Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, May 14, 2009

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂၂ ဖြင့် စစ်အုပ်စုမှတရားစွဲပြီး အင်းစိန်ထောင်အထူးတိုက်တွင် ထားရှိ၊

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများအား ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် စစ်အုပ်စု၏ တရားရုံးမှ တရားစွဲဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသော ဒေါ်ခင်ဝင်းနှင့် မဝင်းမမ တို့ နှစ်ဦးကို ပုဒ်မ ၂၂/ ၁ဝ၉- နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူအား အားပေးကူညီမူ ရာဇသတ်ကြီး ပုဒ်မဖြင့် တရားစွဲဆိုသည်။
အင်လျားကန်ကို ဖြတ်ကျော်ကာ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဝီလီယံ ယက်တောကိုမူ နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူအား အားပေးကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၂၂/၁ဝ၉ ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေ တို့ဖြင့် တရားစွဲဆိုထားသည်။ အင်းစိန် အကျဉ်းထောင်တွင်းရှိ အထူးတိုက်တခုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည်။
အင်းစိန်အကျဉ်းထောင် အနောက်ပိုင်း ခရိုင်တရားရုံးတွင် ကြားနာမည်ဖြစ်ပြီ်း စစ်အုပ်စု၏ တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီးအဖြစ် ဦးညီညီစိုး၊ ခရိုင် ဥပဒေအကြံပေး အရာရှိက ဦးမြင့်ကြိုင် တို့ဖြစ်ကြောင်းသိရှိရသည်၊

No comments: