Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, November 30, 2008

နိုင်ငံရေးအကျဉ်းသားများကို နယ်ထောင်များသို့ စစ်အုပ်စုမှဆက်လက်ပြောင်းရွှေ့၊

Type your summary here

အင်းစိန်ထောင်က ထောင်ဒဏ်နှစ်ရှည်များချမှတ်ခဲ့သည့် ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်၏သားဖြစ်သူ ကမ်လမ်ခုပ် ခေါ် ကိုကျော်စိုးနှင့် တူဖြစ်သူ ကပ်ခန့်ခွာလ်တို့နှစ်ဦးကို ယခင်လ (၂၉) ရက်နေ့က နယ်ထောင်များသို့ ပြောင်းရွှေ့ လိုက်ကြောင်း ဦးပူကျင့်ရှင်းထန်က ပြောသည်။
ဦးပူကျင့်ရှင်းထန်က “ကျနော့်သားကတော့ မြောင်းမြ။ ကျနော့်တူကတော့ ပုသိမ်။ စနေနေ့ (၂၉) ရက်နေ့မှာပို့တယ်။ အင်းစိန် ထောင်မှာ သားတွေက ထောင်ဝင်စာပို့တော့ ဒီမှာ မရှိတော့ဘူးတဲ့။ ပုသိမ်တို့၊ မြောင်းမြတို့ကတော့ အသံဘာမှမလာ သေးဘူးလေ။ ကျနော်တို့လည်း မသွားနိုင်သေးဘူး။ သားနဲ့ တူအတွက် အယူခံ ရှေ့နေပါဝါပေးဖို့၊ လက်မှတ်ထိုးခိုင်းဖို့လည်း အစီအစဉ်ရှိတယ်” ဟု ပြောသည်။
အင်းစိန်ထောင်မှ ထောင်အပြောင်းအရွှေ့နှင့် စီရင်ချက်ချမှတ်မှုများကို ယခင်ကနှင့်မတူဘဲ မိသားစုများကိုယ်တိုင် သွားရောက် စုံစမ်းမှသာ သိခွင့်ရသဖြင့် သားနှင့် တူဖြစ်သူတို့၏ အမှုတွဲ ကိုတင်ထွန်းအောင်အား မည်သည့်ထောင်သို့ပို့သည်ကို သေချာ မသိကြောင်း ဦးပူကျင့်ရှင်းထန်က ပြောသော်လည်း အင်းစိန်ထောင်နှင့် နီးစပ်သူများကမူ ကိုတင်ထွန်းအောင်ကို ခန္တီးထောင်သို့ အဆိုပါနေ့ကပင် ပို့လိုက်ပြီဖြစ်ကြောင်း ပြောသည်။
ထို့အပြင် ထောင်ဒဏ် (၆၈) နှစ်ချခံရသော မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် အသျှင်ဂမ္ဘီရကို ခန္တီးထောင်၊ နောင်တော် ကိုအောင်ကျော်ကျော်ကို တောင်ကြီးထောင်၊ ၎င်းတို့၏အမှုတွဲ မန္တလေးမှ ကိုဝဏ္ဏအောင်ကို ပဲခူးထောင် စသည်ဖြင့် ယနေ့မနက်တွင် အသီးသီးပြောင်းရွှေ့ သည်။

No comments: