Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, April 29, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ စုံညီ အစည်းအဝေးကျင်းပနေပုံ၊




အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်ရှိ ဌာနချုပ်ရုံးတွင် ပြည်နယ်နှင့် တိုင်း ကိုယ်စားလှယ်များဖြင့် ကျင်းပသည့် စုံညီ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီက စာတမ်း ၃ စောင် တင်သွင်းခဲ့ကြောင်း သိရသည်။
ဗဟိုအလုပ်အမှုဆောင် ကော်မတီ - စီအီးစီက ကဏ္ဍ ၃ ခု ဖြစ်သော စည်းရုံးရေး၊ နိုင်ငံရေးနှင့် ၂ဝဝ၈ ခု အခြေခံဥပဒေတို့ကို တင်သွင်းရာ ပြည်နယ် ၃ ပြည်နယ်နှင့် တိုင်း တတိုင်းသာ ဆွေးနွေးနိုင်သည်၊
“ဒီနေ့ကတော့လေ စာတမ်း ၃ စောင်ကို ညှိနှိုင်းဆွေးနွေးပွဲကို စီအီးစီ အဖွဲ့က တင်တယ်။ အမှန်ကတော့ စာတမ်းတစောင် ပြောတယ်။ ဒါပေမဲ့ စာတမ်း ၃ စောင် ဖြစ်သွားတာပေါ့၊ Heading (ခေါင်းစဉ်) ၃ ခု ဆိုတော့။ အဲဒီ စာတမ်း ၃ ခုအပေါ်မှာ ပြည်နယ်-တိုင်းအလိုက် စပြီးတော့ ဆွေးနွေးကြတာပေါ့။ ဒီနေ့ စစ်ကိုင်းအထိပဲ ပြီးသေးတယ်။ အက္ခရာစဉ်ပေါ့။ ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်းပေါ့။ မနက်ဖြန် ပဲခူးက စပြီးတော့ ဆက်လုပ်ဦးမယ်” ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောသည်။
စာတမ်းများကို ဦးအုံးကြိုင်၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်တို့က ဖတ်ကြားပြခဲ့ပြီး၊ စီအီးစီ ကိုယ်စား တာဝန်ယူ ဖြေကြားခဲ့ကြသည်။
ပြည်နယ်-တိုင်းစည်း ၆၃ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၉၃ ဦးနှင့် ဗဟိုအဖွဲ့အစည်းဝင်များ အပါအဝင် စုစုပေါင်း ၁၅၆ ဦး တက်ရောက်လာသည့် ယနေ့ အစည်းအဝေးကို အားရကျေနပ်မှုရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
“ကျနော်တို့ကတော့ ဒီလိုပွဲမျိုးလုပ်တာကို အမြဲတမ်း ကြိုလည်း ကြိုဆိုတယ်။ ဒီနေ့ တွေ့ရတာလည်း အားရပါတယ်။ ဆုံးဖြတ်ချက်တွေက ဘာမှထွက်လာဦးမှာတော့ မဟုတ်သေးဘူး။ ဆွေးနွေးပွဲကလည်း မပြီးသေးဘူးလေ။ မနက်ဖြန်မှပြီးမှာ” ဟု သူက ပြောသည်။
အစည်းအဝေးသို့ စီးအီးစီ အဖွဲ့ဝင်များတွင် ဦးလွင် တဦးသာ ကျန်းမာရေး မကောင်းသဖြင့် မတက်ရောက်နိုင်သလို၊ အန်အယ်ဒီ စည်းရုံးရေးအဖွဲ့ မရှိသော ကယားပြည်နယ်မှလွဲ၍ ကျန်သည့် တိုင်းနှင့် ပြည်နယ်အားလုံး တက်ရောက်ကြသည်။

No comments: