Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, September 23, 2009

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ချီတက်ပွဲ



ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိန်းအမှတ် လမ်းလျှောက်ချီတက်ပွဲကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ပြီး အင်အား ၁၀၀ ကျော် ပါဝင်ခဲ့သည်။
ယင်းကဲ့သို့ ချီတက်လမ်းလျှောက်ရခြင်းနှင့်ပတ်သက်၍ ဦးဆောင်ဆရာတော်တပါးဖြစ်သူ အရှင်သောပါက က “ဒီနေ့ကတော့ ကမ္ဘာငြိမ်းချမ်းရေးနေ့ ဖြစ်တဲ့အခါကြတော့ အားလုံး ငြိမ်းချမ်းဖို့ပါပဲ။ မငြိမ်းချမ်းသေးတဲ့ နိုင်ငံတွေ ငြိမ်းချမ်းဖို့နဲ့ အထူးသဖြင့် ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတွေ ရဖို့အတွက် လုပ်တာ” ဟု မိန့်ကြားသည်။
မြန်မာပြည် ငြိမ်းချမ်းရေးအခြေအနေနှင့်ပတ်သက်၍ “ဦးဇင်းတို့ မြန်မာပြည်မှာက နျူကလီးယားလက်နက်တွေ ဘာတွေ တည်ဆောက်နေတယ်ကြားရတော့ ဦးဇင်းတို့အနေနဲ့ အတော် စိတ်မကောင်းဖြစ်တယ်။ တကယ်တမ်း မြန်မာပြည်မှာက လိုချင်နေတာ လက်နက်မဟုတ်ဘူး။ အစားအသောက်နဲ့ ငြိမ်းချမ်းရေးဖြစ်တယ်” ဟု ၎င်းက မိန့်သည်။
အဆိုပါ လမ်းလျှောက်ချီတက်ပွဲကို မဲဆောက်မြို့ ပန်းခြံမှ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားထိပ်အထိ ချီတက်သွားမည်ဖြစ်ကာ ဝတ်ပြုဆုတောင်းပွဲကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်မိန့်သည်။
ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ချီတက်ပွဲကို ထိုင်း-မြန်မာလှုပ်ရှားမှုကော်မတီ (TACTB)၊ နိုင်ငံတကာ ဗုဒ္ဓဘာသာအဖွဲ့၊ အမျိုးသမီးအဖွဲ့ချုပ်၊ မြန်မာရဟန်းတော်များအဖွဲ့နှင့် မြန်မာ့မိတ်ဆွေများအဖွဲ့ (Burma Partnership) အဖွဲ့တို့က ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မကြာသေးခင် ရက်ပိုင်းအတွင်း သံဃာ့အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အောက်တိုဘာ (၃) ရက်နေ့မှ စတင်ကာ တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ရန် တိုက်တွန်းကြေညာချက်များ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ သံဃာများဦးဆောင်ပါဝင်သည့် လှုပ်ရှားမှုများ စတင်လာခြင်းဖြစ်သည်။

Type rest of the post here

No comments: