Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, September 4, 2009

တကိုယ်တော်ဆန္ဒပြ ဗိုလ်ကြီးဇော်ညွန့် အား ထောင်ဒဏ် ၂ နှစ်

Type your summary here

ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေစဉ်အတွင်း သူမကို လွှတ်ပေးရန် တကိုယ်တော် ဆန္ဒပြခဲ့သူ လေတပ်အငြိမ်းစား ဗိုလ်ကြီးဇော်ညွန့်ကို အင်းစိန်မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၂ နှစ် ချလိုက်သည်။
“Saving Suu is Saving Burma” ဟူသည့် စာတမ်းပါ ဆိုင်းဘုတ်အား ကိုင်ဆောင်ကာ အင်းစိန်ထောင်ရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည် ၅၆ နှစ်အရွယ် ဦးဇော်ညွန့်အား နိုင်ငံတော် ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အရ ကျုးလွန်သည်ဟုဆိုကာ ယနေ့ ပြစ်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။
“ဒီနေ့ အပြီးသတ် အမိန့်ဖတ်တာက မိနစ် ၂၀ လောက်ကြာတယ်။ ၁၁ နာရီ ၄၅ မိနစ်မှာ ပြီးသွားတယ်။ ၅၀၅ (ခ) နဲ့ ၂ နှစ်ချလိုက်တယ်” ဟု ဦးဇော်ညွန့်၏ ရှေ့နေဖြစ်သူ ဦးမောင်မောင်လတ်က ပြောသည်။
တရားခွင်၌ အင်းစိန်မြို့နယ် ဒုရဲအုပ် ၄ ဦးနှင့် ရှာဖွေပုံစံ သာမန်အရပ်သား ၂ ဦးက တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့သည်။
“လူတွေကို ထိပ်လန့်အောင်လုပ်တယ်ဆိုပြီးပေါ့။ တကယ်တော့ ၂ မိနစ်အတွင်းမှာ သူတို့ဖမ်းလိုက်တာ။ ဈေးနောက်ဖမ်းပြီးတော့မှ “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေ” ဆိုပြီး တချက်ပဲ အော်သွားတာ။ တချို့ လူတွေတောင် မသိလိုက်ဘူး။ အဲဒါကို ပတ်ဝန်းကျင်ကို ထိန့်လန့်အောင်လုပ်တာ မဟုတ်ဘူး။ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးကို ပိပြားစေတာ မဟုတ်ဘူး” ဟု ဦးမောင်မောင်လတ်က ပြောသည်။
တရားခွင်အပြီးတွင် ဦးဇော်ညွှန့်က သူ၏ထောင်ဒဏ်မှာ အခြားသော နိုင်ငံရေးအကျဉ်းသားများနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်ကို စောင့်ရှောက်ပါရန် တူတော်သူများအား မှာကြားသွားကြောင်း သိရသည်။
မေလ ၂၈ ရက်နေ့က ၂ ပေပတ်လည်ရှိ ပိတ်စအဖြူ ဗင်နိုင်းစ (Banner) ပေါ်တွင် “Saving Su is Saving Burma'' ''ဒေါ်စုကို ကာကွယ်ခြင်းသည် မြန်မာပြည်ကို ကာကွယ်ခြင်းဖြစ်သည်” ဟူသည့် စာတန်းများ ရေးသားကိုင်ဆောင်ကာ ဆန္ဒပြခဲ့သည်။
ဦးဇော်ညွန့်သည် ၁၉၈၈ ခုနှစ် အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ကို တည်ထောင်ခဲ့သူ ဖြစ်သည်။ သူသည် အင်္ဂလိပ်ဘာသာစကား သင်ကြားကာ သက်မွေးဝမ်းကြောင်းပြုခဲ့သည်။
အလားတူပင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်အတွင်း တရားဆိုင်နေစဉ် အဖမ်းခံခဲ့ရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ရွှေပြည်သာမြို့နယ်နေ ကိုထွေးသိန်းကိုလည်း တရားရုံးက ပြီးခဲ့သည့်လ ၁၀ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

No comments: