Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, January 22, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင် ၀တ္တရားနှောက်ယှက်မှုဖြင့် ထောင် ၂ နှစ်ချမှတ်ခံရ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုသိန်းစိုးအား ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်တရားရုံးမှ ဝတ္တရားနှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချလိုက်သည်။
တောင်ဒဂုံမြို့နယ်တရားရုံးက အချုပ်ခန်း တာဝန်ခံ ရဲအရာရှိ ဒေါ်ကြင်အေးက ပုဒ်မ-၁၈၉ အစိုးရ၀န်ထမ်းများ ဝတ္တရား နှောင့်ယှက်မှုဖြင့် တရားစွဲခြင်းဖြစ်ပြီး တရားသူကြီး ဒေါ်ဌေးဌေးက အမိန့်ချမှတ်ခြင်း ဖြစ်သည်။
"ရပ်ကွက်ထဲမှာ သူနေစဉ်ကာလ တလျှောက်လုံးမှာ သူတပါးက ရဲတွေရဲ့ အဖိနှိပ်ခံရတာတွေကို ဝေဖန်တယ်။ ကူညီတယ်။ ကလေးတွေ အသက်မပြည့် အရွယ်မရောက်သေးဘဲနဲ့ စစ်တပ်ထဲ ခေါ်သွင်းတာတွေကို မြို့နယ်အာဏာပိုင်တွေ၊ အက်စ်ဘီတို့၊ ရဲတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ မင်းတို့ မလုပ်ပေးခဲ့ရင် ငါက လုပ်သင့်လုပ်ထိုက်တာ လုပ်ရလိမ့်မယ်လို့ သူ ပြောခဲ့တာတွေရှိတယ်။ အဲဒါတွေ လာငြိတယ်လို့ ထင်တယ်။ တောင်ဒဂုံမှာရှိတဲ့ ရဲတွေဘာတွေ လဘ်စားတာ ကိုသိန်းစိုးက အကုန် အပ်ကျမတ်ကျသိတယ်။ အဲဒီတော့ သူ့တို့စားပေါက်တွေ ပိတ်တယ်ပေါ့အကိုရာ" ဟု ဇနီးသည် မခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။
ကိုသိန်းစိုးသည် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၃ အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း လုံခြုံရေး၊ သတင်းနှင့် မှတ်တမ်းတာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။

No comments: