Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, December 4, 2008

ကိုဇာဂနာအပါအ၀င် နိုင်ငံရေးအကျဉ်းသားခြောက်ဦးအား ထောင်ပြောင်းရွှေ့ ၊


နှစ်ရှည် ထောင်ဒဏ် ချမှတ်ထားသော လူရွှင်တော် ဇာဂနာ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ကို ယနေ့ ထောင်ပြောင်းရွှေ့ လိုက်သည်၊
ထောင်ဒဏ် ၅၉ နှစ် ချမှတ် ခံထားရသူ လူရွှင်တော် ဇာဂနာကို ကချင်ပြည်နယ် မြစ်ကြီးနား ထောင်၊ အမူတွဲများ ဖြစ်သည့် ထောင်ဒဏ် ၁၉ နှစ်ချမှတ် ခံထားရသူ ကိုဇော်သက်ထွေးအား ရှမ်းပြည်နယ် တောင်ကြီး ထောင်၊ ထောင်ဒဏ်၂၉နှစ် ချမှတ်ခံရသူ ကိုတင်မောင်အေးကို ကရင်ပြည်နယ် ဘားအံ ထောင်၊ ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံရသူ ကိုသန့်ဇင်အောင်အား မြင်းခြံထောင်သို့ ယနေ့ အာဏာပိုင်များက ပြောင်းရွေ့ လိုက်ကြောင်း ကိုဇာဂနာ၏ မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးက ပြောသည်။
အသက် ၈၄ နှစ်ရှိ ဒေါ်ကြည်ဦးက“လူကြီးမိဘတွေက ဘယ်လိုမှစိတ်မချမ်းသာ တော့ဘူးပေါ့၊ သူ့အဖေက လည်း တော်တော်စိတ်မကောင်း ဖြစ်နေတယ်၊ အခုပို့တော့လည်း တရားဝင်အကြောင်းမကြားဘူး၊ ဥပဒေမှ မရှိဘဲ ၊ လုပ်ချင်ရာလုပ်နေတာကိုး၊ ဥပဒေမရှိဘဲလုပ်နေတာက ကိုယ့်တယောက်တည်းတော့ မဟုတ်ဘဲလေ၊ အများနဲ့ကို လုပ်နေတာဆိုတော့ ဒီလို နဲ့ပဲ စိတ်ဖြေရတာပေါ့” ဟု ဧရာဝတီကိုပြောသည်။
ကိုဇာဂနာနှင့်ပတ်သက်ပြီး “သူကပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့ လူပဲလေ၊ သူက ဘဝကိုအပျော်စိတ်နဲ့ပဲ နေတာ ကိုး ၊ သူကဒီလမ်းကို လျောက်တာကိုး၊ ဒီလမ်းကိုလျောက်တော့ ဒီလိုဟာမျိုး တွေနဲ့ကြုံရမှာပဲလေ၊ ဘုန်းကြီး တောင်အရိုက်ခံရတဲ့ ခေတ် ၊ ဘယ်သူ့ကိုအားကိုးရမှန်းမသိတဲ့ခေတ်ဖြစ်နေတယ်” ဟုလည်း ဒေါ်ကြည်ဦးက ပြောသည်။
နာဂစ်ဆိုင်ကလုန်း လေဘေးကယ်ဆယ်ရေးလုပ်ငန်းများကိုအတူလုပ်ကိုင်ခဲ့ကြသူများဖြစ်သော အဆိုပါကို ဇာဂနာ နှင့် ကိုဇော်သက်ထွေးတို့သည် ၎င်းတို့ကိုပုဒ်မ ၅၀၅(ခ)၊ ၁၇/၁ စသည့်ပုဒ်မ များအပါအဝင် ပုဒ်မ ၇ ခုဖြင့် စစ်အစိုးရအာဏာပိုင်များက တရားစွဲထောင်ချခဲ့ခြင်းဖြစ်သည်။
ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းတွင် အာဏာပိုင်များက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်၌ ဖမ်းဆီးခဲ့ပြီး ကိုဇော်သက်ထွေးကိုမူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့တွင်ဖမ်းဆီးခဲ့ သည်။
ယင်း ကိုဇာဂနာနှင့် မတွေ့ရသည်မှာ ၆ လ ခန့် ရှိပြီဖြစ်ကြောင်းနှင့် ယခု ပြောင်းရွှေ့လိုက်သည့် မြစ်ကြီးနား အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း ဒေါ်ကြည်ဦးက ပြောသည်။
“ဥပဒေ မရှိတဲ့ တိုင်းပြည်မှာ ဘာမှပြောလို့ဆိုလို့မရပါဘူး၊ တနေ့ကြရင်တော့ သူတို့အတွက်လာဦးမှာပါ၊ အခုပို့တဲ့ နေရာတွေက အေးတဲ့နေရာတွေဆိုတော့ မတတ်နိုင်တဲ့ သူတွေကို အနွေးထည်လှူမယ်” ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW)မှ ကိုရန်နိုင်သူ အား ရခိုင်ပြည်နယ် ကျောက်ဖြူ ထောင် နှင့် ကိုဝေလွင်မျိုး ကို ရှမ်းပြည်နယ် မိုင်းဆတ် ထောင်များသို့ရွှေ့ပြောင်းလိုက်သည်၊

No comments: