Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, January 16, 2009

ရဲဘက်စခန်းများသို့ နိုင်ငံရေးအကျဉ်းသားများ အားပို့ ဆောင်ပြီး ညှင်းပန်းနှိပ်စက်မူ့ များပြုလုပ်၊


ရဲဘက်စခန်းသို့ ပို့ဆောင်ခြင်းခံရသည့် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP-B) မှ ယနေ့ သတင်းထုတ်ပြန်ကြေညာသည်။
တောင်ငူမြို့ (လေးမိုင်ရဲဘက်စခန်း)ကျောက်ထုစခန်းတွင် အကျဉ်းကျခံနေရသည့် ကိုဇော်နိုင်ထွေး၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ထုတ်ပြန် ကြေညာခြင်းဖြစ်သည်။
"အဓိကကတော့ အစားအသောက်က နည်းနည်းလေးပဲ ကျွေးတယ်၊ မဝရေစာကျွေးတဲ့ သဘောမျိုးဖြစ်နေတယ်၊ နောက်တော့ သူက ခြေချင်းခတ်ပြီး ကျောက်ထုနေရတယ်၊ ရေကလဲ မလောက်တော့ တဖြည်းဖြည်း ကျန်းမာရေးချို့တဲ့လာတဲ့ သဘောဖြစ်တာ၊ ရေရှည်ကျတော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်လာတယ်" ဟု (AAPP-B)အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။
ကိုဇော်နိုင်ထွေးသည် အစ်ကိုဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုကျော်ကျော်ထွေး (ခ) ကိုမာကီးထံမှ စာကို အကျဉ်းထောင်ပြင်ပသို့ ထုတ်ပေးသဖြင့် အကျဉ်းထောင်ပုဒ်မ (၄၁/ခ)၊ (၄၂) တို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ပြီးခဲ့သည့် ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ထောင် (၉) နှစ် ချမှတ်ခံရသူဖြစ်သည်။
စစ်အုပ်စုမှ နိုင်ငံရေးအကျဉ်းသားများကို ရဲဘက်စခန်းများသို့ ပို့ဆောင်ကာ အလုပ်ကြမ်းများ ခိုင်းစေနေခြင်းသည် သေဒဏ်
ပါရှိသည်ဆိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး အသက်ရှင်လျှက် အိမ်ပြန်ရောက်ရှိသူ အလွန်နည်းပါးပြီး နအဖစစ်အုပ်စု၏ နောက်ဆုံးပေါ်ညှင်းပန်းနှိပ်စက်မူ့ များပင်ဖြစ်သည်။

ယခုလက်ရှိ ရဲဘက်စခန်းများသို့ ပို့ဆောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး (၁၇) ဦးခန့်ရှိပြီး ရာသီဥတု အရမ်းအေးသည့် အခြေအနေများတွင် ၎င်းတို့၏ ကျန်းမာရေးကို အလွန်စိုးရိမ်နေရသည်ဟု ဦးတိတ်နိုင်က ဆက်လက်ပြောသည်။

No comments: