Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, December 19, 2008

မန္တလေးတိုင်း အန်အယ်ဒီ အတွင်းရေးမှူးဦးကံထွန်း ထောင်တွင်း၌ ကိုယ်တခြမ်းလေဖြတ်


် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကံထွန်းသည် ထောင်အတွင်း ကိုယ်ခန္ဓာတခြမ်း လေဖြတ်သွားကြောင်း သိရသည်။ မန္တလေးမြို့ အိုးဘိုထောင်တွင် ထောင်ဒဏ် ၁၂ ကျခံနေရသည့် အသက် ၆၇ နှစ်အရွယ် ဦးကံထွန်းထံ ထောင်ဝင်စာ သွားတွေ့ခဲ့စဉ် မိသားစုဝင်များမှတဆင့် သိရှိရခြင်း ဖြစ်သည်။
"ဦးကံထွန်း အခြေအနေက ကိုယ်တခြမ်း သေသွားတာတဲ့။ အဲဒါ စကားလည်း မပြောနိုင်ဘူး။ Wheel chair နဲ့ သယ်လာတာတဲ့။ ညာဘက်လက် တခြမ်းလုံး။ ခြေထောက်ရော၊ လက်ရော ဖြစ်နေတာ။ စကား မပြောနိုင်တဲ့ အနေအထားအထိ ဖြစ်သွားတာ" ဟု ပြောသည်။
ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း ဦးကံထွန်း လေဖြတ်သွားခြင်းကို အတည်ပြု ပြောကြားသည်။
"ကျနော့်ကို မန္တလေးတိုင်းဘက်က သတင်းပေးတာကတော့ ကိုယ်တခြမ်း သေတယ်တဲ့။ အဲဒါ ဆေးကုဖို့လည်း ထောင်က ကူညီပေးနေတယ်။ ဆေးကုနေတယ်တဲ့။ အဲဒီလို ပြောပါတယ်။ ကိုယ်တခြမ်းသေတယ်၊ လမ်းမလျှောက်နိုင်တော့ဘူး။ အစားအသောက်လည်း ခွံ့ကျွေးရတယ်တဲ့ အဲဒီလို ပြောပါတယ်" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

No comments: