Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, April 24, 2009

စစ်အစိုးရ၏ရာဇဝတ်မှု ကွန်ဂရက်လွှတ်တော်နှင့် အိုဘားမားသို့ ဒုက္ခသည်တဦး ဖွင့်ချ


မြန်မာအစိုးရ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စုံစမ်းနိုင်ရေးအတွက် တိုက်တွန်းပေးပါဟု အမေရိကန် ပြည်ထောင်စုရောက် ကရင် တိုင်းရင်းသူ တဦးက ကွန်ဂရက် လွှတ်တော် နှင့် အိုဘားမား အစိုးရကို ယနေ့ တိုက်တွန်းလိုက်သည်။
[မြန်မာ့တပ်မတော်၏ရန်မှ လွတ်အောင် ပြေးလွှားနေရသည့် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များ]
မြန်မာ့တပ်မတော်၏ရန်မှ လွတ်အောင် ပြေးလွှားနေရသည့် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များ
တိုင်းရင်းသား ဒေသများတွင် စစ်အစိုးရ ကျူးလွန်ခဲ့သည်ဟု ဆိုသော လူ့အခွင့်အရေး ချိုးဖောက်မှု တချို့ကို ဒုက္ခသည်တဦး ဖြစ်သူ ကရင်အမျိုးသမီး မိုင်းရာဒါးဂေဖောက လွှတ်တော် ကြားနာပွဲတခုသို့ တက်ရောက်ပြီး အသေးစိတ် ရှင်းပြခဲ့သည်။ ထိုရာဇဝတ်မှုများ အတွက် စစ်အစိုးရတွင် တာဝန်ရှိသည်ဟု သူက ဆိုသည်။ စစ်အစိုးရ၏ အနိုင်ကျင့် နှိပ်စက်မှုများကို ခံရသူများတွင် သူ၏ မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို ကြားနာ စစ်ဆေးသော Tom Lantos လူ့အခွင့်အရေး ကော်မရှင် ရှေ့မှောက်တွင် ယင်းသို့ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။ မိုင်းရာဒါးဂေဖောသည် ထိုင်း - မြန်မာ နယ်စပ်တွင် အဓိက လှုပ်ရှားလျက်ရှိသော ကရင် အမျိုးသမီး အစည်းအရုံး ၏ အသင်းဝင်တဦးလည်း ဖြစ်သည်။
“မြန်မာအစိုးရဲ့ လူသားမျိုးနွယ် တခုလုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စုံစမ်းနိုင်ဖို့အတွက် တိုက်တွန်းပေးပါလို့ ကွန်ဂရက် အဖွဲ့ဝင်တွေ နဲ့ အစိုးရ အဖွဲ့သစ်ကို ကျမ မေတ္တာ ရပ်ခံပါတယ်” ဟု သူက ဆိုသည်။
စစ်အစိုးရက အရပ်သားများအပေါ် အကြမ်းဖက်မှု ကျူးလွန်နေခြင်းများ ရပ်ဆိုင်းသွားရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းကလည်း ဆက်လက် ဖိအားပေးရန် သူက တိုက်တွန်းလိုက်သည်။
မြန်မာ့တပ်မတော်၏ လက်ချက်ကြောင့် ရွာလုံးကျွတ် ထွက်ပြေးရမှုများ ရှိနေကြောင်း၊ အဝတ်တထည် ကိုယ်တခုဖြင့် ပြေးရခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။
ရွာသားများ နေရပ်ရင်းသို့ မပြန်နိုင်ရန် တပ်မတော် စစ်ကြောင်းများက ရွာနှင့် အနီးတဝိုက်တွင် မြေမြှုပ်မိုင်းများ ထောင်လေ့ရှိသည်ဟု မိုင်းရာက ပြောသည်။
“ရွာကနေ ထွက်ရပြီ ဆိုရင် တနေရာကနေ တခြား တနေရာကို ပြေးနေရတယ်။ တောထဲမှာ တွေ့တဲ့ဟာကို စား၊ အိပ်တဲ့အခါလည်း ဗိုက်ဆာဆာနဲ့ အိပ်။ ကလေးတွေကို လက်ဆွဲပြီး အမြဲတမ်း ပြေးနေရတယ်။ စစ်တပ်ကို ကြောက်နေရတာပဲ” ဟု သူက ဆိုသည်။
“ကျမတို့ ပြေးရတုန်းကလည်း ကျမတို့ မိသားစု တခုလုံး ဘာဆို ဘာမှ မရှိဘူး။ စားစရာလည်း မရှိ၊ အိပ်စရာ မရှိ၊ အဝတ်အစားလည်း အပိုမရှိ၊ မိုးရာသီ ဆောင်းရာသီဆိုရင် ပိုပြီး ဒုက္ခရောက်ရတယ်၊ စစ်ကြောင်းတွေနဲ့ လွတ်အောင် အမြဲ ရှောင်ရတယ်။ တောထဲမှာ၊ ခြုံထဲမှာ၊ ဂူထဲမှာ ပုန်းရတဲ့အခါ ရှိတယ်။ မိုးရွာထဲမှာ ပလတ်စတစ်ကို ကိုယ်တဝက်ပဲ ခြုံပြီး အိပ်ခဲ့ရတဲ့ ညကို ကျမ ဘယ်တော့မှ မမေ့ဘူး” ဟု မိုင်းရာက အနည်းငယ် ငိုရှိုက်ရင်း ပြောပြသည်။
[မိုင်းရာဒါးဂေဖော]
အကူအညီပေးရေး အဖွဲ့များက ပြေးလွှားနေရသည့် ရွာပုန်းရွာရှောင် ဒုက္ခသည်များထံသို့ သွားရောက်နိုင်ခြင်း မရှိသဖြင့် ဆေးဝါး နှင့် အစားအစာ အတွက် အခက်အခဲများ ကြုံရသည်ဟု ဆိုသည်။
“ကျမ ငှက်ဖျားတက်တယ်၊ တုပ်ကွေးရော တခြားဟာတွေရော ဖြစ်တယ် ခဏခဏပဲ။ ကျမရဲ့ မောင်နှမဝမ်းကွဲတွေလည်း ဖျားနာပြီး ဆုံးသွားကြတယ်” ဟု သူက ပြောသည်။
“ဘာ စားစရာမှ မရှိတာကိုလည်း ခဏခဏ ကြုံရတယ်။ တခါတလေ မိသားစု ၇ ယောက် စားဖို့ ဆန် တဘူးပဲ ရှိတတ်တယ်။ လူကြီးတွေက မစားကြဘူး။ ထမင်းကို ကျမတို့ ညီအစ်မတွေကို ပေးတယ်၊ ကျမတို့က အငယ်တွေ ဆိုတော့။ တောထဲမှာ မျှစ်တွေ လိုက်ရှာပြီး စားရတယ်” ဟု မိုင်းရာက လူ့အခွင့်အရေး ကော်မရှင်ကို ပြောပြသည်။
“မြန်မာပြည်မှာ ကရင်တွေအပြင် တခြား တိုင်းရင်းသားတွေလည်း ရှိတယ်၊ သူတို့လည်း မြန်မာ စစ်အစိုးရက ရန်ပြုတာကို ခံနေရတယ်။ ကိုယ့်ရပ် ကိုယ့်ရွာမှာ နေလို့မရတဲ့အတွက် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေ ဖြစ်သွားကြတယ်၊ တခြား နိုင်ငံကို ပြေးရတယ်” ဟု မိုင်းရာက ပြောသည်။

အပြည့်အစုံသို့ ...

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား ကိုရီးယားနိုင်ငံမှ လူ့ အခွင့်အရေးဆုပေး၊



တောင်ကိုရီးယားနိုင်ငံမှ ၂၀၀၉ ခုနှစ် ဂွမ်န်ဂျူး(GwangJu) လူ့အခွင့်အရေးဆုကို ၈၈ မျိုးဆက်သစ်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်အား ရွေးချယ်လိုက်ကြောင်း အန်အယ်လ်ဒီ -အယ်လ်အေ (ကိုရီးယားဌာနခွဲ) ကပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (အန်အယ်လ်ဒီ-အယ်လ်အေ)(ကိုရီးယားဌာနခွဲ)မှ အတွင်းရေးမှူး၂ ဖြစ်သူ ကိုဇော်မိုးအောင်က“ နိုင်ငံတကာအသီးသီးက ဒီဆုရရှိဖို့ အတွက် စာရင်း တင်သွင်း ကြတယ်၊ အဲဒီအထဲမှာမှ မြန်မာနိုင်ငံက ကိုမင်းကိုနိုင်ကို ရွေးချယ်လိုက်ပြီဆိုတဲ့ အကြောင်း ဂွမ်န်ဂျူး မြို့မှာ ရှိတဲ့ may 18 Foundation က ဒီနေ့မနက် ၁၁ နာရီမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်”ဟု ပြောသည်။
ယင်းဆုပေးအပ်ပွဲအခမ်းအနားကို လာမည့် မေလ ၁၈ရက်နေ့ ညနေပိုင်းတွင် ဂွမ်န်ဂျူး မြို့ရှိ May 18 Memorial ခန်းမတွင် ချီးမြှင့်ပေးအပ်မည်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
ဂွမ်န်ဂျူး ဆုတွင် ရွှေတံဆိပ်ဆု အပါအဝင် ကိုးရီယားဝမ် သန်း၅၀ (အမေရိကန်ဒေါ်လာ ၅၀၀၀၀) နှင့် ဂုဏ်ပြု ဘွဲ့လက်မှတ်ကို ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်းသိရသည်။
ယင်းဆုအတွက် ကိုရီးယား အန်အယ်လ်ဒီ အဖွဲ့က မတ်လတွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ အဆို တင်သွင်းရန် ကိုမင်းကိုနိုင်၏ ကိုယ်ရေးသမိုင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သား များ ကူညီစောင့်ရှောက်ရေးအသင်းနှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ်တို့မှ ကူညီပြုစုပေးခဲ့ ကြသည်။
ထိုဆုကို ကိုးရီးယားနိုင်ငံ နိုင်ငံရပ်ခြားမှ တသီးပုဂ္ဂလများ၊ အစုအဖွဲ့များနှင့် အဖွဲ့အစည်းတို့မှ လူ့အခွင့် အရေး လှုပ်ရှားသူ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများလုပ်ကိုင်သူတို့ကိုချီးမြှင့်ခြင်းဖြစ်သည်။
၁၉၈၀ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ စစ်အာဏာရှင် စနစ်ကို ဂွမ်န်ဂျူးမြို့ရှိ ကျောင်းသားများက ဆန့်ကျင် ဆန္ဒပြခဲ့သည့် ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီလူထုအုံကြွမှု စိတ်ဓာတ်ကို ဂုဏ်ပြုသောအားဖြင့် ယင်း လူ့ အခွင့်အရေးဆုကို ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။
ထိုဆုကို ၂၀၀၄ခုနှစ်တွင်လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ချီးမြှင့် ခဲ့ပြီး ယင်း ဆုငွေနှင့် ရွှေတံဆိပ်ဆုကို ယခုအချိန်အထိ အန်အယ်လ်ဒီ အယ်လ်အေမှ ဆက်လက် ထိန်းသိမ်း ထားဆဲဖြစ်ကြောင်းလည်း ကိုဇော်မိုးအောင်က ပြောသည်။
ဂွမ်န်ဂျူး လူ့အခွင့်အရေးဆုကို ပေးအပ်ခဲ့သည်မှာ ယခုဆိုလျှင် ၁၀ နှစ် ပြည့်မြာက်ပြီဖြစ်ပြီး ၂၀၀၆ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ပူးတွဲ ပေးအပ်ခဲ့သည်။ ဆုရသူများထဲတွင် အရှေ့တီမောမှ ရှနားနာ ဂတ်စ်မို၊ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်၊ အင်ဒိုနီးရှားမှ ဝါဒတ်ရှ် ဟာဖီဇ်၊ အာဖဂန်နစ္စတန်မှ မာတာလိုင် ဇိုယာနှင့် အန္ဒိယမှ အိုင်ရွမ် ရှာမီလာတို့ဖြစ်သည်။
ယင်း အဖွဲ့နှင့် ဆုပေးပွဲမတိုင်မီ လာမည့်မေလ ၁၆ရက်နေ့တွင်လည်း May 18 Memorial ခန်းမတွင်ပင် မြန်မာ့ အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံသို့ ...

Thursday, April 23, 2009

ဒေါ်အောင်ဆန်းစုကြည့်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးလှုပ်ရှားမူ့ အဖြစ် အမေရိကန်နိုင်ငံရောက် BPPU အဖွဲ့ ဝင်များ၏ လုပ်ဆောင်ပုံ၊



နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး လက်မှတ်စုဆောင်းကောက်ခံ
မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာ့နိုင်ငံရေးအကျဉ်းသား သမဂ္ဂအဖွဲ့မှ အဖွဲ့ဝင်များသည် အမေရိကန် မြောက်ကယ်လိုရိုင်းနား တက္ကသိုလ်တွင် ဧပြီလ (၂၂)ရက်က ကောက်ခံခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သူ ဆရာတော် ဦးအဂ္ဂဓမ္မဦးဆောင်ကာ အဆိုပါတက္ကသိုလ်အတွင်း၌ လက်မှတ် များ ကောက်ခံစုဆောင်းခဲ့ရာ လေးနာရီအတွင်း လက်မှတ်ပေါင်း (၈ဝဝ) ကျော်ရရှိခဲ့သည်။ ယင်းတက္ကသိုလ်မှ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများ စိတ်ဝင်စားလာစေရန်အတွက် ကိုသောင်းထိုက် ကိုဇော်ဝင်းသိမ်းနှင့် ကိုဇော်ဝင်းတင့်တို့က စစ်အစိုး ရ၏ အကျဉ်းထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ၏ ဘဝကိုသရုပ်ဖ်ာပြသခဲ့သည်။ အမေရိကန်တွင် ရောက်ရှိနေကြသော မြန် မာ နိုင်ငံရေး အကျဉ်းသားသမဂ္ဂ အဖွဲ့ဝင်များက မြန်မာနိုင်ငံအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းနေဦး မှာ ဖြစ်သလို ၂ဝ၁ဝရွေးကောက်ပွဲကို တိုက်ဖျက်ဖို့အတွက်လည်း အတက်ကြွဆုံး ပူးပေါင်းဆောင်ရွက်သွားကြမည်ဟု သိရသည်။

Type rest of the post here

အပြည့်အစုံသို့ ...

ကိုဇာဂနာ အကျဉ်းထောင်တွင်း၌ သတိလစ်ပြီး ကျန်းမာရေးဆိုးဝါး

ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ မောင်သူရခေါ် ဇာဂနာသည် ယခုလ (၁၆) ရက်၊ ည (၈) နာရီတွင် မြစ်ကြီးနား ထောင်ထဲ၌ သတိလစ်သွားပြီး ည (၁၁) နာရီခန့်မှ သတိပြန်လည်လာကာ ယခုအခါ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေကြောင်း ၎င်း၏မိသားစုနှင့် အထူးရင်းနှီးသော ခိုင်မာသည့်သတင်းရပ်ကွက်မှ သိရသည်။
ထိုသို့ သတိလစ်ပြီး (၂) ရက်အကြာတွင် ထောင်တွင်း၌ပင် ပြည်နယ်ဆရာဝန်ကြီးနှင့် ပြသခွင့်ရရှိပြီး အသည်းရောင် အသားဝါ ရောဂါဖြစ်နေသည်ကို သိရှိရကြောင်း ဇာဂနာအား သွားရောက်တွေ့ဆုံခဲ့သည့် ၎င်း၏မိသားစုဝင်တဦး၏ ပြောပြချက်ကို ကိုးကား၍ အဆိုပါသတင်းရပ်ကွက်မှ သိရှိရသည်။
“အခုအခြေအနေကတော့ နေလို့သိပ်မကောင်းဘူး။ ဒီလ (၂၂) ရက်က သူ့မိသားစုဝင်တဦး သွားတွေ့ခွင့်ရ တယ်လေ။ သွားတော့ ကိုဇာဂနာရဲ့ ဗိုက်ကပူနေတယ်တဲ့။ အရင်က အသည်းရောင်အသားဝါဖြစ်တယ်လို့ မကြားရ ပါဘူး။ အခုတော့ အဲလိုဖြစ်နေတယ်။ အခုတော့ သူ့မိသားစုက ဆေးကုခွင့်တင်ထားတယ်။ ခွင့်ပြုမပြုတော့ မသိရသေးဘူး” ဟု ဇာဂနာမိသားစု၏ အတွင်းရေးကိစ္စများ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောသည်။
ယခုလ (၂) ရက်က မြစ်ကြီးနားထောင်သို့ ဇာဂနာအား မိသားစုဝင်တဦးက ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ သော်လည်း ထောင်တွေ့ရက်မစေ့သဖြင့် တွေ့ဆုံခွင့်မရခဲ့ပေ။
ထိုသို့ ထောင်တွင်း၌ ဇာဂနာ သတိလစ်သွားခဲ့သည်ကို သက်ဆိုင်ရာ ထောင်အာဏာပိုင်များက မိသားစုထံ တရားဝင် အကြောင်းကြားခြင်းမရှိဘဲ ထောင်နှင့် နီးစပ်သူများထံမှ သိရခြင်းဖြစ်သည်။
မိသားစုဝင်များအား အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဇာဂနာ၏ ကျန်းမာရေးအရေးကြီးသည့်အချိန် ဖြစ်နေသောကြောင့် ထောင်ဝင်စာအပိတ်ခံရမည်ကို စိုးရိမ်ရသဖြင့် မိသားစုဝင်များက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
ဇာဂနာသည် စာပေ၊ အနုပညာရှင်အချို့နှင့်အတူ သပိတ်မှောက်ကံဆောင်နေသည့် သံဃာတော်များအား ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၌ နှစ်ရက်ဆက်တိုက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဇာဂနာအား စစ်အစိုးရ အာဏာပိုင်များက ၂၀၀၇ ခု စက်တင်ဘာ (၂၅) ရက်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၅၉) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကာ (၃၅) နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။

အပြည့်အစုံသို့ ...

Wednesday, April 22, 2009

လှည်းတန်း (နေမျိုးခိုင် )

သောကြာနေ့၊ ဧပြီလ 17 2009 14:57 - မြန်မာစံတော်ချိန်
ခုနှစ်မိုင်၊ ခြောက်မိုင်ခွဲ
ပြီးတော့၊ ရန်ကုန်နဲ့ မြို့လယ်ခေါင်နဲ့
၆ မိုင်ပဲ ဝေးတယ်
ငါးလမ်းဆုံတဲ့ နေရာ။
ဈေးတန်း၊ သစ်ပင်တန်း
ရေကန်အင်းလျား၊ ကျောင်းသား
ဒါထက် သူ့ရဲ့နှလုံးသား
ရန်ကုန်ရဲ့ နှလုံးသား
ပြီးတော့ နိုင်ငံရဲ့နှလုံးသား
တက္ကသိုလ်ကြီး ရှိတယ်
အဲဒါ လှည်းတန်း။
နယ်ကလာတဲ့သူ အားလုံးအတွက်
လှည်းတန်းဟာ ရန်ကုန်အဝင်
လှည်းတန်းဆို လူတိုင်းသိ
နယ်ကလူ လှည်းတန်းမှာချ
လိုရာနေရာ သူ သွားနိုင်တယ်
အဲဒီလို ယဉ်ပါးတဲ့ လှည်းတန်း။
နယ်ကျောင်းသားတွေက ဆိုတယ်
“လှည်းတန်းဟာ ငါတို့ အိမ်ယာ
လှည်းတန်းဟာ ငါတို့ လယ်ယာ
လှည်းတန်းဟာ ငါတို့ ဘာသာ
လှည်းတန်းဟာ ငါတို့ အိမ်
လှည်းတန်းဟာ ငါတို့ မိုးတိမ်
ငါတို့ အနာဂတ်အားလုံးဟာ
လှည်းတန်းက စ, ခဲ့ကြရတယ်”
အဲဒီလို ထဲထဲဝင်ဝင် လှည်းတန်း။
တခါကဆို
လှည်းတန်း ညနေဈေးခင်းမှာလည်း
မျောဝင်သက်ဆင်းဖူးမှ
အင်းလျားညနေ မြက်ခင်းမှာလည်း
ခြေဆင်းဖူးမှ
အဓိပတိလမ်းမှာလည်း
လျှောက်ဖူးအုံးမှ
Library ရှေ့မှာလည်း ဓာတ်ပုံရိုက်ဖူးအုံးမှ
သစ်ပုတ်ပင်ကြီးပေါ်မှာလည်း
စာရေးဖူးအုံးမှ
ဖူးမှ …. ဖူးမှ … တခါက။
၁၉၂ဝ မှာ သမိုင်းလှခဲ့ပေမယ့်
၁၉၆၂ မှာ သေနတ်သံညံခဲ့တဲ့
၁၉၇၄ မှာ မီးလောင်တိုက် အသွင်းခံခဲ့ရတဲ့
၁၉၈၈ မှာ အဓိပတိလမ်းပေါ် လဲကျခဲ့ရတဲ့
သူ့အသည်းနှလုံးကို
လှည်းတန်းဟာ ရင်ခွင်ထဲ ထွေးထားခဲ့တယ်
ကျားကန်ပေးခဲ့တယ်
စင်မြင့်လုပ်ပေးခဲ့တယ်။
ဒါ တရား
လှည်းတန်းဟာ
အမှားမလုပ်ဘူး။
ဒါပေမဲ့
အမှန်တရားကို တန်ဖိုးမထား
အသစ်ကို မနှစ်သက်
လူငယ်ကို နားမလည်တဲ့
လက်သည် တရားခံ တစုက
လှည်းတန်းကို operation လုပ်
သူ့နှလုံးသားကို ဆွဲထုတ်ပြီး
အစိမ်းတောင် ပြန်ချုပ် မပေးခဲ့ဘူး
ပါသွားပြီ ပါသွားပြီ။
ခုဆို
အသားဟင်းသေးသေးနဲ့ ထမင်းတပွဲ
လေးကျပ်ခွဲနဲ့ ပေးစားခဲ့ရတဲ့
လှည်းတန်းရဲ့ ဦးဖျားမှာလည်း
ရဲကင်းတဲ တတဲ။
ခုဆို
အဓိပတိလမ်းကိုပိတ်
တက္ကသီလာ ဦးကင်းထိပ်မှာလည်း
မင်းအဆိပ်တွေနဲ့
စစ်ဟယ်, ဆေးဟယ်။
ခုဆို
ကိုကြီးနုတို့ ကိုအောင်ဆန်းတို့
နေခဲ့တဲ့ အိပ်ဆောင်တွေ
သင်ခဲ့တဲ့ စာသင်ဆောင်တွေလည်း
တိတ်နေ ဆိတ်နေ။
ဒါပေမဲ့
အမှန်တရားအတွက်
ပေးဆက်ကြမယ့် ပင်ပျိုများကို
လှည်းတန်းဟာ
ဘယ်သောအခါများကမှ လက်ပိုက်မကြည့်ဖူးဘူး။
ပစ်စလက်ခတ် အလုပ်ခံရတဲ့
အသည်းနှလုံးမဲ့ လှည်းတန်းကို
ဘယ်သောအခါမှလည်း တားဆီးမရဘူး။
ကမ်းပြိုရင် သောင်ထွန်းတယ်
ရန်ကုန်မိသားစုမှာ
လှည်းတန်းဟာ အပျိုမ
လတ်ဆတ်တဲ့ အသစ်တွေနဲ့
အမြဲဖြစ်နေတဲ့ ကညာ … ။။

အပြည့်အစုံသို့ ...

Tuesday, April 21, 2009

နအဖအား ဖိအားပေးရန် ကုလသမဂ္ဂသို့ အမေရိကန်လွတ်တော်အမတ်များမှ တောင်းဆှို

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဆက်လျှက် ထိမ်းသိမ်းခံနေရတာကို အမေရိကန် အထက်လွှတ်တော် အမတ်တွေနဲ့အတူ စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေမှုးချုပ် ဘန်ကီမွန်း (Ban-ki Moon) က ပြောဆိုခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော် အမျိုးသမီးအမတ်တွေက ကုလသမဂ္ဂ အတွင်းရေမှုးချုပ်ဆီ ရေးသားပေးပို့တဲ့စာကို လက်ခံရရှိခဲ့တဲ့အကြောင်း ဧပြီလ ၁၅ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှုးချုပ်ရဲ့  လက်ထောက်ပြောဆိုခွင့်ရှိသူ ဖာရန် ဟတ်ခ် () က ပြောဆိုသွားခဲ့ပါတယ်။
ဧပြီလ ၉ ရက်နေ့ နေ့စွဲနဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဆီ ရေးသားပေးပို့ခဲ့တဲ့ စာကို ကယ်လီဖိုးနီးယားပြည်နယ် (California) အထက်လွှတ်တော်အမတ် ဒိုင်ယန် ဖိုင်းစတိုင်း (Dianne Feinstein)၊ မယ်ရီလန်ပြည်နယ် (Maryland) အထက်လွှတ်တော်အမတ် ဘာဘရာ မီကူလ်စကီး (Barbara A Mikulski) နဲ့ အာကန်ဆော့ပြည်နယ် (Arkansas) အထက်လွှတ်တော်အမတ် ဘလန်ချီ လင်ကွန်း (Blanche Lincoln) တို့ ပါဝင်ကြပါတယ်။
မြန်မာစစ်အစိုးရက ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ၂၀၀၁ ရွေးကောက်ပွဲ အစီအစဉ်ကို ဖျက်သိမ်းဖို့အတွက် မြန်မာစစ်အစိုးရကို ဖိအားပေးဖို့လည်း အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကို အမေရိကန် အထက်လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။
Type rest of the post here

အပြည့်အစုံသို့ ...

Monday, April 20, 2009

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်မှ ထုတ်ဝေသော လွတ်မြောက်ရေးဂျာနယ်

Freedom Journal (April, 2009) by Free Burma Federation

အပြည့်အစုံသို့ ...

ဖိလစ်ပိုင်သမ္မတ အာရိုယို ဒေါ်အောင်ဆန်းစုကြည် ကို လွတ်ပေးဖို့ ထပ်မံတောင်းဆို


ဖိလစ်ပိုင်သမ္မတ ဂလိုရီယာ အာရိုယို က မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ အကျယ်ချုပ် အကျဉ်းချထား ခံထားခြင်းမှ လွတ်ပေးဖို့ ရန်အတွက် မြန်မာနိုင်ငံမှာ ရာစု နှစ်ပေါင်း များစွာကြာအောင် စစ်ကျွန်ပြုနေကြတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ထပ်မံတိုက်တွန်းတောင်းဆိုလိုက် ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန က အတည်ပြုပြောကြား ခဲ့ပါသည်။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ တိုင်းပြည်အတွင်း စည်းလုံးညီညွတ်ရေး နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရန် အတွက် နှစ်ပေါင်းများစွာ နေအိမ် အကျဉ်းချခံထားရတဲ့ မြန်မာနိုင်ငံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို လွတ်ပေးသင့်ကြောင်းဖော်ပြပါရှိတယ်။
ဖိလစ်ပိုင်သမ္မတ အာရိုယို ဟာ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများရဲ့ အစည်းအဝေး ကို တက်ရောက်ခဲ့စဉ်က မြန်မာစစ်အုပ်စု ၀န်ကြီးချုပ်သိန်းစိန်ကို အစည်းဝေးပြင်ပခန်းမ မှာ ယင်းသို့ပန်ကြား ခဲ့ကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ရာစုနှစ် နှစ်ပေါင်းများစွာ စစ်ကျွန်ပြုနေကြတဲ့ စစ်ခေါင်းဆောင် အာဏာရှင်များဖြစ်ကြတဲ့ သန်းရွှေ နှင့် မောင်အေး ဟာ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ပါဝင်ခဲ့ပြီး၊ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့သော ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးရဲ့ ရလာဒ်ကိုလည်း အသိအမှတ် မပြုခဲ့ကြသော မြန်မာ စစ်တပ်မှ အာဏာရှင်ခေါင်းဆောင်များ ဖြစ်ကြ တယ်။ အီရတ် အာဏာရှင်ဟောင်း ဆဒန်ဟူစိန် လို စစ်တပ်အတွင်း မိမိတို့၏ မိသားစုဝင်တွေကို ရာထူးတိုးခြင်း၊ နေရာပေးခြင်းဖြင့် မိသားစု စစ်တပ်သဖွယ်ပြုလုပ်နေကြောင်း၊ နိုင်ငံရေးခေါင်းဆောင်တွေကို အကျဉ်းချထားပြီး၊ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကို နှစ်ထပ်ကွမ်း ထပ်မံပြုလုပ်ဖို့ ရှိကြောင်း နိုင်ငံတကာ သတင်းတွေထဲမှာ ဖော်ပြထားပါသည်။
မြန်မာနိုင်ငံမှာ အနှစ် ၂၀ ကျော်အတွင်း ရွေးကောက်ပွဲတစ်ခုသာ ကျင်းပနိုင်ခဲ့ပြီး၊ ယင်းရွေးကောက်ပွဲ ရလာဒ် ကိုလည်း အသိအမှတ်ပြု ခြင်း မခံခဲ့ရသေးပါ။

post by we fight we win

အပြည့်အစုံသို့ ...

Sunday, April 19, 2009

နာဂစ်မုန်တိုင်းကယ်ဆယ်ရေးရံပုံငွေသီချင်း၊

Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

တစ်နေ့ စာ ၀မ်းစာရေးအတွက် ရိုးရိုးသားသား ကြိုးစားနေကြရသော ကလေးငယ်များ

အရက်သေစာရောင်းချခိုင်းခြင်း ခံနေရသော ကလေးငယ်များဘ၀၊
ရန်ကုန်မြို့ က မြန်မာကလေးငယ်လေးတွေရဲ့ တစ်နေ့ စာ ၀မ်းစာအတွက် ကြိုးစားပြီးတော့ သီဆိုတီးခတ်ပြနေတာတွေ့ ရတော့ ကျွန်တော်တို့  အနာဂတ်ရင်သွေးငယ်လေးတွေဘ၀ဟာ ဆိုးရွားလှပါလားလို့  တွေးမိပြီး အတော်စိတ်မကောင်းဖြစ်ရပါတယ်။ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလအတွင်းမှာ သူတို့ လေးတွေခမျာ အခြားသောသူတွေလို မပျော်နိုင် မပါးနိုင်ဘဲ၊ အခုလို ၀မ်းစာရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရပါတယ်။

Type rest of the post here

အပြည့်အစုံသို့ ...