နောင်တက်လာမဲ့ အမေရိကန် သမ္မတသစ် အိုဗားမား ကတော့ သူ၏ အစိုးရ အဖွဲ့ရဲ့ အဓိကနေရာတွေ နှင့် နိုင်ငံ၏ အဆင့်မြင့် လုံခြုံရေး ကောင်စီကို ယှဉ်ပြိုင်ဘက် အတိုက်အခံ များနှင့် ဖွဲ့စည်း လိုက်ပါပြီ။
ယှဉ်ပြိုင်ဘက် အတိုက်အခံ နယူးယောက် ဆီနိတ် အမတ် ဟေလာရီကို နိုင်ငံခြားရေးဝန်ကြီး နဲ့ သမ္မတ ဂျော့ခ်ျဘုရှ် ၏ လက်ရှိ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်ပြီး တာဝန် ထမ်းဆောင်ဖို့ နံမည်တင်သွင်းခဲ့တယ်။ သူတို့ နှစ်ဦးစလုံးကလည်း လက်ခံခဲ့ တယ်။ ရီပါပလက်ကင်ပါတီ သမ္မတလောင်းအဖြစ်ဝင်ရွေးခဲ့တဲ့ ဆီနိတ်တာဂျွန်မက်ကိန်း နဲ့ နီးစပ်သူ အငြိမ်းစား မရိန်းတပ် ဗိုလ်ချုပ်ကြီး ဂျိမ်းဂျုံး ကိုတော့ သမ္မတအိမ်တော်၏ အမျိုးသား လုံခြုံရေးရေးရာ အဆင့်မြင့် အကြံပေး အရာရှိ၊ အရစ်ဆိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်နက်နပါလိုတားနိုး ကို ပြည်တွင်း လုံခြုံရေးရာဝန်ကြီး နှင့် တရားရေးရာ အဆင့်မြင့်အရာရှိဟောင်း အဲရစ်ဟိုဒါ ကို ပြည်ထဲရေးဝန်ကြီး၊ စူဆန်ရိုက်စ် ကိုတော့ အမေရိကန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ဖြစ် အသီးသီးခန့်အပ်ဖို့ ကြေညာခဲ့တယ်။
နောင်တက်လာမဲ့ အမေရိကန် သမ္မတသစ် အိုဗားမား ကတော့ သူ၏ အစိုးရ အဖွဲ့ရဲ့ အဓိကနေရာတွေ နှင့် နိုင်ငံ၏ အဆင့်မြင့် လုံခြုံရေး ကောင်စီကို ယှဉ်ပြိုင်ဘက် အတိုက်အခံ များနှင့် ဖွဲ့စည်း လိုက်ပါပြီ။
ယှဉ်ပြိုင်ဘက် အတိုက်အခံ နယူးယောက် ဆီနိတ် အမတ် ဟေလာရီကို နိုင်ငံခြားရေးဝန်ကြီး နဲ့ သမ္မတ ဂျော့ခ်ျဘုရှ် ၏ လက်ရှိ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်ပြီး တာဝန် ထမ်းဆောင်ဖို့ နံမည်တင်သွင်းခဲ့တယ်။ သူတို့ နှစ်ဦးစလုံးကလည်း လက်ခံခဲ့ တယ်။ ရီပါပလက်ကင်ပါတီ သမ္မတလောင်းအဖြစ်ဝင်ရွေးခဲ့တဲ့ ဆီနိတ်တာဂျွန်မက်ကိန်း နဲ့ နီးစပ်သူ အငြိမ်းစား မရိန်းတပ် ဗိုလ်ချုပ်ကြီး ဂျိမ်းဂျုံး ကိုတော့ သမ္မတအိမ်တော်၏ အမျိုးသား လုံခြုံရေးရေးရာ အဆင့်မြင့် အကြံပေး အရာရှိ၊ အရစ်ဆိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်နက်နပါလိုတားနိုး ကို ပြည်တွင်း လုံခြုံရေးရာဝန်ကြီး နှင့် တရားရေးရာ အဆင့်မြင့်အရာရှိဟောင်း အဲရစ်ဟိုဒါ ကို ပြည်ထဲရေးဝန်ကြီး၊ စူဆန်ရိုက်စ် ကိုတော့ အမေရိကန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ဖြစ် အသီးသီးခန့်အပ်ဖို့ ကြေညာခဲ့တယ်။
သူတို့ တွေဟာ အမေရိကန်နိုင်ငံ၏ လုံခြုံရေးရာနှင့် အပြည်ပြည်ဆိုင်ရာ အရေးတွေမှာ အဓိကရာထူး နေရာက နေ တာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်များ ဖြစ်လာကြပါလိမ့်မယ်။ အတိုက်အခံ နှင့် လက်ရှိအစိုးရ အကြား ဘယ်လိုဘဲ အချင်းချင်း တိုက်ခိုက်မှု၊ဝေဖန်မှုတွေ နှင့် မတူကွဲပြားတဲ့ အယူအဆတွေ ရှိခဲ့ ကြပေမဲ့ တိုင်းပြည်အကျိုး တခုတည်းကိုကြည့် ပြီ၊ ဒီလို စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်နိုင် တာဟာ အမေရိကန် သမ္မတသစ် အိုဗားမား၏ အမြော်အမြင် ကြီးမား မှု နှင့် ခေါင်းဆောင်ကောင်းအရည်အချင်းပြည့်ဝမှု ကြောင့် လို့သာဆိုနိုင်ပါတော့တယ်။
နိုင်ငံရေးအကျပ်အတည်း တွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာပေါ်ရှိ အာဏာရှင် နိုင်ငံ တော်တော် များများမှာတော့ အတိုက်အခံတွေအချင်းချင်းကြား၊ အတိုက်အခံနှင့် အာဏာရှင်အစိုးရ တွေ အကြားမှာ တင်းမာတဲ့ ဆက်ဆံရေးတွေရှိပြီး၊ တယောက်နှင့် တယောက် မျက်နှာချင်းတောင် မဆိုင်ချင်ကြတော့ဘူး။ နိုင်ငံရေးအရ၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာမှုတွေ၊ ကို မတွေ့ရသလောက်ပါ။ ဘာကြောင့်လည်းဆိုတော့ အာဏာရှင်က တိုင်းပြည် အကျိုး ကိုမကြည့်သလို၊ တချို့ အာဏာရှူး အတိုက်အခံ တွေကလည်း ပြည်သူ့ အကျိုး ကို မကြည့် ကြတော့ဘူး။ ခေါင်းဆောင် ဆိုတာ အတိုက်အခိုက် ခံနိုင်ရမယ်လို့ တချို့ က ပြောဆိုကြတယ်။ ဒါပေမဲ့လည်း ခေါင်းဆောင် ဆိုတာ တာဝန်ယူမှု ရှိရမယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ မြန်မာပြည်မှာတော့ အာဏာရှင်တွေ နဲ့ ပြည်ပရှိ အာဏာရှူး အတိုက်အခံ တွေက အရည်ထူနေကြပြီ ထင်ပါရဲ့။ တော်တော် လေး ကို ခံနိုင်ရည်ရှိကြတယ်။။ အာဏာရှင် တွေ က အတိုက်အခိုက် ခံနိုင်တာထားပါတော့။ အတိုက်အခံ တွေ ကလည်း အဖြေမရှာဘဲ၊ လက်ခံ စဉ်းစားပေးမှုမရှိဘဲ ခေါင်းဆောင် ဆိုတာ အတိုက်အခိုက် ခံနိုင်ရမယ်ဆိုပြီး နေ နေကြတယ်။ "ကျနော် ဟာ မှားယွင်းခဲ့မှုတွေ အပေါ် တာဝန်ရှိတာကြောင့် ရာထူးမှ နုတ်ထွက်ခွင့် ပြုပါဆိုတဲ့ ခေါင်းဆောင်မျိုး " ကျနော့် သက်တမ်းတလျှောက် မြန်မာ့နိုင်ငံရေးမှာ မတွေ့ရသေးဘူး။ သေတဲ့အထိ ခေါင်းဆောင် လုပ်နေမဲ့ သူတွေကိုတော့ တွေ့ ရတယ်။ကျိန်းသေတာကတော့ ဒီလုပ်ရပ်တွေဟာ ဒီမိုကရေစီရေး တိုက်ပွဲ အတွက် အများ ကြီးနစ်နာတယ်။ ဒီလို ဖြစ်ပေါ်နေမှုတွေကို မီဒီယာတွေ မှာပြောဆိုမှုမရှိကြဘူး။
မီးလောင်ရာလေပင့်ဆိုသလို၊ သိက္ခာကင်းမဲ့ တဲ့ အသံလွှင့် သတင်းမီဒီယာတွေ ကလည်း လူ ၁၀ တောင်မရှိတဲ့ အုပ်စုတွေကို အစိုးရ အဖွဲ့ဆိုပြီး မျက်နှာပြောင်တိုက် ကြေညာနေကြတယ်။ သတင်း အချက်အလက် မှန်ကို မဖော်ပြရဲ ကြဘူး။ သတင်း မီဒီယာသမား တော်တော်များများ ဟာ NGO နိုင်ငံရေး နောက် လိုက်၊ ထမင်းစား၊ ဟင်းစားကောင်းအောင်၊ ခွေးဝမ်းသာအောင် လေလည် ပြနေကြတယ်။ ဒီလို သတင်းအမှန်မဖော်ပြရဲတဲ့ လုပ်ရပ်ဟာ တိုင်းပြည်ကိုနစ်နာစေသလို၊ ပြည်သူကိုလည်း နစ်နာစေပါသည်။
ဥပမာ အားဖြင့် ပါလက်စတိုင်း နိုင်ငံ၏အရေး ကိုကြည့်ပါ။ ရာဆာအာရာဖတ်ခေါင်းဆောင်တဲ့ ပီလဲအိုအုပ်စု ဟာ သူသေဆုံးသွားပြီးနောက် အင်အားချိနဲ့နေတယ်။ ဒါပေမဲ့ လည်း သတင်းမီဒီယာတွေ မှာ အမှန်အတိုင်း မဖော်ပြခဲ့ကြဘူး။ တကယ့် ရွှေးကောက်ပွဲမှာ ပြိုင်ဘက် ဟာမားအုပ်စု ကဘဲ မဲအပြတ်အသတ် အနိုင်ရခဲ့တယ်။ ပါလက်စတိုင်း ပြည်သူတွေက ပီလဲအိုကိုထောက်ခံမှုမရှိ သလောက်ဖြစ်ခဲ့ပေမဲ့၊ သတင်းမီဒီယာတွေ က သတင်းကျင့်ဝတ်နဲ့ အညီ မဖော်ပြရဲကြဘူး။
ထိုင်းသတင်းမီဒီယာ ကတော့ ထူးထူးခြားခြားပါဘဲ။ ထိုင်းနိုင်ငံရေးအကြောင်း နှင့် ပက်သက်ပြီး သတင်းအချက် အလက် အမှန်ကို ဝေေ၀ဆာဆာဖော်ပြခဲ့ကြတယ်။ (၃) ကြီမ် ဆက်တိုက် အနိုင်ရခဲ့ တဲ့ ထိုင်းအာဏာရ ပါတီ ပီပီပီ ဟာ အတိုက်အခံတွေ ကို အစိုးရ အဖွဲ့ အတွင်း ထည့်ပြီး ပူးပေါင်းဆာင်ရွက်ခြင်း မရှိခဲ့သလို၊ အတိုက်အခံ ပီအေဒီ ကလည်း ပြည်သူတွေနဲ့ အတိုက်အခံ ဖြစ်လာကြပြီဆိုတာဘဲ။ ဒါတွေဟာ သတင်းအချက်အလက် အမှန်တွေပါ။ မီဒီယာတွေ က ပြည်သူတွေကို မှန်မှန်ကန်ကန် တင်ပြခဲ့တယ်။
ပြည်သူ့ အခွန်ငွေ သန်းနဲ့ချီ သုံးစွဲနေတဲ့ ပြည်ပမြန်မာ အသံလွှင့်သတင်းမီဒီယာတွေ အနေနဲ့ ဒီဖြစ်ရပ်တွေအပေါ် သင်ခန်းစာယူ နိုင်တယ်။ နားကန်း၊မျက်စိကန်း သတင်းထောက် တွေ ဖြစ်မနေသင့်ဘူး။ ပြည်သူထောက်ခံမှု မရှိတဲ့ အုပ်စု၊ လူ ၁၀ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အုပ်စု ကို အစိုးရလို့ သတင်းမီဒီယာ တွေ က ဖော်ပြ ခေါ်ဝေါ်သုံးစွဲ နေယင် တော့ အဲဒီ သတင်း မီဒီယာတွေဟာ ဂုဏ်သိက္ခာကင်းမဲ့လာပြီး၊ ယုံကြည်လို့မရတော့တဲ့ သတင်းမီဒီယာ ဌာနဖြစ်သွားလိမ့်မယ်။ ဒီလို လိမ်ညာ ဖော်ပြနေမှုဟာ လက်ရှိ လူငယ်တွေ ရဲ့ တွေးခေါ်ထင်မြင် ယူဆမှု တွေ အပေါ် လွှမ်းမိုးမှုရှိ မှာမဟုတ်ဘူး။ ယုံကြည်မှုရမှာ မဟုတ်ဘူး။
တခါတရံ ၆တန်း-၈ တန်းလောက်သာ အတန်းပညာတက်သူကို၊ ၈၈ ကျောင်းသားခေါင်းဆောင်ဆိုပြီး သတင်း ကြေညာ နေတဲ့ မီဒီယာတွေတောင် ရှိနေတယ်။ မီဒီယာတွေဟာ နီးစပ်ရာ သူတွေကိုမေး၊ သတင်း နောက်ကိုသာလိုက်ပြီး၊ သတင်းအချက် အလက်မှန် တွေကို မဆန်းစစ်ကြတော့ဘူး။ တချို့ ဆို ပြည်ပ မီဒီယာတွေကြောင့် အဖမ်းခံ ခဲ့ရတယ်။ တချို့ အစိုးရ ၀န်ထမ်းတွေဟာ အလုပ်ပြုတ်ကြတယ်။ ပြည်ပ မီဒီယာ သမားတွေ ဟာ မီဒီယာ ကျင့်ဝတ်ကို နားလည်ဘို့တော့လိုအပ်ပါတယ်။ ဝေဖန်ထောက်ပြ သူတွေကိုလည်း ရန်သူလို ဆက်ဆံခြင်း မပြု သင့်ပါဘူး။
လွတ်လပ်တဲ့နေရာမှာ ရောက်ရှိနေကြတဲ့ သတင်းသမားတွေကိုယ်တိုင် သိက္ခာကင်းမဲ့ပြီး၊ မျက်ကန်းတွေ လို ဖြစ်နေကြရင်တော့ ဘယ်လိုဘဲ တိုက်တိုက် မြန်မာပြည်ဟာ လွတ်မြောက် နိုင်မှာလည်း မဟုတ်ပါဘူး။ ပြည်သူ ကလည်း သတင်းအချက်အလက်မှန် ကိုရရှိကြမှာ မဟုတ်ဘူး။ ဒီလို ဂုဏ်သိက္ခာကင်းမဲ့ တဲ့ သတင်း မီဒီယာ တွေကြောင့် အရည်အချင်းရှိတဲ့ လူငယ် ခေါင်းဆောင်သစ်တွေ လည်း ထွက်ပေါ်လာမှာ မဟုတ်ဘူး။ သတင်းအချက်အလက်မှန် ကို မီဒီယာတွေမှာ မဖော်ပြခြင်းဟာ၊ အချောင် သမားတွေကို အားပေးရာ ရောက်နေတယ်။
အနာက်နိုင်ငံတွေမှာလို အတိုက်အခံ နှင့် အာဏာရ ပါတီ အကြား အတူတကွ ပူးပေါင်းလုပ်ကိုင် နိုင်ဘို့ ကို ထားအုံးတော့၊ အတိုက်အခံ အချင်းချင်း အကြားတောင် တွေ့ဆုံဆွေးနွေးဖို့ က အလှမ်းဝေး ပါသေးတယ်။ မြန်မာပြည် ဒီမိုကရေစီရရှိရေး၊ မြန်မာပြည်လွတ်မြောက်ရေး အတွက် ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေး လို့ သာဆိုချင်ပါ တော့တယ်။
Tuesday, December 2, 2008
ဘာကြောင့် ရွှေပြည်တော် မျှော်တိုင်းဝေး (မြတ်စိုး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment