Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, January 31, 2009

နှစ်(၆၀)မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပနေပုံ၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

Friday, January 30, 2009

နှစ်(၆၀) မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ သို့ ပေးပို့သောသ၀ဏ်လွှာ၊

Type your summary here
knu 60th


Type rest of the post here

အပြည့်အစုံသို့ ...

နှစ်(၆၀)မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ သို့ ပေးပို့ သော ဗမာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်၏ သ၀ဏ်လွှာ

Type your summary here
Message for Karen Revolution Anniversary by Free Burma Federation


Type rest of the post here

အပြည့်အစုံသို့ ...

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ထောက်ခံကြရန် NLD မှ ကြေညာချက်ထုတ်၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

သွေးမြေကျသည့် အိုင်ယာလန်ညီလာခံ

Type your summary here

မကြာခင်က အိုင်ယာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ညီလာခံ၌ စင်ပြိုင်အစိုးရကို တိုးချဲ့နိုင်ခဲ့သော်လည်း စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စမဲခွဲရာ၌ ၀န်ကြီးရာထူးပေးပြီး ကန့်ကွက်မဲဝယ်ယူမှုများ ရှိခဲ့သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌက ခေတ်ပြိုင်သို့ ပြောသည်။
စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ညီလာခံတွင် မဲခွဲရာ ကန့်ကွက်မဲ (၁၈) မဲ၊ ထောက်ခံမဲ (၁၅) ဖြင့် ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် ကန့်ကွက်သည့်အုပ်စုဘက်က အနိုင်ရသွားသည်ဟု အမတ်တဦးက ပြောသည်။ ဒေါက်တာစိန်ဝင်း၊ ဦးဘိုလှတင့်နှင့် စိုင်းဝင်းဖေတို့ကလည်း ရာထူးမှထွက်မည်ဆိုပြီး ခြိမ်းခြောက်ခဲ့သည်ဟု ဆက်ပြောသည်။
သို့သော် မူလက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကို အားတက်သရော ထောက်ခံခဲ့သည့် အမတ်အချို့ကို တိုးချဲ့သည့် စင်ပြိုင်အစိုးရတွင် ၀န်ကြီးရာထူးပေးလိုက်သည့်အတွက် ဘက်ပြောင်းသွားသည့် ထိုအမတ်များ၏ ကန့်ကွက်မဲကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ပြောသည်။
အမတ်အချင်းချင်း နဖူးကွဲအောင် တိုက်ပွဲဝင်ပြီးမှ စင်ပြိုင်အစိုးရတိုးချဲ့နိုင်
စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးပျက်အောင် ၀န်ကြီးရာထူးနှင့် ကန့်ကွက်မဲဝယ်ဟု စွပ်စွဲ
တချိန်က စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကမ်ပိန်းကို အားတက်သရော ထောက်ခံခဲ့သူများဖြစ်ပြီး အိုင်ယာလန်ညီလာခံကျမှ ဘက်ပြောင်းပြီး ကန့်ကွက်မဲပေးခဲ့သူ အမတ် (၂) ဦးမှာ တိုးချဲ့စင်ပြိုင်အစိုးရတွင် ပူပူနွေးနွေး ၀န်ကြီးရာထူးသစ် ခန့်အပ်ခြင်းခံရသူများဖြစ်သည့် အမတ် ဦးဝင်းလှိုင်နှင့် အမတ် ဦးထွန်းဝင်းတို့ ဖြစ်သည်ဟု အမည်မဖော်လိုသည့် အမတ်တဦးက ပြောသည်။ အဆိုပါ ဘက်ပြောင်းသွားသည့် အမတ် ၂ ဦးမဲက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စ အနိုင်အရှုံးကို ဆုံးဖြတ်သွားသည်ဟု ဒေါ်စန်းစန်းက ယူဆသည်။ ဘက်ပြောင်းသွားသည့်ကိစ္စနှင့် ပတ်သက်၍ မေးရန် အမတ် ဦးထွန်းဝင်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ကုလသမဂ္ဂသို့ တင်သွင်းမည့် အစီအစဉ်ကို ဒေါက်တာ စိန်ဝင်းခေါင်းဆောင်သည့် ယခင် (၅) ဦး စင်ပြိုင်အစိုးရ (ဟောင်း) က မထောက်ခံခဲ့ပေ။ ထို့ကြောင့် ညီလာခံ မတိုင်မီ် အုပ်စုအားပြိုင်မှုများ၊ မဲဆွယ်မှုများ၊ မဲဝယ်မှုများ ရှိနေသည်ဟု စုံစမ်းသိရသည်။ ညီလာခံမစခင်ကပင် ဒေါက်တာစိန်ဝင်းအုပ်စုက မည်သည့်ကိစ္စ ဆွေးနွေးမည်၊ မည်သည့်ကိစ္စ ကန့်ကွက်မည်ကို ထောက်ခံသူများနှင့် ကြိုတင် စည်းဝါးရိုက်ထားပြီးဖြစ်သည်ဟု ဒေါ်စန်းစန်းက စွပ်စွဲသည်။
စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး ထောက်ခံသည့် အမတ်အချို့ ၀န်ကြီးဖြစ်တော့မည်ဆိုသည့်သတင်းမှာ ညီလာခံမသွားခင်ကပင် မဲဆောက်နိုင်ငံရေးလောကတွင် သတင်းပျံ့နှံ့နေသည်။ ၀န်ကြီးဖြစ်မည့်သူ တဦးကဆိုလျှင် ဒေါက်တာစိန်ဝင်းကျေနပ်အောင် စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စကို ကန့်ကွက်မှ ဖြစ်မည်ဟုပင် လာပြောကြောင်း ဒေါ်စန်းစန်းက ပြောသည်။
အိုင်ယာလန်တွင် ကျင်းပခဲ့သည့် အမ်ပီယူညီလာခံကာလအတွင်း အမတ်အချင်းချင်း စကားများပြီး ထိုးကြိတ်သတ်ပုတ်ကြသည့်အတွက် သွေးထွက်သံယို နဖူးကွဲပြီး ချုပ်ရသည်ထိ ဖြစ်ခဲ့ကြောင်း ဒေါ်စန်းစန်းက အတည်ပြုပြောသော်လည်း မည်သည့်အမတ်များဖြစ်ကြောင်း ပြောဆိုရန် ငြင်းဆန်ခဲ့သည်။
သို့သော် ညီလာခံ၌ အမတ် ဦးအောင်ထွန်းစိန်နှင့် အမတ် ဦးထွန်းဝင်းတို့နှစ်ဦး ထိုးကြိတ်မည့် အခြေအနေများထိ ရောက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသော်လည်း မည်သည့်ကိစ္စအတွက် ခိုက်ရန်ဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အပြည့်အစုံသို့ ...

Thursday, January 29, 2009

၂၀၁၀ ရွေးကောက်ပွဲ (သို့ ) အ၀ီစိ ငရဲ ရဲ့ ပထမဆုံး - တခါးပေါက်( မိုးသီးဇွန်)

Type your summary here

Get this widget | Track details | eSnips Social DNA

Type rest of the post here

အပြည့်အစုံသို့ ...

ကရင့်တော်လှန်ရေးနေ့  နှင့် ကျေးဇူးတရား













၃၁-၁-၁၉၄၉ တွင် ဖ ဆ ပ လ အစိုးရမှာ အင်းစိန်ရှိ KNDO ဗဟိုဌါနချုပ် ကိုဝန်းရံပြီး အင်းစိန်တွင်နေထိုင်သော
ကရင်တိုင်းရင်းသားများအားစတင်တိုက်ခိုက်ရုံသာမကKNDO အားမတရားအသင်း အဖြစ် ကြေညာခဲ့ရာမှစ၍ ကရင်
တိုင်းရင်းသားများမခံမရပ်နိုင်ဖြစ်ကာဇန်န၀ါရီလ(၃၁)ရက်တွင်လက်နက်ဆွဲကိုင်တော်လှန်ခဲ့ရမှုကိုဂုဏ်ပြုသောအားဖြင့်
ဇန်န၀ါရီ (၃၁) အားကရင့်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ရာ လာမဲ့ ၃၁ ရက်နေ့ တွင် ကရင့်တော်လှန်ရေး
နှစ် (၆၀)ပြည့်ခဲ့ပါပြီ ။။
အဲဒီအချိန်တိုင်းပြည်ဦးဆောင်နေသူတွေရဲ့တွေးခေါ်မှု ဆုံးဖြတ်မှုနိုင်ငံရေးမကျွမ်းကျင်မှု စတဲ့အားနည်းချက်တွေကြောင့်
တိုင်းရင်းသား လူမျိုးစုတွေဟာလက်နက်ဆွဲကိုင်ပြီးသူတို့ ကြမ္မာ သူတို့ ဖန်တီးနိုင်ဖို့ တိုက်ပွဲဝင်ခဲ့ကြရတယ် ။။

မည်သို့ ပင်ဆိုစေကာမူ ယနေ့ ထိ ကျမတို့ တိုင်းပြည်ရဲ့ တိုင်းရင်းသား အားလုံး တန်းတူအခွင့်အရေး ရပိုင်ခွင့်တွေ
ဆုံးရှုံးနေကြရဆဲပါ ။။
ဒီထဲမှာလက်နက်ဆွဲကိုင်တော်လှန်မှုကိုစခဲ့တဲ့ အကြီးမားဆုံးသော လူမျိုးစု ကြီးတရပ်ဟာ ကရင် တိုင်းရင်းသား
တွေဖြစ်ပါတယ်။ ကျမတို့ ဗိုလ်ချုပ်အောင်ဆန်းသာရှိခဲ့ရင် ဒီပြဿနာတွေကို ဒီလောက် နှစ်တွေ မကုန်ဆုံးလောက်
ခင်ကတည်းက ဖြေရှင်းနိုင်ပြီပဲ လို့ ကျမ အနေနဲ့ ယုံကြည်နေပါတယ် ။
ဒါပေ မဲ့ ကျမတို့  တိုင်းရင်းသားပြည်သူတွေရဲ့ ကြမ္မာလို့ ပဲပြောရမလားအာဏာမက်သူတွေရဲ့ ရက်စက်တဲ့စနက်
ကြောင့် လို့ ပဲ ပြောရမလား ခုထိကို ဗမာတိုင်းရင်းသားအပါအ၀င်ဘယ်တိုင်းရင်းသားမှလွတ်လပ်ခွင့် ကိုယ့်ကြမ္မာ
ကိုယ်ဖန်တီးခွင့်မရှိကြရသေးပါဘူး ။
ဒါကို ဘာကြောင့်လဲ အဖြေ၇ှာရင် မခက်ပါဘူး အာဏာ နေရာယစ်မူးတက်တဲ့ အရှက်မဲ့ လူ့ အန္တ တွေကြောင့်ပါ
ဗမာက လူမျိုးအရေအတွက် များလေတော့ ဗမာလူမျိုးကြီးဝါဒဆွဲတွေကြောင့် လို့ ယိုးစွပ် ကြပေမဲ့စနစ်ဆိုးနဲ့စိတ်ဆိုး
စိတ်ရိုင်းတွေရှိတဲ့ အဟိတ်စိတ်လောက်နဲ့ သာ ပဠိသန္ဓေ ဖြစ်တည်ခဲ့ကြတဲ့ လူ့ ငနွါးတွေကြောင့်ပါ ။

ကရင့်ခေါင်းဆောင်တွေမှာကျမ ကြားသိဘူးတဲ့ စောဘဦးကြီး ။ ကွယ်လွန်ချိန်မှာဈာပနကိုပို့ ခွင့်ရခဲ့တဲ့ ဗိုလ်ချုပ်မြ
စည်းဝေးပွဲ ဆွေးနွေးပွဲတွေ မှာ တွေ့ဆုံလေ့၇ှိပြီး ကျမတို့ အပေါ်ကိုပင်ပြန်လည် အသိအမှတ်ပြု ဆက်ဆံ တက်တဲ့
ဖဒိုမန်းရှာလဘန်း ။အသက်အရွယ်ကြီးရင့်သော်လည်းတော်လှန်ရေးအတွက်မနေမနားကြိုစားနေဆဲဖြစ်တဲ့ဗိုလ်ချုပ်ကြီး
တာမလာဘော သူ့ တို့ တွေရ့စေတနာ သူတို့ တွေရဲ့ ကရင့်တိုင်းရင်းသားတွေ အပေါ်မြန်မာပြည်သူလူထုတစ်ရပ်
လုံးအပေါ်ထားတဲ့စေတနာ - အနီးကပ် တွေ့ ရှိ ကြားသိတဲ့အခါမှာ ကျမ ပိုလို့ ကိုလေးစား လာပါတယ် ။။

တစ်ကိုယ်ကောင်းစိတ်ရှိရင် ဒီတော်လှန်ရေး မဟာမိတ်အင်အားစုတွေကိုပစ်ပြီးဗိုလ်ခင်ညွန့်  လက်ထက်ကတည်းက
အလင်းဝင်တာကြာပြီပေါ့ ။။ ခုတော့ စစ်အုပ်စု ရဲ့ ခိုင်းစေမှုကြောင့် တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ခံရ NGO
တွေဆိုတာက လည်း ကို ယ်လာတဲ့နိုင်ငံဘာလုပ်နေတယ်ဆိုတာသိလျက် နဲ့လက်နက်ဆွဲ ကိုင်လို့ ဆိုပြီးလေထဲက
တော်လှန်ရေးအုပ်စုလောက်သာထောက်ပံ့ လက်နက်ကိုင်တွေကို ရှောင်လွဲ အဲဒီ့ဒုက္ခ တွေကြားမှာမားမားရပ်နေတာ
ကရင့် တော်လှန်ရေးခေါင်းဆောင်တွေပါ ။။

ပြီးခဲ့တဲ့အတိတ်သမိုင်းတွေမှာအထင်အမြင်လွဲမှားမှုတွေ နဲ့ အဆုံးအဖြတ် တင်းမာတာတွေရှိခဲ့သော်လည်းတကယ်
တန်း (၈၈) လူထု တော်လှန်ရေးကြီးပေါ်ပေါက်လာတော့ တောထဲထွက်ပြေးလာသူ ကျောင်သား အလုပ်သမား
လူထုလူတန်းစားမှန်သမျှ နွေးထွေးစွာကြိုဆိုပြီး ကျောင်းသားတပ်မတော်ကြီးကိုလည်းရအောင်ဖွဲ့ ပေးခဲ့တယ် ။။
အစိုးရအဖွဲ့ ဆိုတာလည်း ဖြစ်အောင် အသင့် တည်ဆောက်ပေးခဲ့တယ် ။။ ဒီသမိုင်း တွေကို NGO ပေးငွေတွေ
နဲ့ဖုန်းလို့ မရပါဘူး။ ဖျက်လို့ မရဘူး ကရင့်ခေါင်းဆောင်တွေ ကရင်တိုင်းရင်းသားတွေမှသိတာ မဟုတ်ဘူး
အာဏာရှင် နေရာမက် သူ ကိုရွံ့မုန်းတဲ့ ဗမာလူမျိုးစုတွေ ကလည်းသိနေတယ်။။
ဥပမာ --သက်သေတစ်ရပ် အနေနဲ့ ကိုမိုးသီဇွန် တို့ လို လူမျိုးရှိနေ တယ် ပေါ့ --

ဒီတော့ ကျမတို့ တစ်တွေတာဝန်မကြေနိုင်ခဲ့သေးတဲ့တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးတန်းတူအခွင့်အရေးရဖို့ 
ဘယ်လိုမူနဲ့ ဘယ်လို ပုံစံနဲ့  သွားသင့် သလဲဆိုတာ စစ်အုပ်စု မျက်စိ စုံ မှိတ်ထားသလို အလိုတူအလိုပါ
အာဏာရူးတွေလည်း မသိဟန်ဆောင်ထားမယ်ဆိုရင်တော့ ဟော --၈၈ ကာလ ကျော်က နေ ခုထိထားခဲ့တဲ့
သူတို့ စေတနာ သူတို့ ရဲ့ ကရင်လူမျိုးတွေ လွတ်လပ်စေ့ချင်တဲ့မျော်လင့်ချက် တွေကိုစော်ကားရာကျပါမယ် ။။

ကျမတို့ ဗမာတွေဟာဒီလိုပါပဲလားလို့  နောက်ထပ် သမိုင်းသစ်မှာထပ်မတွင်ရစ်စေ့ချင်ရင်တော့ ကျေးဇူးတရား
ဆိုတာသိတက်ဖို့ အောင့်မေ့ဖို့ နဲ့ ပြန်လည်ပေးဆပ်တက်ဖို့ လိုအပ်တယ်သိတ်အရေးကြီးတယ်ဆိုတာတင်ပြရင်း
ကရင့်ခေါင်းဆောင်များကို အလေးအမြတ်ဂုဏ်ပြု လိုက်ပါတယ် ။။ ကရင့်တော်လှန်ရေး အမြန်ဆုံးအောင်မြင်ပါစေ။။

မေအိခင်(လယ်ဝေး)
Posted by laminkhin at 9:37 AM 1 comments

အပြည့်အစုံသို့ ...