Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, May 7, 2009

အမေရိကန်နိုင်ငံသားတစ်ဦး ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ အင်းလျားကန်မှတဆင့် လျှို့ ဝှက်စွာဝင်ရောက်၊


အမေရိကန်ပတ်စ်ပို့ (PP.NO-4397677222/28.4.2008) ကိုင်ဆောင်ထားသော Mr.John Willian Yeattaw ဆိုသူသည် မေလ (၆) ရက် နံနက် (၅) နာရီခွဲတွင် (၅) လီတာဝင် ရေသန့်ဘူးအကူအညီဖြင့် အင်းလျားကန်အတွင်း ကူးခတ်နေစဉ် စစ်ဆေးမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ ပြန်ထွက်လာခြင်းဖြစ်သည်ဟု နအဖသတင်းစာများတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံသားသည် ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် မေ (၂) ရက်တွင် ၀င်ရောက်လာခြင်းဖြစ်ပြီး ဗျူးတီးလဲန်း (၂) ဟိုတယ်တွင် တည်းခိုခဲ့ကာ မေ (၃) ရက်ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံသို့ အင်းလျားကန်မှတဆင့် ရေကူးသွားရောက်ခဲ့ကာ နေအိမ်အတွင်း လျှို့ဝှက်နေထိုင်ခဲ့ကြောင်း သတင်းစာများက ဖော်ပြသည်။
ထို့နောက် မေ (၅) ရက် ညပိုင်းအချိန်တွင် အင်းလျားကန်အတွင်းမှ ရေကူး၍ ပြန်ထွက်လာစဉ် လုံခြုံရေးများက ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးစဉ် ၎င်းနှင့်အတူ နိုင်ငံကူးလက်မှတ်တခု၊ အနက်ရောင်ကျောပိုးအိတ်တလုံး၊ ဓာတ်မီး တလက်၊ ခေါက်ပလာယာတလက်၊ ကင်နွန်ကင်မရာတလုံး၊ အမေရိကန်ဒေါ်လာ (၁၀၀) တန် နှစ်ရွက်နှင့် မြန်မာငွေ (၁,၀၀၀) တန် (၉၃) ရွက်တို့ကိုပါ သိမ်းဆည်းရမိကြောင်း ဖော်ပြထားပြီး ဆက်လက်စစ်ဆေးဖော်ထုတ်သွားမည် ဟုလည်း ရေးသားထားသည်။
ယနေ့နံနက်ပိုင်းတွင် အင်းလျားကန်ဘောင်တ၀ိုက်၊ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်နှင့် ကမ္ဘာအေးဘုရားလမ်း တလျှောက်တွင် လုံခြုံရေးများပြားစွာ ချထားသည်ကို တွေ့ရှိရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

No comments: