Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, April 20, 2009

ဖိလစ်ပိုင်သမ္မတ အာရိုယို ဒေါ်အောင်ဆန်းစုကြည် ကို လွတ်ပေးဖို့ ထပ်မံတောင်းဆို


ဖိလစ်ပိုင်သမ္မတ ဂလိုရီယာ အာရိုယို က မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ အကျယ်ချုပ် အကျဉ်းချထား ခံထားခြင်းမှ လွတ်ပေးဖို့ ရန်အတွက် မြန်မာနိုင်ငံမှာ ရာစု နှစ်ပေါင်း များစွာကြာအောင် စစ်ကျွန်ပြုနေကြတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ထပ်မံတိုက်တွန်းတောင်းဆိုလိုက် ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန က အတည်ပြုပြောကြား ခဲ့ပါသည်။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ တိုင်းပြည်အတွင်း စည်းလုံးညီညွတ်ရေး နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရန် အတွက် နှစ်ပေါင်းများစွာ နေအိမ် အကျဉ်းချခံထားရတဲ့ မြန်မာနိုင်ငံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို လွတ်ပေးသင့်ကြောင်းဖော်ပြပါရှိတယ်။
ဖိလစ်ပိုင်သမ္မတ အာရိုယို ဟာ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများရဲ့ အစည်းအဝေး ကို တက်ရောက်ခဲ့စဉ်က မြန်မာစစ်အုပ်စု ၀န်ကြီးချုပ်သိန်းစိန်ကို အစည်းဝေးပြင်ပခန်းမ မှာ ယင်းသို့ပန်ကြား ခဲ့ကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ရာစုနှစ် နှစ်ပေါင်းများစွာ စစ်ကျွန်ပြုနေကြတဲ့ စစ်ခေါင်းဆောင် အာဏာရှင်များဖြစ်ကြတဲ့ သန်းရွှေ နှင့် မောင်အေး ဟာ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ပါဝင်ခဲ့ပြီး၊ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့သော ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးရဲ့ ရလာဒ်ကိုလည်း အသိအမှတ် မပြုခဲ့ကြသော မြန်မာ စစ်တပ်မှ အာဏာရှင်ခေါင်းဆောင်များ ဖြစ်ကြ တယ်။ အီရတ် အာဏာရှင်ဟောင်း ဆဒန်ဟူစိန် လို စစ်တပ်အတွင်း မိမိတို့၏ မိသားစုဝင်တွေကို ရာထူးတိုးခြင်း၊ နေရာပေးခြင်းဖြင့် မိသားစု စစ်တပ်သဖွယ်ပြုလုပ်နေကြောင်း၊ နိုင်ငံရေးခေါင်းဆောင်တွေကို အကျဉ်းချထားပြီး၊ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကို နှစ်ထပ်ကွမ်း ထပ်မံပြုလုပ်ဖို့ ရှိကြောင်း နိုင်ငံတကာ သတင်းတွေထဲမှာ ဖော်ပြထားပါသည်။
မြန်မာနိုင်ငံမှာ အနှစ် ၂၀ ကျော်အတွင်း ရွေးကောက်ပွဲတစ်ခုသာ ကျင်းပနိုင်ခဲ့ပြီး၊ ယင်းရွေးကောက်ပွဲ ရလာဒ် ကိုလည်း အသိအမှတ်ပြု ခြင်း မခံခဲ့ရသေးပါ။

post by we fight we win

No comments: