Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, May 1, 2009

၁၁၉ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားတွင်NCGUB မှ အလုပ်သမားဝန်ကြီး ခွန်မြင့်ထွန်းမှ ပြောကြားနေစဉ်၊

Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

၁၁၉ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားတွင် တက်ရောက်လာသော အလုပ်သမားများ၏ ကြွေးကြော်သံများ၊

၁၁၉ကြိမ်မြောက်မေးဒေးနေ့ အခမ်းအနားအား ထိုင်းမြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့ရာ အဖွဲ့ အစည်းအသီးသီးမှ ခေါင်းဆောင်များ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ ၊တက်ရောက်ခဲ့ကြပါသည်၊
အဆိုပါအခမ်းအနားတွင် မေဒေးနေ့ ဖြစ်ပေါ်လာပုံ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခြေအနေများ၊ မြန်မာနိုင်ငံ အလုပ်သမားများ၏ လက်ရှိအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ပဟေဌိညာဏ်စမ်းမေးခွန်းများ အား မေးမြန်းခဲ့ပြီး ဆုရရှိသူများအား လက်ဆောင်များပေးအပ်ခဲ့ပါသည်၊


Type rest of the post here

အပြည့်အစုံသို့ ...

Wednesday, April 29, 2009

EU Council conclusion on Burma



Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ စုံညီ အစည်းအဝေးတွင် ဥက္ကဌဦးအောင်ရွှေ၏ အဖွင့်အမှာစကား၊




Type rest of the post here

အပြည့်အစုံသို့ ...

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ စုံညီ အစည်းအဝေးကျင်းပနေပုံ၊




အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်ရှိ ဌာနချုပ်ရုံးတွင် ပြည်နယ်နှင့် တိုင်း ကိုယ်စားလှယ်များဖြင့် ကျင်းပသည့် စုံညီ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီက စာတမ်း ၃ စောင် တင်သွင်းခဲ့ကြောင်း သိရသည်။
ဗဟိုအလုပ်အမှုဆောင် ကော်မတီ - စီအီးစီက ကဏ္ဍ ၃ ခု ဖြစ်သော စည်းရုံးရေး၊ နိုင်ငံရေးနှင့် ၂ဝဝ၈ ခု အခြေခံဥပဒေတို့ကို တင်သွင်းရာ ပြည်နယ် ၃ ပြည်နယ်နှင့် တိုင်း တတိုင်းသာ ဆွေးနွေးနိုင်သည်၊
“ဒီနေ့ကတော့လေ စာတမ်း ၃ စောင်ကို ညှိနှိုင်းဆွေးနွေးပွဲကို စီအီးစီ အဖွဲ့က တင်တယ်။ အမှန်ကတော့ စာတမ်းတစောင် ပြောတယ်။ ဒါပေမဲ့ စာတမ်း ၃ စောင် ဖြစ်သွားတာပေါ့၊ Heading (ခေါင်းစဉ်) ၃ ခု ဆိုတော့။ အဲဒီ စာတမ်း ၃ ခုအပေါ်မှာ ပြည်နယ်-တိုင်းအလိုက် စပြီးတော့ ဆွေးနွေးကြတာပေါ့။ ဒီနေ့ စစ်ကိုင်းအထိပဲ ပြီးသေးတယ်။ အက္ခရာစဉ်ပေါ့။ ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်းပေါ့။ မနက်ဖြန် ပဲခူးက စပြီးတော့ ဆက်လုပ်ဦးမယ်” ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောသည်။
စာတမ်းများကို ဦးအုံးကြိုင်၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်တို့က ဖတ်ကြားပြခဲ့ပြီး၊ စီအီးစီ ကိုယ်စား တာဝန်ယူ ဖြေကြားခဲ့ကြသည်။
ပြည်နယ်-တိုင်းစည်း ၆၃ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၉၃ ဦးနှင့် ဗဟိုအဖွဲ့အစည်းဝင်များ အပါအဝင် စုစုပေါင်း ၁၅၆ ဦး တက်ရောက်လာသည့် ယနေ့ အစည်းအဝေးကို အားရကျေနပ်မှုရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
“ကျနော်တို့ကတော့ ဒီလိုပွဲမျိုးလုပ်တာကို အမြဲတမ်း ကြိုလည်း ကြိုဆိုတယ်။ ဒီနေ့ တွေ့ရတာလည်း အားရပါတယ်။ ဆုံးဖြတ်ချက်တွေက ဘာမှထွက်လာဦးမှာတော့ မဟုတ်သေးဘူး။ ဆွေးနွေးပွဲကလည်း မပြီးသေးဘူးလေ။ မနက်ဖြန်မှပြီးမှာ” ဟု သူက ပြောသည်။
အစည်းအဝေးသို့ စီးအီးစီ အဖွဲ့ဝင်များတွင် ဦးလွင် တဦးသာ ကျန်းမာရေး မကောင်းသဖြင့် မတက်ရောက်နိုင်သလို၊ အန်အယ်ဒီ စည်းရုံးရေးအဖွဲ့ မရှိသော ကယားပြည်နယ်မှလွဲ၍ ကျန်သည့် တိုင်းနှင့် ပြည်နယ်အားလုံး တက်ရောက်ကြသည်။

အပြည့်အစုံသို့ ...

Monday, April 27, 2009

မန္တလေးထောင်ရှိ နိုင်ငံရေး အကျဉ်းသားတချို့ ထောင်ပြောင်းခံရ၊


မန္တလေး အိုးဘိုထောင်ထဲတွင် ကိုယ်ဝန်ပျက်ကျခဲ့သူ မကေသီအောင်နှင့် မန္တလေး တိုင်းစည်း အဖွဲ့ဝင် ၂ ဦးအား အာဏာပိုင်များက နယ်ထောင်များသို့  ပြောင်းရွှေ့ခဲ့သည်။
မကေသီအောင်ကို တနင်္သာရီတိုင်း ထားဝယ်ထောင်၊ မန္တလေး တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြကို ကချင်ပြည်နယ် ပူတာအိုထောင်နှင့် မတ္တရာအမတ် ဦးသန်းလွင်ကို ကယားပြည်နယ် လွိုင်ကော်ထောင်သို့ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။
မကေသီအောင်အား ပြောင်းရွှေ့လိုက်သည့် ထောင်တွင်း၌ ဂျပိုးကိုက်သဖြင့် အနာများ ပေါက်နေကြောင်း သိရသည်။ ယခုအပတ်အတွင်း အယူခံဝင်ရန် ပြင်ဆင်နေသည်ဟု သူ၏ ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“အရင် အယူခံရတာ ၁ဝ နှစ် လျှော့ပေးခဲ့တယ်။ ဒီတပတ်အတွင်း ထပ်ပြီး အယူခံ တက်မယ်။ ပြစ်မှုဆိုင်ရာ ဆက်တက်ဖို့ ပြင်ဆင်ထားပြီးပါပြီ” ဟု သူက ပြောသည်။
၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ နှစ်ခုဖြင့် ၂ မှု၊ လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ဥပဒေပြဋ္ဌာန်းချက် ၂ မှုတို့ဖြင့် ထောင်ဒဏ် ၂၆ နှစ် ကျခံနေရာမှ ၁ဝ နှစ် လျှော့ချခဲ့သောကြောင့် ၁၆ နှစ်သာ ကျန်ရှိတော့သည်။
ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသူ မန္တလေး အန်အယ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြလည်း ပြီးခဲ့သည့် လအတွင်းက ကချင်ပြည်နယ် ပူတာအိုထောင်သို့ ပြောင်းရွှေ့ခံရသည်။
သူနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် မန္တလေး တိုင်းစည်းဝင်များဖြစ်သည့် ဦးကံထွန်း (တိုင်း အတွင်းရေးမှူး) ၁၂ နှစ်၊ ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်) ၂ နှစ်၊ ကိုမင်းသူ (မိုးကုတ်) ၁၃ နှစ်နှင့် ကိုဝင်းရွှေ (ကျောက်ပန်းတောင်း) ၁၁ နှစ်သည် အိုးဘိုထောင်ထဲတွင် ဆက်လက်၍ ပြစ်ဒဏ်များ ကျခံနေရဆဲ ဖြစ်သည်။
အစိုးရကို အကြည်ညို ပျက်စေရန် ပြောဆိုမှု - ပုဒ်မ ၅ဝ၅ (ခ)၊ ဘာသာ သာသနာအား အကြည်ညိုပျက်စေရန် လုပ်ဆောင်မှု - ပုဒ်မ ၁၉၅ (က)၊ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု - ပုဒ်မ ၁၄၇ စသဖြင့် အာဏာပိုင်များက သူတို့ကို စွဲချက်တင်ခဲ့သည်။
ယခုလ ၁ ရက်နေ့တွင် ဒေါ်ဝင်းမြမြကို ၄ နှစ်နှင့် မတ္တရာအမတ် ဦးသန်းလွင်၊ ဦးကံထွန်း၊ ကိုတင်ကိုကို၊ ကိုမင်းသူ၊ ကိုဝင်းရွှေတို့ကို မန္တလေး တိုင်းတရားရုံးက ပြစ်ဒဏ် ၂ နှစ်စီ လျှော့ချလိုက်ကြောင်း အမှုအကျိုးဆောင် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“လဆန်းပိုင်းက ရုံးချုပ်က အမိန့်ထုတ်လိုက်တယ်။ ပြစ်ဒဏ်တွေကို လျှော့လိုက်တာ။ စွဲထားတဲ့ ပုဒ်မတွေကို ပေါင်းပြီးတော့ လျှော့လိုက်တာပါ။ ကျနော် ဆက်တိုက် ဝင်တယ်။ ဒေါ်ဝင်းမြမြတို့ကို ၄ နှစ် လျှော့တာ။ ကျန်တဲ့ လူတွေကိုတော့ ၂ နှစ်စီ။ မန္တလေး တရားရုံးချုပ်က လျှော့လိုက်တာပါ” ဟု သူက ပြောသည်။
သူတို့ ၅ ဦးနှင့်အတူ အဖမ်းခံခဲ့ရပြီး ပြစ်ဒဏ် ၈ နှစ်ကျခံနေရသူ မတ္တရာအမတ် ဦးသန်းလွင် (မန္တလေးတိုင်း အန်အယ်ဒီ ဒု-ဥက္ကဋ္ဌ) ကိုလည်း ယခုလဆန်းပိုင်းတွင် အိုးဘိုထောင်မှ ကယားပြည်နယ် လွိုင်ကော်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။
“လွိုင်ကော်ထောင် ပြောင်းလိုက်တာ လဆန်းမှာပဲ။ ကျမတို့လည်း တပတ်ကြာတော့ လိုက်သွားတာ။ မျက်လုံးက ရဲနေတုန်းပဲ။ မျက်ရည်တွေ စီးကျနေတယ်။ ပြောပြတာကတော့ အကျဉ်းသား ၆ ယောက်ရှိတယ်၊ သူတို့ နှစ်ယောက်နဲ့တော့ စကားပြောရတယ်လို့ ပြောတယ်။ နှစ်ယောက် တခန်းစီ ထားတယ်” ဟု သူက ပြောသည်။
လွိုင်ကော်ထောင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက်မှ ဦးမြင့်အေး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ရှိနေကြောင်း သိရသည်။

အပြည့်အစုံသို့ ...