Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, May 12, 2009

ဒဿန ၂ ခု တိုက်မိခြင်း ဒဂုန်တာရာ မေ ၁၂၊ ၂၀၀၉

(မိတ်ဆွေများနဲ့ ဒဂုန်တာရာ အသက် ၉၀ပြည့် မွေးနေ့ အမှတ်တရအဖြစ်၊ ဆရာ ၂၀၀၈ နှစ်ဆန်းမှာ ရေးခဲ့တဲ့ ကဗျာ၊ မြန်မာသစ် မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၈ က ပြန်လည် ဖော်ပြပါတယ်

ရန်သူမရှိ

ဒါ ဟုတ်သလား၊ အဲဒါ မှားတယ်။

တိမ်ကြားခေါင်မိုး၊ တိုးမြင့်တိုက်ထပ်

သဇင်ပွင့်ကာ၊ စုံမြိုင်ချာက

ဟမ်ဘာဂါ စားရင်း၊ ၀ိုင်သင်းရင်းက

မြဘုရားဘေး၊ စိမ်းစိမ်းဝေးသွား

ငါ့အား စိမ်ခေါ် ပြက်ရယ် ပြု။

ဟန်ဂေရီမှာ

ယမ်းငွေ့လူလူ၊ လဲသူပြိုသူ

ရှောင်သူ တိမ်းသူ ရှုပ်ထွေးကြ။

ထိုအခါဝယ်

ငါလျင် တုန်လှုပ်၊ စိတ်လှုပ်ရှားခဲ့

မနွဲ့နိုင်၊ မဖွဲ့နိုင်

မခံ ကန့်ကွက်၊ ဆိုဗီယက်တပ်များ

ထွက်ခွာသွားဟု မှတ်တမ်းပြု။

နှစ် ၅၀ ကျော်

ကြာလေသော်လည်း၊ ငါ စိတ်မပြောင်း

မဟောင်းမအို၊ ကြာညိုပန်းနု

ယခုလည်း နု၊ ရှေးကလည်း နု

မဟောင်း မအို ဒဿန။

ကမ္ဘာဦးက

ရှိခဲ့ကြသား၊ ဓားလှံလေးမြား

အားကောင်းသူကို အားနည်းသူက

အားနည်းသူကို အားကောင်းသူက

တိုက်ကြ ခိုက်ကြ၊ လက်နက်ပြိုင်ကြ

ပြိုင်ကြ နိုင်ကြ၊ အဏုမြူလက်နက်

လက်နက်ဆိုတာ၊ လူဆိုးအတွက်ပါပဲ။

သမိုင်းခေတ်များ

ဖြတ်သန်းသွားရာ၊ တွေ့ရသည်က

မိတ်ဆွေများချင်း၊ ရန်စစ်ခင်းကြ

အငြင်းပွားကြ၊ အခင်းများကြ

ရန်သူမရှိ၊ မိတ်ဆွေသာရှိ

မိတ်ဆွေလည်း ဆုံး၊ ချစ်သူလည်း ဆုံး၊

အပြစ်မဲ့သူ ဆုံး၊ အပြစ်ရှိသူ ဆုံး

ဆုံး ဆုံး၊ အားလုံးဆုံး၊ ဆုံး … ဆုံး … ဆုံး …။

မိုးမခမှ ကူးယူဖော်ပြသည်၊

No comments: