှ ဝန်ကြီးချုပ်ရန်ကုန်မှာ မရှိတုန်းထလုပ်ပစ်တာ။ ဒီနေ့ထိကြားရတဲ့ သတင်းကတော့ ဗိုလ်မှူးချုပ်မြင့်ဇော်နဲ့ ဗိုလ်မှူးကြီးစန်းပွင့်က တိုင်းမှူးဗိုလ်ချုပ်မြင့်လှိုင်ကို နစကအဖွဲ့ဖျက်သိမ်းပေးဖို့ ဝန်ကြီးချုပ်ကို သူတို့ကိုယ်တိုင်ပြောပါ့မယ် ကတိပေးပြီး၊ (၁၅)ရက်နေ့က ရန်ကုန်ပြန်သွားကြတယ်။ အခုဖမ်းထားသူတွေထဲမှာ မူဆယ်က ဗိုလ်ကြီးစည်သူအောင်လဲ ပါတယ်လို့သိရပါတယ်’
ကွန်ပျူတာဖန်သားပြင်ကို ကြည့်နေသည့် သူမမျက်လုံးများ ပြာဝေသွားသည်။ ရင်ထဲတွင် ကတုန်ကရင်ဖြစ်လာသဖြင့် ရေတစ်ခွက်ကို သူမထသောက်မိသည်။
‘ဘယ်လိုလဲ။ဘယ်လိုဖြစ်ကုန်တာလဲ’
သာမန်ဖြစ်ရိုးဖြစ်စဉ် သတင်းတစ်ပုဒ်မဟုတ်တာတော့ သေချာသည်။နစကဆိုတာက နအဖဝန်ကြီးချုပ်ရဲ့ လက်ရုံးတစ်ခုဖြစ်သလို ဗိုလ်ကြီးစည်သူအောင်ဆိုတာကလဲ စစ်ထောက်လှမ်းရေးကနေ နစကတပ်ထဲ ရောက်သွားခဲ့သူပဲ။
‘မယုံနိုင်စရာပါပဲလားကိုကိုရယ်’
သူမတီးတိုး ရေရွတ်လိုက်မိသည်။
ကိုကို(သို့မဟုတ်)ဗိုလ်ကြီးစည်သူအောင်။
တသက်တခါ၊ တလွှာတပွင့်ရယ်လို့ သူမစွဲလမ်းမြတ်နိုးခဲ့ဖူးသူ။
ကုလားထိုင်ကို နောက်မှီထိုင်လိုက်ရင်း သူမအတွေးများက အတိတ်သို့ အလိုလိုရောက်သွားသည်။ ရှေ့တည့်တည့်မှ ကွန်ပျူတာဖန်သားပြင်ကိုလဲ မမြင်နိုင်တော့။
(၂)
‘သိပ်မကြိုးစားပါနဲ့ နန္ဒာရယ်။ နင့်မျက်နှာက တော်တော်ချောင်နေပြီသိလား။ စာမေးပွဲကဖြင့် အဝေးကြီးလိုသေးတယ်’
‘မလိုတော့ပါဘူးဟာ၊ တရက်ပြီးတရက်နီးနီးလာပြီဟ၊ ခြောက်လဆိုတဲ့အချိန်ဟာ မထင်နဲ့နော်၊ ဟိုလှည့်ဒီလှည့်နဲ့ ကုန်သွားမှာ’
‘အေးပါဟာ၊ နင်က ဆေးကျောင်းသွားမှာဆိုတော့ ပိုကြိုးစားရမှာပေါ့။ ငါက နင်နေမကောင်းဖြစ်မှာ စိုးရိမ်လို့ပါ’
‘အောင်မယ်၊ နင်ကကော မသွားမှာလိုက်လို့၊ စာသာမကျက်ချင်တာ၊ ဂျူတီကုတ်တော့ ဝတ်ချင်တယ်ဆို နင်ပဲပြောပြီးတော့’
ပြောပြောဆိုဆိုနှင့် ရယ်သံလေးများ လွင့်ပျံနေသည့်နေရာက မန္တလေးမြို့၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းမှ စာသင်ခန်းလေးတစ်ခု။
‘ပြောသာပြောရတယ်ကြူမာရယ်၊ ငါသင်္ချာသိပ်မရဘူးဟ၊ ဂုဏ်ထူးရမှာတော့ သေချာပါတယ်ဟာ။ဒါပေမယ့်(၁ဝဝ)ရချင်တယ်။ အမှတ်တွေပေါင်းလိုက်ရင် သင်္ချာအမှတ်က အရမ်း carry လုပ်တယ်ဟ။’
‘နင်ပြောမှငါသတိရတယ်။ ငါ့ဆီမှာ သင်္ချာဂုဏ်ထူးတန်း နောက်ဆုံးနှစ်တက်နေတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ရှိတယ်။ သူ့ကိုသင်ခိုင်းရင် မကောင်းဘူးလား။’
ဒီလိုနှင့်ပင် ကြူမာရဲ့ မိတ်ဆက်ပေးချက်အရ သူမနဲ့ ကိုစည်သူတို့ စတင်တွေ့ဆုံခဲ့ကြသည်။ အပတ်စဉ် တနင်္ဂနွေနေ့ဆိုလျှင် ဘုရားကြီးနားမှာရှိသော ကိုကိုတို့အိမ်သို့ သူမတို့ရောက်နေကျ။ ကိုကိုသင်ပေးသည့် သင်္ချာပုစ္ဆာများကို တွက်ချက်ရင်း၊ ကိုကို့အမေ ချက်ကျွေးသည့် ထမင်းဟင်းများကို အဆောင်ကျောင်းသူတွေ ပီသစွာ အလုအယက်၊ ငတ်ကြီးတကျစားရင်း အလွန်ပျော်စရာ ကောင်းခဲ့သောအချိန်များပါပေ။
တခါတရံ ညနေအပြန် မဟာမြတ်မုနိဘုရားကြီးအား ဝင်ဖူးရင်း ဘုရားဈေးတန်းမှ မုန့်များဝင်စားရသည်မှာလဲ အစားကြိုက်သူ သူမအဖို့အမှတ်တရပါပဲ။
‘နန္ဒာကစာမေးပွဲပြီးရင် ရှမ်းပြည်ပြန်နေမှာလား’
‘ပြန်မှာပေါ့အစ်ကို။ ဆယ်တန်းကို အမှတ်များများနဲ့ အောင်ချင်လို့သာ မြို့ကြီးမှာ ကျောင်းလာတက်နေရတာ။ နယ်မှာလိုမပျော်ဘူး။’
‘မပျော်လို့ ဘယ်ရမလဲလေ၊ တက္ကသိုလ်တက်ရင် ပြန်လာရဦးမှာ။နောက်ဆို အမြဲနေသွားရမယ့်နေရာလဲ ဖြစ်ချင်ဖြစ်သွားမှာပေါ့။’
သူမအား စူးစူးစိုက်စိုက်ကြည့်ရင်း ကိုကိုက ပြောသည်။ဆယ်တန်းစာမေးပွဲဖြေဖို့ (၁ဝ)ရက်ခန့်အလိုမှာ ဦးနှောက်ဆေးသည့်အနေဖြင့် တောင်သမန်သို့ အလည်သွားခဲ့ကြသည်။တောင်သမန်အင်းဘေး စားသောက်ဆိုင်လေးမှာ ထိုင်ရင်း စကားလက်ဆုံကျတော့ ဆရာပီပီ ခပ်တည်တည်နေတတ်သူက မနောက်စဖူးနောက်လိုက်သည့်မို့ သူမနဲနဲအနေခက်သွားသည်။ ပညာရေးကိုသာ မျက်စိမှိတ် စိတ်နှစ်ထားပေမယ့် သူမလဲ ဆယ်ကျော်သက် ရင်ခုန်သံကို ခံစားတတ်သူပဲလေ။ကြူမာက “ယောင်းမ’ခေါ်ပြီး ကိုကိုနဲ့ စသည်ကိုလဲ အနဲငယ်ကျေနပ်မိသလို၊ ညစာကျက်ချိန်လေးတွေမှာ မသိမသာ ဝင်ရောက်နေရာယူတတ်တဲ့၊ စတစ်ကော်လာဖြူ၊ ပုဆိုးကွက်စိပ်လေး အမြဲဝတ်တတ်တဲ့ သူ့ကိုလဲ “ကိုကို’ရယ်လို့ ရင်ထဲကနေ တိတ်တခိုး ခေါ်ဝေါ်သုံးစွဲနေတတ်ခဲ့ပြီပဲ။
ဒီလိုနှင့် စာမေးပွဲကြီးပြီးသွားသည်နှင့်အမျှ အရာအားလုံးလဲ ပြီးသွားခဲ့ပြန်သည်။ မန္တလေးမြို့ကြီးမှ ခွဲခွာပြီး၊မွေးဖွားရာ ဇာတိမြို့လေးမှာ မိဘလက်ငုတ်လက်ရင်း ပွဲရုံလေးမှာ ပြန်ကူညီနေရသဖြင့် ကုန်စာရင်းများ၊ငွေစာရင်းများနှင့်သာ လုံးချာလည် လိုက်နေသည့်အဖြစ်။ ကြူမာလဲ သူ့မိဘများရှိရာ မိုးကုတ်သို့ ပြန်သွားသဖြင့် တခါတရံစာရေးဖြစ်သည်မှအပ မတွေ့ဖြစ်ကြတော့။ ကိုကိုဆီမှ စာလေးများတော့ တခါတရံ ရောက်လာတတ်သည်။ ကျောင်းပြီးပြီး၊ ဗထူးတွင်ဗိုလ်သင်တန်း တက်နေသည်ဆိုပဲလေ။လူကြုံရှိသဖြင့် ရှမ်းပဲပုတ်ထောင်းကြော်လေးများ၊ ဆီတို့ဖူး၊ မုန်ညင်းချဉ်လေးများ ပို့ပေးဖြစ်သည်။ကိုကို့ဆီက ကျေးဇူးတင်စာရတော့ သူမမှာ ဝမ်းသာလိုက်သည်ဖြစ်ခြင်း။ ကျောင်းဆင်းပွဲ ဖိတ်စာနှင့်အတူ၊ပခုံးပေါ်မှာ ရာထူးကြယ်ပွင့်လေး လာတပ်ပေးဖို့၊ သူ့မေတ္တာကို လက်ခံပေးဖို့ ကိုကို့ဆီက စာရောက်လာတော့ သူမမှာ တအံ့တသြ။ သူမမိဘများကို ဘယ်လိုပြောပြီးသွားရပါမည်လဲ။မြို့ကြီးမှာ ကျောင်းတစ်နှစ်သွားထားလိုက်တာ၊ ရည်စားပါရလာသည်ဟု စွပ်စွဲတာ သူမမခံနိုင်။ ပြီးတော့ သူမအသက်ကလဲ ငယ်သေးပါသည်လေ။ ကျောင်းဖွင့်ချိန်ကလဲ နီးလာပြီဆိုတော့ ကိုကိုနဲ့တွေ့မှပဲ အကြောင်းစုံ ရှင်းပြတော့မည်ဟု သူမဆုံးဖြတ်လိုက်မိသည်။
(၃)
‘မျှော်လင့်တွေ့ချင်နေသူ တစ်ယောက်ကို မမျှော်လင့်တဲ့အချိန်မှာမှ ပြန်တွေ့ရတာအတွက်တော့
သူမရဲ့ ဆိုးဝါးလှသော ကံကြမ္မာကိုပင် အပြစ်တင်ရမည်လား’
ကျောင်းတွေပြန်ဖွင့်တော့ သူမရည်မှန်းထားသည့်အတိုင်းပင် ဆေးတက္ကသိုလ်တက်ခွင့်ရသည်။ ကြူမာလဲ ဆေးကျောင်းရောက်လာသဖြင့် သူငယ်ချင်းနှစ်ယောက် အရမ်းပျော်သွားကြသည်။ ကြူမာ ပျော်သည်ထက် သူမက ပိုပျော်မည်ထင်ပါသည်။ ကြူမာဆီကနေ ကိုကို့အကြောင်းကြားရမည် မဟုတ်ပါလော။
‘ကြီးကြီးမျိုးက၊ အစ်ကိုအောင် သင်တန်းသွားကတည်းက မိုးကုတ် ပြန်ပြောင်းလာတယ်ဟ၊ကျောင်းဆင်းပွဲတုန်းက တခေါက်ပဲ ရှမ်းပြည်တက်သွားတယ်။ အစ်ကိုအောင်လဲ သူ့တပ်ကိစ္စတွေ ရှုပ်နေတယ်ထင်ပါရဲ့။ အဆက်အသွယ်ပြတ်နေတယ်’
သဲလွန်စက တွေ့ရမည်လိုလိုနှင့် ပျောက်သွားပြန်သည်။ ဘယ်ရောက်နေလဲ ကိုကိုရယ်။ရှေ့တန်းမှာများလားဆိုတာ တွေးမိတော့ စိတ်ပူသွားမိသေးသည်။
ဆေးတက္ကသိုလ် ပထမနှစ်သင်တန်းမှာ ဆယ်တန်းတုန်းက သင်ခဲ့ရသည့် ဘာသာရပ်များကိုသာ အဆင့်မြှင့်သင်ကြားခြင်းဖြစ်သဖြင့် ဆယ်တန်းစာကျေပြီးသား သူမတို့အဖို့ သိပ်မခက်ခဲလှ။ လက်တွေ့ သင်ခန်းစာများမှလွဲ၍ ကျန်ဘာသာရပ်များမှာ သိပြီးသားများဖြစ်သဖြင့် စိတ်ဝင်စားစရာလဲ မကောင်းလှ။ အမှန်တကယ် စိတ်ဝင်စားစရာကောင်းသည်က တက္ကသိုလ်တံတိုင်းကို ကျော်ပြီးဝင်လာတတ်သည့် ထူးခြားသောစကားလုံးလေးများ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အာဆီယံစသည်များ။ရှစ်လေးလုံးအရေးအခင်းကို သိသော်လဲ အသက်ငယ်သေးသည်က တကြောင်း၊စစ်တပ်များ ဝန်းရံထားသော နယ်မြို့လေးမှာဖြစ်သည်ကတကြောင်းတို့ကြောင့် အဆက်အစပ် သိပ်မရှိလှ။ အခု မန္တလေးမှာကျတော့ အဆက်အစပ်က နဲနဲရှိလာပြီ။ နောက်ဆုံးနှစ်အပိုင်း(က)မှာ တက်နေသည့် ရှမ်းအသင်းခေါင်းဆောင်မှတဆင့် မန္တလေးတက္ကသိုလ်ထဲမှ ကျောင်းသားများနှင့် သူမတွေ့ဆုံဖြစ်ခဲ့ပြီ။စာဖတ်ဝါသနာပါသူ သူမအတွက် ပြင်ပစာအုပ်ဆိုင်များတွင် မရနိုင်သော စာအုပ်စာတမ်းများကိုလဲ ဖတ်ခွင့်ရခဲ့ပြီ။ လေးနက်သောစာပေများ၊ ဗဟုသုတများကြောင့် ဆယ်ကျော်သက် ရင်ခုန်သံများကိုပင် မေ့သလိုဖြစ်သွားခဲ့ရသည်။သူမဘဝတလျှောက်လုံး နိုင်ငံရေးမျက်စိကန်းခဲ့သမျှ အခုမှ အမှန်တရားများကို သိလာရသည်။ အမှန်တရားများကို သိလာရလေလေ၊ ယုံကြည်ချက်ဆိုသည်က ပေါက်ဖွားလာလေလေ။ သမိုင်းပေးတာဝန်ဖြစ်သည့် လုပ်သင့်လုပ်ထိုက်သည်များကို သူမဘဝတိုးတက်ရေးထက် ပိုမိုဦးစားပေးတတ်လာခဲ့ပြီ။
ဒီလိုနှင့်ပဲ ၁၉၉၆ခုနှစ်၊ ကျောင်းသားအရေးအခင်းတွင် သူမတက်ကြွစွာ ပါဝင်ဖြစ်ခဲ့သည်။ဆန္ဒပြအရေး ဆိုသူများမှာ ကျောင်းသားလူငယ်များပင်ဖြစ်သော်လဲ ’ပြည်သူကိုရင်ဝယ်သားလို’ သဘောထားပါသည်” ဆိုသောစစ်အစိုးရ၏ တုန့်ပြန်မှုက ကြောက်ခမန်းလိလိ။ အပြောနှင့် အလုပ်မညီကြောင်းကို သက်သေထူလိုက်သည်။ ကျောင်းသားအများအပြား အဖမ်းခံရသလို တိမ်းရှောင်သွားသူတွေလဲ မနည်းလှ။ သူမလဲ အဆောင်မှထွက်၍ သူငယ်ချင်းများအိမ်၌ တလှည့်စီ ပုန်းအောင်းနေခဲ့ရသည်။
‘အိမ်ရှင်တို့တံခါးဖွင့်ပါ။ ဧည့်စာရင်း စစ်စရာရှိလို့’
နန်းရှေ့မှ သူငယ်ချင်းအိမ်တွင် ပုန်းအောင်းနေသည့် သန်းခေါင်ယံညတည။ မဖိတ်ခေါ်ထားသည့် ဧည့်သည်များက ဆိုင်းမဆင့်၊ ဘုံမဆင့်ရောက်ရှိလာခဲ့သည်။
‘စောနန္ဒာ၊ ဒီမှာရှိတယ်လို့ အတိအကျ သတင်းရထားတယ်’
အိမ်ရှေ့မှ အသံများကြောင့် အခန်းထဲမှ သူမထွက်သွားလိုက်သည်။ သူမတာဝန်ကို သူမယူရမည်လေ။မဆိုင်သူများကို သူမအတွက် ဒုက္ခမရောက်စေလိုပါ။သူမအသံကြားသည်နှင့် သူငယ်ချင်းဖြူဖြူသန့်ကို ထိုးချိန်ထားသည့် ပစ္စတိုပြောင်းဝက သူမဘက်လှည့်လာသည်။ လက်နက်မဲ့ ကျောင်းသူတစ်ယောက်ကို လာဖမ်းတာများ လက်နက်တွေ အပြည့်အစုံနဲ့ပါလား ထောက်လှမ်းရေး ယောက်ျားသားကြီးတွေရယ်။တွေးမိရင်း ရယ်ချင်သွားသည့် သူမရဲ့ စိတ်တို့သည် သေနတ်ကိုင်ထားသူ၏ မျက်နှာကို မြင်ရသည့်အခါမှာတော့---။ ချစ်ခဲ့ဖူးသူတစ်ယောက်နဲ့ ပြန်ဆုံရတဲ့ ကံကြမ္မာဟာ ဒါမျိုးတဲ့လားကွာ။
(၄)
‘လှမျိုးဘယ်မှာလဲ။ ငါမေးနေတယ်လေ။ အဓိပ္ပာယ်မဲ့ အသားအနာမခံစမ်းနဲ့’
‘ mainရှေ့မှာ စုကြတဲ့ လူတွေရဲ့ နာမည်တွေရေးစမ်း’
‘ငါမေးတာမှန်မှန်ဖြေစမ်း၊ ကွေ့ကောက်နေရင် ဘာဖြစ်မယ်ဆိုတာ မင်းနားမလည်ဖူးလား’
‘ခေါင်းမာတယ်ဆိုတာ မကောင်းဘူးကွ။ အခုမင်းရောက်နေမယ့်နေရာက ခေါင်းမာလို့မရဘူး။ မန္တလေး ထောက်လှမ်းရေး(၁)လို့ခေါ်တယ်။ ဒီမှာပဲရေဝတဆိုတဲ့ ဘုန်းကြီးခေါင်းမာမှုနဲ့ သွေးပွက်ပွက်အန်ဖူးတယ်ဘာမှတ်နေလဲ။ ရိုက်လို့သေသွားရင်တောင် အရိုးရိုက်စစ်မယ့်နေရာကွ။ သိတာအကုန်ပြော’
ကိုကို့မျက်နှာကို မမြင်ရပေမယ့် ကိုကို့အသံမှန်းတော့ သိနေခဲ့ပါသည်။ ကိုကိုလူမှ ဟုတ်သေးရဲ့လားဟု တွေးလိုက်မိသည်။ မကောင်းဆိုးဝါးများဝင်စီးနေတာလား။ ဟုတ်ပါပြီ။ ကိုကိုတို့ရဲ့ စိတ်တွေကို၊မကောင်းဆိုးဝါး စစ်အာဏာရှင်စနစ်က ဝင်စီးနေတာပါ။
စစ်အစိုးရအာဏာရူးတွေရယ်။
တိုင်းပြည်ရဲ့ အဖိုးတန်လူငယ်တွေကို ရာထူးဂုဏ်၊မက်လုံးတွေပေးပြီး မျက်ကန်းမျိုးချစ်ဝါဒရိုက်သွင်းလို့ လူလူချင်းရက်စက်တတ်အောင် သင်ပေးနေတာတွေကို ရပ်တန်းကရပ်ပါတော့။ ကိုကိုတို့ လူငယ်တွေကရော ပညာတတ်တွေဖြစ်ရက်နဲ့ ဘာလို့ဆင်ခြင်တုံတရား၊ အသိဥာဏ်တွေ မရှိရတာလဲ။
တကယ်တော့ တပ်မတော်သားတွေမှာလဲ ဆက်စပ်နေတဲ့ ပြည်သူလူထုတွေ မရှိဘူးလား။ရဲတပ်ဖွဲ့ဝင်တွေမှာရော၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေမှာရော။ အားလုံးက ပြည်သူ့ရင်ထဲက ပေါက်ဖွားလာကြသူတွေချည်းပါ။ အမိန့်နဲ့တာဝန်ဆိုတာကိုပဲ ရိုက်သွင်းပြီး ကိုယ့်မိဘ၊ကိုယ့်ညီအစ်ကို မောင်နှမတွေအပေါ် ပြန်ရက်စက်ခိုင်းတာ၊ ဖြူစင်တဲ့ လက်ချောင်းလေးတွေကို သွေးစက်တွေ စွန်းထင်းခိုင်းနေတာ ဘယ်သူတွေလဲဆိုတာ အမှန်အတိုင်း သိမြင်သင့်ပါတယ်။ ဒေဝဒတ်ကို ဆရာတင်မိပြီး ခိုင်းသမျှ လိုက်လုပ်ခဲ့မိလို့ အမှားကြီးမှားခဲ့ရတဲ့ အဇာတသတ်အကြောင်းကို ပြောပြချင်လိုက်တာ။
(၅)
ဒီတသက် မဆုံတော့ဘူးဟု ထင်ထားပြီးကာမှ တိုက်တိုက်ဆိုင်ဆိုင် လာဆုံရသည်။ မတရား ထောင်ချမှုမှလွတ်မြောက်လာပြီး နောက်ပိုင်းကိုယ့်မြို့လေးသို့ပြန်၍ မိဘလက်ငုတ်လက်ရင်း အလုပ်လေးများကို ဆက်လုပ်ဖြစ်သည်။ ထောင်မှလွတ်လာသော်လဲ ထောက်လှမ်းရေးလက်များကတော့ မလွတ်နိုင်သေး။ကြာလာတော့လဲ မိဘများကစိတ်ပူလာကြသည်။ လွတ်မြောက်ရာရှာဖို့ အကြံပေးကြသည်။မွေးရပ်မြေမြန်မာပြည်သည် သူမအတွက် မလုံခြုံတော့။ လုံခြုံသည့်နေရာကို သူမရှာကြံရတော့မည်။
ဒီကြားထဲ ကျောင်းတုန်းက သူငယ်ချင်းဖြစ်သူ ဇာခြည်က မန္တလေးမှာ ကျင်းပသော သူမမင်္ဂလာပွဲသို့ ဖိတ်လာသည်။ မြန်မာပြည်မှ မထွက်ခင် သူငယ်ချင်းများနှင့် နောက်ဆုံးဆုံတွေ့ခြင်းဟု သဘောပိုက်ကာ မန္တလေးဆီဒိုးနားမှာ ကျင်းပသောမင်္ဂလာပွဲသို့ သူမတက်ရောက်ဖြစ်ခဲ့သည်။ သူငယ်ချင်းများနှင့် ပြန်တွေ့ရတော့လဲ စိတ်ထဲမှာ လန်းဆန်းသွားသလိုပါပဲ။
‘နန္ဒာ၊ ဒါဗိုလ်ကြီးစည်သူအောင်တဲ့၊ မူဆယ်က။ တို့အမျိုးသားနဲ့ မိတ်ဆွေတွေလေ’
သူငယ်ချင်းမ တစ်ယောက်က မိတ်ဆက်ပေးရင်း၊သူမဘေးခုံတွင် နေရာလာချပေးသည်။
‘သြော်-ဟုတ်ကဲ့၊ တွေ့ရတာဝမ်းသာပါတယ် ဗိုလ်ကြီး။’
သူမအလိုက်သင့် ပြန်နှုတ်ဆက်လိုက်ပါသည်။
‘ဘယ်တုန်းကလွတ်လဲ’
နှစ်ယောက်တည်း ကျန်ခဲ့တော့ ကိုကိုက မေးသည်။
‘တစ်နှစ်လောက်ရှိပြီ’
‘အားလုံးအဆင်ပြေတယ်မလား’
‘ပြေပါတယ်’
‘အခု ကိုယ် မူဆယ်နစကမှာ ရောက်နေတယ်’
‘သြော်’
‘ဘာအကူအညီပေးရမလဲ’
‘မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်’
ကိုကို့စကားများကို အလိုက်သင့်ဖြေနေရသည်မှာ ပင်ပန်းလှပါသည်။ တချိန်က စစ်ကြောရေးများကို ပြန်သတိရမိသည်။ စစ်ထောက်လှမ်းရေးပီပီ အခုထိမေးခွန်းတွေ မေးနေတုန်းပါပဲလား ကိုကိုရယ်။
‘ပြန်လွတ်လာပြီဆိုတော့ ထပ်မမိုက်နဲ့တော့နော်’
‘ကျွန်မမိုက်ခဲ့တယ်လို့ ဆိုချင်တာလား’
သူမအသံ အနည်းငယ် ကျယ်လောင်သွားသဖြင့် ဘေးဝိုင်းက လှည့်ကြည့်သည်။ နှုတ်ခမ်းကို မသိမသာ ဖိကိုက်ရင်း ဒေါသနှုန်းကို လျှော့ရသည်။
‘ကျွန်မမိုက်ခဲ့တာ မဟုတ်ဘူးကိုကို၊ အမှန်တရားနဲ့ ပြည်သူ့ဆန္ဒဘက်က ရပ်တည်ခဲ့တာပါ။ တရားမျှတမှု၊လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေအတွက် တောင်းဆိုခဲ့တာပါ’
‘ဒီလောက်နှစ်ရှည် ထောင်ထဲမှာနေခဲ့ရတာတောင်၊ ဒီစကားတွေ သုံးနေတုန်းပါလား။’
‘ဘာလဲဟင်၊ကိုကိုတို့က ထောင်ချလိုက်ရင် ဒီယုံကြည်ချက်တွေ ပျောက်သွားမယ်လို့ ထင်နေကြတာလား။အဲဒါဆိုရင်တော့ ကိုကိုတို့မှားသွားပြီ။ ကိုကိုတို့ ချုပ်ချယ်လို့ရတာ လူကိုယ်ခန္ဓာကိုပဲရမယ်။ ရင်ထဲမှာ ကိန်းဝပ်နေတဲ့ ယုံကြည်ချက် နှလုံးသားကိုတော့ ချုပ်ချယ် ကန့်သတ်လို့ မရဘူး ကိုကို။ ကျွန်မကို ခွင့်ပြုပါဦးနော်’
ပြောပြောဆိုဆိုနှင့် သူမထရပ်လိုက်သည်။
‘သြော်ကိုကို၊ နောက်ဆုံးစကားတစ်ခွန်း ပြောခဲ့ပါရစေ။ ကိုကို့လက်မှာ သွေးတွေစွန်းနေတာ ကိုကိုသတိထားမိရဲ့လား။ ဒီအတိုင်းဆေးလို့တော့ မစင်နိုင်ဘူး ကိုကို။ မှန်ကန်ဖြူစင်တဲ့ နှလုံးသား ရှိလာတဲ့အခါကျရင်တော့ ပြည်သူတွေက ဆေးကြောပေးလိမ့်မယ်’
အဆုံးသတ် စကားပြောရင်း တခြားသူငယ်ချင်းများဝိုင်းသို့ သူမထွက်လာခဲ့သည်။ ကိုကို၊အောင့်သက်သက်နဲ့ ကျန်ခဲ့မှာ အသေအချာပါပဲ။ ဒီစကားတွေအတွက် ထပ်ဖမ်းမည်ဆိုလဲ သူမခံဝံ့ပါသည်လေ။ လူတိုင်းမှာ Freedom of Expression လူ့အခွင့်အရေးကို ခံစားပိုင်ခွင့်ရှိသည် မဟုတ်ပါလား။
(၆)
‘မမ၊ပြန်ရောက်နေတာ ကြာပြီလား။’
အတွေးရေယဉ်ကြောတွင် မည်မျှမျောနေသည်မသိ။ အတူနေညီမလေး ပြန်လာမှ သတိပြန်ဝင်လာရသည်။ အတိတ်သည် အတိတ်မှာကျန်ခဲ့ပြီးသား။ လက်ရှိပစ္စုပ္ပန်ကို သူမအာရုံစိုက်ရပေဦးမည်။ အနာဂတ်မြန်မာ ပြည်အတွက် ကြိုတင်လေ့လာ ဖတ်ရှူထားရမည့် စာတမ်းတွေ ဖတ်ရဦးမည်ပဲလေ။ တစ်ခုတော့ဆုတောင်းမိပါသည်။ ကိုကိုတို့လို စနစ်ဆိုးရဲ့ အသုံးချခံသားကောင်များ၊ အမြန်ဆုံးအမြင်မှန်ရပြီး၊ သွေးစွန်းလက်များကို ပြည်သူမေတ္တာဖြင့် ဆေးကြောနိုင်ပါစေ ဟု။
ခင်မမမျိုး (2005)

အပြည့်အစုံသို့ ...

Tuesday, December 16, 2008

“လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် ဟောပြောပွဲပြုလုပ်၊



အဆိုပါဟောပြောပွဲတွင် အဖွဲ့ ချုပ်ခေါင်းဆောင် ဦးဝင်းတင်မှ လူငယ်များတောင်းဆိုတိုက်တွန်းချက်အ၇
လက်ရှိအဖွဲ့ ချုပ်ခေါင်းဆောင် ဦးဝင်းတင်မှ ဟောပြောခဲ့ခြင်းဖြစ်သည်။ လူငယ်နှင့်အနာဂတ်ဆိုသော
ဟောပြောပွဲခေါင်းစဉ်ကို လူငယ်များမှပင်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး ဟောပြောပွဲအပြီး လူငယ်များမှ
မေးခွန်းများမေးခဲ့ကြခြင်းဖြစ်သည်၊ ဟောပြောပွဲသို့ ရန်ကုန်တိုင်းမြို့ နယ်ပေါင်းစုံမှ စိတ်ပါဝင်စားသူ
လူငယ် ၃၀၀ ခန့် တက်ရောက်ခဲ့ကြပြီး အဖွဲ့ ချုပ်ခေါင်းဆောင်များလည်းတက်ရောက်ကြသည်ကို
တွေ့ ရှိရသည်၊
ဟောပြောပွဲကျင်းပခြင်းသည် အဖွဲ့ ချုပ်မျိုးဆက်သစ်လူငယ်များအတွက် လွန်စွာတန်ဖိုးရှိသော အတွေ့ 
အကြုံများကို ဖြစ်ပေါ်စေပြီး၊ အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက်
ဟောပြောပွဲများကို ဆက်လက်ပြုလုပ်ရန်စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရသည်၊

အပြည့်အစုံသို့ ...

ကလေးထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား ဦးအုန်းသန်းအစာငတ်ခံဆန္ခပြ


ကလေးထောင်တွင်း၌ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသူ ဦးအုန်းသန်းသည် စစ်ကိုင်းတိုင်း ကလေးထောင်ထဲ၌ တောင်းဆိုချက်မပါဘဲ အစာငတ်ခံ ဆန္ဒပြနေသည်မှာ တပတ်ခန့် ကြာမြင့်နေပြီဖြစ်သည်။
ပြီးခဲ့သည့်အပတ် တနင်္လာနေ့မှ စတင်ကာ တောင်းဆိုချက်များ ပြောကြားခြင်း မပါရှိဘဲ မည်သူ့ကိုမှ စကားမပြောသလို၊ အစာမစားဘဲ၊ အပြင်မထွက်ဘဲ ဆန္ဒပြနေခြင်းဖြစ်သည်။
"သူက အစားလည်း မစားဘူး။ ဘယ်သူ့မှလည်း စကားမပြောဘူး။ လမ်းတွေဘာတွေ ထွက်မလျှောက်ဘူး။ အသက်ကြီးပြီဆိုတော့ ဒီလိုလုပ်တော့ ကျန်းမာရေးအတွက် ပူရတာပေါ့နော်။ မေးကြည့်တော့ အမြင်ကပ်လို့ကွာလို့ ပြောတယ်တဲ့။ ဘာကို အမြင်ကပ်မှန်းလဲ မသိဘူး" ဟု မကြာသေးခင်ကပြောသည်။
အသက် ၆၂ နှစ် ရှိပြီဖြစ်သော ဦးအုန်းသန်းသည် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်ရှိ အမေရိကန် သံရုံးရှေ့တွင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် တကိုယ်တော် ဆန္ဒပြသဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ထောင်ဒဏ် နှစ် ၂၀ နှင့် ငွေဒဏ် ကျပ် တထောင် ချမှတ်ခဲ့သည်။
ဦးအုန်းသန်း၏ သမီးဖြစ်သူ မအိအိမွန်က "သူ့ကျန်းမာရေး စိုးရိမ်ရတဲ့ အခြေနေ မဟုတ်နေပေမယ့် အခုလိုဖြစ်တော့ စိုးရိမ်တာပေါ့နော်။ ဘာလို့လုပ်လဲလို့ ဆိုတာတော့ အခုထိ မသိရဘူး။ အဖေက ဘယ်သူနဲ့မှ စကားမပြောဘူး ဆိုတော့လေ" ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ထောင်ဝင်စာ သွားတွေ့ချိန်တွင် ကျန်းမာရေး ကောင်းနေသော်လည်း အနည်းငယ် ပိန်ချုံးသွားသဖြင့် ယခုလို ဆန္ဒပြမှု ရှည်ကြာလာမည်ဆိုပါက ကျန်းမာရေးအတွက် စိုးရိမ်နေရခြင်းဖြစ်ကြောင်း သူက ပြောသည်။
"အဲဒီတုန်းက အတွေ့မခံဘူး။ ခဏပဲ ထွက်လာတွေ့တယ်။ ပြီးတော့ နောက် လုံးဝမလာနဲ့ဆိုပြီး အဆုံးစွန်ထိ ပြောလိုက်တယ်လေ။ လောလောဆယ်တော့ အဖေက လုံးဝ လာမတွေ့နဲ့ ပြောထားတော့ အခြေအနေပဲ စောင့်ကြည့်အုံးမယ်" ဟု သူက ပြောသည်။
ယခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ဦးအုန်းသန်းကို ပြစ်ဒဏ်ချမှတ်ပြီးနောက် တလအကြာတွင် ရန်ကုန်မှ မန္တလေးထောင်သို့ အာဏာပိုင်များက ပြောင်းရွှေ့ခဲ့သည်။
မန္တလေး ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြမှုကြောင့် စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ မေလလအတွင်း တဖန် ပြောင်းရွှေ့ခဲ့ပြန်သည်။ ထိုမှတဆင့် မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ ကလေးထောင်သို့ ရွှေ့ပြောင်းလိုက်သည်မှာ ၂ လ ခန့်သာ ရှိသေးကြောင်း သိရသည်။
ထောင်ဝင်စာသွားတွေ့စဉ်က ဦးအုန်းသန်းသည် တရားအလွန်ထိုင်ပြီး သူ့၏ ယုံကြည်ချက်အတိုင်း ဆက်လုပ်သွားမည့်အကြောင်း သမီးဖြစ်သူကို ပြောပြခဲ့သည်။
ဦးအုန်းသန်းသည် ၂ဝဝ၄ ခုနှစ်အတွင်းကလည်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံးရှေ့တွင် ပထမဆုံးအကြိမ် တကိုယ်တော် ဆန္ဒပြခဲ့ခြင်းကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပြီး၊ ၂ဝဝ၇ ခုနှစ် အတွင်းကလည်း ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒထုတ်ဖော်ပွဲများ၊ တကိုယ်တော် ဆန္ဒပြပွဲများကြောင့် ၆ ကြိမ်မျှ ဖမ်းဆီးခံခဲ့ရသေးသည်။

အပြည့်အစုံသို့ ...

၈၈မျိုးဆက်ကျောင်းသူ မမီးမီး၏ ကျန်းမာရေးအခြေအနေ။



ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခံရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မသင်းသင်းအေး ခေါ် မီးမီးအား နိုဝင်ဘာ (၂၀) ရက်နေ့တွင် အင်းစိန်ထောင်မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။
ပြီးခဲ့သည့်အပတ်တွင်းက ထောင်ဝင်စာသွားတွေ့ပြီး ပြန်လည်ရောက်ရှိလာသူ မမီးမီး၏ ခင်ပွန်းဖြစ်သူ ကိုလှမိုးက “ပထမဆုံးအကြိမ်မို့လို့လားမသိဘူး အားလုံး အဆင်ပြေပါတယ်။ အေးအေးဆေးဆေးပါပဲ။ ကျနော်တို့ရောက်သွား တော့ ထောင်ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။ ပြီးတော့ မမီးမီးနဲ့ပတ်သက်ပြီး စိတ်မပူဖို့နဲ့ စည်းကမ်းဥပဒေဘောင်ထဲကနေပြီး ပေးနိုင်တဲ့အကူအညီကိုပေးမှာ ဖြစ်ကြောင်း ပြောပြကြပါတယ်” ဟု ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ မမီးမီး (ခ) မသင်းသင်းအေးမှာ ၁၉၉၆ ခုနှစ်ကလည်း ယခုကဲ့သို့ အာဏာပိုင်များက မတရားဖမ်းဆီးထောင်ချခြင်းကိုခံခဲ့ရသည်။ ၂၀၀၅ ခုတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ကိုမင်းကိုနိုင်အပါအ၀င် အခြား ၈၈ မျိုးဆက်ကျောင်းသားများနှင့်အတူ ပြည်သူလူထုခံစားနေရသော မတရားမှုများကို ရှေ့တန်းမှ ရပ်ကာ စစ်အစိုးရကို တိုက်ပွဲဝင်နေသူတဦးဖြစ်ပြီး ၂၀၀၅ ခုနှစ် ထောင်မှ ပြန်လွတ်လာစဉ်ကပင် သူမတွင် လေးဘက်နာရောဂါကို ခံစားနေခဲ့ရသည်ဟု သိရသည်။
ပုသိမ်မြို့ အကျဉ်းထောင်သို့ ထောင်ဝင်စာတွေ့ ပြီး ပြန်ရောက်ရှိလာသူ သူမ၏ ခင်ပွန်းဖြစ်သူ ကိုလှမိုးက “ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကျနော်သူ့ကို စိတ်ပူပါတယ်။ မီးမီးမှာ လေးဘက်နာလည်းရှိတယ်။ အခုဆိုရင် အရိုးကျီးပေါင်းတက်တဲ့ ရောဂါလည်းရှိတယ်လို့သိရတော့ နည်းနည်းတော့စိတ်ပူတာပေါ့။ ခုကာလက ဆောင်းတွင်းလည်းဖြစ်ပြန်၊ ပုသိမ်မြို့ကလည်း အေးတယ်ဆိုတော့ တခုခုဖြစ်မှာကို စိုးရိမ်ပါတယ်။ အရိုးကျီးပေါင်းတက်တဲ့ရောဂါက သူအပြင်မှာတုန်းကတော့ မရှိဘူးဗျ။ သူ အင်းစိန်ထောင်မှာ အချုပ်ခံနေစဉ် ကာလမှာ စဖြစ်တာပါ။ အခုလည်း သူအနေနဲ့ အဲဒီရောဂါတွေနဲ့ပတ်သက်တဲ့ဆေးတွေကို မှာလိုက်တယ်” ဟုပြောကြားသည်။
“ကျန်တာတော့ သိပ်ပြီးစိတ်မပူပါဘူး။ ဘာလို့လဲဆိုတော့ မီးမီးက အတွေ့အကြုံရှိပြီးသားလေ။ နောက်ပြီး ဒီအမှု (နိုင်ငံရေး) ဆိုတာမျိုးက အချိန်မရွေးပြောင်းလဲနိုင်တာလေ။ မနက်ဖြန်၊ သန်ဘက်ခါလည်း ပြန်လွတ်နိုင်တာပဲလေ” ဟု ပြောကြားသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မသင်းသင်းအေး (ခ) မီးမီးသည် အာဏာပိုင်အစိုးရ၏
မတရားဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ် (၆၅) နှစ်ကျခံနေရသူဖြစ်သည်။ စစ်အစိုးရက မတရားဖမ်းဆီး ထောင်ချလိုက်ချိန်တွင် သူမတွင် သမီး (၁) ယောက်၊ သား (၁) ယောက် ကျန်ရှိခဲ့သည်ဟု သိရသည်။

အပြည့်အစုံသို့ ...

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အာရှ-အာဖရိက ကိုယ်စားလှယ်များ တောင်ဆို


အာရှ-အာဖရိက လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုပေါင်းပြီး မြန်မာနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန် ယနေ့ တောင်းဆိုလိုက်သည်။
ဂျပန်၊ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ အာဖရိက၊ အာရပ်နိုင်ငံများ အပါအ၀င် စုစုပေါင်း ၂၈ နိုင်ငံမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းပေါင်း ၃၀ ကျော် ပူးပေါင်း ပါဝင်သည့် ၈ ကြိမ်မြောက် Afro-Asian Peoples' Solidarity Organization (AAPSO) အာရှ-အာဖရိက သွေးစည်းညီညွတ်ရေးအဖွဲ့၏ ၃ ရက်ကြာကျင်းပသည့် ကွန်ကရက် အစည်းအဝေး၏ နောက်ဆုံးရက်တွင် တောင်းဆိုခြင်း ဖြစ်သည်။
"အဖွဲ့အားလုံးရဲ့ သဘောတူညီမှုနဲ့ အခုလို ဆုံးဖြတ်ချက် ချလိုက်တာဖြစ်တယ်။ ကန့်ကွက်တဲ့အဖွဲ့တော့ မရှိဘူး။ တရုတ်ကလည်း သဘောတူတယ် ဆိုတာမျိုးတော့ မပြောပေမယ့် ကန့်ကွက်တာမျိုး မရှိဘူး" ဟု AAPSO တွင် မြန်မာ့ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးကောင်စီ အမည်ဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် နယူးဒေလီအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ABSL မှ ကိုယ်စားလှယ်ဖြစ်သူ ကိုကျော်သန်းက ပြောသည်။
ယခုလို အဖွဲ့အစည်း အသီးသီး၏ ကိုယ်စားလှယ်များ မြန်မာ့အရေး သဘောတူဆုံးဖြတ်ချက်ချရာတွင် စစ်အစိုး၏ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် အကြမ်းဖက်နှိမ်နင်းခဲ့မှုကို ကန့်ကွက်ရှုတ်ချသလို၊ အပြစ်မဲ့ ဆန္ဒပြသူများအား နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်သည့်အပြင် ၉၀ ခုနှစ် ရွေးကောက်ပွဲကို အခြေခံပြီး စစ်မှန်၍ သေချာရေရာသည့် ဆွေးနွေးပွဲများ ဖြစ်လာရေးကို ကုလသမဂ္ဂမှတဆင့် အရှိန်ယူလုပ်ဆောင်သွားရန် သဘောတူခဲ့ကြသည်။
"ဒီဆုံးဖြတ်ချက်တွေကို ကျနော်တို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြကြမယ်။ လာမယ့်နှစ် ဇန်န၀ါရီလလောက်မှာ တင်ပြကြမယ်လို့ မျှော်လင့်ရတယ်" ဟု ကိုကျော်သန်းက ပြောသည်။
အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့ရှိ Hotel Taj Decan တွင် ၃ ရက်ကြာ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ မြန်မာ့အရေး အပါအ၀င် အာရှ-အာဖရိကနိုင်ငံများအတွင်း ဖိနှိပ်မှုများ ရင်ဆိုင်နေရသည့် နိုင်ငံများအကြောင်း အဓိကထား ဆွေးနွေးပြီး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။
AAPSO ကို အာရှ၊ အာဖရိက နိုင်ငံများမှ နိုင်ငံပေါင်း ၉၀ ကျော်ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ကိုလိုနီစနစ် ဆန့်ကျင်တိုက်ဖျက်ရေး အပါအ၀င် အသားအရောင်ခွဲခြားမှု၊ စစ်ဖြစ်ပွားမှုတို့ကို ဆန့်ကျင်ကာ ငြိမ်းချမ်းရေး၊ တန်းတူအခွင့်အရေး ရရှိရေးနှင့် လူ့အခွင့်အရေး တိုးတက်ထွန်းကားရေးတို့ကို အခြေခံထားသည့် အဖွဲ့အစည်းဖြစ်သည်။
AAPSO ကို ၁၉၅၇ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် ကွန်ကရက် အစည်းအဝေးကို အဖွဲ့ချုပ်တည်ရှိရာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ကျင်းပခဲ့ပြီး၊ ၇ ကြိမ်မြောက်ကိုမူ ၁၉၈၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့သည်။

အပြည့်အစုံသို့ ...

Monday, December 15, 2008

နအဖစစ်အုပ်စုမှ ၀ရမ်းထုတ်ခံရသူ ရှေ့နေကိုစောကျော်ကျော်မင်း ထိုင်းနယ်စပ်သို့ရောက်ရှိ၊

နိုင်ငံရေးဆိုင်ရာ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေရာမှ စစ်အုပ်စု၏ ဖမ်းဝရမ်းထုတ်ခံခဲ့ရသူ ရှေ့နေ စောကျော်ကျော်မင်းသည် ထိုင်း - မြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိလာသည်။
စောကျော်ကျော်မင်းအား ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးက တရားစီရင်ရေးကို အနှောက်အယှက် ပြုသည်ဟု ဆိုကာ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပြီးနောက် ထွက်ပြေး တိမ်းရှောင်ခဲ့သည်။
"တရား စီရင်ရေး စနစ်မှာ ထောင်ကျခံလိုက်မယ် ဆိုလို့ရှိရင် ကျနော့်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘူးပေါ့။ ဒီဘက် ရောက်လာတယ်ဆိုရင် ဘာပဲပြောပြော အနည်းအကျဉ်းတော့ လိုက်ကိုင်ဆောင်ရွက်လို့ ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရောက်လာခြင်း ဖြစ်ပါတယ် " ဟု စောကျော်ကျော်မင်းမှ ပြောသည်။
ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် အစိုးရအနေဖြင့် လုပ်ဆောင်ရန် တောင်းဆိုဆန္ဒပြခဲ့သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လှိုင်သာယာမြို့နယ်အဖွဲ့ဝင် ကိုသန့်ဇင်မျိုးပါ ၁၁ ဦး၏ အမှုကို ခုခံလျှောက်လဲပေးနေစဉ် တရားရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
အမှုစစ်နေစဉ် တရားခံများက ကျောခိုင်းထိုင်နေသည်ကို ရှေ့နေများကတဆင့် ပြောခိုင်းရာ တရားခွင်တွင် အမှုသည်များ စိတ်တိုင်းကျနေနိုင်သည်ဟု ပြန်ပြောသည့်အတွက် ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
"ကာယကံရှင် အမှုသည်တွေ ကိုယ်တိုင်က ပြုမှုလုပ်ဆောင်နေတဲ့ အတွက် ကျနော်တို့ အနေနဲ့ ဘာမှ ၀င်ရောက်ပြောဆိုခွင့် မရှိဘူးလို ပြောလိုက်တာတင် အဲဒီလိုပြောတာကို အခြေခံပြီးတော့ ကျနော်တို့ကို မြောက်ပိုင်း ခရိုင် တရားရုံးက လှိုင်သာယာမြို့နယ် တရားသူကြီးက တရားလိုလုပ်ပြီးတော့ တရားစွဲတာ ဖြစ်ပါတယ် " ဟု စောကျော်ကျော်မင်းက ပြောသည်။
သူနှင့်အတူ တရားဆိုင်များအတွက် ရှေ့နေလိုက်ပါပေးနေသူ ကိုညီညီထွေးကတော့ ထောင်ကျခံသွားရသည်။ ရှေ့နေများအတွက် အမိန့်ချမှတ်မည့် တရားခွင်သို့ စောကျော်ကျော်မင်းက မတက်ရောက်ဘဲ တိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။
သူတို့၏ အမှုသည်များလည်း အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။
စောကျော်ကျော်မင်းသည် စစ်အစိုးရက စွဲဆိုထားသော အတိုက်အခံ နိုင်ငံရေးအမှုသည် ၂၀ ခန့်အတွက် လိုက်ပါ ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။
စစ်အစိုးရ မျက်မုန်းကျိုး အပြစ်ပေးခံရသော အခြားသော အတိုက်အခံ ရှေ့နေနှစ်ဦးမှာ ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ဖြစ်ပြီး အလားတူ စွဲချက်များဖြင့် ထောင်ဒဏ် ၄ လ စီ ချမှတ်ခံခဲ့ရပြီး နယ်ထောင်များတွင် ကျခံနေရသည်။

အပြည့်အစုံသို့ ...

Sunday, December 14, 2008

ထိုင်းနိုင်ငံမှာ အသက်အငယ်ဆုံး ၀န်ကြီးချူပ်သစ်ကိုရွေးချယ်လိုက်ပြီ်


ထိုင်းပါလီမန်က ဒီနေ့ဘဲ ထိုင်းဝန်ကြီးချူပ်သစ်ကိုရွေးချယ်လိုက်ပါပြီ။ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဘီစစ် (Abhisit Vejjajiva ) ဟာ စုစုပေါင်း မဲအရည်အတွက် ၄၃၁ မဲ အနက် ၂၃၅ မဲရရှိခဲ့တာကြောင့် သူဟာ ထိုင်းနိုင်ငံမှာ အသက် ၄၄ နှစ်ဖြင့် အငယ်ဆုံး နှင့် ၂၇ ကြိမ်မြောက် တာဝန်ထမ်း ဆောင်မည့် ၀န်ကြီးချူပ် ဖြစ်လာခဲ့ပါပြီ။ သူရဲ့ ပြိုင်ဘက် Puea Pandin ပါတီခေါင်းဆောင် ပရာချပရွန်နော့ က မဲ ၁၉၈ မဲသာ ရရှိခဲ့ပါတယ်။
ဘန်ကောက် နှင့် ထိုင်းနိုင်ငံတ၀ှမ်းလုံးရှိ လူငယ် တော်တော်များများ နဲ့ ပညာတက် လူလတ်တန်းစား တွေ ဟာ အခုရွေးချယ်တင်မြောက်လိုက်တဲ့ ၀န်ကြီးချူပ်သစ် အာဘီဇစ်ကို ချစ်ကြပြီး၊ အားကိုးမှုတွေရှိကြကြောင်း သိရှိရတယ်။ သူဟာ ထိုင်းနိုင်ငံ လူငယ်တွေရဲ့ အတုယူစရာ စံပြ လူငယ်ခေါင်းဆောင်တဦးဖြစ်တယ်။ သူဟာ နိုင်ငံရေး အတွေ့အကြုံရှိသူတဦးလည်းဖြစ်ပြီး၊ အရည်အချင်းရှိတဲ့ လူငယ်ခေါင်းဆောင် တဦး အဖြစ် နာမည်ကျော်ကြားခဲ့ပါတယ်။ သူဟာ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီး၊ အင်္ဂလန် နိုင်ငံ နယူး ကယ်ဆဲလ် မှာ ၁၉၆၄ ခု သြဂုတ်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့တယ်။ သူ့မှာ အမ ၂ ယောက်ရှိ ပါတယ်။ သူဟာ အောက်စ်ဖို့တက္ကသိုလ် က နေ စီးပွားရေး၊ နိုင်ငံရေး၊နှင့် ဒဿနိကဗေဒ ဘာသာဖြင့် ဘွဲ့ရခဲ့ပြီး၊ စီးပွားရေး ဘာသာဖြင့် အဆင်မြင့်ဘွဲ့ကို အောက်စ်ဖို့တက္ကသိုလ် ကဘဲ ရယူခဲ့သည်။ ၁၉၉၀ ခုနှစ်မှ ရမ်ဂန်ဟန် တက္ကသိုလ် မှာ ရှေ့နေဘွဲ့ကိုလည်း ရယူခဲ့ပါသည်။ သူဟာ ဒေါက်တာ Pimpen Sakuntabhai ကို လက်ထပ်ခဲ့ပြီး ကလေး ၂ယောက် မွေးဖွားခဲ့ပါတယ်။ သူဟာ ၁၉၉၀ ခုနှစ်မှာ နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်ခဲ့ပြီး၊ ဘန်ကောက် မဲဆန္ဒနယ် ကနေရွေးချယ်တင်မြောက်ခြင်းခံခဲ့ရပါသည်။ ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီ လ ကတည်းကစပြီး၊ ဒီမိုကရက် တစ်ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သူဖြစ်ပါတယ်။
ထိုင်းနိုင်ငံ မှာ အရည်အချင်းရှိတဲ့ လူငယ်တဦး ကို ၀န်ကြီးချူပ်သစ် အဖြစ်ရွေးချယ်လိုက်ခြင်း ဟာ ထိုင်းလူငယ် တွေရဲ့အောင်ပွဲတခု ဖြစ်ပါတယ်လို့ ထိုင်းကျောင်းသားတချို့ က ပြောဆိုနေကြပါတယ်။ ထိုင်းပြည်သူ တွေနဲ့ လူငယ်တွေ ဟာ နိုင်ငံရေးလောကမှာကြာနေပြီး၊ ဘာမှ အလုပ်မလုပ်၊ အကျင့်ပျက်နေကြတဲ့ နိုင်ငံရေး ခေါင်းဆောင်အို ကြီးတွေကို တော်တော်စိတ်ပျက်နေကြောင်း ဖော်ပြနေတာပါလို့ တမာဆတ် တက္ကသိုလ်တွင် နိုင်ငံရေး ဘာသာရပ်ပညာသင်ကြားပို့ချနေသော ထိုင်း ပါမောက္ခတစ်ဦးက ပြောဆိုခဲ့ပါတယ်။

အပြည့်အစုံသို့ ...

မန္ခလေးမြို့ တွင် ထောင်တံခါးတွေဖွင့်ကြ တရားရုံးတွေပိတ်ာက လှုပ်ရှားမူ့ စတင်၊



Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...