Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, January 5, 2009

၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့  ဆွေးနွေးပွဲအား မြန်မာနိုင်ငံရေးအကျဉ်းသားသမဂရုံးတွင်ပြုလုပ်၊


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

61st anniversary of Independent Day


Type your summary here

Type rest of the post here

အပြည့်အစုံသို့ ...

မြစ်ငယ်မှာ Free Burma Federation စစ်အစိုးရဆန့်ကျင်ရေး လက်ကမ်းစာစောင်ဖြန့်

Type your summary here

Free Burma Federation အဖွဲ့ လှုပ်ရှားမှုများ
RFA သတင်းမှာ ကောက်နှုတ်တင်ပြသည်။
ဇန်နဝါရီလ ၄ရက် လွတ်လပ်ရေးနေ့ မနက်မှာ မြစ်ငယ်မြို့ပေါ် အစိုးရရုံးတွေနားနဲ့ မြို့လယ် ဈေးတဝှိက် လမ်းဘေးသစ်ပင်တွေ ဓါတ်တိုင်တွေပေါ်မှာ ပိုစတာတွေကပ်ပြီး စစ်အစိုးရ ဆန့်ကျင်ရေး လက်ကမ်းကြော်ငြာ အသေးလေးတွေ လမ်းမပေါ်မှာ ကြဲဖြန့်တဲ့ လှုပ်ရှားမှု တွေရှိတယ်လို့ သိရတဲ့အတွက် အာအက်ဖ်အေက မြစ်ငယ်မြို့ခံ တဦးကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာ တွေ့ရှိခဲ့သူတဦးက သူတွေ့ခဲ့သမျှကို ပြန်ပြောပြပါတယ်။
မျက်မြင်တဦး။ ။ ရုံးထောင့်မှာ စာရွက်တွေကျဲထားတာ အဲဒါတွေတွေ့ခဲ့ရတာ။ ကျနော်တောင်မှ တရွက်ကောက်လာသေးတယ်။ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေးတဲ့ တရားမဝင် စစ်အစိုးရတဲ့ အစိုးရမှာ ဆလိမ်ကြီးနဲ့ ဆိုးထားတာသိလား။ ပြီးတော့ လူထုအစိုးရ တရပ်ပေါ်ပေါက်ရေး ဒို့အရေးပေါ့၊ ဒုတိယ လွတ်မြောက်ရေးတိုက်ပွဲပေါ့ အပင်မှာ ကပ်ထား ပုံတွေပါတယ်၊ ဒေါင်းအလံ ပေါ့ အဲဒါမျိုးပုံတွေ ပါတယ် အပေါ်ဆုံးမှာ ဖရီးဘားမားဖက်ထရေးရှင်း ပေါ့ အဖွဲ့နာမည် ထင်တာပဲ။
ဒီစာရွက်တွေပေါ်မှာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး၊ တရားမဝင် စစ်အစိုးရ အလိုမရှိ၊ လူထုအစိုးရတရပ် ပေါ်ပေါက်ရေ ဒို့အရေး၊ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ ဒုတိယလွတ်လပ်ရေး တိုက်ပွဲအောင်ရမည် စတဲ့ စာတန်းတွေပါတယ်လို့ ပြောပါတယ်။ ဒေသခံတွေရဲ့ စိတ်ဝင်စားမှုနဲ့ အာဏာပိုင်တွေက ဘယ်လိုတုန့်ပြန်သလဲလို့ မေးကြည့်တဲ့အခါ အခုလိုပြောပါတယ်။

မျက်မြင်တဦး။ ။ လမ်းမှာပေါ့ ဈေးသည်တွေကလည်း ကောက်ကြည့်တယ်၊ နားမလည်တာ လည်တာအပထား၊ ကောက်ကြည့်တာပေါ့ ကြည့်ပြီးတော့ ဖတ်ပြတယ်။ တချို့ကလည်း ကြောက်လန့်ပြီး ပြန်ချတာပေါ့၊ တချို့လည်း ကြည့်ပြီး ပြောဆိုနေတာ၊ အဲဒါလေး ကျနော်တွေ့ရတာပေါ့။ ရုံးတွေရှေ့မှာ များပိုကျဲသလားမသိဘူး၊ သူတို့အဲဒီနေရာမှာ တော့ သူတို့ အလုပ်ရှုပ်နေတာတွေ့ရတာပဲ၊ တချို့ကလည်း ပြန်လိုက်သိမ်းတာရှိတာပေါ့၊ အဖွဲ့တွေ လိုက်ကောက်ကြတာ ရှိတာပေါ့။ ဒီစာရွက်တွေကို ဘယ်အဖွဲ့အစည်းက ဖြန့်ဝေတယ်ဆိုတာ မသိပေမဲ့ Free Burma Federation လို့ စာရွက်ပေါ်မှာ ပါတယ်လို့ ပြောပါတယ်။ နောက်ထပ် မြစ်ငယ်ကနေ မန္တလေးကို ဈေးဝယ်လာသူ တဦးကို အာအက်ဖ်အေက မေးကြည့်တဲ့အခါမှာ သူတွေ့ခဲ့သမျှကို ပြောပြပါတယ်။
မြစ်ငယ်မြို့ခံတဦး။ ။ ကျနော်မန္တလေးဘက်သွားဖို့ ထွက်လာတော့ လမ်းပေါ်မှာ စာရွက်တွေ ကြဲထားတာ
တွေ့တယ်ဗျ။ ပြီးတော့ တချို့အပင်တို့ ဓါတ်တိုင်တို့မှာ ကပ်ထားတာ တွေ့တယ်ဗျ၊ ပိုစတာတွေ ထင်တာပဲ ကပ်ထားတာ ပိုစတာကအဖြူ အမဲပဲ၊ အဖြူအမဲ ကပ်ထားတာတွေ့တယ်။ ဒီစာရွက်တွေကို ဘယ်အဖွဲ့အစည်းက
ဖြန့်သလဲဆိုတာ အာဏာပိုင်တွေက လိုက်လံ စုံစမ်းနေတယ်လို့ သိရပါတယ်။ ဒီကနေ့ မန္တလေးမြို့ပေါ်မှာတော့ လူစည်ကားတဲ့ နေရာ တော်တော်များများမှာ ယာဉ်ထိမ်းရဲတွေနဲ့အတူ လုံခြုံရေးတွေ တွဲချထားတာတွေ ရှိတယ်လို့ သိရပါတယ်။

အပြည့်အစုံသို့ ...