Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, December 14, 2008

ထိုင်းနိုင်ငံမှာ အသက်အငယ်ဆုံး ၀န်ကြီးချူပ်သစ်ကိုရွေးချယ်လိုက်ပြီ်


ထိုင်းပါလီမန်က ဒီနေ့ဘဲ ထိုင်းဝန်ကြီးချူပ်သစ်ကိုရွေးချယ်လိုက်ပါပြီ။ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဘီစစ် (Abhisit Vejjajiva ) ဟာ စုစုပေါင်း မဲအရည်အတွက် ၄၃၁ မဲ အနက် ၂၃၅ မဲရရှိခဲ့တာကြောင့် သူဟာ ထိုင်းနိုင်ငံမှာ အသက် ၄၄ နှစ်ဖြင့် အငယ်ဆုံး နှင့် ၂၇ ကြိမ်မြောက် တာဝန်ထမ်း ဆောင်မည့် ၀န်ကြီးချူပ် ဖြစ်လာခဲ့ပါပြီ။ သူရဲ့ ပြိုင်ဘက် Puea Pandin ပါတီခေါင်းဆောင် ပရာချပရွန်နော့ က မဲ ၁၉၈ မဲသာ ရရှိခဲ့ပါတယ်။
ဘန်ကောက် နှင့် ထိုင်းနိုင်ငံတ၀ှမ်းလုံးရှိ လူငယ် တော်တော်များများ နဲ့ ပညာတက် လူလတ်တန်းစား တွေ ဟာ အခုရွေးချယ်တင်မြောက်လိုက်တဲ့ ၀န်ကြီးချူပ်သစ် အာဘီဇစ်ကို ချစ်ကြပြီး၊ အားကိုးမှုတွေရှိကြကြောင်း သိရှိရတယ်။ သူဟာ ထိုင်းနိုင်ငံ လူငယ်တွေရဲ့ အတုယူစရာ စံပြ လူငယ်ခေါင်းဆောင်တဦးဖြစ်တယ်။ သူဟာ နိုင်ငံရေး အတွေ့အကြုံရှိသူတဦးလည်းဖြစ်ပြီး၊ အရည်အချင်းရှိတဲ့ လူငယ်ခေါင်းဆောင် တဦး အဖြစ် နာမည်ကျော်ကြားခဲ့ပါတယ်။ သူဟာ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီး၊ အင်္ဂလန် နိုင်ငံ နယူး ကယ်ဆဲလ် မှာ ၁၉၆၄ ခု သြဂုတ်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့တယ်။ သူ့မှာ အမ ၂ ယောက်ရှိ ပါတယ်။ သူဟာ အောက်စ်ဖို့တက္ကသိုလ် က နေ စီးပွားရေး၊ နိုင်ငံရေး၊နှင့် ဒဿနိကဗေဒ ဘာသာဖြင့် ဘွဲ့ရခဲ့ပြီး၊ စီးပွားရေး ဘာသာဖြင့် အဆင်မြင့်ဘွဲ့ကို အောက်စ်ဖို့တက္ကသိုလ် ကဘဲ ရယူခဲ့သည်။ ၁၉၉၀ ခုနှစ်မှ ရမ်ဂန်ဟန် တက္ကသိုလ် မှာ ရှေ့နေဘွဲ့ကိုလည်း ရယူခဲ့ပါသည်။ သူဟာ ဒေါက်တာ Pimpen Sakuntabhai ကို လက်ထပ်ခဲ့ပြီး ကလေး ၂ယောက် မွေးဖွားခဲ့ပါတယ်။ သူဟာ ၁၉၉၀ ခုနှစ်မှာ နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်ခဲ့ပြီး၊ ဘန်ကောက် မဲဆန္ဒနယ် ကနေရွေးချယ်တင်မြောက်ခြင်းခံခဲ့ရပါသည်။ ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီ လ ကတည်းကစပြီး၊ ဒီမိုကရက် တစ်ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သူဖြစ်ပါတယ်။
ထိုင်းနိုင်ငံ မှာ အရည်အချင်းရှိတဲ့ လူငယ်တဦး ကို ၀န်ကြီးချူပ်သစ် အဖြစ်ရွေးချယ်လိုက်ခြင်း ဟာ ထိုင်းလူငယ် တွေရဲ့အောင်ပွဲတခု ဖြစ်ပါတယ်လို့ ထိုင်းကျောင်းသားတချို့ က ပြောဆိုနေကြပါတယ်။ ထိုင်းပြည်သူ တွေနဲ့ လူငယ်တွေ ဟာ နိုင်ငံရေးလောကမှာကြာနေပြီး၊ ဘာမှ အလုပ်မလုပ်၊ အကျင့်ပျက်နေကြတဲ့ နိုင်ငံရေး ခေါင်းဆောင်အို ကြီးတွေကို တော်တော်စိတ်ပျက်နေကြောင်း ဖော်ပြနေတာပါလို့ တမာဆတ် တက္ကသိုလ်တွင် နိုင်ငံရေး ဘာသာရပ်ပညာသင်ကြားပို့ချနေသော ထိုင်း ပါမောက္ခတစ်ဦးက ပြောဆိုခဲ့ပါတယ်။

No comments: