Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, January 15, 2009

ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရ သက်တမ်းမရှိတော့ဟု ဒေါ်စန်းစန်းပြော

Type your summary here

ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရသည် သက်တမ်းပြည့်ပြီဖြစ်သည့်အတွက် အဆိုပါစင်ပြိုင်အစိုးရ မရှိတော့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ခေတ်ပြိုင်သို့ ပြောသည်။
မကြာခင် အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့တွင် ကျင်းပမည့် အမ်ပီယူညီလာခံ၌ နောက်တက်မည့်အစိုးရအား ရှေ့လုပ်ငန်းစဉ်များ ချပြသွားမည်ဖြစ်သည်ဟု ဒေါ်စန်းစန်းက ပြောသည်။
သက်တမ်းမရှိတော့သည့် ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရအား အရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်များဖြင့် တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါအစိုးရမှတဆင့် လွှတ်တော်ပေါ်ပေါက်လာအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒေါ်စန်းစန်းက ဆက်လက်ရှင်းပြသည်။
ဒပ်ဗလင်မြို့တွင် ညီလာခံကျင်းပမည့်ကိစ္စ၊ ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရအား တိုးချဲ့ရေးကိစ္စတို့နှင့်ပတ်သက်၍ အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းအား ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်က အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းခဲ့သည်။

No comments: