Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, November 18, 2008

ဒီမိုကရေစီရေးတက်ကြွစွာလှုပ်ရှားခဲ့သူ ၁၇ ဦးအားထောင်ဒဏ် နှစ်ကြီးများထပ်မံချမှတ်လိုက်ပြန်သည်

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှအန်အယ်လ်ဒီလူငယ်များဖြစ်ကြသည့် ကိုကျော်ကျော်လင်း ကိုကျော်ဇင်ဝင်း၊
ကိုအောင်ကျော်ဦး၊ မကြည်ကြည်ဝါ နှင့် ကိုနေဇာမျိုးဝင်းတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက
ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်။

၎င်းအပြင် မကြည်ကြည်ဝါအားမတရားအသင်းအက်ဥပဒေနှင့် ဗီဒီယိုအက်ဥပဒေတို့ဖြင့်နောက်ထပ်၆နှစ်၊
ကိုကျော်ဇင်ဝင်းအား မတရားအသင်းအက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှု
တို့ဖြင့် နောက်ထပ် ၁၁ နှစ်၊ ကိုကျော်ကျော်လင်းအား နယ်စပ်ဖြတ်ကျော်မှုဖြင့်နောက်ထက် ၅ နှစ် ချမှတ်
လိုက်သည်။

တောင်ဒဂုံမြို့သစ်မြို့နယ်မှ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုညီညီမင်းနှင့် ကိုတင်ဝင်းတို့ကို ထောင်ဒဏ် ၂ နှစ်
နှင့် သာကေတ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်မြင့်ကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက် သည်။

ယမန်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲစီချမှတ်ခဲ့ပြီးဖြစ်သည့် လှိုင်သာယာ မြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ
ဖြစ်ကြသော ကိုသန့်ဇင်မျိုး၊ ကိုဆန်းဝင်းနှင့် ကိုကျော်စိုးဝင်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ထပ်မံ ချမှတ်
လိုက်သည်။

ကိုသန့်ဇင်မျိုးနှင့်ကိုဆန်းဝင်းတို့အပါအဝင်လှိုင်သာယာမှအန်အယ်လ်ဒီအဖွဲ့ဝင်တဦးဖြစ်သည့်ကိုသန့်ဇော်မြင့်
အား ထောင်ဒဏ် ၉ နှစ်ခွဲစီ ယနေ့ချမှတ်လိုက်ပြီး အင်းစိန်ထောင်တွင်း၌ ယာယီရုံးထိုင်ထားသည့် ကမာရွတ်
တရားရုံးက ကိုကျော်စိုးဝင်းအပါအဝင် ကမာရွတ်အန်အယ်လ်ဒီ ပါတီဝင် ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာ
အန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်မငယ်တို့အား ထောင်ဒဏ် ၇ နှစ်ခွဲစီ ချမှတ်လိုက်သည်။

မန္တလေးမှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင် နှင့် ကိုဇော်ဝင်း တို့ လည်း
ထောင်ဒဏ် ၄ နှစ်ခွဲစီ ယနေ့ချမှတ်ခံလိုက်ရသည်။

သတင်းထောက်မလေး အိမ့် ခိုင်ဦးအားလည်း ထောင်ဒဏ် နှစ်နှစ် ချမှတ် လိုက် သည်။ စစ်အုပ်စုသည် ဤ
အင်အားမှပြည့် သူ့ အင်အားအစစ်အမှန် တွေ ပြည်သူဖက် ကမားမားမတ်မတ် ရပ်တည်သွားမည်သူတွေဟု
အသေအချာနားလည်သဘောပေါက်သဖြင့် ၈၈ မျိုးဆက် များအပါအ၀င် NLD အင်အား အား စနစ်တကျဖြို
ခွင်းနေခြင်းဖြစ်သည် ။ အမိန်ချခဲ့ခဲ့ရသည် ။ရဲဘော်အများစုသည် မိမိနှင့် လုပ်ဖေါ်ကိုင်ဖက် ရဲဘော်များဖြစ်သ
ဖြင့် အင်မတန်မှပင် ၀မ်းနည်း ကြေကွဲမိပါသည် ဂုဏ်လည်းယူမိပါသည် မိမိ ပေးဆက်မှုထက်မကသောပေး
ဆပ်အနစ်နာခံနေရမှုများအတွက်လည်း အထင်ကြီးလေးစားမိပါသည်.။

No comments: