Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, May 15, 2009

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနှင့် အတူ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ ပိုစတာ၊



အပြည့်အစုံသို့ ...

စစ်အုပ်ချုပ်ရေးယန္ဒာရားချုပ်ငြိမ်းစေဘို့  နည်းလမ်းပေါင်းစုံ ဖြင့် တိုက်ပွဲဝင်ကြ၊


Molotovs In Athens - Click here for more home videos

အပြည့်အစုံသို့ ...

ဒေါ်အောင်ဆန်းစုကြည်အားအင်းစိန်ထောင်တွင်း၌ ဥပဒေမဲ့ ဖမ်းဆီးထားခြင်းအား ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများမှ ဆန့် ကျင်ရှုံချကြောင်း ကြေညာချက်ထုတ်ပြန်၊

Gab Burma (Dassk) Gab Burma (Dassk) niknayman Gab Burma (Dassk)


အပြည့်အစုံသို့ ...

Thursday, May 14, 2009

ဒေါ်အောင်ဆန်းစုကြည် အခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ထုတ်ပြန်ချက်၊



အပြည့်အစုံသို့ ...

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တရားရုံးထုတ်သည့် အပေါ် NLD မှ ကြေညာချက်ထုတ်ပြန်၊

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ကြေညာချက်။ ၈/၀၅/၀၉

ရက်စွဲ - ၁၄၊ မေ၊ ၂ဝဝ၉ ခုနှစ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပါသည်။ ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မူလကနဦး စတင်ကြိုးပမ်းခဲ့သူဖြစ်ပြီး၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရေးကို အစဉ်တစိုက် ကြိုးပမ်းနေသူ ဖြစ်ပါသည်။ နိုင်ငံရေးအရ အပေးအယူပြုလုပ်သည့် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသူ ဖြစ်ပါသည်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် တွေ့ဆုံဆွေးနွေးရေးမှတဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရန်အတွက် တိုက်တွန်းနှိုးဆော်လျက် ရှိပါသည်။
သို့ပါလျက် အာဏာပိုင်တို့က နေအိမ်အတွင်း ထိန်းသိမ်းထားခြင်းမှ အပြီးအပြတ် လွတ်ရက်စေ့ခါနီးနေသော ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်ပြစ်မှုကိုမျှ ကျူးလွန်ရခြင်း မရှိပါဘဲ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ နောက်ဆုံး အင်းစိန်ထောင်အတွင်းရှိ လုံးချင်း အိမ်တအိမ်၌ ထားရှိသည်ဟု ကြားသိရပါသည်။
ယင်းအမှုကို ၂ဝဝ၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ပါသည်။
ထို့ကဲ့သို့ တရားစွဲဆိုခြင်းမှာ မလုပ်သင့်၊ မလုပ်ထိုက်သောကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာလိုက်သည်။
၁၄ ရက်၊ မေလ ၂ဝဝ၉ ခုနှစ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ -
(ဗဟိုအလုပ်အမှုဆောင်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်


အပြည့်အစုံသို့ ...

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂၂ ဖြင့် စစ်အုပ်စုမှတရားစွဲပြီး အင်းစိန်ထောင်အထူးတိုက်တွင် ထားရှိ၊

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများအား ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် စစ်အုပ်စု၏ တရားရုံးမှ တရားစွဲဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသော ဒေါ်ခင်ဝင်းနှင့် မဝင်းမမ တို့ နှစ်ဦးကို ပုဒ်မ ၂၂/ ၁ဝ၉- နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူအား အားပေးကူညီမူ ရာဇသတ်ကြီး ပုဒ်မဖြင့် တရားစွဲဆိုသည်။
အင်လျားကန်ကို ဖြတ်ကျော်ကာ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဝီလီယံ ယက်တောကိုမူ နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူအား အားပေးကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၂၂/၁ဝ၉ ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေ တို့ဖြင့် တရားစွဲဆိုထားသည်။ အင်းစိန် အကျဉ်းထောင်တွင်းရှိ အထူးတိုက်တခုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည်။
အင်းစိန်အကျဉ်းထောင် အနောက်ပိုင်း ခရိုင်တရားရုံးတွင် ကြားနာမည်ဖြစ်ပြီ်း စစ်အုပ်စု၏ တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီးအဖြစ် ဦးညီညီစိုး၊ ခရိုင် ဥပဒေအကြံပေး အရာရှိက ဦးမြင့်ကြိုင် တို့ဖြစ်ကြောင်းသိရှိရသည်၊

အပြည့်အစုံသို့ ...

Wednesday, May 13, 2009

ဒေါ်အောင်ဆန်းစုကြည် အခြေအနေနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ အဖွဲ့ အစည်း (၆၈) ဖွဲ့ မှ ထုတ်ပြန်ကြေညာ၊

Daw Aung San Su Kyi Urgent Release (05!14!2009)


အပြည့်အစုံသို့ ...

နအဖစစ်အုပ်စုမှ ဗိုလ်မှူးချုပ် တစ်ဦး KNUနှင့် ရင်ဆိုင် တိုက်ပွဲတွင် ကျ၊

Type your summary here

နအဖစစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ၂ ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ယခုလ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ နအဖတပ်မှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ တစ်ဦးကျ ဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် ကျဆုံးသည့် အသက် ၄၉ နှစ်ရှိ ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ရခိုင်ပြည်နယ် တောင်ကုတ် အခြေစိုက် အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဖြစ်သည်ဟု မြန်မာ စစ်တပ် အသိုင်းအ၀န်းနှင့် KNLA တို့မှ အတည်ပြု ပြောဆိုသည်။
ယခုကဲ့သို့ မြန်မာစစ်တပ်ဘက်မှ အဆင့်မြင့် အရာရှိတဦး ကျဆုံးမှုသည် ၁၉၄၈ ခုနှစ်မှ စတင်၍ ပထမဆုံးအကြိမ် ဖြစ်ကြောင်းလည်း စစ်ရေး လေ့လာသူများ၏ ပြောဆိုချက်အရ သိရသည်။
ကျဆုံးသူ ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ကရင်ပြည်နယ် ဒေသအတွင်းရှိ နအဖ တပ်စခန်းများရှိသော ဘူဆာခီးနှင့် နောဆိုး လက်နက်ကြီး စခန်းများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး အပြန် လမ်းခုလပ် တနေရာ၌ ဖြစ်ပွားသည့် ရင်ဆိုင်တိုက်ပွဲတွင် ကျဆုံးရခြင်း ဖြစ်သည်ဟု KNU တွဲဖက်အတွင်းရေးမှူး (၁) ဖဒို စောလှငွေက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ဆီက တပ်ဖွဲ့တွေက ကားလမ်းကို ဖြတ်ဖို့လုပ်နေတဲ့ အချိန်မှာ သူတို့ (နအဖ) ကားတန်း ဆင်းလာတဲ့ အချိန်နဲ့ ထိပ်တိုက်တိုးပြီး ၁၀ မိနစ်ခန့်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်”ဟု ၎င်းက ပြောသည်။
ယင်း ဗိုလ်မှူးချုပ် ကောင်းမြတ်၏ ရုပ်အလောင်းကို ညတွင်းချင်းပင် နေပြည်တော်သို့ သယ်ဆောင်သွား သည်ဟုလည်း ဖဒို စောလှငွေက ဆိုသည်။
ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အတွင်းမှာရှိ ဒေသခံ ရွာသားများကို လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းများတွင် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း၊ ကြမ်းတမ်းစွာ ပြုမူဆက်ဆံခြင်းများ ပြုလုပ်သူ ဖြစ်ကြောင်း အတိုက်အခံ သတင်းရပ်ကွက်များက ပြောသည်။
၎င်းသည် အမှတ်စဉ် ၂၃ စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ စတင်၍ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဖြစ်လာခဲ့သည်။
ယခုတိုက်ပွဲတွင် နအဖဘက်မှ အင်အား ၁၀၀ ခန့်ရှိကြောင်း ကရင်သတင်း ရပ်ကွက်က ဆိုသည်။ နှစ်ဘက် အထိအခိုက် အကျအဆုံးကိုမူ မသိရှိရပေ။
KNLA ၏ အဆိုရ ၂၀၀၉ ခုနှစ် ပထမ လေးလအတွင်း မြန်မာစစ်တပ်မှ အရာရှိ ၁၂ ဦးအပါဝင် တပ်သားအဆင့် ၂၂၅ ဦးကို ချေးမှုန်းနိုင်ခဲ့ပြီး ၄၄၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ KNLA ဘက်မှ ၇ ဦးကျဆုံး၍ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေခီး ဒေသရှိ KNLA တပ်ရင်း ၂၀၁ စခန်းကို မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တို့ ပူးပေါင်း၍ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
၁၉၄၈ ခုနှစ်မှ စတင်၍ မြန်မာစစ်အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်ဖွဲ့ တို့သည် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် KNLA ဌာနချုပ်ကို ထိုင်း-မြန်မာနယ်စပ်သို့ ရွှေ့ပြောင်း အခြေစိုက်ခဲ့သည်။

အပြည့်အစုံသို့ ...

Tuesday, May 12, 2009

ဒဿန ၂ ခု တိုက်မိခြင်း ဒဂုန်တာရာ မေ ၁၂၊ ၂၀၀၉

(မိတ်ဆွေများနဲ့ ဒဂုန်တာရာ အသက် ၉၀ပြည့် မွေးနေ့ အမှတ်တရအဖြစ်၊ ဆရာ ၂၀၀၈ နှစ်ဆန်းမှာ ရေးခဲ့တဲ့ ကဗျာ၊ မြန်မာသစ် မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၈ က ပြန်လည် ဖော်ပြပါတယ်

ရန်သူမရှိ

ဒါ ဟုတ်သလား၊ အဲဒါ မှားတယ်။

တိမ်ကြားခေါင်မိုး၊ တိုးမြင့်တိုက်ထပ်

သဇင်ပွင့်ကာ၊ စုံမြိုင်ချာက

ဟမ်ဘာဂါ စားရင်း၊ ၀ိုင်သင်းရင်းက

မြဘုရားဘေး၊ စိမ်းစိမ်းဝေးသွား

ငါ့အား စိမ်ခေါ် ပြက်ရယ် ပြု။

ဟန်ဂေရီမှာ

ယမ်းငွေ့လူလူ၊ လဲသူပြိုသူ

ရှောင်သူ တိမ်းသူ ရှုပ်ထွေးကြ။

ထိုအခါဝယ်

ငါလျင် တုန်လှုပ်၊ စိတ်လှုပ်ရှားခဲ့

မနွဲ့နိုင်၊ မဖွဲ့နိုင်

မခံ ကန့်ကွက်၊ ဆိုဗီယက်တပ်များ

ထွက်ခွာသွားဟု မှတ်တမ်းပြု။

နှစ် ၅၀ ကျော်

ကြာလေသော်လည်း၊ ငါ စိတ်မပြောင်း

မဟောင်းမအို၊ ကြာညိုပန်းနု

ယခုလည်း နု၊ ရှေးကလည်း နု

မဟောင်း မအို ဒဿန။

ကမ္ဘာဦးက

ရှိခဲ့ကြသား၊ ဓားလှံလေးမြား

အားကောင်းသူကို အားနည်းသူက

အားနည်းသူကို အားကောင်းသူက

တိုက်ကြ ခိုက်ကြ၊ လက်နက်ပြိုင်ကြ

ပြိုင်ကြ နိုင်ကြ၊ အဏုမြူလက်နက်

လက်နက်ဆိုတာ၊ လူဆိုးအတွက်ပါပဲ။

သမိုင်းခေတ်များ

ဖြတ်သန်းသွားရာ၊ တွေ့ရသည်က

မိတ်ဆွေများချင်း၊ ရန်စစ်ခင်းကြ

အငြင်းပွားကြ၊ အခင်းများကြ

ရန်သူမရှိ၊ မိတ်ဆွေသာရှိ

မိတ်ဆွေလည်း ဆုံး၊ ချစ်သူလည်း ဆုံး၊

အပြစ်မဲ့သူ ဆုံး၊ အပြစ်ရှိသူ ဆုံး

ဆုံး ဆုံး၊ အားလုံးဆုံး၊ ဆုံး … ဆုံး … ဆုံး …။

မိုးမခမှ ကူးယူဖော်ပြသည်၊

အပြည့်အစုံသို့ ...

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပြန်သော ကြေညာချက်၊



အပြည့်အစုံသို့ ...

Sunday, May 10, 2009

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၏ ၃၃နှစ်မြောက် အခမ်းအနား၊



အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၏ ၃၃နှစ်မြောက် အခမ်းအနားအား ထိုင်းမြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့ရာ အဖွဲ့ အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ဒီမိုကရေစီလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါသည်၊
အခမ်းအနားတွင် NDF ၏ ၃၃ နှစ်တာ ဖြတ်သန်းမူ့ အတွေ့ အကြုံများကို ရှင်းလင်းခြင်း၊ အဖွဲ့ အစည်းများမှ NDF ၏ တပ်ပေါင်းစု ဖြတ်သန်းမူ့ များတွင် နိုင်ငံရေး၊ တော်လှန်ရေး အတွေ့ အကြုံရင့်ကျက်မူ့ များကို ရှင်းလင်းပြောကြားသွားခဲ့ပါသည်၊



အပြည့်အစုံသို့ ...

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ စိုးရိမ်ရပြီး၊ ဒေါက်တာတင်မျိုးဝင်း ပါ အဖမ်းခံထားရ၊

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချွတ်ယွင်းနေပြီး သူ၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း သည်လည်း ကြာသပတေးနေ့ ညက ဖမ်းဆီးခံရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။
ယမန်နေ့က အမျိုးသမီး ဆရာဝန်တဦး ဖြစ်သူ ဒေါက်တာ ပြုံးမိုအိသည် ဒေါ်စုထံ သွားရောက်ပြီး ဆေးကုသပေးခွင့် ရခဲ့သည်ဟု အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောပြသည်။
“ဒေါ်အောင်ဆန်းစုကြည်က သွေးအား နည်းနေတယ်၊ ဆေးပုလင်းကြီး ချိတ်ရတယ်လို့ သိရတယ်၊ တနာရီလောက်ပဲ ခွင့်ပြုတယ်။ တနာရီနဲ့ မလုံလောက်ဘူး ဆိုတော့ လုံလောက်တဲ့ အချိန်အထိ တာဝန် ယူပြီးတော့ ဆရာဝန်က အားဆေး သွင်းပေးခဲ့တယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။
ဒေါ်စုကို ဆေးကုသပေးခဲ့သည့် အမျိုးသမီး ဆရာဝန်က ဒေါ်စု၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်များကိုသာ ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။ စစ်အစိုးရ စာနယ်ဇင်းများတွင် ဖော်ပြခဲ့သည့် ဒေါ်စု၏အိမ်မှ အပြန်တွင် ဖမ်းဆီးခံရသည်ဟု ဆိုသော အမေရိကန် နိုင်ငံသား John William Yeattaw နှင့် ပတ်သက်၍ လည်းကောင်း၊ ထိုပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု ရှိမရှိကိုလည်းကောင်း ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ဟု သိရသည်။
ထိုပုဂ္ဂိုလ် ဖမ်းဆီးခံရမှုသတင်း ထွက်ပေါ်သည့် နေ့မှာပင် ဒေါ်စု၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ထိန်းသိမ်း ခံရခြင်း ဖြစ်သည်။
ဒေါက်တာတင်မျိုးဝင်း ထိန်းသိမ်းခံရသည့် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို တလတကြိမ် ကျန်းမာရေး စစ်ဆေးရမည့်နေ့ ဖြစ်သော ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဖြစ်သည်။
“အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ဆီကို သွားဖို့ အာဏာပိုင်တို့က သူ့ကို လာခေါ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ စောင့်နေရတယ်၊ စောင့်နေပြီး တအောင့်ကြာတော့ ဝင်ခွင့် မရဘူး၊ ပြန်တော့ ဆိုပြီး အိမ်ပြန်လွှတ်လိုက်တယ် တဲ့။ ညကျတော့ အိမ်မှာ လာခေါ်သွားတယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။ မည်သည့်နေရာတွင် ချုပ်နှောင် ထားသည်ကို မသိရသေးဟု ဆိုသည်။
ဒေါက်တာတင်မျိုးဝင်း ထိန်းသိမ်းခံရပြီး နောက်တနေ့တွင် သတင်းတပ်ဖွဲ့က သူ၏ အိမ်သို့ သွားရောက်ပြီး အင်္ကျီအ၀တ်အစား နှင့် ဘာသာရေး စာအုပ်များ ယူဆောင်ခဲ့သည်ဟု အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးဟံသာမြင့်က ပြောသည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် ဒေါက်တာ တင်မျိုးဝင်းသည် ယခု ရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာဖွယ် မရှိဟု ဦးဟံသာမြင့်က သုံးသပ်သည်။
အထိန်းသိမ်း ခံလိုက်ရသော ဒေါက်တာ တင်မျိုးဝင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။
ဒေါက်တာ တင်မျိုးဝင်းအား ဖမ်းဆီးမှုသည် အဆိုပါ အမေရိကန် နိုင်ငံသားနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရသေးသော်လည်း ယခင်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီး ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်တို့ထံ တိုင်ကြားခဲ့ဖူးကြောင်း ဦးဟံသာမြင့်က ပြောသည်။
ယခု ဖမ်းဆီးခံထားရသည့် အမေရိကန် နိုင်ငံသား ဆိုသူနှင့် ပတ်သက်ပြီး ဆက်လက် စုံစမ်းဆဲဖြစ်သည်ဟုသာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါ နိုင်ငံခြားသားသည် အမေရိကန်အစိုးရ၏ CIA ထောက်လှမ်းရေး အဖွဲ့က စေလွှတ်လိုက်သည့် ပုဂ္ဂိုလ် ဖြစ်ကြောင်း ကြံ့ဖွံ့ ဟု ထင်ရှားသော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းဝင်တချို့က ရန်ကုန်မြို့တွင် သတင်း လွှင့်နေကြသည် ဟု သိရသည်။

အပြည့်အစုံသို့ ...